Mon, 30 Sep 2024
ဒူးပလာယာခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ကရူတူးမြို့နယ်တွင် SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးထိမှန်သေဆုံးပြီး လူနေအိမ်များ ထိခိုက်ပျက်စီးခြင်း (၂၀၂၃ ခုနှစ်၊ မေလနှင့် စက်တင်ဘာလ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၃ ခုနှစ်၊ မေလနှင့်စက်တင်ဘာလအတွင်း ဒူးပလာယာခရိုင်၊ ကရူတူး (ကျုံဒိုး) မြို့နယ်၊ ရော်ကယ်ကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သော အကြောင်းအရာများကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် လှိုင်ဝတပ်သစ်အမြောက်ကုန်းတွင် အခြေစိုက်သော SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၉၇) သည် ကရူတူးမြို့နယ်၊ ရော်ကယ်ကျေးရွာအုပ်စု၊ အ--- ကျေးရွာသို့ လက်နက်ကြီး (၆၀) မမဖြင့် ပစ်ခတ်ခဲ့ပြီး လူ နေအိမ်တစ်လုံးပျက်စီးသွားခဲ့သည်။ ထို့အပြင် SAC စစ်သားများသည် အ--- ကျေးရွာနှင့်နီးသော အာရှလမ်းမကို ဖျက် ဆီးခဲ့သောကြောင့် ရွာသားများအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှုများရရှိရန် မြို့သို့သွားလာရာတွင် အခက်အခဲများဖြစ် ပေါ်စေသည်။ ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် ခလရ (၉၇)မှ SAC စစ်သားများသည် အ--- ကျေးရွာသို့ လက်နက် ကြီးများ ထပ်မံပစ်ခတ်ခဲ့ပြီး လက်နက်ကြီးတစ်လုံးသည် ရွာသားတစ်ဦး၏အိမ်တွင် ကျရောက်ပေါက်ကွဲပြီး မီးလောင် ပျက်စီးသွားခဲ့သည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် လှိုင်ဝတပ်စခန်း၌ အခြေစိုက်သော စစ်ကွပ်ကဲအခြေ စိုက်ဌာနချုပ် (စကခ) အမှတ် (၁၂) မှ SAC စစ်သားများသည် အ--- ကျေးရွာသို့ (၁၂၀ မမအပါအဝင်) လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး စောဘ--- ဆိုသည့်ရွာသားတစ်ဦးအား ထိမှန်၍ သေဆုံးခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား များသည် စားဝတ်နေရေးအတွက် လယ်ယာစိုက်ပျိုးခြံထဲတွင် ဆက်လက်လုပ်ကိုင်ရန် အခက်အခဲများနှင့်ကြုံတွေ့နေရ သည်။ [1]

 

 

၂၀၂၃ ခုနှစ်၊ မေလ - SAC လက်နက်ကြီးပစ်ခတ်ခြင်းနှင့် အရပ်သားအခြေခံအဆောက်အအုံများ ဖျက်ဆီးခြင်း

၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့၊ ည (၇) နာရီတွင် လှိုင်ဝတပ်သစ်အမြောက်ကုန်းတွင် အခြေစိုက်သော စစ်ကွပ်ကဲအခြေ စိုက်ဌာနချုပ် (စကခ) အမှတ် (၁၂) လက်အောက်ခံဖြစ်သော ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၉၇) မှ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများသည် ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ရော်ကယ်ကျေးရွာအုပ်စု၊ အ---ကျေးရွာသို့ လက်နက်ကြီး (၆၀)မမဖြင့် ပစ်ခတ်ခဲ့သည်။ ထိုလက်နက်ကြီးပစ်ခတ်မှုတွင် ရွာသားတစ်ဦးဖြစ်သော ဦးဆ--- ၏အိမ်ကိုထိမှန်ပြီး ပျက်စီးသွားခဲ့သည်။

ထိုနေ့အတွင်း ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့ မနက် (၉)နာရီတွင် စစ်ကွပ်ကဲအခြေစိုက်ဌာနချုပ် (စကခ) အမှတ် (၁၉) လက်အောက်ခံဖြစ်သော ခလရ  (၃၄၃) မှ SAC စစ်သားများသည် အ--- ကျေးရွာအနီးတွင်တည်ရှိသော အာရှလမ်းမကို (တူးဆွ၍) ဖျက်ဆီးခဲ့သည်။ SAC စစ်သားများသည် ဘက်ဖိုးကိုအသုံးပြု၍ ထိုလမ်းမကို ခြောက်ပေအနက်တူးခဲ့သည်။ ထိုအာရှလမ်းမပေါ်တွင်ရှိသော လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ခရီးသွားလာနေသောကားများကို ဂိတ် ကြေးတောင်းခြင်းကို ရပ်တန့်ရန်နှင့် ကိုယ့်ကိုကိုယ်ကာကွယ်သည့်ရည်ရွယ်ချက်ဖြင့်  SAC သည် ထိုလမ်းမကို ဖျက်ဆီး ခဲ့ကြောင်း  ဒေသခံရွာသားများက ပြောသည်။ လမ်းမကြီးပျက်စီးသွားပြီးနောက် ရွာသားများသည် ခရီးသွားလာရာတွင် အခက်အခဲများနှင့်ကြုံတွေ့ရသည်။ အ--- ကျေးရွာမှ ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်သူ နန်းဒ--- က "လမ်းမကြီးကို အဲ့ လိုပျက်စီးအောင်လုပ်တော့ ရွာသားတွေရဲ့စားဝတ်နေရေးကိုထိခိုက်စေတယ်။ လူနာတွေကို မြို့ကဆေးရုံ ဆီသွားပို့ဖို့ အရမ်းပဲခက်ခဲနေတယ်။ လူနာတွေက (ဆေးခန်းတွေမှာ) ဆေးကုလို့မရတော့ဘူးဆိုရင် သူတို့က ဘားအံမြို့ ဒါမှမဟုတ် ရင် မော်လမြိုင်မြို့ကို သွားပြီးဆေးကုရတယ်။ အခုတော့ ခရီးသွားလာဖို့အခက်အခဲတွေဖြစ်နေပြီး။ ခရီးသွားလာခက်ခဲ တဲ့အကြောင်းတွေကို ကျွန်မစဉ်းတောင်မစဉ်းစားရဲဘူး။" ဟု ရှင်းပြသည်။

နောက်တစ်နေ့ ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့၌ ညနေ (၄) နာရီတွင် ခလရ (၉၇) မှ SAC စစ်သားများသည် ရော်ကယ် ကျေးရွာအုပ်စုရှိ အ--- ကျေးရွာသို့ လက်နက်ကြီးများ ထပ်မံပစ်ခတ်ပြန်သည်။ လက်နက်ကြီးတစ်လုံးသည် ဦးဃ--- ၏ အိမ်တွင် ကျရောက်ပေါက်ကွဲပြီး ၎င်း၏အိမ် မီးလောင်ခဲ့သည်။ (ထိုရွာတွင်ရှိသော) တစ်ချို့ရွာသားများသည် အိမ်မီး လောင်ခြင်းများကို တားဆီးရန်ကြိုးစားခဲ့သည်။ သို့သော်လည်း အိမ်တစ်ဝက်မီးလောင်ပျက်စီးသွားပြီးဖြစ်သည်။ ကံကောင်းစွာဖြင့် မည်သည့်ရွာသားမှ လက်နက်ကြီးထိမှန်ခြင်းမရှိခဲ့ပေ။ အကြောင်းမှာ (၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့ တွင်) လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားကတည်းက ရွာသားတော်တော်များများသည် အခြားမြို့နယ်ရှိ ၎င်းတို့ ဆွေမျိုး သားချင်းများဆီသို့ ထွက်ပြေးပုန်းရှောင်ခဲ့ပြီးဖြစ်သောကြောင့်ဖြစ်သည်။ ထိုရွာသားများသည် ရွာသို့မပြန်လာသေးဘဲ ရှိနေသေးသည်။

(ထိုနှစ်ရက်အတွင်း) လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့်အိမ်များ၏ပိုင်ရှင်များသည် ရွာနှင့်အလှမ်းဝေး သော ၎င်းတို့၏စိုက်ပျိုးခြံထဲတွင် ပြောင်းရွှေ့၍ တဲများထိုးပြီး နေထိုင်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ - SAC မှ ရွာထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ခြင်း

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် လှိုင်ဝတပ်စခန်း၌ အခြေစိုက်သော စစ်ကွပ်ကဲအခြေစိုက်ဌာနချုပ် (စကခ) အမှတ် (၁၂) မှ SAC စစ်သားများသည် ရော်ကယ်ကျေးရွာအုပ်စု၊ အ--- ကျေးရွာသို့ (၁၂၀ မမအပါအဝင်) လက်နက်ကြီး များ ပစ်ခတ်ခဲ့သည်။ မနက်ပိုင်းတွင် (အချိန်အတိအကျမသိ) SAC စစ်သားများသည် ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ခဲ့သည်။ SAC မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်သည့်အချိန်တွင် ကျေးရွာအနီးတွင် မည်သည့်တိုက်ပွဲမှ မဖြစ်ပွားခဲ့ပါ။ မနက် (၆)နာရီခန့်တွင် လက်နက်ကြီး (၁၂၀ မမ) တစ်လုံးသည် စောဘ--- ၏အိမ်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးအစသည် စောဘ--- ၏လည်ပင်းဘယ်ဖက်ခြမ်းနှင့် ဦးခေါင်းကို ထိမှန်ပြီး ပွဲ ချင်းပြီးသေဆုံးသွားသည်။ စောဘ--- ၏ညီမဖြစ်သူ နော်ဂ--- က "လက်နက်ကြီးပစ်နေတဲ့အချိန် မှာ သူက အိမ်ထဲမှာ နေပြီး ငါးတွေကိုဆေးကြောနေတယ်။ သူ့ယောက်ဖကတော့ အိမ်အောက်မှာရှိနေတယ်။ လက်နက်ကြီးအစက သူ့ရဲ့ ခေါင်းနဲ့လည်ပင်းကိုထိမှန်သွားတယ်။ သူ့ကိုထိမှန်တော့ သူ့ယောက်ဖက ဘေးနားကလူတွေကို အကူအညီတောင်း တယ်။ ဆေးလုပ်သားတစ်ယောက်ရောက်လာတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က တုန်နေပြီး။ မလှုပ်နိုင် တော့ဘူး။ သူ့ရဲ့ လည်ပင်းနဲ့ခေါင်းကိုထိတော့ သူသေသွားတယ်။ သူစကားလည်း မပြောနိုင်တော့ဘူး။ သူလဲ မေ့လဲသွားတယ်လေ။" ဟု ရှင်းပြသည်။

စောဘ--- သေဆုံးသွားပြီးနောက် ၎င်း၏မိသားစုသည် အခက်အခဲများကြုံတွေ့ရသည်။ ၎င်းမိသားစုသည် စားဝတ်နေ ရေးအတွက် အဓိကအားဖြင့် ၎င်းကိုသာ မှီခိုနေရသည်။ လက်ရှိအချိန်တွင် အသက် (၇)နှစ်အရွယ်ရှိသော စောဘ---၏သမီးနှင့် သူ၏ဇနီးသည် အမဖြစ်သူနှင့်အတူ နေထိုင်နေပါသည်။ ဆက်လက်၍ နော်ဂ--- က "ယောင်္ကျားဖြစ်သူက သေသွားတော့ ကျန်ခဲ့တဲ့သူ့ရဲ့ဇနီးက ရုန်းကန်နေရတာပေါ့။ … သူ့ကလေးက အရမ်းငယ်သေးတယ်။ ခုနှစ်နှစ်ပဲရှိ သေးတယ်။ … စားဝတ်နေရေးအတွက် ဇနီးက သူ့ယောင်္ကျားကိုပဲ မှီခိုအားထားရတယ်။ (အခုတော့) သူ့ဇနီးက အမဖြစ် သူနဲ့အတူတူနေထိုင်ကြတယ်။ ယောင်္ကျားမရှိတော့ သူတို့မှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်။ (သူ့မိသားစုကို တော့) ကျွန်မတို့ကူညီပေးရမယ်။" ဟု ရှင်းပြသည်။

SAC သည် (ရော်ကယ်ကျေးရွာအုပ်စုအတွင်းသို့) ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးများ မကြာခဏပစ်ခတ်လေ့ရှိ သည်။ ထို့ကြောင့် ရွာသားများသည် ထွက်ပြေးတိမ်းရှောင်ရပြီး ၎င်းတို့စိုက်ပျိုးခြံထဲတွင် တဲထိုး၍ နေထိုင်နေရသည်။ တစ်ချို့လည်း အခြားမြို့နယ်မှာရှိသည့် ၎င်းတို့ဆွေမျိုးသားချင်းထံ သွားရောက်ပုန်းရှောင်နေရသည်။ တစ်ချို့ရွာသား များသည် အခြေအနေပြန်ကောင်းလာသည့်အချိန်တွင် ရွာသို့ပြန်လာကြသည်။ ထို့အပြင် ပဋိပက္ခကာလတွင် ရွာသား များသည် စားဝတ်နေရေးအတွက် စိုက်ပျိုးခြံထဲသွား၍ လုပ်ကိုင်စိုက်ပျိုးရန် အခက်အခဲများရှိနေသည်။ အ--- ကျေးရွာမှ ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်သူ နန်းဒ--- က "တကယ်ဆိုရင် ကျွန်မက (၂၀၂၁ ခုနှစ်အာဏာမသိမ်းမီ) အရင်ကလိုမျိုး ဘဲ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လုပ်ကိုင်ချင်တယ်။" ဟု ပြောသည်။    

Mon, 30 Sep 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ ခုနှစ်၊ မေလနှင့် နိုဝင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖော်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်