Fri, 28 Mar 2025
ခလယ်လွီထူခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - လယ်ဒိုမြို့နယ်တွင် SAC ဒရုန်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားများသေဆုံး၊ ဒဏ်ရာရခြင်း၊ အဆောက်အဦးများပျက်စီးခြင်း၊ စားဝတ်နေရေးနှင့်ပညာရေးစိန် ခေါ်မှုများကြုံတွေ့ရခြင်း (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလအတွင်း ခလယ်လွီထူ (ညောင်လေး ပင်) ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်တွင် ဖြစ်ပွားခဲ့သောလူ့အခွင့်အရေးချိုးဖောက်မှုအကြောင်းအရာများကို ဖော် ပြထားသည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့၌ SAC တပ်ဖွဲ့များသည် လယ်ဒိုမြို့နယ်၊ တကောဖောကျေးရွာအုပ်စု၊ အ--- ကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ပြီး ဒရုန်းဖြင့် ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့သည်။ ဗုံးနှစ်လုံးသည် ကျေးရွာစာသင်ကျောင်းဝင်းထဲတွင် ကျရောက်ပေါက်ကွဲပြီး အသက် (၉)နှစ်အရွယ်ကျောင်းသားတစ်ဦးနှင့် အသက် (၈) နှစ်အရွယ်ကျောင်းသားတစ်ဦး ထိမှန်၍ဒဏ်ရာရရှိခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် စာသင်ကျောင်းနှင့်ကျောင်းခန်းမ ဆောင်လည်း ပျက်စီးသွားခဲ့သည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၌ SAC သည် သူးကဘီးကျေးရွာအုပ်စု၊ ဆ--- ကျေးရွာအတွင်းရှိ ဆေးရုံတစ်လုံးပေါ်သို့ လက်နက်ကြီးပစ်ခတ်ပြီး ဒရုန်းဖြင့်ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၌ SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၆၄) သည် လယ်ဒိုမြို့နယ်၊ ဝက်လက်တော ကျေးရွာအုပ်စုနှင့်သမိန်အင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတော်တော်များများတွင် လက်နက်ကြီး ၁၅၅ မမ အလုံး (၂၀) ပစ်ခတ်ခဲ့သည်။ ရွာသားနှစ်ဦးသည် လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့၌ SAC စစ်သားများသည် လယ်ဒိုမြို့နယ်၊ သူးကဘီးကျေးရွာအုပ်စု၊ ဆ--- ကျေးရွာအတွင်းသို့ လက်နက်ကြီး ၁၂၂ မမ တစ်လုံးပစ်ခတ်ခဲ့ပြီး အသက် (၅၀)နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် (၉၂)နှစ်အရွယ်အမျိုးသားတစ်ဦး အား ထိမှန်၍ သေဆုံးသွားခဲ့သည်။ ထို့အပြင် အခြားရွာသားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဤကဲ့သို့တိုက်ခိုက် မှု များကြောင့် ကျေးရွာအဆောက်အဦးများနှင့်တိရိစ္ဆာန်များအပါအဝင် ရွာသားများ၏ပိုင်ဆိုင်မှုပစ္စည်းများလည်း ပျက်စီး သွားခဲ့သည်။ SAC လက်နက်ကြီးပစ်ခတ်မှုနှင့်ဒရုန်းတိုက်ခိုက်မှုများကြောင့် ရွာသားများသည် ၎င်းတို့စိုက်ပျိုးခြံထဲတွင် သွားလာလုပ်ကိုင်ရန်ကြောက်ရွံ့နေကြပြီး ၎င်းတို့သားသမီးများလည်း ကျောင်းမတက်ရဲတော့ပေ။ ရွာသားများသည် စိုးရိမ်ကြောင့်ကြမှုများစွာနှင့်အသက်ရှင်နေထိုင်ရပြီး ၎င်းတို့သားသမီးများ၏ပညာရေးအတွက် စိုးရိမ်ပူပန်ကြသည်။ [1]

 

 

SAC လက်နက်ကြီးပစ်ခတ်မှုနှင့်ဒရုန်းတိုက်ခိုက်မှုကြောင့် ရွာသားများသေဆုံး၊ ဒဏ်ရာရရှိမှုနှင့်ထိခိုက်ပျက်စီးမှုများ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလအတွင်း နံ့သာကွင်းမြို့ရှိ တပ်စခန်းတွင်အခြေစိုက်သော နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီ (SAC) တပ်ဖွဲ့များအပါအဝင် မြန်မာစစ်တပ်သည် ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ နို့ညာသူးကျေးရွာ အုပ်စုရှိ ဃ---ကျေးရွာနှင့်ဂ---ကျေးရွာများအပါ အခြားနီးစပ်ရာကျေးရွာများတွင် သွားလာလှုပ်ရှားကြပြီး ၎င်းတို့၏စစ် ရေးလှုပ်ရှားမှုများကို တိုးချဲ့မြင့်တင်ခဲ့သည်။ ထို့အပြင် SAC တပ်ဖွဲ့များသည် လယ်ဒိုမြို့နယ်အတွင်းရှိ အရပ်သားကျေး ရွာဒေသများတွင် လက်နက်ကြီးများပစ်ခတ်ပြီး ဒရုန်းဖြင့်ဗုံးများကြဲချတိုက်ခိုက်ခဲ့သည်။ ဤသို့တိုက်ခိုက်မှုများကြောင့် ရွာသားများသေဆုံး၊ ဒဏ်ရာရရှိခြင်း၊ ကျေးရွာအဆောက်အဦးများ ထိခိုက်ပျက်စီးခြင်း၊ စားဝတ်နေရေးနှင့်ပညာရေးစိန် ခေါ်မှုများကို ကြုံတွေ့ခံစားနေရသည်။  

  • ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ - အ---ကျေးရွာတွင် လက်နက်ကြီးပစ်ခတ်မှုနှင့်ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေး နှစ်ဦးထိခိုက်ဒဏ်ရာရရှိမှု

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက် (၃)နာရီဝန်းကျင်တွင် နံ့သာကွင်းမြို့ရှိ တပ်စခန်းတစ်ခုတွင် အခြေစိုက် သော SAC ပူးပေါင်းတပ်ဖွဲ့များသည် လယ်ဒိုမြို့နယ်၊ တကောဖောကျေးရွာအုပ်စု၊ အ--- ကျေးရွာသို့ လက်နက်ကြီးအလုံး (၂၀) ပစ်ခတ်ခဲ့သည်။ တစ်ချို့လက်နက်ကြီးများသည် ကျေးရွာအနီးနှင့် လယ်ယာစိုက်ပျိုးခြံထဲတွင် ကျရောက်ပေါက် ကွဲပြီး လယ်ယာစိုက်ပျိုးခြံများပျက်စီးခဲ့သည်။ သို့သော်လည်း မည်သည့်ရွာသားမှ ဒဏ်ရာရရှိခြင်းမရှိခဲ့ပေ။ (တကော ဖောကျေးရွာအုပ်စုသည် ယခင်က ဒေါမိုကျေးရွာအုပ်စုဟုလည်း ခေါ်ဝေါ်ကြသည်။)

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်း (၉း၁၅) မိနစ်နှင့် (၉း၃၅)မိနစ်ကြားတွင် နံ့သာကွင်းမြို့ရှိ တပ်စခန်းတွင် အခြေစိုက်သော မြန်မာစစ်တပ်သည် အ--- ကျေးရွာအတွင်းသို့ ဒရုန်းများအသုံးပြု၍ ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့သည်။ (SAC မှ ဒရုန်းဘယ်နှစ်စီးအသုံးပြုခဲ့သည်ကို မသိရှိရပါ။) (နံ့သာကွင်းမြို့ရှိ တပ်စခန်းတွင် အခြေစိုက်သော SAC စစ်သားများသည် အ--- ကျေးရွာထဲတွင် ဗုံးများကြဲချတိုက်ခိုက်ခဲ့ကြောင်း ရွာသားများက ယုံကြည်ကြသည်။ အကြောင်းမှာ ထိုဒေသအနီးတစ်ဝိုက်တွင် ၎င်းတပ်စခန်းတစ်လုံးသာ တည်ရှိနေသောကြောင့်ဖြစ်သည်။) ဗုံးနှစ်လုံး သည် စာသင်ကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အခြားနှစ်လုံးမှာ ကျောင်းခန်းမဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲ ခဲ့သည်။ စာသင်ကျောင်းနှင့်ကျောင်းခန်းမပျက်စီးသွားခဲ့သည်။ စာသင်ကျောင်းတွင်ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၈) နှစ်အရွယ်ကျောင်းသူတစ်ဦးတစ်ဖြစ်သူ နော်ဘ---နှင့် အသက် (၉)နှစ်အရွယ်ကျောင်းသူတစ်ဦးဖြစ်သူ နော်ဒ---တို့ကို လက်နက်ကြီးအစထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ နော်ဘ---ကို လယ်ဒိုမြို့နယ်၊ ကျောက်စရစ်ကျေးရွာ အုပ်စု၊ သ--- ကျေး ရွာတွင် တည်ရှိသော ကရင်အမျိုးသားအစည်းအရုံး (KNU) စီမံခန့်ခွဲသည့် သ---ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့သည်။ သို့သော်လည်း နော်ဘ---၏ဒဏ်ရာသည် မပြင်းထန်သောကြောင့် စိုးရိမ်စရာမရှိသည့်အတွက် ကြောင့် ဆေးကု သမှုခံယူပြီးနောက် သူမသည် အိမ်သို့ပြန်လာနိုင်ပြီးဖြစ်သည်။ နော်ဒ---သည် သူမ၏ပုခုံးနှင့်လက် ကောက်ဝတ်တွင် ဒဏ်ရာရရှိခဲ့ပြီး သူမကို လယ်ဒိုမြို့နယ်၊ ခယ်ကခို့ကျေးရွာအုပ်စု၊ ဟ--- ကျေးရွာတွင်တည်ရှိသော KNU စီမံခန့်ခွဲသည့် ဟ--- ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိတွင်ပင် နော်ဒ---၏ ဒဏ်ရာများသည် အပြည့်အဝပျောက်ကင်းသွားခြင်းမရှိသေးပေ။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက် (၈) နာရီဝန်းကျင်တွင် နံ့သာကွင်းတပ်စခန်းတွင် အခြေစိုက်သော မြန်မာ စစ်တပ်သည် ဒရုန်းတစ်စီးကိုအသုံးပြု၍ လယ်ဒိုမြို့နယ်၊ သူးကဘီးကျေးရွာအုပ်စု၊ ဆ---ကျေးရွာတွင် တည်ရှိသော KNU စီမံခန့်ခွဲသည့်ဆေးရုံဝင်းထဲတွင် ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် ထိုဆေးရုံ၏နံရံတစ်ခြမ်းနှင့် ကြမ်းပြင်မှာ ပျက်စီးသွားခဲ့သည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ (၁း၂၀) မိနစ်ဝန်းကျင်တွင် SAC သည် ဆ--- ကျေးရွာရှိ KNU ဆေးရုံကို လက်နက်ကြီး ၁၂၀ မမတစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  ဆေးရုံ၏နံရံနှင့်ကြမ်းပြင်မှာ ပို၍ပျက်စီးသွားခဲ့ပြန်သည်။ သို့သော်လည်း ဆေးရုံတွင် မည်သူမှမရှိသည့်အတွက်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများ မရှိ ခဲ့ပေ။  

  • ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ - SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိမှု

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ (၂း၃၀) မိနစ်ဝန်းကျင်တွင် ပိန်းဇလုတ်တပ်စခန်းတွင်အခြေစိုက်သော SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂၆၄) သည် လယ်ဒိုမြို့နယ်၊ ဝက်လက်တောကျေးရွာအုပ်စု၊ ဧ--- ကျေးရွာအတွင်းသို့ လက်နက်ကြီး ၁၅၅ မမတစ်လုံးပစ်ခတ်ခဲ့သည်။ ထိုလက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားနှစ်ဦး (အမည်နှင့်အသက် မသိရှိရ) ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် နွားတစ်ကောင်လည်း ဒဏ်ရာရရှိ၍ ဆိုင်ကယ်တစ်စီးလည်း ပျက်စီးသွားခဲ့သည်။ ထိုတစ်နေ့အတွင်း ခမရ (၂၆၄) သည် လယ်ဒိုမြို့နယ်၊ လယ်ဒိုမြို့အတွင်းရှိ က--- ကျေးရွာအနီးတစ်ဝိုက်တွင် လက်နက် ကြီး ၁၅၅ မမ (၁၂)လုံးပစ်ခတ်ခဲ့သည်။ ထိုမျှမက SAC သည် လယ်ဒိုမြို့နယ်၊ သမိန်အင်းကုန်းကျေးရွာအုပ်စုရှိ လ---၊ မ--- နှင့်န--- ကျေးရွာများအတွင်းသို့ လက်နက်ကြီး ၁၅၅ မမ (၇) လုံးပစ်ခတ်ခဲ့သည်။

ထိုနေ့တွင် ခမရ (၂၆၄) တပ်ရင်းမှ SAC စစ်သားများသည် လက်နက်ကြီး ၁၅၅ မမ အလုံး(၂၀) ပစ်ခတ်ခဲ့သည်။ SAC စစ်သားများသည် မည်သည့်အတွက်ကြောင့် လက်နက်ကြီးများပစ်ခတ်ရသည်ကို မသိရှိရပါ။ သို့သော် SAC စစ်သားများ အနေဖြင့် ဒေသအတွင်း KNU ဖက်မှ အုပ်ချုပ်ရေးအဆောက်အဦးများဆောက်လုပ်ခြင်း၊ မြေယာတိုင်းတာစစ်ဆေးခြင်း၊ ဆေးရုံ၊ဆေးခန်းများဖွင့်လှစ်ခြင်းနှင့် ရွာသားများအား အသိပညာပေးဆိုင်ရာသင်တန်းများပို့ချခြင်းစသည်တို့ကို လုပ် ဆောင်ပြီးနောက်တွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ယူဆကြသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက် (၁၀း၂၃) မိနစ်ဝန်းကျင်တွင် နံ့သာကွင်းတပ်စခန်းတွင် အခြေစိုက်သော မြန်မာစစ်တပ်သည် လယ်ဒိုမြို့နယ်၊ သူးကဘီးကျေးရွာအုပ်စု၊ ဆ---ကျေးရွာအတွင်းသို့ လက်နက်ကြီး ၁၂၂ မမ တစ်လုံး ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် အသက် (၅၀) နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်သူ နော်ပ---ကို ထိမှန် ၍ဒဏ်ရာရရှိခဲ့သည်။ နော်ပ---သည် လယ်ဒိုမြို့နယ်၊ အထူးဒေသရှိ ယ---ကျေးရွာတွင်နေထိုင်သောရွာသားတစ်ဦး ဖြစ်ပြီး တိုက်ပွဲနှင့်လက်နက်ကြီးပစ်ခတ်မှုများဖြစ်ပွား၍ SAC စစ်လှုပ်ရှားမှုများကြောင့် ဆ---ကျေးရွာသို့ လာရောက်ပုန်း ရှောင်နေခြင်းဖြစ်သည်။ သူမ၏ဘယ်ဖက်ခြေထောက်တစ်ဖက်ကျိုးသွားပြီး ညာဖက်လက်တစ်ဖက်မှာ ဒဏ်ရာပြင်း ထန်စွာရရှိခဲ့သည်။ သူးကဘီးကျေးရွာအုပ်စုမှ အရေးပေါ်ကူညီမှုဖြင့် သူမကို KNU စီမံခန့်ခွဲသော ဟ---ဆေးရုံသို့ပို့ ဆောင်ခဲ့သော်လည်း ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားခဲ့သည်။

ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ နို့ကူး (ညောင်ကို) ကျေးရွာအုပ်စု၊ ခ--- ကျေးရွာမှ ရွာသားသုံးဦးသည် SAC စစ်လှုပ်ရှား မှုများကြောင့် ဆ---ကျေးရွာသို့ လာရောက်ပုန်းရှောင်ကြသည်။ ထိုရွာသားသုံးဦးလည်း လက်နက်ကြီးထိမှန်ခဲ့သည်။ ထိုရွာသားသုံးဦးမှာ စောစ--- (၉၂ နှစ်)၊ နော်တ--- (၇၂ နှစ်) နှင့် နော်ဗ--- (၅၃ နှစ်) တို့ဖြစ်ကြသည်။ စောစ---သည် သူ၏ဦးခေါင်းတွင် လက်နက်ကြီးအစထိမှန်၍ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ နော်တ---နှင့် နော်ဗ---တို့သည် လက်နက်ကြီးအစများထိမှန်၍ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများရရှိခဲ့သည်။ အခင်းဖြစ်ပွားပြီး နောက် နော်တ---နှင့်နော်ဗ---တို့ကို ဟ---ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့သည်။ (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင်) နော်တ---နှင့်နော်ဗ---တို့သည် ဆေးရုံမှ ဆင်းလာနိုင်ပြီးဖြစ်သည်။ SAC မှ လက်နက်ကြီး ၁၂၂ မမတစ်လုံးပစ်ခတ်မှု ကြောင့် စုစုပေါင်းရွာသားနှစ်ဦးသေဆုံး၍ နှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ကြက်သုံးကောင်လည်း လက်နက်ကြီး ထိမှန်၍ သေဆုံးခဲ့သည်။  

လက်နက်ကြီးပစ်ခတ်မှုနှင့်ဒရုန်းတိုက်ခိုက်မှုကြောင့် ရွာသားများအနေဖြင့် စားဝတ်နေရေးနှင့်ပညာရေးစိန်ခေါ်မှုများ ကြုံတွေ့ရခြင်း                 

မြန်မာစစ်တပ်မှ တကောဖောကျေးရွာအုပ်စု၊ ဝက်လက်တောကျေးရွာအုပ်စု၊ သူးကဘီးကျေးရွာအုပ်စုနှင့်သမိန်အင်း ကုန်းကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာတော်တော်များများတွင် လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုနှင့်ဒရုန်းတိုက် ခိုက်မှုများကြောင့် ဒေသခံရွာသားများသည် ၎င်းတို့စိုက်ပျိုးခြံများထဲတွင် အလုပ်သွားလုပ်ရန်ကြောက်ရွံ့ကြပြီး လွတ် လပ်စွာခရီးသွားလာနိုင်ခြင်းမရှိတော့ပေ။ ရွာသားများသည် SAC မှ လက်နက်ကြီးများနှင့်ဒရုန်းတိုက်ခိုက်မှုများ ပြန် လည်ပြုလုပ်မည်ကိုစိုးရိမ်သောကြောင့် ၎င်းတို့သားသမီးများကို ကျောင်းသို့မပို့ဆောင်ရဲဘဲရှိနေသည်။ ဒရုန်းတိုက်ခိုက်မှု များနှင့်လက်နက်ကြီးပစ်ခတ်မှုများပို၍များပြားလာသောကြောင့် တစ်ချို့ကျောင်းသူ၊ ကျောင်းသားများသည် ကျောင်း တက်ရန်ကြောက်ရွံ့ကြသည်။ တစ်ချို့လည်း ကျောင်းမှထွက်၍ ၎င်းတို့မိဘအလုပ်ကို ပြန်လည်ကူညီလုပ်ကိုင်ပေး ကြသည်။ ရွာသားများအနေဖြင့် ၎င်းတို့သားသမီးများ၏ပညာရေးအတွက် စိုးရိမ်းပူပန်ကြပြီး စားဝတ်နေရေးအတွက် လည်း စိန်ခေါ်မှုများနှင့်ကြုံတွေ့ကြရသည်။

Fri, 28 Mar 2025

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်း ပိတ်အတွင်းရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤအစီရင်ခံစာသည် KHRG လက်ခံရရှိသည့်အစီရင်ခံစာလေးစောင်ကိုအခြေခံ၍စုစည်းရေးသားထားပါသည်။ အဆိုပါအစီရင်ခံများ၏စာအမှတ်မှာ 24-454-D1၊ 24-455-D1၊ 24-481-D1 နှင့် 24-483-D1 တို့ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်