ကရင်ပြည်သူလူထုတို့ လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဆုံးခံနေရပြီး စစ်ရှောင်သူဦးရေ ၁၂ သိန်းအထိရှိလာ
လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ သြဂုတ် ၂၆၊ ၂၀၂၄။
ကရင်ပြည်နယ်အတွင်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းကာလတစ်လျှောက် လက်ရှိကာလတွင် ပြည်သူလူထုများ လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဆုံးကြုံတွေ့နေရပြီး၊ စစ်ရှောင်ဦးရေ ၁၂ သိန်းအထက်ရှိလာသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှပြောပြချက်အရ သိရသည်။
KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ၇ ခုလုံးတွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးငယ် ရမ်းသမ်းပစ်ခတ်မှုကြောင့် တပ်မဟာအသီးသီးရှိ IDP စခန်းထဲတွင် အမြဲတမ်းစစ်ရှောင်စခန်းအဖြစ်သတ်မှတ်ထားရပြီး တပ်မဟာ ၃ နှင့် ၅ တို့တွင် စစ်ရှောင်ဦးရေအများဆုံး ဖြစ်သည်ဟုသိရသည်။
စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူတို့သည် အခြေခံလူ့အခွင့်အရေးဖြစ်သည့် အသက်ရှင်နေထိုင်ခွင့်၊ ဘေးကင်းလုံခြုံခွင့်၊ ကျန်းမာရေး၊ ပညာရေး လက်လှမ်းမှီနိုင်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်တို့ကို စစ်ကောင်စီမှပိတ်ပင်ကျူးလွန်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း လစဉ်ဒေသခံထိခိုက်သေဆုံးမှု ၁၀ ဦးထက်မနည်းရှိနေသည်ဟု KHRG ပြောခွင့်ရ စောနန္ဒာဆူးက ဆိုသည်။
“အဆိုးဆုံးချိုးဖောက်ခံနေရတယ်လို့ပြောလိုပါတယ်၊ ဒီထဲမှာတိုင်းရင်းသားနယ်မြေ အပါအဝင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာကြုံတွေ့နေရတယ်ပေါ့နော်၊ KNU ထိန်းချုပ်နယ်မြေ ၇ခုစလုံးမှာဆက်လက်ဖြစ်ပွားနေတုန်းပါပဲ၊ လက်ရှိစစ်ရှောင်ဦးရေ စာရင်းအရတော့ ၁၂သိန်း အထက်ရှိနေတယ်။ IDP ဦးရေက တိုက်ပွဲအခြေအနေ မှာမူတည်ပြီးတော့ များပြားလာတယ် ” ဟု ၎င်းကပြောသည်။
IDP စခန်းအတွင်းရှိ စစ်ရှောင်တို့ လူသားချင်းစာနာထောက်ထားမှုအကူအညီဖြင့် ရှင်သန်ရပ်တည်နိုင်ကြသော်လည်း ဝေးလံပြီး တောတောင်ဥယျာဉ်ခြံအကြား စစ်ရှောင်နေသူများသည် လူသားချင်းစာနာ ထောက်ထားမှုအကူအညီနှင့် လက်လှမ်းဝေးနေသည်ဟု ၎င်းကဆက်ပြောသည်။
Website တွင် ဆက်ဖတ်ရန်>>