Wed, 24 Apr 2024
ဒူးပလာယာခရိုင်မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- ကော်တရီမြို့နယ်တွင် အသက် ၂၁ နှစ်အရွယ်ရွာသားတစ်ဦး မြေမြှုပ်မိုင်းတစ်လုံးကိုနင်းမိခဲ့သည် (ဒီဇင်ဘာလ ၂၀၂၃ ခုနှစ်)

ဤမှုခင်းဖော် ပြသည့်မှတ်တမ်းလွှာတွင် ဒူးပလာယာခရိုင်၊ ကောတရီ (ကော့ကရိတ်) မြို့နယ်တွင်ဖြစ်ပွားခဲ့သည့် မြေမြှုပ်မိုင်းအဖြစ်အပျက်ကိုဖော်ပြသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ အချိန်မစ၍ ကော်တရီမြို့နယ်၊ ကျိုက်ဒုံမြို့တွင် နေထိုင်သော ဒေသခံရွာသားများသည် ထွက်ပြေးသိမ်းရှောင်ကြရသည်။ အဘယ့်ကြောင့်ဆိုသော ကျိုက်ဒုံမြို့နားတွင် အခြေစိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်‌‌ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း အမှတ် (ခလရ ၅၅၈) သည် ကျိုက်ဒုံမြို့ သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့်ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့၌ မောင်အေ---သည် ဝါးလုံးဖြင့်ခတ်ထားသောခြံစည်းရိုးကို အသုံးမပြုရန် (ခမရ ၅၅၈) မှ တားမြစ်ထားသောလမ်း, ခမရ ၅၅၈ စစ်စခန်းသို့သွားသောလမ်း ကို ရွေးရှောက်ခဲ့သည်။ မောင်အေ---သည် ၎င်း၏အိမ်ကိုပြန်ကြည့်ရန် ကျိုက်ဒုံမြို့သို့ပြန်ခဲ့ ခြင်းဖြစ်သည်။ မြို့သို့ရောက်သောအခါ သူသည် ရွာသားများသွားလာသော အိမ်နှင့်နီးသောလမ်းတွင်မြှုပ်ထားသော မြေမြှုပ်မိုင်းကိုနင်းမိခဲ့သည်။ ၎င်း၏ဘယ်ခြေထောက်တွင် ဒဏ်ရာရှိခဲ့ပြီး ညာခြေထောက်သည် ဆေးရုံသို့ရောက်သော အခါ ဖြတ်လိုက်ရသည်။  ကျိုက်ဒုံမြို့တွင် စစ်လည့်သောစစ်တပ်မှာ ခလရ ၅၅၈ သာရှိသောကြောင့် ဤမြေမြှုပ်မိုင်းကို  ခလရ ၅၅၈ မှ တပ်ဆင်/ထောင်ထားသည်ဟု ကျိုက်ဒုံမြို့သူမြို့သားများနှင့် ရွာလူကြီးများက ယုံကြည်ထားကြသည်။[1]

 

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၇ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူပလာယာခရိုင်၊ ကော်တရီမြို့နယ်၊  ကျိုက်ဒုံမြို့ (ရက်ကွက် ၁)

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

မောင်အေ---

အသက်

၂၁ နှစ်

ကျား/မ

ကျား

လူမျိုး

မွန်

အိမ်ထောင် ရှိ/မရှိ   

အိမ်ထောင်မရှိ

အလုပ်အကိုင်

နေ့စားအလုပ်သမား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ကျိုက်ဒုံ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရ

မသိရ

ခြေလျင်တပ်ရင်း (ခလရ ၅၅၈)

ကျိုက်ဒုံမြို့နား

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG လုပ်သားတစ်ဦးသည် မြေမြှုပ်မိုင်းထိမှန်ဒဏ်ရာရရှိသူ၏မိခင်နှင့် (ယခုထွက်ပြေးသိမ်းရှောင်နေသောနေရာ) ဒူပလာယာခရိုင်၊ ကောကရိတ်မြို့နယ်၊ ထောဝါးလောအုပ်စု၊ အ---တွင် တွေ့ဆုံမေးမြန်းခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းများကိုမြေမြှုပ်မိုင်းထိမှန်ဒဏ်ရာရရှိသူ၏မိခင်ထံမှ လက်ခံရရှိခဲ့သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

 

၂၀၂၃ခုနှစ်, နိုဝင်ဘာလ အချိန်မှစ၍ ကော်တရီ (ကောကရိတ်)မြို့နယ်၊ ကျိုက်ဒုံမြို့ တွင်နေထိုင်သော ဒေသခံရွာသားများသည် ထွက်ပြေးသိမ်းရှောင်ကြရသည်။ အဘယ့်ကြောင့်ဆိုသော ကျိုက်ဒုံမြို့နားတွင် အခြေစိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်‌‌ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း အမှတ် (၅၅၈) သည် ကျိုက်ဒုံမြို့သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့်ဖြစ်သည်။ [အချို့ရွာသားများသည် နီးစစ်ရာမြို့များသို့ ထွက်ပြေးသိမ်ရှောင်ခဲ့ကြပြီး၊ အချို့မှာ ဆွေမျိုးများရှိရာသို့ထွက်ပြေးခဲ့ကြရသည်]။ သို့သော်၊ ရွာသားအချို့ သည် ထွက်ပြေးသိမ်းရှောင်ရာမ မိမိအိမ်တွင်ကျန်ရှိနေသော အိမ်းမွေးတရိစ္ဆာန်များ စသဖြင့်၊ ကြက် နှင့် ဝက် များကို အခါအားလျှော်စွာ ပြန်လည်ကြည့်ကြသည်။

 

၂၀၂၃ခုနှစ်, ဒီဇင်ဘာလ ၇ရက်နေ့တွင်၊ ကျိုက်ဒုံမြို့သူ မောင်အေ---သည် ၎င်းထွက်ပြေးသိမ်းရှောင်ခဲ့သည့်နေရာမှ၊ ၎င်းအိမ်သို့ သူ၏သူငယ်ချင်းတစ်‌‌ယောက်နှင့်ပြန်လာခဲ့သည်။ ကျိုက်ဒုံမြို့သို့ရောက်သောအခါ ရွာသားများအား အသုံးမပြုရန် SACမှ တားမြစ်ထားသော, (ခလရ ၅၅၈) တပ်သားများက ခြံစည်းရိုးခတ်ထားသည့် လမ်းကို ရွေးလျှောက်ခဲ့ကြသည်။ [လမ်းလျှောက်နေစဉ်၊] မောင်အေ--- သည် ရွာသားများ၏အိမ်နားလမ်းတွင် ထောင်ထားသောမြေမြှုပ်မိုင်းတစ်လုံးကို နင်းမိခဲ့သည်။
 

ထိုလမ်းကို မသုံးရန် ဝါးခြံစည်ရိုးဖြင့်တားမြစ်ထားခြင်းဖြစ်သည်။  ဒေသခံရွာသားများသည် SAC တပ်သား (ခလရ ၅၅၈) မှ ဝါးများလမ်းတွင်ချနေသည်ကို မြင်တွေ့ခဲ့ရသည်။ လမ်းသည် မြို့တွင်းလမ်းဖြစ်သည်နည်းတူ ထိုလမ်းသည် မြို့အနီရှိ အခြေစိုက် SAC [ခလရ ၅၅၈] တပ်စခန်းအသုံးပြုသော လမ်းလည်းဖြစ်သည်။ သို့သော်လည်း SAC မှ လမ်းကို ဝါးဖြင့် ပိတ်ထားရသည့် အကြောင်းရင်းကို ရွာသားများ မသိ။  SAC မှလည်း ရွာသားများအား [လမ်းပေါ်၌ ထောင်ထားသော မြေမြှုပ်မိုင်းနှင့် ပတ်သက်၍ ကြိုတင်သတိပေးမှု မရှိခဲ့ပေ။

 

မောင်အေ--- ၏ ဘယ်ခြေထောက်တွင် ဒဏ်ရာရရှိကာ၎င်း၏ ညာခြေထောက်ကို ဆေးရုံတွင် ဖြတ်တောက်ခဲရသည် (၎င်း၏ဒဏ်ရာပြင်းထန်သောကြောင့်ဖြစ်သည်)။ ဦးစွားပထမ မောင်အေ---ကို ကော်တရီ မြို့နယ်၊ ထောဝလော်အုပ်စု, ဘီ---ကျေးရွာ၏ ဆေးခန်းသို့ KNU လုပ်သားများမှပို့ဆောင်ခဲ့သည်။ ထို့နောက် ထိုဆေးခန်းမှတဆင့် ထိုင်နိုင်ငံရှိ၊ယူ--- ဆေးရုံးသို့လွဲပြောင်းပေခဲ့သည်။ ( ၎င်း၏ ဆေးဖိုးစရိတ်များကို လူသားချင်းစာနာထောက်ထားမှုမှ ထောက်ပံ့ပေးခဲ့သည်။ မောင်အေ---၏ခြေထောက်ဒဏ်ရာသည် မသက်သာသေးသဖြင့် ဆရာဝန်နှင့် ဆက်လက်တွေ့ဆုံးဖို့ရှိသေးသည်။ ၎င်း ကိုခြေထောက်အတုပေးမည်ဟု ယူ--- ဆေးရုံမှ ဝန်ထမ်းတစ်ဦးက မောင်အေ---၏မိခင်ကိုရှင်းပြခဲ့သည်။  [အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) သည် ခြေတုခြေတုအတွက် ‌ခြေအတုပေးမည်ဖြစ်သည်။]

 

မြေမြှုပ်မိုင်းဖြစ်ပွားပြီးနောက် မောင်အေ---နှင့် ၎င်း၏ မိသားစုဝင်များသည် ထောဝလော်အုပ်စု အနီးရှိ ဘီ---ကျေးရွာသို့ (ထိုင်းနိုင်ငံသို့ကျိုက်ဒုံမြို့မှ) ပြောင်းရွှေ့နေထိုင်ခဲ့သည်။

 

ကျိုက်ဒုံရွာသားများနှင့် ဒေသခံခေါင်းဆောင်များက အဆိုပါ မြေမြှုပ်မိုင်းအား SAC ခလရ #၅၅၈ မှ ထောင်ထားသည်ဟု ယုံကြည်ကြပြီး ခလရ ၅၅၈ သည် ကျိုက်ဒုံမြို့အနီးရှိ တစ်ခုတည်းသော တပ်စခန်းတွင် အခြေစိုက်သည့် တပ်ရင်းဖြစ်သောကြောင့် ရွာသားများ နေအိမ်နှင့် ဝေးကွာနေခဲ့သည်။ ထို့အပြင် ခလရ (၅၅၈) သည် နယ်မြေကင်းလှည့်သည့် တစ်ခုတည်းသော တပ်မတော်ဖြစ်သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဒဏ်ရာရရှိသူနှင့်၎င်း၏မိသားစုမှ ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသည်။

Wed, 24 Apr 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးပလာယာခရိုင် ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်