Thu, 09 Nov 2023
မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - SAC တပ်ကြပ်ကြီးတစ်ဦးမှ အသက် (၇) နှစ် အရွယ်ရှိ အမျိုးသမီးငယ်တ‌စ်ဦးကို စစ်တပ်စခန်းတွင်းလိင် ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှု (၂၀၂၃ ခုနှစ်၊ မတ်လ)

ဤမူခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၃ခုနှစ်၊ မတ်လတွင် မူတြော် (ဖာပွန်) ခရိုင်၊ ဘူးသိုမြို့နယ်၌ ဖြစ်ပွားခဲ့ သောအဖြစ်အပျက်ကို ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ်၊ မတ်လတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန် တပ်ရင်း (ခမရ) အမှတ် (၃၄၀) အခြေစိုက်စခန်း၌ အသက် (၃၁) နှစ်အရွယ်ရှိ တပ်ကြပ်ကြီးတစ်ဦးမှ အသက် (၇) နှစ် အရွယ်ရှိအမျိုးသမီးငယ်တစ်ဦးကို‌ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခဲ့ပါသည်။ ပြစ်မှုကျူးလွန်သူမှ ၎င်းနှင့်ဇနီး ဖြစ်သူနှင့်အတူ စစ်တပ်စခန်းတွင် အတူတူနေထိုင်သောမယားပါသမီးကို ယခင်က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အကြိမ်ပေါင်းများစွာ ကျူးလွန်ခဲ့ပါသည်။  အဆိုပါအမျိုးသမီးငယ်မှ ဤလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုကို မိခင် အားပြောပြခဲ့ပြီးနောက် စစ်တပ်စခန်းမှ ၎င်းတို့ထွက်ပြေးလာခဲ့ကြပါသည်။ ၎င်းတို့ထွက်ပြေးလာခဲ့သည့်နောက်ပိုင်း ထီးသဘလုထကျေးရွာအုပ်စုရှိ ဒေသခံခေါင်းဆောင်များမှ ၎င်းတို့အား အကူအညီပေးခဲ့ကြပါသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ကလေးငယ်အပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ ခုနှစ်၊ မတ်လ

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ လ--- ကျေးရွာတွင်အခြေစိုက်
သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (
SAC) ၏ စစ်တပ်စခန်း

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

အ---

အသက်

(၇) နှစ်

ကျား/မ

လူမျိုး

ဗမာ

အလုပ်အကိုင်

ကျောင်းသား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဟ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိ အမည်

(ကျူးလွန်ခံရသူနှင့်
မိသားစု၏လုံခြုံရေးအရ ဆင်ဆာဖြတ်ထားပါသည်)

တပ်ကြပ်ကြီး

ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၄၀)

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ လ--- ကျေးရွာ

ဗိုလ်မှူးသန့်ဇင်မောင်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG သတင်းမှတ်တမ်းပြုစုသူတစ်ဦးသည် ဤသတင်းအချက်အလက်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဟ--- ကျေးရွာအာဏာပိုင်ထံများမှ ပထမဦးစွာလက်ခံရရှိခဲ့ပါသည်။ ထိုနောက် KHRG သတင်းမှတ်တမ်းပြုစုသူမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပြစ်မှုကျူးလွန်ခံရသူ၏မိခင်ဖြစ်သူ အ--- နှင့်တွေ့ဆုံ‌မေးမြန်းမှုပြုလုပ်ခဲ့ပြီး ၎င်းမှ ဖြစ်ပွားခဲ့သည့်သတင်းအချက်အလက်များကို ပြောပြခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ပြစ်မှုကျူးလွန်ခံရသူမိခင်ကိုယ်တိုင် ဖြစ်ပွားခဲ့သည့်သတင်းအချက်အလက်များကို ပြောပြခဲ့ပါသည်။ သမီးဖြစ်သူမှ ဖြစ်ပွားခဲ့သည်မှုခင်းဖြစ်ရပ်အား မိခင်ဖြစ်သူကိုပြောပြခဲ့ပြီးသည့်နောက် ဤအကြောင်းအရာကို ၎င်းအနေဖြင့် သိရှိခဲ့ရ ခြင်းဖြစ်ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ခုနှစ်၊ မတ်လတွင် အသက် (၃၁) နှစ်အရွယ်ရှိ တပ်ကြပ်ကြီးတစ်ဦးမှ အသက် (၇) နှစ်အရွယ်ရှိအမျိုးသမီးငယ်တစ်ဦးအား မူတြော် (ဖာပွန်) ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ လ--- ကျေးရွာတွင်အခြေစိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၄၀) စစ်တပ်စခန်းတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခဲ့ပါသည်။ ခမရ အမှတ် (၃၄၀) ကို ဗိုလ်မှူးသန့်ဇင်မောင်မှဦးဆောင်ပါသည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်သူ ဖထွေးဖြစ်သူမှာ ၎င်း၏ဇနီးမျက်ကွယ်တွင် အမျိုးသမီးငယ်လေးအပေါ် အကြိမ်ပေါင်းများစွာလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခဲ့ပါသည်။

 

အဆိုပါအမျိုးသမီးငယ်သည် SAC ၏စစ်တပ်စခန်း၌ မိခင်ဖြစ်သူနှင့်အတူနေထိုင်စဥ် သူငယ်တန်းတက်ရောက်နေပြီးဖြစ်ပါသည်။ ၎င်းအမျိုးသမီးငယ်၏မိခင်မှာ သူမ (၁) နှစ်သားအချိန်တွင် ပထမခင်ပွန်းနှင့်ကွာရှင်းခဲ့ပါသည်။ ဃ--- သည် သူမ၏ သမီး (၆) နှစ်သားအရွယ်တွင် နောက်အိမ်ထောင်ပြုခဲ့ပြီး တပ်ကြပ်ကြီးအဖြစ်လက်ရှိတာဝန်ထမ်းဆောင် နေသည့် SAC ၏ (ခမရ) အမှတ် (၃၄၀) စစ်တပ်စခန်းရှိ ခင်ပွန်းရှိသူထံ ပြောင်းရွေ့နေထိုင်ခဲ့ပါသည်။ ထို‌နောက် ဃ---သည် ဒုတိယအိမ်ထောင်နှင့် ဒုတိယသမီးရရှိခဲ့ပါသည်။ စစ်တပ်စခန်းတွင်နေထိုင်သည့်အချိန်တွင် ကျူးလွန်ခံရသူ၏မိခင်ဖြစ်သူသည် လက်နက်ကြီးပစ်ခတ်သည့်အသံကိုကြောက်ရွံ့နေရပြီး အစားအစာရရှိရန်အတွက် အခက်အခဲကြုံတွေ့နေရပါသည်။ စစ်သားများထံသို့ ထောက်ပံ့ပေးနေသည့်ရိက္ခာများမှာ လုံလောက်မှုမရှိသောကြောင့် စစ်သားများသည်ကြွေးမှီးတင်နေကြသည်။ တစ်ခါတစ်ရံ ဃ--- မှ ၎င်းအမဖြစ်သူပို့ပေးသောငွေကြေးထောက်ပံ့မှုဖြင့် သူမမိသားစု၏အသက်မွေးဝမ်းကြောင်းအား ဖြည့်ဆည်းပေးနေရပါသည်။ စစ်သားများသည် (၁၅၀,၀၀၀) ကျပ်မှ (၁၈၀,၀၀၀) ကျပ်အထိထောက်ပံ့ကြေးရရှိကြသော်လည်း စစ်တပ်စခန်းတွင်နေထိုင်သောမိသားစုဝင်များ၏ အသက်မွေးဝမ်းကြောင်းအတွက်လုံလောက်မှုမရှိပါ။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်သည့်တပ်ကြပ်ကြီးသည် တစ်လလျှင် (၂၃၀,၀၀၀) ကျပ်ထောက်ပံ့ကြေးရရှိပါသည်။ စစ်တပ်စခန်းတွင်နေထိုင်သည့် စစ်သားများ၏ဇနီးများသည် တစ်လလျှင် ဆန် (၅) ဘူးရရှိပြီး စစ်သားများသည် တစ်လလျှင် ဆန် (၈) ဘူးမှ (၁၀) ဘူးအထိရရှိပါသည်။ အသက် (၂) နှစ်အရွယ်ရှိ ကလေးများမှာဆန် (၂) ဘူးမှ (၄) ဘူးအထိရရှိကြပါသည်။ မိသားစုဝင်များသည် စားသုံးဆီ (၁) ပိသာ၊ မျိုးစေ့များ၊ သကြား နှင့် အစားအစား‌ခြောက်များကို ရရှိကြပါသည်။ ၎င်းတို့အနေဖြင့် ပဲများရရှိကြသော်လည်း ပဲများမှာ မကောင်းသဖြင့် နီးစပ်ရာရွာသားများထံနှင့် ကြက်စာကြွေးရန်အတွင် ၎င်းတို့အချင်းချင်းထံသို့ရောင်ချခဲ့ကြပါသည်။ စစ်သားများ၏မိသားစုဝင်များသည် ၎င်းတို့ရရှိသောငွေကြေး သို့မဟုတ် ရိက္ခာများအား ခြွေတာသုံးစွဲနေကြရပါသည်။

 

ကျူးလွန်ခံရသူ၏မိခင်သည် သူမခင်ပွန်းပြစ်မှုကျူးလွန်မှုကို သမီးဖြစ်သူမှဖွင့်မပြောပြခင် မသိရှိခဲ့ပါ။ သူမှမှ သမီးဖြစ်သူအိပ်နေသည့်အခန်းတွင်း ၎င်းခင်ပွန်းထွက်လာခဲ့သည်ကိုတွေ့ရှိသွားသည့်အချိန်တွင် စတင်သံသယဖြစ်လာခဲ့ပါသည်။ ထိုနေ့မနက် ဃ--- သည် ခင်ပွန်းအလုပ်သွားသည့်အချိန် (၂၀၂၃ ခုနှစ်၊ မတ်လ၊ အချိန်မသိ) တွင် ၎င်း၏သမီးအား ကျူးလွန်သူမှအခန်းတွင်း မည်သည့်အရာများပြုလုပ်ခဲ့ကြောင်းနှင့်ပတ်သက်၍ ကြိုးစားမေးမြန်းခဲ့ပါသည်။ ကျူးလွန်ခံရသူ၏မိခင်ဖြစ်သူမှ “သမီးကြီးကို သူ [ကျူးလွန်သူ] ကနေ အဓမ္မပြုကျင့်တာကို ကျမမသိခဲ့ဘူး။ ကျမရိပ်မိနေခဲ့ပေမဲ့ ကျမသမီးကို ဒီလိုလုပ်မယ်လို့မထင်ခဲ့ဘူး။ အဲ့ဒီနေ့မနက်က (၅း၃၀) အချိန်မှာ ကျမအိပ်ယာကနိုးတော့ သမီးရဲ့အိပ်ခန်းထဲကနေ သူထွက်လာတာကို ကျမတွေ့ခဲ့တယ်။ သူက သမီးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်တာကြာပြီလို့တော့ ကျမထင်တယ်။ ပြီးတဲ့နောက် [ထိုနေ့မနက်] ကျမအိမ်သာသွားပြီး သမီးရဲ့အိပ်ခန်းထဲပြန်လာခဲ့တယ်။ ကျမရဲ့မီးက အိပ်ယာထဲမှာငြိမ်နေတယ်။ ကျမက သမီးရဲ့ခေါင်းနဲ့ မျက်နှာကိုကြည့်တယ်။ ဘာမှထူးခြားတာကိုမတွေ့ခဲ့ဘူး။ ကျမယောကျ်ားမနက် (၈း၀၀) နာရီအလုပ်သွားတဲ့အချိန်မှာ ကျမသမီးကို ဖြစ်ပျက်ခဲ့တာတွေကို မေးခဲ့တယ်။ သူကိုကျမမေးတာက ‘သူ ညတုန်းက သမီးအိပ်ခန်းထဲကိုလာခဲ့လား။’ ကျမသမီးက ‘ဟုတ်ကဲ့၊ သူလာခဲ့တယ်။ သမီးခြင်ထောင်ကို ဖွင့်ခဲ့တယ်’ လို့ပြန်ဖြေတယ်။ သမီးက ဘာဖြစ်ပျက်ခဲ့လဲဆိုတာကိုဖွင့်ပြောဖို့ ကြောက်နေခဲ့တယ်။ ဒါပေမဲ့ ကျမသူ့ကို ဆက်ပြီးမေးခဲ့တယ်။ သမီးရဲ့မိန်မကိုယ်မှာ ဒဏ်ရာရှိလာလို့ ကျမကြည့်ခဲ့တယ်။ ပြီးတဲ့နောက် တကယ်ပဲဘယ်လိုဖြစ်ပျက်ခဲ့လဲဆိုတာပြောဖို့ သမီးကိုမေးခဲ့တယ်။ ကျမသမီးကို ‘သမီးကိုသူဘာလုပ်ခိုင်းလဲ၊ သူ့ရဲ့ဟာ [ယောကျ်ားကိုယ်အင်္ဂါ]ကိုစုပ်ခိုင်းလား။’ လို့မေးခဲ့တယ်။ သမီးက ‘ဟုတ်၊ သူရဲ့ဟာကို စုပ်ခိုင်းတယ်’ လို့ပြန်ဖြေခဲ့တယ်။ ကျူးလွန်သူကနေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို အိမ်ထဲမှာ အကြိမ်ရေတော်တော်များများ ကျူးလွန်ခဲ့တယ်လို့ သမီးက ကျမကိုပြောပြခဲ့တယ်။”

 

သမီးဖြစ်သူမှ သူ၌ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်ကို မိခင်ဖြစ်သူထံသို့ဖွင့်ပြောခဲ့ပြီးသည့်နောက် ၎င်း၏မိခင်သည် ခင်ပွန်းသည်နှင့်အတူ SAC စစ်တပ်စခန်းတွင်ဆက်နေထိုင်ရန်အတွက် အလွန်စိုးရိမ်ပူပန်ခဲ့ပါသည်။ သူမအနေဖြင့် ခင်ပွန်းအားလုံးဝယုံကြည်၍မရတော့ကြောင်း ခံစားခဲ့ရပါသည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် မိခင်ဖြစ်သူသည် သမီးနှစ်ဦးနှင့်အတူ မော်လမြို့နှင့်နီးသော ၎င်းတို့နေထိုင်ရာ ဟ--- ကျေးရွာသို့ပြန်လာခဲ့ကြပါသည်။ ထီးသဘလုထကျေးရွာအုပ်စုမှဒေသခံခေါင်းဆောင်များသည့် ၎င်းတို့မော်လမြိုင်မြို့သို့ ပြန်သွားနိုင်ရန်အတွက် ကူညီပေးခဲ့ကြပါသည်။ ၎င်းတို့ဟ--- ကျေးရွာသို့ပြန်လာသည့်အချိန်၌ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ထီးသဘလုထကျေးရွာအုပ်စု၊ မ--- ကျေးရွာရှိ ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော် [KNLA] စစ်သားများမှ ၎င်းတို့အား နေရာနှင့်စားစရာပေးခဲ့ပါသည်။ ကျူးလွန်ခံရသူ၏မိခင်ဖြစ်သူမှ “သူတို့ [KNLA စစ်သားတွေ] က ကျမကိုနွေးနွေးထွေးထွေးဆက်ဆံကြတယ်။ ကျမသိထားရသလောက် တိုင်းရင်းသားတွေက ရိုးသားပွင့်လင်းကြတယ်။ အခုတော့၊ ဒါကို ကျမကိုယ်တိုင်ခံစားနေရပြီး။ ကျမအခုရင်ဆိုင်နေရတယ်အခြေအနေအပေါ် သူတို့ကိုဝန်ထုပ်ဝန်ပိုးဖြစ်စေလို့ ကျမအားနာမိတယ်။ ကျမငါးမစားတာကို သူတို့သိတော့ ကျမစားဖို့ကြက်ဥနဲ့ အသားဟင်းတွေယူလာပေးတယ်” ဟုပြောပြခဲ့ပါသည်။

 

ကျူးလွန်ခံရသူမိသားစုသည် ၎င်းတို့ KNLA အကူအညီရရှိသည့် မ--- ကျေးရွာတွင်နေခဲ့ကြပါသည်။ မိခင်ဖြစ်သူမှ သူမ၏ဇာတိဖြစ်သော ဟ---ကျေးရွာသို့ပြန်သွားချင်ခဲ့သော်လည်း ဒေသခံအာဏာပိုင်များမှ အခြေအနေအားစောင့်ကြည့်ရန် သူမကိုပြောခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း ထီးသဘလုထကျေးရွာအုပ်စုခေါင်းဆောင်များနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ [KNPF] မှ ၎င်းတို့မိသားစုအား ကမာမို့မြို့သို့ပို့ဆောင်ပေးခဲ့ကြပြီး ထိုမှတစ်ဆင့် မော်လမြိုင်မြို့နှင့်နီးသော ၎င်းတို့၏ ဟ--- ကျေးရွာသို့ပြန်သွားခဲ့ကြပါသည်။ ဖြစ်ပွားခဲ့သည့်ဖြစ်စဥ်နှင့်ပတ်သက်၍ SAC အာဏာပိုင်များ ထံသို့တိုင်ကြားခဲ့ခြင်းမရှိသဖြင့် ပြစ်မှုကျူးလွန်သူအပေါ် မည်သည့်အရေးယူဆောင်ရွက်မှုတစ်စုံတစ်ရာမှ မရှိသေးပဲဖြစ်နေပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ကျူးလွန်ခံရသူ၏မိသားစုဝင်မှ သတင်းအချက်အလက်အား အသုံးပြုရန်အတွက် ခွင့်ပြုချက်ပေးထားပါသည်။

Thu, 09 Nov 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ ဧပြီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံထားပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်