၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း အစောပိုင်း (၅) လတာကာလအတွင်း ကရင်လူ့အခွင့်အရေး အဖွဲ့ (KHRG) ၏လှုပ်ရှားရာဒေသများတွင် ကျယ်ပြန့်စွာဖြစ်ပွားသော တိုက်ပွဲ (သို့မဟုတ်) ပစ်ခတ်မှုများနှင့် ဤအစီရင်ခံစာရေးသားတင်ပြချိန်ကာလအတွင်း လက်နက်ကိုင်ပဋိပက္ခနှင့် တိုက်ခိုက်မှုများ ပိုမိုများပြားလာ ခြင်းတို့ကို ထည့်သွင်းဖော်ပြထားပါသည်။ ထို့အပြင်၊ အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ပိုမို များပြားလာခြင်းကိုပါ ထည့်သွင်းဖော်ပြထားပါသည်။
လက်ရှိအစီရင်ခံစာရေးသားချိန်ကာလအတွင်း အတင်းအဓမ္မခိုင်းစေမှုများနှင့် အရပ်သားများအား လူသား ဒိုင်းသဖွယ်အသုံးချမှုအများအပြားကို KHRGမှ မှတ်တမ်းပြုစုထားပါသည်။ ဖြစ်ရပ်အများစုတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) နှင့် နယ်ခြားစောင့်တပ် (BGF) တပ်များသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏အုပ်ချုပ်ရာနယ်မြေအတွင်းရှိ စစ်တပ်စခန်းများကြား တပ်အပြောင်းအလဲပြုလုပ်ခြင်း၊ စားနပ်ရိက္ခာ နှင့် လက်နက်ခဲယမ်းများသယ်ယူပို့ဆောင်ရာတွင် ရွာသားများအား ပေါ်တာအနေဖြင့်ဖြစ်စေ၊ လူသားဒိုင်း အနေဖြင့်ဖြစ်စေ အတင်းအဓမ္မခိုင်းစေခဲ့ပါသည်။ အတင်းအဓမ္မခိုင်းစေမှုများနှင့် အရပ်သားများအား လူသားဒိုင်းသဖွယ်အသုံးပြုမှုများသည် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) နှင့် အခြားသောလူ့အခွင့်အရေးပဋိညာဉ်စာချုပ်စာတမ်းများကို ချိုးဖောက်ရာရောက်ပါသည်။ ဖြစ်ရပ်အများစု တွင် ထိုကဲ့သို့သောလုပ်ရပ်များအား အခြားသောလူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သော သက်အန္တရယ် ခြိမ်းခြောက်ခြင်းအပါအဝင် အမျိုးမျိုးသောခြိမ်းခြောက်မှု၊ ရေနှင့်အစားအစာဖြတ်တောက်မှုနှင့်ရိုက်နှက်မှု သို့မဟုတ် ညှဉ်းပမ်းနှိပ်စက်မှုတို့ဖြင့်ဆက်စပ်ကျူးလွန်ကြပါသည်။ ဒူးသထူ (သထုံ) ခရိုင်၊ ဘီးလင်းမြို့နယ် အတွင်းရှိ လေးကေ့နှင့် ယိုကလား (ကျသောင်းဆိပ်) စစ်တပ်စခန်းကြားတွင် နေထိုင်ကြသောရွာသားများ သည် လနှင့်ချီပြီးအတင်းအဓမ္မခိုင်းစေမှုနှင့် လမ်းပြအဖြစ် ကြိမ်ဖန်များစွာခိုင်းစေခံခဲ့ကြရပါသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် SAC နှင့် BGF စစ်သားများမှ ဒူးပလာခရိုင်အတွင်းရှိ လေကေ့ကော် ဒေသအတွင်း ဝင်ရောက်စီးနင်းကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)အဖွဲ့ဝင်များအားရှာဖွေဖမ်းဆီးမှု ပြုလုပ်ပြီးသည့်နောက်ပိုင်း လေးကေ့ကော်ဒေသအတွင်း လေကြောင်း တိုက်ခိုက်မှုအပါအဝင် လက်နက်ကိုင်ပဋိပက္ခနှင့်တိုက်ခိုက်မှုများ တဟုန်ထိုးမြင့်တက်လာခဲ့ပါသည်။ သို့ဖြစ် သောကြောင့် တစ်ပတ်ကျော်အတွင်း ပြည်သူလူထု (၁၀,၀၀၀) ကျော်တို့သည် ၎င်းတို့၏နေရပ်မှရွှေ့ပြောင်း နေထိုင်ခဲ့ကြရပါသည်။ နေရပ်ရွှေ့ပြောင်းနေထိုင်နေကြရသူများအတွက် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခိုလှုံခွင့် ရရှိနိုင်ချေသည် အလွန်နည်းပါးလွန်းလှပါသည်။ ထို့ကြောင့် နေရပ်ရွေ့ပြောင်းနေထိုင်ရသည့်ရွာသားများသည် ထိုင်းအာဏာပိုင်များ၏ပြန်လည်တွန်းပို့ခံရခြင်း သို့မဟုတ် မြစ်ကမ်းဘေးတစ်လျှောက် ယာယီတဲထိုးနေထိုင် ကြရပါသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမ ၅ လတာကာလအတွင်း မူတြော် (ဖာပွန်)ခရိုင်သည် လေကြောင်း တိုက်ခိုက်မှုအပါအဝင် ပစ်မှတ်ထားထိုးစစ်ဆင်တိုက်ခိုက်ခြင်းခံလာခဲ့ရပါသည်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ ဒီ ဇင်ဘာလအထိ မူတြော်ခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှုဆက်လက်ဖြစ်ပွားခြင်းမရှိခဲ့သော်လည်း ခရိုင် အတွင်းရှိဒေသအများစုတွင် စစ်ရေးလှုပ်ရှားမှုများနှင့် ပြင်းထန်သောပဋိပက္ခကို ဆက်လက်ကြုံတွေ့ကြရပါ သည်။ အချို့သောနေရာဒေသများတွင်လည်း နေ့စဉ်နှင့်အမျှ တိုက်ပွဲများနှင့်ပစ်ခတ်မှုများကို ကြုံတွေ့ကြရ သည်။ ရွာသားအများအပြားသည် ဆက်လက်ပြီးနေရပ်ရွေ့ပြောင်းနေထိုင်ရခြင်းကို ကြုံတွေ့နေကြရပါသည်။ တစ်ချိန်တည်းတွင် ကျေးရွာများအတွင်း ကျန်ရစ်နေထိုင်နေကြသောရွာသားများမှာလည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၏လှုပ်ရှားမှုများရှိလျှင် တပ်ရင်းမှူးများအပါအဝင် SAC စစ်သားများ၏ ခြိမ်းခြောက်မှုများကို ကြိမ်ဖန်များစွာရင်ဆိုင်ကြရပါသည်။
KNUနယ်မြေရှိကျေးလက်ဒေသများတွင် SACစစ်သားများသည် အိမ်မွေးတိရိစ္ဆာန်များနှင့် ကောက်ပဲသီးပင် များ၊ အထူးသဖြင့် အစားအစာများအား ခိုးယူလုယက်ခြင်းများကို စနစ်ကျကျ ပိုမိုကျယ်ပြန့်စွာပြုလုပ်လာ ခဲ့ပါသည်။ ရွာသားများ ၎င်းတို့၏နေရပ်မှ ထွက်ပြေးတိမ်းရှောင်နေရသည့်နောက်ပိုင်း ခိုးယူလုယက်ခြင်းများ ကို SACစစ်သားများ မကြာခဏပြုလုပ်လေ့ရှိပါသည်။ ထို့အပြင်၊ SACစစ်သားများမှ ရွာသားများ၏ပိုင်ဆိုင် မှုများကို ဖျက်ဆီးမှုများလည်းရှိပါသည်။ လုယက်ခြင်းနှင့် အရပ်သားများ၏ပိုင်ဆိုင်မှုများအားဖျက်ဆီးခြင်း တို့သည် IHLကိုချိုးဖောက်နေပြီး ၎င်းတို့ရှင်သန်ရပ်တည်မှုအတွက် မရှိမဖြစ်လိုအပ်သောအရာဝတ္ထုများကို အကာအကွယ်ပေးခြင်းနှင့်ပတ်သက်သည့် နောက်ထပ်လိုက်နာစောင့်ထိန်းရမည့် နောက်ဆက်တွဲစည်းမျဉ်း (ခ) (အပိုဒ် ၁၄) တို့ကိုပါ ချိုးဖောက်ခြင်းဖြစ်ပါသည်။
SACအနေဖြင့် အာဏာသိမ်းမှုကိုဆန့်ကျင်သည့် PDFနှင့် CDMတို့နှင့်ဆက်နွယ်ပတ်သက်မှုရှိသည်ဟု ထင်မြင် ယူဆရသောမည်သူမဆိုကို ရိုက်နှက်ခြင်းနှင့် ညှဉ်းပမ်းနှိပ်စက်ခြင်းအပါအဝင် အကြမ်းဖက်ချိုးဖောက်ကျုး လွန်မှုများကိုပြုလုပ်ကြပါသည်။
မြေမြှုပ်မိုင်းအသစ်ထောင်ခြင်းများသည်အထူးသဖြင့် မူတြော်ခရိုင်တွင်များပြားလာခဲ့ပြီး မြေမြှုပ်မိုင်းပေါက် ကွဲမှုကြောင့် အရပ်သား (၈) ဦးဒဏ်ရာရရှိခဲ့ပြီး (၂) ဦးမှာသေဆုံးသွားခဲ့ပါသည်။
ကရင်ပြည်နယ်ကျေးလက်ဒေသများ၏အခြေအနေသည် ပိုမိုကြပ်တည်းလာပါသည်။ ယခုအချိန်တွင် ရွာသား များသည် ကိုဗစ်-၁၉ (COVID-19) ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ပြင်ပအထောက်အပံ့ရရှိမှုနည်းပါးခြင်းအပါအဝင် အစားအစာမလုံလောက်မှုနှင့် ကျန်းမာရေးပြဿနာများကိုပါ ကြုံတွေ့နေကြရပါသည်။
အပိုင်း (၁)။ ကြီးမားသောအဖြစ်အပျက်များ
က) အတင်းအဓမ္မခိုင်းစေမှုများနှင့် အရပ်သားများအား လူသားဒိုင်းအဖြစ်အသုံးပြုမှု
- ၂၀၂၁ ခုနှစ်၊ သြဂုတ်လနှင့် စက်တင်ဘာလတွင် ဒူးသထူ (သထုံ) ခရိုင်၊ ဘီးလင်းမြို့နယ်ရှိ လေးကေ့နှင့် ယိုက လားတပ်စခန်းကြားတွင် နေထိုင်သောရွာသားများသည် အတင်းအဓမ္မခိုင်းစေမှုများနှင့် အရပ်သားများအား လူသားဒိုင်းအဖြစ်အသုံးပြုမှုနှင့်ပတ်သတ်သည့်ဖြစ်ရပ်များကို မှတ်တမ်းပြုစုခဲ့ပါသည်။ ထိုတွင် SAC နှင့် BGF စစ်သားများမှ ပြည်သူလူထုကိုဆန့်ကျင်သောကျူးလွန်မှုပုံစံတစ်ခုကို ရှင်းလင်းစွာဖော်ပြထားပါသည်။ အောက်တိုဘာလတွင် ဒူးပလာယာခရိုင်အတွင်း၌လည်း ဖြစ်ရပ်အများအပြားဖြစ်ပွားခဲ့ပါသည်။ KHRG လှုပ်ရှားရာဒေသအတွင်း ဖြစ်စဉ်များနှင့်ပတ်သက်သည့်အစီရင်ခံစာများထွက်ပေါ်လာခဲ့သော်လည်း ၎င်းတို့ အား မှတ်တမ်းပြုစုနိုင်ခြင်းမရှိခဲ့ပါ။ အတင်းအဓမ္မခိုင်းစေမှုသည် မြန်မာနိုင်ငံ၌ ၁၉၅၅တွင် လက်မှတ်ထိုး အတည်ပြုခဲ့သော အတင်းအဓမ္မခိုင်းစေခြင်းပဋိညာဉ်စာချုပ်စာတမ်းအပါအဝင် IHLနှင့် နိုင်ငံတကာလူ့အခွင့် အရေးပဋိညာဉ်စာချုပ်စာတမ်းကိုများကို ချိုးဖောက်ခြင်းဖြစ်ပါသည်။
- SAC နှင့် BGF တပ်ဖွဲ့ဝင်များသည် KNU ၏အုပ်ချုပ်နယ်မြေအတွင်း သွားလာရာတွင် KNLA၏ ချုံခိုတိုက်ခိုက် မှုနှင့် လက်နက်ကိုင်တိုက်ခိုက်မှုရန်ကိုကာကွယ်ရန်အတွက် ရွာသားများအားလူသားဒိုင်းအဖြစ် အမြဲတစေ အသုံးချလေ့ရှိပါသည်။ SACနှင့် BGFတပ်များသည် ၎င်းတို့သွားလာရာလမ်းကြောင်းကိုသိသော်လည်း ရွာသားများအား “လမ်းပြ”အဖြစ် တောင်းဆိုခိုင်းစေကြကြောင်း ရွာသားများမကြာခဏ ပြောပြကြပါသည်။ ရွာသားများ၏ပြောပြချက်အရ SACနှင့် BGFတပ်ဖွဲ့ဝင်များသည် အမျိုးသမီးများအား ၎င်းတို့၏လမ်းပြနှင့် လူသားဒိုင်းအဖြစ်ခေါ်ယူအသုံးချလျင် ၎င်းတို့အားတိုက်ခိုက်ခံရနိုင်ခြေနည်းမည်ဟု ယူဆသောကြောင့် အထူးသဖြင့် အမျိုးသမီးများအား ခေါ်ယူကြသည်။
“သူတို့ [SAC နှင့် BGF] တွေကကိုယ်တိုင် မပြန်ရဲကြဘူး။ ဒါကြောင့် ရွာသားတွေကို သူတို့ကြားထဲမှာ နှစ်ယောက် သုံးယောက်စီ လမ်းလျှောက်ခိုင်းတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ချုံခိုတိုက်ခိုက်ခံရ မှာကို ကြောက်လို့ဖြစ်တယ်။ ရွာသားတွေကသူတို့ကြားမှာလမ်းလျှောက်လို့ သူတို့ကိုချုံခိုတိုက်ခိုက် လာရင် သူတို့ကအပစ်မခံရပဲ ရွာသားတွေပဲအပစ်ခံမှာ။”
(ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်ရှိရွာသားတစ်ဦးဖြစ်သော နော်အ---)
- အချို့သော အတင်းအဓမ္မခိုင်းစေမှုများနှင့် အရပ်သားများအား လူသားဒိုင်းအဖြစ်အသုံးချမှုဖြစ်ရပ်များတွင် ရွာသား ၂၀ ဦးအောက်ပါဝင်ပါသည်။ သို့သော် ဖြစ်ရပ်နှစ်ခုတွင် ရွာသား ၂၀ဦးအထက်ပါဝင်ပါသည်။ စက်တင်ဘာလ ၁၈ရက်နေ့တွင် SAC နှင့် BGF တပ်များမှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၏ အမျိုးသမီးကို ဓားစာခံအဖြစ်ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ဘ--- ရွာသား (၁၀၀) ကျော်သည် စ--- ကျေးရွာသို့ ၎င်းတို့အတွက် စားနပ်ရိက္ခာလိုက်ပါသယ်ဆောင်ရန် သဘောတူခဲ့ကြပါသည်။ စက်တင်ဘာလ ၂၀ရက်နေ့တွင် BGF စစ်သား များမှ ယိုကလားစစ်တပ်စခန်းသို့ဆက်လက်သွားရန်အတွက် ဘီးလင်းမြို့နယ်အတွင်းရှိ ရွာ (၃) ရွာတွင်နေ ထိုင်သည့် လူဦးရေ (၃၀၀) နီးပါးရှိသော ရွာသားများကို စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများသယ်ယူခိုင်း စေခဲ့ပါသည်။ ပေါ်တာအဖြစ်ခိုင်းစေခံရသူများထဲတွင် အမျိုးသမီးများပို၍များပြီး အခြားအသက်မပြည့် သေးသော (မိန်းကလေး ၉ ဦးနှင့် ယောက်ျားလေး ၃ ဦး) ပါဝင်ပါသည်။
- အတင်းအဓမ္မခိုင်းစေမှုများနှင့် အရပ်သားများအား လူသားဒိုင်းအဖြစ်အသုံးပြုမှုသည် အခြားသောလူ့အခွင့် အရေးချိုးဖောက်မှုများနှင့် မကြာခဏယှဉ်တွဲချိုးဖောက်လေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် တပ်စခန်း များကြားမှ တပ်သားရွှေ့ပြောင်းမှုကဲ့သို့သော စစ်ရေးလှုပ်ရှားမှုများ၏အစိတ်အပိုင်းများတွင် အသုံးပြုလာခဲ့ သောကြောင့်ဖြစ်ပါသည်။ ရွာသားများသည် အကြမ်းဖက်ခြိမ်းခြောက်ခံရမှု၊ အစာရေစာဖြတ်တောက်မှုနှင့် သေနတ်ဖြင့်ပစ်ခံရခြင်းတို့ကို မကြာခဏတင်ပြကြသည်။ ရွာသားများအနေဖြင့် စစ်သားများရွာအတွင်း သို့မဟုတ် ဒေသတွင်းကျေးရွာများရှိ လမ်းတစ်လျောက်တွင်ရှိနေခြင်းကြောင့် လူမှုအသိုက်အဝန်းအတွင်း လုံခြုံမှုမရှိခြင်းအပြင် ခိုးယူလုယက်ခံရခြင်းကိုပါတင်ပြခဲ့ကြပါသည်။
- စက်တင်ဘာလ ၂၄ ရက်နေ့တွင် SAC နှင့် BGFတပ်သားများသည် ရွာသား (၈)ဦးအား ၎င်းတို့နှင့်လိုက်ရန်
အတင်းအဓမ္မခိုင်းစေပြီးနောက် ဒ---ကျေးရွာအပြင်ဖက်ရှိတောထဲတွင် ဒေသခံ KNLA၏ ချုံခိုတိုက်ခိုက်ခြင်း ခံခဲ့ရပါသည်။ တိုက်ပွဲဖြစ်ပွားပြီးသည့်နောက်ပိုင်း SACနှင့် BGFတပ်သားများသည် စ---ကျေးရွာ အရှေ့ဖက်မှ စ---ကျေးရွာဘုန်းကြီးကျောင်းသို့သွားရာတွင် လူသားဒိုင်းအဖြစ်အသုံးပြုရန်အတွက် လမ်းတစ်လျှောက် တွင်တွေ့ရှိသောရွာသားများကို ထပ်မံဖမ်းဆီးခဲ့ပါသည်။ ထို့ပြင် ၎င်းတို့မှတိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ဗုံးခိုကျင်းနှင့် အိမ်အောက်တွင်ပုန်းဝတ်နေသော အချို့ရွာသားများအား အတင်းအဓမ္မဖမ်းဆီးခဲ့ ကြသည်။
“ကျုပ်တို့တွေ ရွာထဲမှာသေနတ်ပစ်သံကြားတဲ့အချိန်မှာ တကွဲတပြားပြေးတော့တာပဲ။ ရွာသားတစ်ဦး ဖြစ်သည့် စောက--- မှ SACနဲ့ BGFရန်ကနေ သူထွက်ပြေးတဲ့အချိန် လမ်းမှာဗမာစစ်သားတွေနဲ့တွေ့ တော့ လူသားတိုင်းအဖြစ်အသုံးပြုဖို့အတွက် အဖမ်းခံလိုက်ရတယ်။ သူကနေပြောပြတာက သူထွက် ပြေးနေဆဲမှာ သေနတ်အချက်အများကြီးပစ်ကြတယ်။ ဒါပေမဲ့ ပစ်လိုက်တဲ့ကျဥ်ဆံကသူ့ခေါင်းနဲ့ သီသီလေးကပ်လွဲရုံပဲ။”
(စစ်သားများကို အတင်းအဓမ္မလိုက်ပါပို့ဆောင်ရသည့် ဒေသခံရွာသားတစ်ဦး)
ခ) လေးကေ့ကော်အတွင်း ပဋိပက္ခဖြစ်ပွားမှုများနှင့် SAC ၏ထိုးစစ်ဆင်မှုများ
ဒီဇင်ဘာလအစောပိုင်းတွင် ဒူးပလာခရိုင်၊ ကော့တရိ (ကော့ကရိတ်) မြို့နယ်အတွင်း SAC ၏လှုပ်ရှားမှု သိသာထင်ရှားစွာများပြားလာခဲ့ပါသည်။ စစ်တပ်မှ KNU အုပ်ချုပ်နယ်မြေများအတွင်း ခိုလှုံနေကြ သည့် CDMနှင့် စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြပွဲတွင်ပါဝင်သော NLDအဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်း နှင့်တက်ကြွလှုပ်ရှားသူများကို ထိုနေရာဒေသတွင် စတင်ပစ်မှတ်ထား ရှာဖွေလာခဲ့သည်။ ဒူးပလာယာခရိုင် သည် CDMနှင့် စစ်တပ်အာဏာသိမ်းကိုဆန့်ကျင်ဆန္ဒပြသူများ အဓိကခိုလှုံမှုရယူသည့်နေရာဖြစ်သောကြောင့် ထိုဒေသ၌ ကင်းလှည့်ခြင်းနှင့် ရှာဖွေခြင်းများကို စစ်တပ်အာဏာသိမ်းပြီးမကြာမီကတည်းက ဆက်လက်လုပ် ဆောင်လာခဲ့ပါသည်။ SACမှ ပို၍တင်းကြပ်ထားသည့် KNUအုပ်ချုပ်နယ်မြေအတွင်း ကျူးကျော်ဝင်ရောက် ခြင်း နှင့် ဒီဇင်ဘာအတွင်း စီးနင်းဝင်ရောက်ဖမ်းဆီးခြင်းတို့ ရုတ်တရက်များပြားလာခြင်းကြောင့် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် KNLAနှင့် SACတို့ကြား လေးကေ့ကော်မြို့သစ်နှင့် နေရာဒေသအနီးတဝိုက် တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲသည် အစီရင်ခံတင်ပြပြီးသည့်အချိန်အထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။ SACတပ်များမှ ဒီဇင်ဘာလ ၂၃ရက်နေ့မှ ၂၇ရက်နေ့အထိ ထိုနေရာဒေသသို့ လေကြောင်းတိုက် ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ပါသည်။
“ဒီဇင်ဘာလ ၁၅ရက်နေ့ တိုက်ပွဲဖြစ်ချိန်မှာ လေးကေ့ကော်ကျေးရွာခေါင်းဆောင်တစ်ယောက်က အ ကျယ်ကြီးလှမ်းအော်တယ်.: “ပြေးကြ ၊ ရွာကနေပြေးကြတော့။ […] SAC ကနေ အိမ်တွေမှာရှာဖွေမှု လုပ်ပြီးတဲ့နောက်မှာ ရွာထဲမှာတိုက်ပွဲဖြစ်တော့တာပဲ။ […] နောက်တော့ တိုက်ပွဲကညဖက်မှာထပ်ဖြစ် တယ်၊ ပစ်လိုက်တဲ့လက်နက်ကြီးကျည်ဆံတွေက ကျတော်တို့နေတဲ့အနီးနားတစ်ဝိုက် ဆက်တိုက်ကျ တော့ ကျတော်တို့ထွက်ပြေးခဲ့ရတယ်။”
(ဦးတ--- ဒူးပလာခရိုင်၊ ကောတရိမြို့နယ်ရှိ ရွာသားတစ်ဦး)
- တိုက်ပွဲနှင့် တိုက်ခိုက်မှုများပိုမိုများပြားလာသဖြင့် နေရပ်ရွှေ့ပြောင်းနေရသည့်ရွာသားများသည် ထပ်မံ၍ ထွက်ပြေးတိမ်းရှောင်ကြရသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် ဖလူးကျေးရွာအုပ်စု၊ ဖလူးကျေးရွာ တွင်တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ဖလူးကြီးနှင့်ဖလူးလေးကျေးရွာရှိရွာသားများနှင့် ထိုနေရာတွင် ခိုလှုံခွင့်ရယူသောနေရပ်ရွေ့ပြောင်းနေရသူများသည်အခြားသောနေရာ သို့ဆက်လက်ရွေ့ပြောင်းခဲ့ရကြသည်။
“ကျမတို့ ထွက်ပြေးတိမ်းရှောင်နေရတာ ငါးရက်ရှိပြီး တရက်တစ်နေရာစီလိုက်အိပ်နေရတယ်။ […] ကျမတို့ပြေးတဲ့နေရာမှာတိုက်ပွဲဖြစ်ရင် တစ်ခြားနေရာကို ကျမတို့ထွက်ပြေးရပြန်တယ်။”
(နော်အန---၊ ဒူးပလာခရိုင်၊ ကော့တရိမြို့နယ်၊ ၁၇ နှစ်အရွယ် ကျောင်းသူတစ်ဦး)
- ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ မှ ၂၂ ရက်နေ့အထိ မော်ထိုတလေး၊ မင်းလက်ပန်၊ ဖလူးကြီး၊ ဖလူးလေး၊ ပဟိကလော်၊ ရသေ့ဂူ နှင့် လေးကေ့ကော်ကျေးရွာများမှ IDPs (၁၀,၀၀၀) နီးပါခန့်သည် ထိုင်းနိုင်ငံသို့ထွက် ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ထိုနေ့နောက်ပိုင်း သေဘောဘိုးနှင့် တောနော်မူထော်ဒေသရှိ ရွာသားများသည် နယ်စပ်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ထိုင်းနိုင်ငံတွင်းသို့ ဖြတ်ကျော်လာသောရွာသားအချို့တို့သည် ထိုင်းစစ်သားများ၏ အဓမ္မပြန်လည်ပို့ဆောင်ခြင်းကို ခံရပါသည်။ ထောင်ပေါင်းများစွာသောရွာသားများသည် ထိုင်းနိုင်ငံသို့ ဖြတ်ကျော်ခွင့်မရပဲ မြန်မာဖက်ခြမ်းရှိမြစ်ကမ်းဘေး၌သာ နေကြရပါသည်။
- ဒီဇင်ဘာလ ၂၃ရက်နေ့ ညနေ (၁း၀၀)နာရီအချိန်တွင် SAC မှ လေးကေ့ကော်ဒေသသို့ ပထမဦးဆုံးလေ ကြောင်းတိုက်ခိုက်မှုကိုပြုလုပ်ခဲ့ပါသည်။ ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်မှုသည် ဒီဇင်ဘာလ ၂၄ရက် နေ့ညနေ (၄း၀၀)နာရီအချိန်၊ တတိယအကြိမ်သည် ဒီဇင်ဘာလ ၂၅ရက်နေ့ ညနေ(၄း၀၀)နာရီခန့်တွင် တစ်ကြိမ်နှင့် လေးကြိမ်မြောက်သည် ဒီဇင်ဘာလ ၂၇ရက်နေ့ ညနေ(၁း၀၀)နာရီအချိန်တွင်ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုသည် တစ်ပတ်လုံးဆက်လက်ဖြစ်ပွားခဲ့ပါသည်။
“လေကြောင်းတိုက်ခိုက်မှုပြုလုပ်ချိန်မှာ SAC က ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ်ပေါ်ကနေ ဗုံးတွေကြဲပြီးစက်သေနတ်တွေနဲ့လည်း ပစ်တယ်။ ဒါကြောင့် မယ်ဝါးခီးမှာ ဗုံးတွေကကောင်းကင်ပေါ် ကနေ မိုး
ရွာချသလိုပဲကျလာတယ်။ ကျတော်တို့ဒီမှာဆက်နေဖို့ လုံခြုံတယ်လို့မခံစားရတာကြောင့် အခြားရွာ ကိုထွက်ပြေးကြရတယ်။”(စောအဆ---၊ ဒူးပလာခရိုင်, ကော့တရိမြို့နယ်ရှိ ရွာသားတစ်ဦး)
ဂ) မူတြော်ခရိုင် ဒေသတွင်းအခြေအနေ
လွန်ခဲ့သော အစီရင်ခံစာပြုစုချိန်ကာလအတွင်း မူတြော်ခရိုင်သည် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီး ချိန်ကတည်းက မြေပြင်နှင့်လေကြောင်းတိုက်ခိုက်မှုအများအပြားဖြစ်ပွားခဲ့သောနေရာတစ်ခုဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် သောင်းနှင့်ချီသောရွာသားများသည် နေရပ်ရွှေ့ပြောင်းနေထိုင်ခဲ့ရပါသည်။ လက်ရှိအစီ ရင်ခံစာပြုစုချိန်ကာလအတွင်း မူတြော်ခရိုင်တွင် လေကြောင်းတိုက်ခိုက်မှုမရှိခဲ့သော်လည်း တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပိုမိုဆိုးရွားစွာဖြစ်ပေါ်လာခဲ့ပါသည်။ ထောင်နှစ်ချီသောရွာသားများသည် ဆက်လက်၍နေရပ်ရွေ့ပြောင်းနေထိုင်နေရပြီး ရွာသားများသည် အစားအစာပြတ်လပ်မှုများကို ယခုရင်ဆိုင် နေကြရပါသည်။ ပဋိပက္ခ၊ ပစ်ခတ်မှုများနှင့် မြေမြှုပ်မိုင်းပျံ့ကြဲတည်ရှိနေမှုများကြောင့် သွားလာရာတွင် အကန့်အသတ်ရှိခြင်း သို့မဟုတ် ခရီးသွားလာရေးပိုမို တင်းကြပ်လာခြင်းနှင့်အတူ မူတြော်ခရိုင်အတွင်း ရွာသားများ၏လုံခြုံရေးအခြေအနေသည် ဆက်လက်၍ခက်ခဲကြပ်တည်းလာပါသည်။
- ၂၀၂၁ခုနှစ်၊ မတ်လ ၂၁ရက်နေ့တွင် KNUမှ မူတြော်ခရိုင်အတွင်းရှိသော SACတပ်များအားလုံးထွက်ခွာသွား ကြရန်တောင်းဆိုချက်စာတစ်စောင်ကိုထုတ်ပြန်ခဲ့ပါသည်။ SAC မှ ထိုထုတ်ပြန်ချက်ကိုလိုက်နာဆောင်ရွက် ခြင်းမရှိသောကြောင့် KNLAနှင့်တိုက်ပွဲပေါင်းများစွာဖြစ်ပွားခဲ့ပါသည်။ KNU Mutraw News အရ ၂၀၂၁ ခုနှစ်၊ လွန်ခဲ့သည့်ခြောက်လတာကာလအတွင်း မူတြော်ခရိုင်အတွင်းရှိ လူသော၊ ဘူးသိုနှင့် ဒွယ်လိုးမြို့နယ် တို့တွင် SAC/BGF နှင့် KNLA တို့အကြားတိုက်ပွဲပေါင်း (၁,၀၀၀) ကြိမ်ခန့်ဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲများဆက် လက်ဖြစ်ပွားနေသောကြောင့် ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု သို့မဟုတ် ပျက်စီးမှုပမာဏကို KNUမှ အတည် ပြုနိုင်ခြင်းမရှိခဲ့ပါ။
- မာ့ထောကျေးရွာအုပ်စုသည် အာဏာသိမ်းမှုမတိုင်မီကတည်းကပင် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပဋိပက္ခ အများဆုံးဖြစ်ပွားရာနေရာဖြစ်ပါသည်။ ဒုတိယဗိုလ်ချုပ်ကြီး ဇော်မင်းထိုက် ဦးဆောင်သော SAC စစ်ဗျူဟာ အမှတ် (၈) ခြေမြန်တပ်ရင်းအမှတ် (၄၀၇) တပ်သားများသည် ရွာသားများ၏အိမ်များကို မီးရှို့ခြင်းအပါအဝင် ဒေသခံရွာသားများကို ခြိမ်းခြောက်ခြင်းနှင့် အရပ်သားနေရာဒေသတွင် တိုက်ရိုက်တိုက်ခိုက်ခြင်းတို့ဖြင့် အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိပါသည်။
- SAC တပ်သားများမှ KNU အုပ်ချုပ်နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်လာခြင်းကြောင့် သြဂုတ်လ ၁၅ ရက်နေ့တွင် မာ့ထောကျေးရွာအုပ်စု၊ ဘဂ---ကျေးရွာ၌ KNLA တပ်ရင်းအမှတ် (၁၀၂)နှင့် SAC ခလရ အမှတ် (၄၀၇)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ဘဂ---ကျေးရွာတွင် အခြေစိုက်သော SACတပ်သားများသည် ရွာသားများအားခြိမ်းခြောက်ခြင်းနှင့် KNLAနှင့်၎င်းတို့ကြား အကယ်၍တိုက်ပွဲများပိုမိုဖြစ်ပွားလာပါကရွာသား အားလုံးကိုသတ်ပစ်မည်ဟု ခြိမ်းခြောက်သတိပေးထားပါသည်။ SAC၏ ခြိမ်းခြောက်မှုကိုကြောက်ရွံ့သဖြင့် ရွာသားများသည့်နောက်နေ့တွင် ၎င်းတို့၏ကျေးရွာမှထွက်ပြေးတိမ်းရှောင်ခဲ့ကြပါသည်။
အပိုင်း(၂) မြန်မာပြည်အရှေ့တောင်ပိုင်း လူ့အခွင့်အရေးနှင့်လုံခြုံရေးအခြေအနေအား ခြုံငုံသုံးသပ်ခြင်း
- လက်ရှိအစီရင်ခံစာပြုစုချိန်ကာလအတွင်း ဒူးပလာခရိုင်အရှေ့ဖက်ဒေသတွင် ပဋိပက္ခများဆက်လက်ဖြစ်ပွား လျက်ရှိပါသည်။ ခလယ်လွီထူခရိုင်အတွင်း တိုက်ပွဲများမှာလည်း ဆက်လက်ဖြစ်ပွားလာခဲ့ပြီး စက်တင်ဘာလ တွင်ဖြစ်စဉ်များစွာဖြစ်ပွားခဲ့ပါသည်။ KHRG လှုပ်ရှားရာအခြားသောနယ်မြေများတွင် တိုက်ပွဲဖြစ်ပွားမှု နည်းပါးသော်လည်း စစ်ရေးလှုပ်ရှားမှုများပိုမိုမျာပြားလာခဲ့ပါသည်။ မြိတ်-ထားဝယ် (ဘိတ်-ထားဝယ်)ခရိုင် တွင် တိုက်ပွဲဖြစ်ပွားမှုတစ်ကြိမ်ကိုတင်ပြခဲ့ပြီး တောအူး(တောင်ငူ)ခရိုင်တွင်လည်း ထိုနည်းတူပင်ဖြစ်ပါသည်။ ယခင်အစီရင်ခံစာတင်ပြချိန်ကာလအတွင်း ခရိုင်နှစ်ခုလုံးတွင်တိုက်ပွဲဖြစ်ပွားမှု တင်ပြခြင်းမရှိခဲ့ပါ။ ဖားအံ (ဘားအံ) ခရိုင်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းနှင့်ပတ်သက်၍ အစီရင်ခံစာတင်ပြခြင်းမရှိပါ။
- ပဋိပက္ခ အနည်းငယ်ဖြစ်ပွားသောနေရာဒေသတွင်လည်း SAC တပ်သားများသည် ၎င်းတို့၏ စစ်တပ်စခန်း များသို့ တပ်အင်အားဖြည့်တင်းခြင်း၊ စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် အခြားသောစစ်အသုံးအဆောင်များပို့ဆောင်ခြင်းတို့ကို ပုံမှန်အားဖြင့်ဆက်လက်ပြုလုပ်ခဲ့ကြပါသည်။ တခါတရံ SACတပ်သားများသည် ၎င်းတို့ ၏လှုပ်ရှားမှုများပြုလုပ်ရာတွင် ဒေသခံရွာသားများအားခြိမ်းခြောက်ခြင်းနှင့် တိုက်ခိုက်ခြင်းများကိုပါ ပြုလုပ် ကြသည်။ အချို့သောရွာသားများသည် စစ်ရေးလှုပ်ရှားမှုပိုမိုများပြားလာခြင်း၊ တိုက်ပွဲများနှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်လာမည်ကိုကြောက်ရွံ့ကြသောကြောင့် ၎င်းတို့၏ရွာမှထွက်ပြေး တိမ်းရှောင်ကြရပါသည်။
- SAC လှုပ်ရှားမှုများပိုမိုများပြားလာခြင်းသည် ဒေသခံရွာသားများ၏လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ဖြစ်စေပါသည်။ SACလှုပ်ရှားမှုများထဲတွင် စစ်ဆေးရေးဂိတ်များအသုံးပြုမှုပို၍များလာခြင်း၊ ဒေသခံများအားခြိမ်း ခြောက်ခြင်း၊ ရွာသားများအားခရီးသွားလာခွင့်လက်မှတ်ထားရှိစေခြင်း၊ အဓမ္မဖမ်းဆီးခြင်း၊ ရွာတွင်း၌ PDF အဖွဲ့ဝင်နှင့် CDMပါဝင်သူများကိုရှာဖွေခြင်းနှင့် ကျေးရွာတွင်းဝင်ရောက်စဉ်သေနတ်ပစ်ဖောက်ခြင်းတို့ပါဝင် ပါသည်။ ရလဒ်အနေဖြင့် ရွာသားများ၏လုံခြုံမှုအပြင် ၎င်းတို့၏အသက်မွေးဝမ်းကျောင်း၊ လွတ်လပ်စွာ သွားလာခွင့်နှင့် စီးပွားရေးလုပ်ကိုင်ခြင်းတို့တွင် ကြီးမားသောဆိုးကျိုးသက်ရောက်မှုကိုဖြစ်စေပါသည်။
- ကျေးရွာတွင်း သို့မဟုတ် ကျေးရွာအနီးတွင် မူးယစ်ဆေးသောက်သုံးထားသောစစ်သားများသည် ရွာသား များအားခြိမ်းခြောက်မှုများပြုလုပ်သော ဖြစ်ရပ်အများအပြားရှိခဲ့ပါသည်။ KNLA၏တိုက်ခိုက်မှုကိုခံရပါက ရွာကိုမီးရှို့ပစ်မည်ဟူသည့်ခြိမ်းခြောက်မှုများလည်းရှိပါသည်။ တစ်ချိန်တွင် SACနှင့် BGFစစ်သားများသည် ရွာသားနှစ်ဦးအား ၎င်းတို့အတွက်အရက်ဝယ်စေခဲ့ပါသည်။ ရွာသားနှစ်ဦးထဲမှတစ်ဦးသည် အသက်(၈)နှစ် သာရှိပါသည်။ SACနှင့် BGFစစ်သားမူးယစ်နေကြခြင်းကြောင့် ရွာသားများသည် အထူးသဖြင့်အမျိုးသမီးနှင့် မိန်းကလေးများအား စစ်သားများမှ အခြားသောကျူးလွန်မှုများပြုလုပ်မည်ကို စိုးရိမ်ခြင်းနှင့်မလုံခြုံမှုကို ပို၍ ခံစားကြရသည်။
- ယခင်ကအစီရင်ခံစာပြုစုချိန်ကာလအတွင်း အရပ်သားများအားရည်ရွယ်ချက်ရှိရှိပစ်ခတ်သတ်ဖြတ်ခြင်းအပါ အဝင် ကျေးလက်ဒေသတွင်နေထိုင်သောအရပ်သားများအပေါ် အခွင့်အရေးချိုးဖောက်ကျူးလွန်မှုပိုမိုများ ပြားလာကြောင်း KHRG မှသတိပြုမိပါသည်။ ထိုကဲ့သို့သော ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းသည် လက်ရှိအစီရင်ခံစာပြုစုချိန်ကာလအတွင်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါသည်။ SACစစ်သားများမှ အရပ် သားများအားရည်ရွယ်ချက်ရှိရှိပစ်သတ်သော အစီရင်ခံစာကို KHRGမှလက်ခံရရှိခဲ့ပါသည်။ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်သုံးခုတွင် ပစ်ခတ်ခံရသူများသည် အသက်သေဆုံးသွားခဲ့ကြပါသည်။ အခြားသောဖြစ်ရပ်တစ်ခုတွင် SACစစ်သားများသတ်ဖြတ်ခြင်းကိုမခံရမီ ၄င်းသည်ညှဥ်းပမ်းနှိပ်စက်ခြင်းကိုခံခဲ့ရကြောင်း ဒေသခံရွာသား များက ယုံကြည်ကြပါသည်။
- လက်ရှိအစီရင်ခံစာရေးသားတင်ပြချိန်ကာလအတွင်း SACမှ အရပ်သားများကိုညှဥ်းဆဲသောအခြားဖြစ်ရပ် လေးခုနှင့်ပတ်သက်သည့်အစီရင်ခံစာများကို KHRGမှ လက်ခံရရှိခဲ့ပါသည်။ SACစစ်သားများ၏ညှဥ်းပမ်းနှိပ် စက်မှုပုံစံများတွင် အရပ်သားများအားသေနတ်ဖြင့်ထုခြင်း၊ ထိုးကြိတ်ခြင်းနှင့် စစ်ဖိနပ်ဖြင့်ကန်ကြောက်ခြင်း များပါဝင်ပါသည်။ ဤအစီရင်ခံစာတွင် ဖြစ်ရပ်လေးခုကိုသာထည့်သွင်းဖော်ပြထားသော်လည်း လက်နက် ကိုင်များ၏လက်တုံ့ပြန်မှုကိုကြောက်ရွံ့သဖြင့် မှတ်တမ်းပြုစုခြင်းမရှိသည့်ဖြစ်ရပ်များလည်းရှိပါ သည်။
- ၂၀၂၁ ခုနှစ်၊ ဇွန်လိုင်လမှ ဒီဇင်ဘာလအထိ ဘိတ်-ထားဝယ်နှင့် ဒူးပလာခရိုင်တို့တွင် SACနှင့် BGFတို့မှ ကျူးလွန်သည့် ခိုးယူလုယက်ခြင်းနှင့်ပတ်သက်သည့်အစီရင်ခံစာများကိုလည်း KHRGမှလက်ခံရရှိခဲ့ပါသည်။ KHRG၏မှတ်တမ်းပြုစုချက်အရ SACနှင့် BGFတပ်သားများသည် ရွာသားများမိမိတို့၏နေအိမ်မှထွက်ပြေး တိမ်းရှောင်နေရစဥ် ရွာသားများ၏ပစ္စည်းဥစ္စာများဖြစ်သည့် အိုးခွက်ပန်းကန်၊ လျှပ်စစ်ပစ္စည်း၊ အစားအစာနှင့် အိမ်မွေးတိရိစ္ဆာန်များကိုခိုးယူရန် ရွာသားများ၏အိမ်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခဲ့ကြပါသည်။ ဖြစ်ရပ် တစ်ခုတွင် ဒေသခံဆေးပေးခန်းတစ်လုံးဖျက်ဆီးခံရပြီး ဆေးဖက်ဆိုင်ရာပစ္စည်းများကို သယ်ဆောင်သွားခဲ့ကြ ပါသည်။ လုယက်ခြင်းဖြစ်ရပ်များသည် SACနှင့် BGFတပ်သားတို့မှ တစ်ရွာမှတစ်ရွာသွားလာချိန်တွင် ဖြစ်ပွား လေ့ရှိပါသည်။
- မြေမြှုပ်မိုင်းများကို အရပ်သားများနေထိုင်သည့်နေရာတွင် ထောင်ထားခြင်း၊ သယ်ယူပို့ဆောင်ရေးလမ်း ကြောင်းနှင့် အဆောက်အဦးအနီးတွင်ထောင်ထားခြင်းအပြင် ရွာသားများ၏ အသက်မွေးဝမ်းကျောင်းပြုရာနေရာများတွင်ထောင်ထားကြပါသည်။ ထို့ကြောင့် မြေမြှုပ်မိုင်းများပျံ့နှံ့တည်ရှိနေခြင်းနှင့် မြေမြှုပ်မိုင်းအသစ်ထောင်ခြင်းတို့သည့် ကြီးမားသည့်ပြဿနာအဖြစ်ဆက်လက်တည်ရှိနေပါသည်။ ရွာသားများအနေဖြင့် ၎င်းတို့၏နေရာဒေသတွင် မြေမြှုပ်မိုင်းများပျံ့နှံ့တည်ရှိနေခြင်းကို မကြာခဏဆိုသလိုသတိမူမိခြင်းမရှိကြ
ပါ။ - ၂၀၂၁ ခုနှစ်၊ ဇွန်လိုင်လမှစ၍ ယခင်ကူးစက်ခံရခြင်းမကြုံခဲ့ရသည့် KHRG လှုပ်ရှားရာကျေးလက်ဒေသများ တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုအသစ်နှင့် ကြုံတွေ့ခဲ့ကြရပါသည်။ ထို့ကြောင့် COVID-19ရောဂါနှင့် ဆက်နွယ်သည့်သေဆုံးမှုများ ပိုမိုများပြားလာခဲ့ပါသည်။ ရောဂါကူးစက်ပျံ့နှံမှုကိုကာကွယ်ရန်အတွက် ခရီးသွားလာရေးကန့်သတ်မှုများအပါအဝင် စည်းမျဉ်းစည်းကမ်းများအားချမှတ်ခဲ့ပါသည်။ ရွာသားအများစု သည် ရောဂါပိုးစစ်ဆေးကုသရန်လိုအပ်သည့်ပစ္စည်းကိရိယာများလုံလောက်မှုမရှိခြင်း၊ အထူးသဖြင့် နေရပ် ရွေ့ပြောင်းနေရသည့်အခြေအနေအတွင်း ရောဂါပိုးကူးစက်ပျံ့နှံ့မှုကိုကိုင်တွယ်ရာတွင် စိန်ခေါ်မှုများဖြင့်ရင် ဆိုင်ကြရကြောင်း KHRG၏သတင်းမှတ်တမ်းပြုစုသူများမှတွေ့ရှိခဲ့ပါသည်။ ဤအစီရင်ခံစာပြုစုချိန်ကာလ တစ်လျောက် ကျေးလက်ဒေသတွင်နေထိုင်သောရွာသားများသည် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်မှုမရှိခြင်းသည် ပြဿနာတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပါသည်။
“SACစစ်သားတွေရဲ့ရန်ကနေ ရွာသားတွေထွက်ပြေးတိမ်းရှောင်တဲ့အချိန်မှာ ကိုရိုနာရောဂါပိုးကို ကြောက်ဖို့တောင်မေ့နေကြတယ်။ သူတို့တွေက SAC စစ်သားတွေကိုပဲကြောက်ကြတယ်။”
(ဒူးပလာခရိုင်၊ နို့တကောမြို့နယ်ရှိ ရွာသားတစ်ဦး)
- ဤအစီရင်ခံစာပြုစုချိန်ကာလအတွင်း ကျောင်းသူကျောင်သားများသည် လုံလောက်သည့်ကျောင်းပညာရေး ကိုရရှိရန်အတွက် ကြိုးစာရုန်းကန်ကြရပါသည်။ အစိုးရကျောင်းများအား ဇွန်လတွင်ပြန်လည်ဖွင့်လှစ်ရန် ရည်ရွယ်ခဲ့သော်လည်း နှစ်ဆုံးပိုင်းအထိ ကျောင်းများမှာဆက်လက်ပိတ်ထားခဲ့ရပါသည်။ ကျောင်းများအား ပြန်လည်ဖွင့်လှစ်သောအချိန်၌ပင်လျင် စစ်ရေးလှုပ်ရှားမှုနှင့် SAC လက်အောက်တွင်ရှိသောကျောင်းများမှာ မလုံခြုံမှုဆက်လက်ဖြစ်ပေါ်နေသဖြင့် မိဘများမှာ ၎င်းတို့၏ကလေးများကိုပြန်လည်ကျောင်းထားရန်အတွက် စိုးရိမ်မကင်းဖြစ်နေကြပါသည်။ ဤကဲ့သို့သောအခြေအနေသည် ဆက်လက်ဖွင့်လှစ်နေဆဲဖြစ်သော ကရင် ပညာရေးနှင့်ယဥ်ကျေးမှုဌာန (KECD)အတွက် ဖိအားဖြစ်စေပါသည်။ SACဖွင့်လှစ်သောကျောင်းများမှ ပြောင်းရွှေ့လာသော ကျောင်းသားဦးရေပို၍များလာသောကြောင့် KECDကျောင်းများအနေဖြင့်ကျောင်း၏ အဆောက်အဦးနေရာထိုင်ခင်းမလုံလောက်ခြင်းဖြင့် ရုန်းကန်နေကြရသည်။
- KHRGလှုပ်ရှားရာဒေသအတွင်း ပဋိပက္ခနှင့် အခြားသော စစ်ရေးလှုပ်ရှားမှုများပြားလာခြင်းသည် ရွာသားများ ဆက်လက်အသက်မွေးဝမ်းကျောင်းပြုရန်အတွက် ကြီးမားသည့်သက်ရောက်မှုကို ဖြစ်စေပါသည်။ တိုက်ပွဲ၊ ပစ်ခတ်မှုနှင့် မြေမြှုပ်မိုင်းပေါက်ကွဲမှုအန္တရာယ်သည် ရွာသားများခရီးသွားလာရန်အခက်အခဲဖြစ်စေပြီး အနီးအနားရှိလယ်ယာစိုက်ခင်းများတွင်ပါ သွားလာရန်အတွက်ပါအတားဆီးဖြစ်စေပါသည်။ ရွာသားများ သည် ပဋိပက္ခများနှင့်ဆက်လက်ဖြစ်ပွားနေသောစစ်ရေးလှုပ်ရှားမှုများကြောင့် ၎င်းတို့၏နေရပ်မှ ဆက်လက် ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပါသည်။ ထို့အပြင် နှစ်ဦးပိုင်းတွင် နေရပ်ရွေ့ပြောင်းခဲ့ကြရသောရွာသား များမှာလည်း နောက်ထပ်နေရပ်ရွေ့ပြောင်းခြင်းကို ရင်ဆိုင်နေရပါသည်။
“ကျတော်တို့တွေ ငြိမ်းငြိမ်းချမ်းချမ်းပဲနေချင်တယ်။ ဒါပေမဲ့ SAC ကကျတော်တို့ကိုအနိုင်ကျင့်တော့ စိတ်မကောင်းဘူး။ ကျတော်တို့ဘာလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာလည်း မသိတော့ဘူး။ ကျတော်တို့ကို သူတို့ကြိုက်သလို ဆက်ဆံတယ်။ ကျတော်တို့က SAC စစ်သားတွေကို ဒီမှာရှိမနေ စေချင်တော့ဘူး၊ ဒါမှ ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရမှာ။ အခုတော့ ကျတော်တို့ကြောက်နေရတယ်။ သူတို့ ကိုကြောက်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။ အခု ကျတော်တို့ဘယ်ကိုမှသွားလို့မရတော့ဘူး။ သူတို့တွေ ကလူအများကြီးသတ်မှာကို ကျတော်တို့တွေစိုးရိမ်နေရတယ်။”
(ဒူးသထူခရိုင်၊ ပေါင်မြို့နယ်မှ ရွာသားတစ်ဦး)
အကြံပြုချက်များ
- အိမ်နီးချင်းနိုင်ငံများအနေဖြင့် နိုင်ငံ့အကြီးအကဲမဟုတ်သူများနှင့် ဒေသတွင်းဝန်ဆောင်မှုပေးသူများမှတစ် ဆင့် နယ်စပ်မှပေးပို့သောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများတရားဝင်ပေးနိုင်ရန်အတွက် ခွင့်ပြုရမည်ဖြစ်သည်။
- ကုလသမဂ္ဂ (UN)၊ အလှူရှင်များနှင့် အခြားနိုင်ငံတကာကြီးကြပ်ဆောင်ရွက်သူများအနေဖြင့် မြေပြင်တွင် လှုပ်ရှားဆောင်ရွက်နေသော CSOs၊ CBOs၊ တိုင်းရင်းသားများ၏ကျန်းမာရေးနှင့် အကူအညီပေးသူများ၏ တရားဝင်မှုကို ထောက်ပံ့တိုးမြှင့်ပေးရပါမည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည်သာလျင် သက်ရောက်မှုခံရသောသူများ၏ လိုအပ်ချက်များကိုနားလည်ပြီး ထိုသူများနှင့်တိုက်ရိုက်ဝင်ရောက်ထိတွေ့နိုင်သောကြောင့်ဖြစ်ပါသည်။
- မြန်မာစစ်တပ်အပေါ် ကမ္ဘာလုံးဆိုင်ရာလက်နက်ရောင်းချမှုပိတ်ဆို့မှုကိုအကောင်အထည်ဖော်ရမည်။
- စစ်ရေး မပျံသန်းရဇုန် (“No Fly Zones”) ကိုထူထောင်ပြီး ပြဌါန်းရန်လိုအပ်ပါသည်။ မြန်မာစစ်တပ်ကို လေကြောင်းလောင်စာဆီထောက်ပံ့ပေးခြင်းအပေါ် ပိတ်ဆို့အရေးယူမှုများချမှတ်ရမည်ဖြစ်သည်။ “မြန်မာစစ် လေယာဉ်တွေမပျံသန်းနိုင်ရင် သူတို့တွေဗုံးကြဲလို့မရဘူး။”
- မြန်မာနိုင်ငံတွင်ဖြစ်စေ၊ နယ်စပ်တစ်လျှောက်တွင်ဖြစ်စေ အရပ်သားများအတွက်ဘေးကင်းရေးဇုန်များ တည်ဆောက်ရန်လိုအပ်ပြီး အရပ်သားဘေးကင်းရေးဇုန်များကို နိုင်ငံတကာအနေဖြင့် လုံခြုံရေးအာမခံချက် ပေးရမည်ဖြစ်သည်။
- မြန်မာနိုင်ငံရှိ UN အေဂျင်စီများသည် မြေပြင်အခြေအနေများကိုတုံ့ပြန်ရာတွင် ရှင်းလင်းပြတ်သားပြီး ခိုင်မာသောရပ်တည်ချက်ရှိရမည်။ ထို့အပြင် SAC မှကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အခြားချိုး ဖောက်မှုများကို ကန့်သတ်နိုင်ရန်အတွက် အရင်းအမြစ်အားလုံးကို အသုံးပြုရမည်။