Tue, 14 May 2024
ဘိတ်-ထားဝယ်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- ကစယ်ဒိုမြို့နယ်တွင် အသက် (၁၉) နှစ်အရွယ် ရွာသားတစ်ဦး မြေမြှုပ်မိုင်းထိမှန်၍ ပြင်းထန်စွာ ဒဏ်ရာရ (၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ဘိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် တွင် ဖြစ်ပွားခဲ့သောမြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် အသက်(၁၉)နှစ်အရွယ်ရှိသော စောလ---သည် ဘိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ဆယ်ဖြူတိုင် ကျေးရွာအုပ်စု၊ ရင်ကွဲတောင်တွင် မြေမြှုပ်မိုင်းတစ်လုံးကိုနင်းမိခဲ့သည်။ စောလ---သည် သေဆုံးနေသော ၎င်းသူငယ် ချင်း၏အလောင်းကို သယ်ဆောင်လာနေစဉ် မြေမြှုပ်မိုင်းကိုနင်းမိပြီး ထိမှန်ခဲ့ခြင်းဖြစ်သည်။ ကော်သူးလေတပ်မတော် (KTLA) တပ်သားများမှ ဤမြေမြှုပ်မိုင်းကို ထောင်ထားခဲ့ကြောင်း ဒေသခံများက ယူဆကြသည်။ စောလ---သည် မြေမြှုပ်မိုင်းထိမှန်၍ သူ၏ဘယ်ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ မြေမြှုပ်မိုင်းထိမှန်၍ပြီးနောက် ဒေသ ခံကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များက စောလ---အား ထိုင်းနိုင်ငံရှိ ဆေးရုံတစ်လုံးသို့ ပို့ဆောင်ခဲ့ သည်။ စောလ---သည် ထိုဆေးရုံတွင် (၂)လကျော်ကြာအောင် ဆေးကုသမှုခံယူခဲ့သည်။ နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုအဖွဲ့အစည်းမှ စောလ---ကို စားစရာများနှင့် ဆေးဝါးကုသမှုစရိတ်အပါအဝင် ကူညီထောက်ပံ့မှုများ ပေးခဲ့သည်။ ဒေသခံ KNU ခေါင်းဆောင်တစ်ဦးမှ စောလ---ကို ငွေကြေးဖြင့်လည်း ထောက်ပံ့ခဲ့သည်။ စောလ---၏ ဘယ်ခြေထောက်သည် ဒဏ်ရာပြင်းထန်သောကြောင့် ဖြတ်တောက်ခဲ့ရသည်။ စောလ---အနေဖြင့် ခြေထောက် တစ်ဖက်ဆုံးရှုံးရသည့်အတွက်ကြောင့် အလုပ်ပြန်လုပ်နိုင်ရန်အတွက် စိန်ခေါ်မှုများရှိနေသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဘိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ဆယ်ဖြူတိုင်ကျေးရွာအုပ်စု၊ ရင်ကွဲတောင်

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောလ---

အသက်

၁၉ နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

အိမ်ထောင် ရှိ/မရှိ   

မရှိ

အလုပ်အကိုင်

ခြံလုပ်ငန်း

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ စတိန်ကျေးရွာအုပ်စု၊ ဆ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

မသိရှိရ

မသိရှိရ

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

(KHRG ကွင်းဆင်းလုပ်သားတစ်ဦးသည်) မြေမြှုပ်မိုင်းထိမှန်သူ စောလ---အား ဆေးရုံသို့သွားရောက်တွေ့ဆုံ၍ အင်တာ ဗျူးခဲ့ပါသည်။    

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

မြေမြှုပ်မိုင်းထိမှန်သူ စောလ---ကိုယ်တိုင်က ဤသတင်းအကြောင်းအရာကို ပြောပြခဲ့ခြင်းဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် ကော်သူးလေတပ်မတော် (KTLA) ဗိုလ်အယ်ကွီး၏နယ်မြေကို ရှင်းလင်း ရန်အတွက် ဗိုလ်လင်းသိန်းမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်းအမှတ် (၂၀၃) ကို အမိန့် ပေးခဲ့သည်။ KNLA တပ်ရင်း (၂၀၃)သည် လယ်ကဆောမြို့နယ်တွင် အခြေစိုက်လှုပ်ရှားသည်။ ထိုနေ့တွင် (KNLA စစ်သားများဖြစ်ကြသော) စောလ---၏သူငယ်ချင်းများသည် သူတို့နောက်သို့လိုက်ပြီး တာဝန်ထမ်းဆောင်ရန်အတွက် စောလ---အား အကူအညီတောင်းခဲ့သည်။ စောလ---သည်  ဆေးပညာဗဟုသုတရှိသော ရွာသားတစ်ဦးဖြစ်သည်။ ထို့ နောက် ၎င်းတို့သည် ဘိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ဆယ်ဖြူတိုင်ကျေးရွာအုပ်စုရှိ ရင်ကွဲတောင်တွင် (တောင် တန်းဒေသ) ရောက်ရှိလာပြီးနောက် ထိုနေရာတွင် စခန်းချ၍ အနားယူခဲ့သည်။ (KNLA) စစ်သားများသည် လုံခြုံရေး အတွက် ကင်းစောင့်ပေးခဲ့ရသည်။

 

ဤသို့စခန်းချပြီးခဏအကြာတွင် စောလ---သည် (မကောင်းသည့်အရာတစ်ခုခုဖြစ်လာမည်ကိုစိုးရိမ်၍) ထိုနေရာတွင် မနေချင်တော့သည့်အကြောင်းကို (KNLA စစ်သားဖြစ်သော) သူ၏သူငယ်ချင်းတစ်ဦးအား ပြောပြခဲ့သည်။ ထိုသို့ပြောပြ ပြီးခဏအကြာတွင် ဗိုလ်အယ်ကွီး၏ဦးဆောင်မှုအောက်တွင်ရှိသော KTLA စစ်သားများသည် စောလ---၏သူငယ်ချင်းကို (KNLA စစ်သား) စနိုက်ပါသေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့သည်။ သေနတ်ကျည်ဆံသည် စောလ---သူငယ်ချင်း၏ ဦးခေါင်းကိုထိမှန်ပြီး ဖောက်ထွက်သွား၍ ပွဲချင်းပြီးသေဆုံးခဲ့သည်။ စောလ---သည် သေနတ်ကျည်ဆံကိုကြားကြားချင်း သူ၏သူငယ်ချင်းကိုတစ်ချက်ကြည့်လိုက်သည်။ သူ၏သူငယ်ချင်းသည် မြေပြင်တွင် လှဲကျပြီးသေဆုံးနေသည်ကို တွေ့ရှိ ခဲ့သည်။ ထို့နောက် စောလ---သည် အခြားသူငယ်ချင်းများကို အကူအညီတောင်း၍ သေဆုံးနေသော သူ၏သူငယ် ချင်းကိုထမ်း၍ (KNLA ယာယီစခန်းချထားသည့်နေရာသို့) သယ်ဆောင်လာခဲ့သည်။ သေဆုံးနေသော သူ၏သူငယ် ချင်းကို သယ်ဆောင်လာနေစဉ်အတွင်း နေ့လယ် (၁၂း၂၃)မိနစ်တွင် စောလ---သည် မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိပြီး ထိမှန်သွား၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ စောလ---၏အခြားသူငယ်ချင်းများသည် (KNLA စစ်သားများ) ဒဏ်ရာ ရနေသည့်စောလ---နှင့် သေဆုံးနေသော KNLA စစ်သားတစ်ဦးကို သယ်ဆောင်လာ၍ ကားပေါ်တင်ပြီးနောက် ဘိတ် ထားဝယ်ခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ခရိုင်ရုံးသို့ပို့ဆောင်ခဲ့သည်။ KNU ခရိုင်ရုံးသို့ရောက်ရှိရန် ကားဖြင့် (၄) နာရီကြာ မောင်းခဲ့ရသည်။ ခရိုင်ရုံးသို့ရောက်သောအခါ စောလ---ကို ဆေးတစ်လုံးထိုးပေးခဲ့ပြီး မေ့မြောသွားခဲ့သည်။

 

စောလ---၏ဒဏ်ရာသည်ပြင်းထန်သည့်အတွက် ဆေးကုသမှုရရှိရန် ဒေသခံ KNU ခေါင်းဆောင်များက ၎င်းအား ထိုင်း နိုင်ငံရှိ ဆေးရုံတစ်လုံးသို့ ပို့ဆောင်ခဲ့သည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့၌ ညနေ (၄)နာရီခန့်တွင် စောလ---သည် ထိုင်းဆေးရုံတွင် ဆေးကုသမှုစတင်ခံယူခဲ့သည်။ စောလ---သည် ဆေးရုံမှာ သတိရလာသည့်အချိန်တွင် သူ၏ ဘယ်ခြေထောက်တစ်ဖက် ဖြတ်တောက်ခံရပြီးဖြစ်ကြောင်း သိရှိခဲ့ရသည်။ စောလ---သည် အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီကော်မတီ (ICRC) ဝန်ထမ်းတစ်ဦးဖြစ်သူ အဖိုးက---လည်း လူနာစောင့်တစ်ဦးအဖြစ် သူ့ဆီကိုလာပြီး ကူညီစောင့် ရှောက်ပေးနေသည်ကို သတိပြုမိခဲ့သည်။ အစပိုင်းတွင် သူတို့သည် စိမ်းကားနေပြီး နောက်ပိုင်းတွင် တစ်ဖြည်း ဖြည်းပိုပြီး ရင်းနှီးခင်မင်လာခဲ့သည်။ ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် အဖိုးက---သည် စောလ---အား (တွဲထူပေးခြင်း၊ စားစရာများယူဆောင်ပေးခြင်းစသဖြင့်) ကောင်းမွန်စွာ ကူညီစောင့်ရှောက်ပေးခဲ့သည်။ တစ်ပတ်ကြာပြီးနောက် အဖိုး က---သည် အိမ်သို့ပြန်သွားခဲ့သည်။ ထို့နောက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက ဆေးရုံသို့သွား၍ စောလ---အား ပြုစုစောင့်ရှောက်ပေးခဲ့သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက ပြုစုစောင့်ရှောက်နေရသည့်အတွက်ကြောင့် စော လ---အတွက် အဆင်မပြေခဲ့ပေ။ (၃)ရက်ကြာပြီးနောက် ထိုအမျိုးသမီးလည်း ဆေးရုံမှ ထွက်သွားခဲ့သည်။ ထိုအချိန်မှ စ၍ ဆေးရုံတွင် စောလ---အား ပြုစုစောင့်ရှောက်ပေးမည့်လူနာစောင့်တစ်ဦးမှ မရှိတော့ပေ။

 

စောလ---အနေဖြင့် ဒဏ်ရာကြောင့် သူခံစားရသည့်ဝေဒနာကို ထိုင်းဆရာဝန်များနှင့်သူနာပြုများအား ပြောပြ၊ ရှင်းပြရန် အတွက် ဘာသာစကားအခက်အခဲများရှိနေပါသည်။ သူ့အတွက် အင်မတန်ခက်ခဲခဲ့ပါသည်။ ဆေးရုံတွင် စောလ---အား လာကြည့်ပေးမည့်လူနာစောင့်များမရှိသည့်အတွက် သူသည် နာကျင်မှုများအား ထွေးပိုက်ပြီး တစ်ဦးတည်း ကြိတ်မှိတ် ငိုခဲ့ရသည့်အချိန်လည်း ရှိခဲ့သည်။

 

စောလ---သည် ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ်အတွင်း ဒေသခံ KNU ခေါင်းဆောင်များက သူ့အား လာရောက် ကြည့်ရှုပြီး အားပေးစကားပြောကြားပေးမည်ဟု သူ့အနေဖြင့် မျှော်လင့်စောင့်စားခဲ့သည်။ စောလ---သည် သူ၏ခံစား ချက်ကို ယခုလိုပြောပြခဲ့သည်။ “ကျွန်တော်မျှော်လင့်ထားတဲ့လူတွေက ကျွန်တော့်ကိုလာမကြည့်ခဲ့ဘူး။ မမျှော်လင့်တဲ့ လူတွေပဲ ကျွန်တော့်ကိုလာကြည့်ကြတယ်။ အားပေးကြတယ်။” အသင်းအုပ်ဆရာတစ်ဦးကလည်း စောလ---အား လာ ကြည့်ပြီး ဆုတောင်းပေးခဲ့သည်။ စောလ---သည် သူ၏ခံစားချက်ကို ဤသို့ ဆက်လက်၍ပြောပြခဲ့သည်။ “ကျွန်တော့် ဘယ်ခြေထောက်တစ်ဖက်ဆုံးရှုံးသွားလည်း အားမငယ်ပါဘူး။ ကျွန်တော့်ထက်ပိုဆိုးတဲ့အဖြစ်အပျက်တွေကို ကြုံတွေ့ရ တဲ့လူတွေအများကြီးပဲ။ ဒါပေမဲ့ သူတို့က အားမငယ်ဘူး။ ဘဝကို အရှုံးမပေးကြဘူး။ ကျွန်တော်ကြိုးစားမယ်ဆိုရင် ဘာမဆိုလုပ်နိုင်မယ်လို့ယုံကြည်တယ်။ ကျွန်တော့်ဒဏ်ရာတွေ ပြန်ကောင်းလာတဲ့အချိန်ကျရင် ကျွန်တော်သိထားတဲ့ ဆေးပညာနဲ့ လိုအပ်တဲ့လူတွေကို ကူညီပေးချင်တယ်။ စိုက်ပျိုးရေးအလုပ်ကိုလုပ်ပြီး ကျွန်တော့်အမေကို မကူညီနိုင်ပေမဲ့ သူမရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်ပြီး ကူညီပေးချင်တယ်။ ကျွန်တော့်ခြေထောက်တစ်ဖက်ဆုံးရှုံးသွားပေမဲ့ ဘဝ ကို လွယ်လွယ်နဲ့အရှုံးမပေးဘူး။ မိမိရဲ့ဘဝကို အရှုံးမပေးဖို့ လူတွေကို အားပေးချင်ပါတယ်။”

 

ဆေးရုံမှ ပေးကမ်းသော စားစရာများသည် စောလ---အတွက် လုံလောက်မှုမရှိခဲ့ပေ။ ထို့အပြင် သူ့မှာလည်း စားစရာ များဝယ်ယူစားသောက်ရန် ပိုက်ဆံမရှိခဲ့ပေ။ ဤသို့အခြေအနေမျိုးကို စောလ---အနေဖြင့် (ဆေးရုံတက်သည့် အချိန်မှ စ၍) ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၅ရက်နေ့မှ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၈ရက်နေ့အထိ (ဆေးရုံမှဆင်းသည့်အချိန်ထိ) ရင်ဆိုင်ဖြတ်ကျော်ခဲ့ရသည်။ စောလ---၏မိသားစုသည်လည်း သူ့အခြေအနေကို ဘာမှမသိရှိခဲ့ရပေ။ အကြောင်းမှာ မိသားစုကိုဆက်သွယ်ပြီး အကြောင်းကြားရန်အတွက် သူ့မှာ ဖုန်းမရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ကံကောင်းထောက်မစွာ ဖြင့် စောလ---၏အကိုဖြစ်သည် ထိုင်းနိုင်ငံရှိ ဟ---နေရာသို့ ခရီးသွားခဲ့သည်။ အစပိုင်းတွင် သူ၏အကိုလည်း မြေမြှုပ် မိုင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး ဘာမှမသိရှိခဲ့ရပေ။ သို့သော် သူ၏အကိုသည် (ဘိတ်ထားဝယ်) ခရိုင်ရုံးမှ KNU ဒေသခံ ခေါင်းဆောင်တစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ပြီးနောက်မှသာ အကြောင်းစုံကို သိရှိခဲ့ရသည်။ ထို့နောက် KNU ဒေသခံခေါင်းဆောင်သည် မြေမြှုပ်မိုင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး စောလ---၏အကိုဖြစ်သူအား ပြောပြခဲ့သည်။ ထို့အပြင် စောလ---၏အကိုသည် သူ၏ညီလေးအခြေအနေနှင့် သူဘယ်မှာရှိနေလဲဆိုသည့်အကြောင်းကို ပိုမိုသိရှိရန်အတွက် KNU စစ်ထောက်လှမ်းရေးအရာရှိတစ်ဦးဖြစ်သူ န---အား ဆက်သွယ်မေးမြန်းခဲ့သည်။ န---သည် စောလ---အား ဆေးရုံ သို့ ပို့ဆောင်ခဲ့သောသူဖြစ်သည်။ ၂၀၂၃ခုနှစ်၊  အောက်တိုဘာလ ၁၆ရက်နေ့တွင် စောလ---၏အကိုသည် ဆေးရုံသို့သွား ၍ စောလ---အား ခဏတာ သွားရောက်ကြည့်ရှုခဲ့သည်။

 

ICRC သည် စောလ---၏ဆေးကုသမှုကုန်ကျစရိတ်နှင့် ဆေးဖိုးဝါးခများအတွက် ပေးဆောင်ခဲ့သည်။ ထို့အပြင် စောလ---ဆေးရုံတက်နေစဉ်အတွင်း ICRC သည် ၎င်းအတွက် စားစရာတစ်ချို့လည်း ပေးကမ်းခဲ့သည်။ စောလ---သည် သူ၏ အကိုဖြစ်သူအား ဆေးရုံတွင် တွေ့ဆုံနိုင်ရန်အတွက် ဒေသခံလူ့အခွင့်အရေးအဖွဲ့အစည်းမှလည်း ချိတ်ဆက်ကူညီပေး ခဲ့သည်။ စောလ---သည် ၎င်း၏ခံစားချက်ကို ယခုလိုပြောပြခဲ့သည်။ “အကိုက ကျွန်တော့်ကို လာတွေ့ပြီး အားပေး စကားပြောသွားခဲ့တယ်။ အကူအညီတစ်ချို့ပေးခဲ့တယ်။ အဲဒီလိုတွေ့ဆုံဖို့အတွက် ကူညီပေးနေတဲ့အဖွဲ့အစည်းတွေကို လည်း ကျေးဇူးတင်ပါတယ်။ မဟုတ်လို့ရှိရင် ကျွန်တော်ရဲ့အကိုဖြစ်သူကို တွေ့ဆုံစကားပြောနိုင်မှာမဟုတ်ဘူး။ ကျွန်တော့်မိဘနဲ့လည်း ဆက်သွယ်နိုင်မှာမဟုတ်ဘူး။ အကိုက ကျွန်တော့်ကို ဖုန်းလာပေးသွားတဲ့အတွက် အခုတော့ မိသားစုနဲ့ဆက်သွယ်လို့ရပြီး။ မဟုတ်လို့ရှိရင် ဆေးရုံမှာ ကျွန်တော်တစ်ယောက်ထဲ အထီးကျန်နေမယ်။”

 

စောလ---သည် (KNLA မှပို့ချသော) မိုင်းအန္တရာယ်အသိပညာပေးသင်တန်း (MRE) ကို တက်ရောက်ခဲ့ဖူးသည်။ သို့သော် လည်း မြေမြှုပ်မိုင်းထောင်ထားသည့်နေရာများကို သွားလာရသည့်အတွက် မိုင်းထိမှန်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် စောလ---သည် ထိုင်းနိုင်ငံအတွင်း ဒဏ်ရာရလူနာများအတွက် သီးသန့်စီစဉ်ပေးထားသည့်နေရာတွင် (၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း) နေထိုင်ခဲ့ရသည်။ စစ်ပဋိပက္ခဖြစ်နေသည့်အချိန်အတွင်း မြေမြှုပ်မိုင်းတည်ရှိမှုနှင့်အသုံးပြုမှုနှင့် ပတ်သတ်၍ စောလ---မှ ၎င်း၏ထင်မြင်ချက်ကို ဤသို့မျှဝေပြောပြခဲ့သည်။ “မြေမြှုပ်မိုင်းပေါက်ကွဲပြီးနောက် အဲဒီနေ ရာမှာ အမှတ်အသားနဲ့လုပ်ထားရင် အများအတွက် ပိုပြီးကောင်းမယ်လို့ ကျွန်တော်ယုံကြည်တယ်။ အဲဒီလိုမြင်သာ ထင်သာရှိတဲ့အမှတ်အသားတွေကို ရွာသားတွေတွေ့လို့ရှိရင် သူတို့လည်း  မြေမြှုပ်မိုင်းရှိ၊ မရှိကို သိရှိရပြီး သူတို့လုံခြုံ ရေးအတွက် သတိထားသွားလာနေထိုင်နိုင်မယ်။ အနာဂတ်မှာ ဒီလိုအဖြစ်ဆိုးမျိုး နောက်ထပ်မဖြစ်ပါစေနဲ့လို့ပဲ ကျွန် တော်မျှော်လင့်တယ်။ ကလေးတွေ၊ လူငယ်တွေ၊ အနာဂတ်မျိုးဆက်သစ်တွေအနေနဲ့ မြေမြှုပ်မိုင်းထိမှန်ပြီး ဒီလိုခံစား ရမှာကို ကျွန်တော်မလိုလားဘူး။”

 

စောလ---၏ဒဏ်ရာသည် အနာမကျက်သေးသည့်အတွက် ဆေးရုံသို့နေ့တိုင်းသွားပြခဲ့ရသည်။ တစ်ခါပြလျှင် ဘတ် (၃၀) ကုန်ကျသည်။ ထိုကုန်ကျစရိတ်အတွက် KNU ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်သူ စောည---က စော လ---အား ဘတ် (၉၀၀) ပေးခဲ့ပါသည်။ (ထို KNU ဒေသခံခေါင်းဆောင်သည် စောလ---ဆေးရုံတက်ရသည့်အချိန်မှစ၍ ဆေးဖိုးဝါးခအတွက် စောလ---အား စုစုပေါင်း ဘတ် (၂၉၀၀) ပေးခဲ့သည်။) ဆေးရုံသို့အမြဲတမ်းလိုလို သွားပြရသည့် အတွက် စောလ---မှာလည်း ငွေမရှိသောကြောင့် ဒုက္ခရောက်ခဲ့ရသည်။ နိုင်ငံရေးအခြေအနေတည်ငြိမ်မှုမရှိသော ကြောင့် စောလ---၏မိဘသည်လည်း ခြံလုပ်ငန်းကိုမလုပ်နိုင်၍ ဝင်ငွေမရှိသောကြောင့် စောလ---အား ပိုက်ဆံမပို့ပေး နိုင်ခဲ့ပါ။ စောလ---သည် တကယ်ဒုက္ခရောက်ခဲ့ရသည်။ မကြာသေးခင်က စောလ--- သည် မန်ကျည်းမှည့်သီးအခွံကို ခွာရသည့်အလုပ်ကို လျှောက်ထားခဲ့သည်။ သို့သော်လည်း KNU ဒေသခံခေါင်းဆောင်တစ်ဦးက ဒဏ်ရာများ ကောင်းမွန်စွာ ပျောက်သွား သည့်အထိစောင့်ပြီးမှ အလုပ်လုပ်ပါဟု စောလ---အား အကြံပေးခဲ့သည်။

 

 

(၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း လက်ခံရရှိသည့်သတင်းအရ စောလ---၏ဒဏ်ရာသည် ပျောက်ကင်းသွားပြီးဖြစ်သည်။ သူသည် ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေသည့် နိုင်ငံတကာအစိုးရမဟုတ်သည့်အဖွဲ့အစည်း (NGO) မှ ပေးလျှူမည့်ခြေ ထောက်အတုကို ရရှိရန်စောင့်စားနေသည်။)

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းကို ရေးသားဖြန့်ဝေရန်အတွက် စောလ---သည် KHRG အား ခွင့်ပြုချက်ပေးခဲ့သည်။

 

Tue, 14 May 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ထို့အပြင် သတင်းပို၍သိရစေရန်အတွက် မြေမြှုပ်မိုင်းထိမှန်သူနှင့်လည်း အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဘိတ်ထားဝယ်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက် အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်