ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်း ဖြစ်ပွားသည့် အဖြစ်အပျက်ကို ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများမှ ဒွယ်လိုးမြို့နယ်၊ မာလေးလယ်ကျေးရွာအုပ်စု၊ ယ--- ကျေးရွာရှိ အသက် (၂၂) နှစ်အရွယ်ရှိစောဟ--- ကို ၎င်း၏လယ်ယာဘေးတွင် ပစ်သတ်ခဲ့ပါသည်။ အဆိုပါမှုခင်းသည် SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၉) စစ်သား များမှ ဒွယ်လိုးမြို့နယ်၊ မယ်ဝေကျေးရွာအုပ်စုရှိ မယ်ဝေစစ်တပ်စခန်းမှ ခူးသူထကျေးရွာအုပ်စုတွင်အခြေစိုက်သည့် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၉) စစ်တပ်စခန်းသို့သွားနေစဥ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ကြိုးဆွဲမိုင်းဖြင့်တိုက်ခိုက်ခံရပြီး ခဏအကြာတွင် ဖြစ်ပွားခဲ့ပါသည်။ စောဟ--- သည် ၎င်း၏မိသားစုအသက်မွေးဝမ်းကျောင်းအတွက်ထောက်ပံ့ပေးခဲ့ပြီး ယခု ၎င်း၏မိသားများသည် အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့နေရပါ သည်။[1]
အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
အခင်းဖြစ်ပွားမှုအမျိုးအစား |
(သတ်ဖြတ်မှု) SAC စစ်သားများမှ ရွာသားတစ်ဦးအား ပစ်သတ်ခြင်း |
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ |
အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်) |
မူတြော်ခရိုင်၊ မာလေးလယ်ကျေးရွာအုပ်စု၊ ယ--- ကျေးရွာ (အနီးရှိလယ်ယာ) |
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
|
အမည် |
စောဟ--- |
အသက် |
၂၂ နှစ် |
ကျား/မ |
ကျား |
လူမျိုး |
ကရင် |
အိမ်ထောင် ရှိ/မရှိ |
မရှိ |
အလုပ်အကိုင် |
လယ် |
ကိုးကွယ်သည့် ဘာသာ |
ဗုဒ္ဂဘာသာ |
ရာထူးအဆင့် |
ရွာသား |
နေရပ် ရွာအမည် |
ဒွယ်လိုးမြို့နယ်၊ မာလေးလယ်ကျေးရွာအုပ်စု၊ ယ--- ကျေးရွာ |
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
အမည် |
ရာထူး |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ |
အခြေစိုက်သည့်နေရာ ဒေသ |
အထက်အရာရှိ အမည် |
မသိရှိရ |
မသိရှိရ |
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) လက်အောက်ရှိ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၉) |
ဒွယ်လိုးမြို့နယ်၊ ခူးသူးထကျေး ရွာအုပ်စုအခြေစိုက် ခူးသူးထ စစ်တပ်စခန်း |
ဗိုလ်ကြီးသက်နောင်စိုး၊ ဗိုလ်ဝေ ယံကျော်၊ ဗိုလ်ရှိုင်းမိုးအောင်နှင့် ဗိုလ်မှုးချမ်းငြိမ်းထွန်း |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒွယ်လိုးမြို့နယ်ခရိုင်ရုံးမှ သတင်းအချက်အလက်ကိုလက်ခံရရှိပြီးနောက် ကျွန်ုပ် (KHRG ကွင်ဆင်းလုပ်သား) သည် ခိုင်မာတိကျသည့်အချက်အလက်များကိုရရှိရန် ယ--- ကျေးရွာလူကြီး စောအ--- နှင့်တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့သည့်အပြင် နော်စျ--- ကိုပါတွေ့ဆုံးမေးမြန်းခဲ့ပါသည်။ |
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
စောဟ--- ၏မိခင် နော်စျ--- နှင့် ယ--- ရွာလူကြီးစောအ--- တို့မှ ကျွန်ုပ် (KHRG ကွင်းဆင်းလုပ်သား) ကိုသတင်းအချက်လက်ပေးခဲ့ပါသည်။ အခင်းဖြစ်ပွားသည့်အချိန်တွင် ၎င်းတို့သည် ကျေးရွာထဲတွင်ရှိနေကြသည့်အပြင် သေဆုံးသွားသူ၏အလောင်းကို အခင်းဖြစ်ပွားသည့်နေရာတွင်သွားရောက်သယ်ယူခဲ့ကြသောကြောင့် ဤမှုခင်းအကြောင်းအရာကို၎င်းတို့ သိရှိခဲ့ရခြင်းဖြစ်ပါသည်။ |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
၂၀၂၃ ခုနှစ်, ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီတွင် မူတြော် (ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာလေးလယ်ကျေးရွာအုပ်စု၊ ယ--- ကျေးရွာတွင်နေထိုင်သည့် အသက် ၂၂ နှစ်အရွယ်ရှိ စောဟ--- သည် ၎င်း၏ကျေးရွာသို့ပြန်မည့်အချိန်တွင် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၉) ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများမှ ၎င်း၏လယ်ယာဘေးတွင်ပစ်သတ်ခဲ့ပါသည်။ အဆိုပါ SAC စစ်သားများမှ ပစ်ခတ်လိုက်သည့် ကျည်ဆံတစ်တောင့်သည့် ၎င်း၏ဘယ်ဖက်ရင်ဘက်ကိုထိမှန်ခဲ့၍ ချက်ချင်းသေဆုံးသွားခဲ့ပါသည်။
အဆိုပါမှုခင်းသည် SAC (ခမရ) အမှတ် (၄၀၉) စစ်သား များမှ ဒွယ်လိုးမြို့နယ်၊ မယ်ဝေကျေးရွာအုပ်စုရှိ မယ်ဝေစစ်တပ် စခန်းမှ ခူးသူထကျေးရွာအုပ်စုရှိ စစ်တပ်စခန်းသို့သွားနေစဥ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ကြိုးဆွဲမိုင်းဖြင့်တိုက်ခိုက်ခံရပြီး တစ်နာရီမှနှစ်နာရီအကြာတွင် ဖြစ်ပွားခဲ့ပါသည်။ [ဤပစ်သတ်ခံရသည့်အဖြစ်အပျက် သည် ရွာသားများမှ SAC ၏ (ခမရ) အမှတ် (၄၀၉) စစ်သားများ ယ--- ကျေးရွာတွင် အနားယူပြီးထွက်သွားသည်ကို တွေ့ခဲ့ပြီး ခဏအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။] SAC ၏ (ခမရ) အမှတ် (၄၀၉) စစ်သားများမှ ယ--- ကျေးရွာ အနီးရှိ စောဟ--- ၏လယ်ယာတွင် ရောက်သွားသည့်အချိန်တွင် ၎င်းနှင့်ပက်ပင်းတိုးခဲ့ပြီးပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာသားများယုံကြည်ကြပါသည်။
စောဟ--- ၏ မိဘများ၊ အခြားရွာသားများ၊ နှင့် ဒေသခံကျေးရွာခေါင်းဆောင်များသည် ၎င်းသေဆုံးပြီး ၂၀ မှ ၃၀ မိနစ် အကြာတွင် [ပစ်ခတ်သံကိုကြားသည့်အချိန် တွင် အခင်းဖြစ်ပွားသည့်နေရာသို့] အလောင်းကိုသွားရောက်သယ်ယူ ကာ အိမ်သို့ပြန်သယ်လာခဲ့ပါသည်။ စောဟ--- ကို (ခမရ) အမှတ် (၄၀၉) ရှိ မည်သည့်စစ်သားမှပစ်ခတ်လိုက်သည်ကိုမသိရှိရပါ။ SAC ၏ (ခမရ) အမှတ် (၄၀၉) အား ဗိုလ်ကြီးသက်နောင်စိုး၊ ဗိုလ်ဝေယံကျော်၊ ဗိုလ်ရှိုင်းမိုးအောင် နှင့် ဗိုလ်မှုးချမ်း ငြိမ်းထွန်းတို့မှ ဦးဆောင်ကြပါသည်။ စောဟ--- ကို ပစ်ခတ်ရန်အတွက် မည်သူက အမိန့်ပေးခဲ့ကြောင်းကိုလည်း မသိရှိရပါ။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ ညနေ (၁း၃၀) အချိန်တွင် စောဟ--- ကို ရွာ၏သင်္ချိုင်း၌ မြှုပ်နှံခဲ့ကြပါသည်။ ၎င်းအနေဖြင့် အဓိကဝင်ငွေရှာဖွေသူမဟုတ်သော်လည်း လယ်ယာထဲတွင်း မိဘဖြစ်သူအား ဝိုင်းဝန်းကူညီပါသည်။ စောဟ--- သေဆုံးသွားသဖြင့် ၎င်း၏မိဘများမှာ စိတ်အလွန်ပင်ထိခိုက်ခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာပြဿနာကို ခံစားနေကြရသည့်အပြင် အလုပ်လုပ်လိုစိတ်ပင်မရှိကြတော့ပါ။ ၎င်း၏မိခင်ဖြစ်သူ နော်စျ--- မှ “ကျွန်မတို့ရဲ့သားလေးဆုံးသွားတဲ့အတွက် ကျွန်မတို့ကိုလုပ်ကျွေးမယ့်သူမရှိတော့ဘူး။ ကျွန်မတို့လည်းအသက်ကြီးလာပြီး။ အလုပ်မလုပ်နိုင်တော့ဘူး။ ရှေ့ဆက်ဘယ်လိုလုပ်ပြီးစားရတော့မလဲ မသိတော့ဘူး။ အိမ်မှာ အသက်မွေးဝမ်းကျောင်းဟာ ကျွန်မတို့အတွက် တကယ့်ကြီးမားတဲ့အ ခက်အခဲဖြစ်လာတယ်။” ဟုပြောပြခဲ့ပါသည်။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
ပစ်သတ်ခံရသူ၏မိသားစုနှင့် ကျေးရွာလူကြီးတို့မှ ဆင်ဆာဖြတ်တောက်ခြင်းနှင့်အတူ ဤအချက်အလက်များကို အသုံးပြုထုတ်ဝေရန် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။ |
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။