Fri, 28 Jun 2024
တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ဒေါ်ဖားခိုမြို့နယ်တွင် SAC လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသား (၃)ဦးသေဆုံးပြီး ကလေးအပါအဝင် အခြားရွာသား (၉)ဦးထိခိုက်ဒဏ်ရာရ (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ၌ တောအူး (တောင်ငူ)ခရိုင်၊ ဒေါ်ဖားခို (သံတောင် ကြီး)မြို့နယ်အတွင်း ဖြစ်ပွားခဲ့သောလေကြောင်းတိုက်ခိုက်မှုအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လ ၂၁ ရက်နေ့၌ တောင်ငူလေတပ်စခန်းဌာနချုပ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ရဟတ်ယာဉ်တစ်စီးသည် ဒေါ်ဖားခို (သံတောင်ကြီး)မြို့နယ်၊ ထီးဒေး (ပိတောက်ကုန်း) ကျေးရွာအုပ်စု၊ က---ကျေးရွာကို လေကြောင်းဖြင့် တိုက် ခိုက်ခဲ့သည်။ ဤလေကြောင်းတိုက်ခိုက်မှုတွင် ကလေး(၂)ဦးအပါအဝင် စုစုပေါင်းရွာသား (၄)ဦးဒဏ်ရာရရှိခဲ့ပြီး အသက် (၈၅)နှစ်အရွယ်ရှိသောအမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။ ဒဏ်ရာရရှိသည့်အမျိုးသမီးတစ်ဦးကို နေပြည်တော်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သူမ၏ခြေထောက်တစ်ဖက် ဖြတ်တောက်ခဲ့ရသည်။ ထို့အပြင် SAC ရဟတ်ယာဉ်သည် ဒေါ်ဖားခို (သံတောင်ကြီး)မြို့နယ်၊ ထီးဒေး (ပိတောက်ကုန်း)ကျေးရွာအုပ်စု၊ မ---ကျေးရွာကိုလည်း လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ သည်။ ထိုဖြစ်စဉ်တွင် ရွာသား(၅)ဦး ဒဏ်ရာရရှိခဲ့ပြီး (၃)ဦးသေဆုံးခဲ့သည်။ သေဆုံးသွားသည့်ရွာသား (၃)ဦးတွင် အသက်(၈)နှစ်အရွယ်ရှိသော ကလေး(၂)ဦးလည်းပါဝင်သည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် များနှင့် လယ်ယာစိုက်ပျိုးခြံများ ထိခိုက်ပျက်စီးခဲ့ပြီး ရွာသားများမွေးမြူထားသော တိရိစ္ဆာန်များလည်းသေဆုံးခဲ့သည်။ ၂၀၂၃ ခုနှစ်၊ အစောပိုင်းကာလမှစ၍ ကျေးရွာအတွင်း သို့မဟုတ် ကျေးရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများ မရှိခဲ့ပေ။ ရွာသားများသည် ဝမ်းနည်းကြေကွဲမှုများ၊ ဒေါသပေါက်ကွဲမှုများနှင့် စိတ်ဒဏ်ရာများကို ခံစားနေရပါသည်။ [1]

 

 

ထီးဒေးကျေးရွာအုပ်စု၊ က---ကျေးရွာတွင်ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှု

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လယ်(၂)နာရီအချိန်တွင် တောင်ငူလေတပ်စခန်းဌာနချုပ်မှ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (SAC) ရဟတ်ယာဉ်တစ်စီးသည် တောအူး (တောင်ငူ)ခရိုင်၊ ဒေါ်ဖားခို (သံတောင်ကြီး)မြို့နယ်၊ ထီးဒေး (ပိတောက်ကုန်း) ကျေးရွာအုပ်စု၊ က---ကျေးရွာ၊ ရပ်ကွက် (၃)ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ တောင်ငူလေတပ် စခန်းဌာနချုပ်သည် တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)တွင် တည်ရှိသည်။ (ယခင်က) ၂၀၂၃ ခုနှစ်၊ အစောပိုင်းကာလမှစ၍ က---ကျေးရွာအတွင်း သို့မဟုတ် ကျေးရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် စစ်ရေး လှုပ်ရှားမှုများ မရှိခဲ့ပေ။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် က--- ကျေးရွာမှ ရွာသား (၄)ဦးအား ဗုံးကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် က---ကျေးရွာ၊ ရပ်ကွက် (၃)တွင် နေထိုင်သော အသက်(၈၅)နှစ်အရွယ်ရှိသည့် ဒေါ်လ---ကိုလည်း ထိမှန်၍ သူမ၏ဦးခေါင်း၊ ဝမ်းဗိုက်နှင့်ရင်ဘတ်တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး သေဆုံးခဲ့သည်။ ဒေါ်လ---၏ ဦးခေါင်း ကွဲထွက်သွားပြီး သူမ၏ဝမ်းဗိုက်ကို ဗုံးကျည်စထိမှန်၍ အူချောင်းများထွက်လာကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ အသက်(၃၅)နှစ်အရွယ်ရှိသော အမျိုးသမီးဖြစ်သူ ဒေါ်စ---သည် သူမ၏ခြေထောက်တွင် ထိမှန်ဒဏ်ရာရ၍ ခြေထောက် ကို ဖြတ်တောက်ရန် လိုအပ်ခဲ့သည်။ ထိမှန်ဒဏ်ရာရသောအခြားရွာသား(၃)ဦးမှာ ဒေါ်တ--- (၃၅နှစ်)၊ မဆ--- (၁၂ နှစ်) နှင့် (အမည်မသိရသည့်)ကလေးတစ်ဦး (၁ နှစ်ခွဲ) တို့ဖြစ်ကြသည်။ သူတို့အားလုံးသည် ဗမာလူမျိုးများဖြစ်ကြပြီး ဗုဒ္ဓဘာ သာကိုးကွယ်သူများဖြစ်သည်။ ဒဏ်ရာရရှိသည့်ရွာသား(၄)ဦးကို ပဲခူးတိုင်း၊ ရေတာရှည်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ကားဖြင့် ပို့ဆောင်ခဲ့သည်။ ရေတာရှည်မြို့၊ ပြည်သူ့ဆေးရုံတွင် နော်စ---၏ခြေထောက်ဒဏ်ရာကို ဆေးကုသပေးရန်နှင့်ဖြတ် တောက်ရန်အတွက် လိုအပ်သောဆေးဝါးကိရိယာများမရှိသောကြောင့် သူမကို နေပြည်တော်ဆေးရုံသို့ လွှဲပြောင်းပို့ ဆောင်ခဲ့သည်။ နေပြည်တော်ဆေးရုံသို့ ရောက်ရှိရန် (၄)နာရီခန့်ကြာမြင့်သည်။ (ဒဏ်ရာရရှိသည့်ရွာသားများအားလုံး သည် ဆေးကုသမှုကုန်ကျစရိတ်အတွက် မည်သည့်လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းထံမှ ကူညီထောက်ပံ့မှု များ မရရှိခဲ့ပေ။)

ထို့အပြင် ဦးဝ---နှင့်ဦးည---တို့၏နေအိမ်(၂)လုံးကိုလည်း ဗုံးကျည်စများထိမှန်၍ ပျက်စီးသွားခဲ့သည်။ ပျက်စီးသွားသည့် အိမ်များ၏ပိုင်ရှင်(၂)ဦးသည် ဗမာလူမျိုးဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ၎င်းတို့၏အသက်ကို မသိရှိရပေ။ တစ်ချို့အိမ်မွေးတိရိစ္ဆာန်များလည်း သေဆုံးပြီး တစ်ချို့လည်းဒဏ်ရာရရှိခဲ့သည်။ နွားအလတ်တစ်ကောင်၊ ခွေးတစ် ကောင်နှင့် တစ်ချို့ကြက်များ သေဆုံးခဲ့သည်။ နွား (၃)ကောင်မှာ ဒဏ်ရာရရှိခဲ့ပြီး ခွေး(၂)ကောင်မှာ ၎င်းတို့၏ခြေ ထောက်များပြတ်ထွက်သွားခဲ့သည်။ စိုက်ပျိုးထားသောအပင်များလည်း ဗုံးကျည်စထိမှန်၍ ပျက်စီးသွားခဲ့သည်။ (ဤ ဖြစ်စဉ်နှင့်ပတ်သတ်၍ ဒေသခံရွာသားများမှ ၎င်းတို့၏ခံစားချက်များကို KHRG ကွင်းဆင်းလုပ်သားတစ်ဦးအား ပြောပြခဲ့ သည်။) လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရွာသားများသည် ဝမ်းနည်းကြေကွဲမှုများ၊ ဒေါသပေါက်ကွဲမှုများနှင့် စိတ်ဒဏ်ရာများကို ခံစားနေရပါသည်။

ထီးဒေးကျေးရွာအုပ်စု၊ မ---ကျေးရွာတွင်ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှု

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လယ် (၂း၁၅)မိနစ်တွင် တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) တွင် အခြေစိုက်သော တောင်ငူလေတပ်စခန်းဌာနချုပ်မှ SAC ရဟတ်ယာဉ်တစ်စီးသည် ဒေါ်ဖားခိုမြို့နယ်၊ ထီးဒေး ကျေးရွာအုပ်စု၊ မ---ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြန်သည်။ ဗုံးကျည်ဆံတစ်လုံးသည် မိသားဝင်(၈)ဦးနေထိုင်သော ရွာ သားတစ်ဦး၏ အိမ်ပေါ်သို့ကျရောက်ပေါက်ကွဲခဲ့သည်။ (မိသားဝင်ရှစ်ဦးအနက်) သုံးဦးမှာ ဗုံးကျည်စထိမှန်ပြီး သေဆုံး ခဲ့သည်။ ကျန်ရှိသည့်ငါးဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ (ဒဏ်ရာရရှိသောရွာသား (၅)ဦးကို ပဲခူးတိုင်း၊ ရေတာရှည်မြို့ရှိ ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့သည်။ ၎င်းတို့သည် ဆေးကုသမှုကုန်ကျစရိတ်အတွက် မည်သည့်လူ သားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းထံမှ ကူညီထောက်ပံ့မှုများ မရရှိခဲ့ပေ။) ထို့အပြင် ရွာသားများပိုင်ဆိုင်သော နွား (၃)ကောင်လည်း ဗုံးကျည်စထိမှန်၍ သေဆုံးခဲ့သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တွင် မ---ရွာသားများသည် များစွာစိတ်ထိခိုက်၍ စိတ်ဒဏ်ရာများခံစားနေရကြောင်း တင်ပြခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေကြေဒဏ်ရာရရှိသည့် မ---ကျေးရွာမှ ရွာသားများ၏ကိုယ်ရေးအကြောင်းအရာများ  

ဒဏ်ရာရရှိသူရွာသားများ၏ကိုယ်ရေးအကြောင်းအရာ

အမည်

ဒေါ်ဂ---

မောင်ဒ---

မောင်န---

မပ---

မောင်ဇ---

အသက်

၄၀နှစ်

၁၀နှစ်

၁၀နှစ်

၉နှစ်

၂၀နှစ်

ကျား/မ

ကျား

ကျား

ကျား

လူမျိုး

ဗမာ

ဗမာ

ဗမာ

ဗမာ

ဗမာ

အိမ်ထောင် ရှိ/မရှိ   

(မသိရှိရ)

-

-

-

(မသိရှိရ)

အလုပ်အကိုင်

(မသိရှိရ)

-

-

-

(မသိရှိရ)

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

-

-

-

-

-

နေရပ် ရွာအမည်

မ---ကျေးရွာ

မ---ကျေးရွာ

မ---ကျေးရွာ

မ---ကျေးရွာ

မ---ကျေးရွာ

မှတ်ချက်

အသက်စိုးရိမ်ရသည့်ဒဏ်ရာရရှိမှု

ဒဏ်ရာရရှိ (မစိုးရိမ်ရ)

ဒဏ်ရာရရှိ (မစိုးရိမ်ရ)

ဒဏ်ရာရရှိ (မစိုးရိမ်ရ)

ဒဏ်ရာရရှိ (မစိုးရိမ်ရ)

သေဆုံးသွားသောရွာသားများ၏ကိုယ်ရေးအကြောင်းအရာ

အမည်

မောင်ဘ---

မအ---

ဒေါ်ထ--- 

အသက်

၈နှစ်

၈နှစ်

၄၂နှစ်

ကျား/မ

ကျား

လူမျိုး

ဗမာ

ဗမာ

ဗမာ

အိမ်ထောင် ရှိ/မရှိ   

-

-

(မသိရှိရ)

အလုပ်အကိုင်

-

-

(မသိရှိရ)

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

-

-

(မသိရှိရ)

နေရပ် ရွာအမည်

မ---ကျေးရွာ

မ---ကျေးရွာ

မ---ကျေးရွာ

Fri, 28 Jun 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ မတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော တောင်ငူ(တောအူး)ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်