Wed, 29 Jan 2025
ဒူးပလာယာခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ကော်တရီမြို့နယ်တွင် SAC အောင်ဇေယျစစ်ကြောင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၂၅) နှစ်အရွယ်အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ (၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ဒူးပလာယာခရိုင်၊ ကော်တရီ (ကော့ကရိတ်) မြို့နယ်တွင် ဖြစ်ပွားခဲ့သော လက်နက်ကြီးပစ်ခတ်မှုအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (SAC) အောင်ဇေယျစစ်ကြောင်းသည် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ နို့ဖိုးကျေးရွာအုပ်စုရှိ ဃ--- ကျေးရွာအတွင်းသို့ လက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့သည်။ ထိုလက်နက်ကြီးပစ်ခတ်မှုတွင် အသက် (၂၅) နှစ်အ ရွယ်ရှိသော ရွာသားတစ်ဦးအား ထိမှန်၍ ၎င်း၏ခြေထောက်တွင်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်တစ်လုံးလည်း ထိခိုက်ပျက် စီးခဲ့သည်။ ထို့အပြင် နွားတစ်ကောင်သေဆုံးသွား၍ အခြားနွားတစ်ကောင်ဒဏ်ရာရရှိခဲ့သည်။ အာရှလမ်းမအနီးဝန်း ကျင်တွင် SAC နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့များတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ (၈) လကြာမြင့်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း အဆိုပါလက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားသည့်နေ့တွင် အာရှလမ်းမတွင် SAC အောင်ဇေယျစစ်ကြောင်းနှင့် KNLA စစ်သားများတို့အကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခြင်းမရှိသလို ဃ--- ကျေး ရွာတွင်လည်း မည်သည့်စစ်သားမှ သွားလာလှုပ်ရှားခြင်းများမရှိခဲ့ပါ။ ဤကဲ့သို့ကျေးရွာထဲတွင် လက်နက်ကြီးပစ်ခတ် ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်သည်ဟု ရွာသားများက ထင်မြင်ယူဆသည်။ [1]

 

 

(၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ မတိုင်မီ) ဒူးပလာယာခရိုင်ရှိ မြဝတီမြို့မှ ကော်တရီမြို့သို့ ဆက်သွယ်ထားသော အာရှလမ်းမအနီးဝန်းကျင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အောင်ဇေယျစစ်ကြောင်းနှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) ကော်ပရာစစ်ကြောင်းတို့နှစ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ (၈)လခန့် ကြာမြင့် ခဲ့ပြီးဖြစ်သည်။ အာရှလမ်းမအနီးတွင် နေထိုင်ကြသောရွာသားများသည် သေနတ်ပစ်ခတ်မှု၊ လက်နက်ကြီးပစ် ခတ်မှုနှင့်လေကြောင်းတိုက်ခိုက်မှုစသည့်တိုက်ပွဲသံများကို အပတ်တိုင်းလိုလို ကြားခဲ့ရသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် SAC နှင့် KNLA တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ပါ။ သို့သော် လည်း မနက် (၁၀) နာရီဝန်းကျင်၌ ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ နို့ဖိုးကျေးရွာအုပ်စု၊ ဃ--- ကျေးရွာအတွင်း လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်။ ထိုလက်နက်ကြီးပေါက်ကွဲမှုတွင် အသက် (၂၅) နှစ်အရွယ်ရှိသော ရွာသားတစ်ဦးဖြစ်သူ စောဘ--- အားထိမှန်၍ ၎င်းခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏မိဘနေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်။ ထို့အပြင် ၎င်းတို့နွားတစ်ကောင်ထိမှန်သေဆုံး၍ အခြားနွားတစ်ကောင်လည်း ဒဏ်ရာရရှိခဲ့ သည်။ အဆိုပါလက်နက်ကြီးတစ်လုံးကို ပစ်ခတ်သူမှာ SAC အောင်ဇေယျစစ်ကြောင်းဖြစ်သည်ဟု ရွာသားများက ယုံ ကြည်ကြသည်။ အကြောင်းမှာ ထိုဒေသတစ်ဝိုက်တွင် အောင်ဇေယျစစ်ကြောင်းမှလွဲ၍ အခြားစစ်ကြောင်းများ သွားလာ လှုပ်ရှားခြင်းမရှိခဲ့ပါ။ ရွာသားများသတိမထားမိသည့်အချိန်တွင် (ကြိုတင်သတိပေးမှုများမရှိပါ) ရွာထဲတွင် လက်နက် ကြီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်။

ဤဖြစ်စဉ်နှင့်ပတ်သက်၍ ရွာသားတစ်ဦးဖြစ်သူ စောအ---က ရှင်းပြသည်။ မနက် (၁၀) နာရီဝန်းကျင်တွင် စောအ---နှင့် ၎င်းမိသားစုသည် မနက်စာစားပြီးနောက် စောအ---သည် အိမ်နှင့်အနည်းငယ်ဝေးသည့်တစ်နေရာတွင်ရှိသော ယခင်က ပျက်စီးသွားသည့်ရေပိုက်ကို ပြုပြင်ရန်အတွက် အပြင်သို့ထွက်လာခဲ့သည်။ စောအ---၏ဇနီးသည် အိမ်ရှေ့တွင် တံမြက်စည်းလှဲ၍ သန့်ရှင်းရေးလုပ်နေခဲ့သည်။ အသက် (၂၅) နှစ်အရွယ်ရှိသော စောဘ---သည် လက်နက်ကြီးပစ်ခတ် သည့်အချိန်တွင် အိမ်အောက်တွင်နေ၍ အသက် (၂)နှစ်အရွယ်ရှိသော သူ၏သမီးကို အိပ်ပျော် အောင် ချော့သိပ်နေခဲ့ သည်။ ၎င်းသမီး၏နာမည်မှာ နော်ဆ---ဖြစ်သည်။ ထိုလက်နက်ကြီးပစ်ခတ်မှုတွင် နော်ဆ---ဒဏ်ရာရရှိခြင်းမရှိခဲ့ သော်လည်း စောဘ--- ၏ဘယ်ဖက်ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

အစပိုင်းတွင် ထိုဒေသတွင်ရှိသော KNLA ဆေးတပ်သားများသည် စောဘ---အား ဆေးကုသမှုပေးခဲ့သည်။ ထို့နောက် စောဘ---ကို ဆေးကုသမှုကောင်းမွန်စွာရရှိစေရန်အတွက် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖ--- မြို့ရှိ ဒ---ဆေးခန်းသို့ လွှဲပြောင်း ပို့ဆောင်ခဲ့သည်။ အခြားရွာသားများသည် စောဘ---အား ကူညီ၍ ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့သည်။ (စောဘ---၏ ဆေးကုသမှုကုန်ကျစရိတ်ကို မည်သူက ပေးဆောင်ခဲ့သည်ကို မသိရှိရပါ။) စောဘ---၏ခြေထောက်ဒဏ်ရာသည် ပြင်း ထန်သော်လည်း အရိုးနှင့်သွေးကြောများ အကောင်းရှိနေသေးသည်ဆို၍ ဆရာဝန်က စောအ---အား ရှင်းပြခဲ့သည်။ (ဆိုလိုသည်မှာ ၎င်းဒဏ်ရာသည် ပြင်းထန်သော်လည်း စိုးရိမ်ရသည့်အထိ မရှိခဲ့ပါ။)

ဃ--- ကျေးရွာတွင် ရွာသားအနည်းငယ်သာနေထိုင်ကြပြီး မည်သည့်စစ်သားမှမရှိကြောင်း ဃ--- ရွာမှ ရွာသားတစ်ဦးက ရှင်းပြခဲ့သည်။ ဤလုပ်ရပ်သည် (ရွာသားများအား ကြိုတင်သတိပေးခြင်းမရှိဘဲ ရွာထဲသို့လက်နက်ကြီးပစ်ခတ်ခြင်း) လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်သည်။         

ဤသတင်းအကြောင်းအရာများကို KHRG ကွင်းဆင်းလုပ်သားတစ်ဦးအား ပြောပြခဲ့သောသူများမှာ စောအ--- (ပျက်စီး သွားသောအိမ်၏ပိုင်ရှင်) နှင့် ဒဏ်ရာရရှိခဲ့သည့်ရွာသား၏မိသားစုတို့ဖြစ်ကြသည်။ KHRG ကွင်းဆင်းလုပ်သားသည် ၎င်းအား အင်တာဗျူးခဲ့သည်။ သတင်းအချက်အလက်များကို အသုံးပြု၍ ရေးသားဖြန့်ဝေရန် ထိခိုက်နစ်နာသူကိုယ်တိုင် ခွင့်ပြုချက်ပေးခဲ့ပါသည်။ 

Wed, 29 Jan 2025

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်