Thu, 14 Jul 2022
ဘိတ်-ထားဝယ်ခရိုင်နောက်ဆုံးရဒေသတွင်းသတင်းတို - SAC မှ လက်နက်ကြီးပစ်ခတ်ခြင်း၊ ရွာသားများအား အဓမ္မဖမ်းဆီး၍ နှိပ်စက်ခြင်း၊ အဓမ္မငွေကြေးတောင်းခံခြင်းနှင့် ခိုးယူလုယှက်ခြင်း (၂၀၂၂ခုနှစ်၊ မတ်လ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၂ခုနှစ်၊ မတ်လအတွင်း ဘိတ်-ထားဝယ်ခရိုင်၊ ကဆယ်ဒို့ (သရက် ချောင်း) မြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြောင်းအရာများကို ဖော်ပြထားပါသည်။ ၂၀၂၂ခုနှစ်၊ မတ်လ ၃၀ ရက်နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၆၇)မှ ကဆယ်ဒိုမြို့နယ်၊ တောင် ပျောက်တိုက်ဒေသ၊ သချောင်းကြီးကျေးရွာအုပ်စု၊ က---ကျေးရွာထဲတွင် လက်နက်ကြီးပစ်ခတ်ခဲ့ပြီးနောက် SAC စစ်သားများသည် ရွာထဲသို့ဝင်ရောက်လာပြီး ရွာသားအချို့ကို ဖမ်းဆီးမေးမြန်း၍ ရိုက်နက်နှိပ်စက်ခဲ့သည်။ ၎င်း ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရွာသားများသည် ကြောက်ရွံ့၍ အခြားသောနေရာသို့ သွားရောက်နေထိုင်ခဲ့သည်။ ထို့အပြင်  ခလရ အမှတ် (၂၆၇)သည် ရွာသားများထံမှ အဓမ္မငွေကြေးကောက်ခံခဲ့ပြီး ရွာသားများပိုင်ဆိုင်သော အရာများကိုလည်း ခိုးယူလုယှက်ခဲ့ကြပါသည်။[1]

 

SAC မှ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ရွာသားများအား အဓမ္မဖမ်းဆီးနှိပ်စက်ခြင်း

၂၀၂၂ခုနှစ်၊ မတ်လ ၃၀ရက်နေ့ မနက် (၄) နာရီဝန်းကျင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင် တပ်ရင်း (ခလရ) အမှတ် (၂၆၇) သည် ကဆယ်ဒို့ (သရက်ချောင်း)  မြို့နယ်၊ တောင်ပျောက်တိုက်ဒေသ၊ သချောင်း ကြီးကျေးရွာအုပ်စု၊ က---ကျေးရွာထဲတွင် လက်နက်ကြီးပစ်ခတ်ခဲ့သည်။ က---ကျေးရွာသည် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏အုပ်ချုပ်နယ်မြေတွင် တည်ရှိသည်။ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)မှ ခန့်အပ်ထား သော ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအ---၏ပြောကြား ချက်အရ SAC စစ်သားများသည် ကျေးရွာ ထဲတွင် လက်နက်ကြီးများပစ်ခတ်ခဲ့ရခြင်းမှာ NUG မှ ရွာထဲတွင် ကျောင်းသစ်တစ်ကျောင်းကို ဖွင့်လှစ်တည် ထောင်ထား သောကြောင့် ဖြစ်သည်။ (SAC သည် ကျောင်းသစ်ဖွင့်လှစ်ခြင်းနှင့်ပတ်သတ်၍ ကျေးရွာအားအသိပေး၍ ခြိမ်း ခြောက်ခြင်းမရှိဘဲ ရွာထဲတွင် လက်နက်ကြီးများပစ်ခတ်ခဲ့သည်။) ၎င်းအခြေအနေတွင် ခံစားနေရသူများမှာရွာ သားများပင်ဖြစ်သည်။ လက်နက်ကြီးများပစ်ခတ်နေစဉ်တွင် နေ့စားအလုပ်သမားများဖြစ်ကြသော ရွာသားများ သည် ရွာထဲတွင် အလုပ်လုပ်နေခဲ့ပါသည်။

လက်နက်ကြီးများပစ်ခတ်ပြီးနောက် (ခလရ အမှတ် (၂၆၇) မှ) SAC စစ်သားများသည် ရွာထဲသို့ဝင်ရောက်လာခဲ့ပြီး ရွာသားများအချို့ကို ဖမ်းဆီးခဲ့သည်။ အဖမ်းဆီးခံရသော ရွာသားတစ်ဦးဖြစ်သူ ဦးဘ---၏ပြောပြချက်တွင် “စစ်ဆေးမေးမြန်းတဲ့အချိန်မှာ သူတို့က ကျွန်တော့်ကို မတရားနှိပ်စက်ခဲ့တယ်။ သူတို့ ကျွန်တော့်ကို မေးခွန်းတွေ မေးပြီး ထိုးတယ်၊ ကန်တယ်။ သူတို့ ကျွန်တော့်ကို ကြိုးနဲ့တုတ်ပြီး ချည်ထားတဲ့ အတွက်ကြောင့် တစ်ကိုယ်လုံး ဘာမှလှုပ်လို့မရဘူး။ ဒီလုပ်ရပ်ဟာ ကျွန်တော့်အခွင့်အရေးကို မတရားချိုးဖောက်တာပဲ။ သူတို့ ကျွန်တော့်ကို မသတ်ခင်တစ်ရက်အလိုမှာ ကျွန်တော်ထွက်ပြေးလွတ်မြောက်ခဲ့တယ်။ ကျွန်တော့်တို့ပြည်သူတွေ ဒီလိုဒုက္ခတွေကို ခံစားနေရတဲ့အချိန်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေက ဒီတိုင်းပဲထိုင်ကြည့်နေတော့မှာလား။ ကျွန်တော်တို့ကို ကူညီဖို့ သူတို့တွေ ဘာမှမလုပ်နိုင်တော့ဘူးလား ”  SAC စစ်သားများမှ ဤကဲ့သို့သော စစ်ရေးလုပ်ရှားမှုများကြောင့် ရွာသားများသည် ၎င်းတို့၏ကျေးရွာထဲတွင် ဆက်လက်နေထိုင် ရန်ကြောက်ရွံ့ခဲ့ကြပါသည်။ အချို့ရွာသားများ သည် စ---ဘုန်းကြီးကျောင်းတွင် သွားရောက်နေထိုင်ခဲ့ပြီး အချို့ရွာ သားများလည်း ကဆယ်ဒို့မြို့နယ်၊ ကျောခေ ထို့ ပရောဒေသ၊ ဒ---ရွာတွင် သွားရောက်နေထိုင်ခဲ့သည်။ အချို့သောရွာသားများသည်လည်း အခြားနေရပ်များ တွင်ရှိသော ၎င်းတို့ဆွေမျိုးသားချင်းများနှင့်အတူ သွားရောက်နေထိုင်ခဲ့ပြီး အချို့ရွာသားများမှလည်း တောထဲတွင် ရွှေ့ ပြောင်းနေထိုင်ခဲ့ရသည်။

SAC မှ အဓမ္မငွေကြေးကောက်ခံခြင်း

၂၀၂၂ခုနှစ်၊ မတ်လမှစ၍ ကားလမ်းဘေးနားတွင်ရှိသည့် စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျသော SAC စစ်သားများသည် ရွာသားများထံမှ ကွမ်းသီးတစ်ပိဿာလျှင် (၄၅၀) ကျပ် ကောက်ခံခဲ့သည်။ (ရွာသားများသည် ကွမ်းသီးတစ်ပိဿာလျှင် ပျမ်းမျှ (၃,၅၀၀) ကျပ်သာ ရောင်းရသည်။) ထို့အပြင် ရွာသားများသည် ဆီတစ်လီ တာဝယ်ယူလျှင် SAC စစ်သားများအား ဆီတစ်လီတာဝက် ပေးဆောင်ရသည်။ SAC စစ်သားများမှ တောင်းဆို သည့်အခါတိုင်း ရွာသားများသည် ကြောက်ရွံ့နေသောကြောင့် ၎င်းတို့အား ဘာမဆိုပေးရသည်။ SAC စစ်သားများ မှ ဤကဲ့သို့ ငွေကြေးဥစ္စာ အဓမ္မကောက်ခံခြင်းနှင့် ဖိနှိပ်မှုတို့ကြောင့် ရွာသားများသည် ၎င်းတို့ နေ့စဉ်ဘဝတွင် အခက်အခဲ၊ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည်။

ခိုးယူလုယှက်ခြင်း

၂၀၂၂ခုနှစ်၊ မတ်လ ၂၆ရက်နေ့ မနက်ပိုင်း (၉) နာရီအချိန်တွင် ခလရ အမှတ် (၂၆၇)မှ SAC စစ်သားများသည် တောင်ပျောက်တိုက်ဒေသ၊ သချောင်းကြီးကျေးရွာအုပ်စု၊ ကွဲချာကျေးရွာတွင် ဝင်ရောက်ခဲ့ပြီး မအ---ဆိုင်ကို ဖောက်ထွင်း၍ ဆိုင်မှပစ္စည်းများကို ခိုးယူခဲ့သည်။ မအ---သည် မနက် (၉)နာရီနှင့် (၁၀)နာရီကြားတွင် သူမ၏အလုပ်မှ ပြန်လာသည့်အချိန်တွင် သူမ၏ဆိုင်ဖောက်ထွင်းခံရသည်ကို အဝေးမှ လှမ်းမြင်ခဲ့ရသည်။ မအ---ပြောကြားချက်အရ အခိုးခံရသည့် သူမ၏ဆိုင်မှပစ္စည်းများတန်ဖိုးမှာ ကျပ် (၂)သိန်း ကျော်ရှိသည်။ ယခုလက်ရှိ တွင် မအ---သည် အခြားနေရာတွင် ကူညီထောက်ပံ့မှုများ ရှာဖွေနေလျှက်ရှိသည်။

Thu, 14 Jul 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ ဧပြီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဘိတ်-ထားဝယ်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်