Fri, 28 May 2021
ခလယ်လွီထူခရိုင်နောက်ဆုံးရဒေသတွင်းအစီရင်ခံစာ: လယ်ဒိုမြို့နယ်တွင် စစ်ရေးလှုပ်ရှားမှုများ၊ တပ်မတော်နှင့် KNLA တို့အကြား တိုက်ပွဲများ များပြားလာခြင်းကြောင့် ပြည်တွင်းနေရပ်ရွေ့ပြောင်းနေထိုင်ရသူများ (ID Ps)မှ မိမိတို့၏နေအိမ်သို့ပြန်နေထိုင်ရန် အတားအဆီးဖြစ်စေခြင

ဤနောက်ဆုံးရဒေသတွင်းအစီရင်ခံစာတွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်မှ မေလ ၄ ရက်နေ့အတွင်း ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်တွင်း ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်များကို ဖော်ပြထားပါသည်။ ဧပြီလအ စောပိုင်းကာလမှစ၍ လယ်ဒိုမြို့နယ်ရှိတပ်မတော်သည် လယ်ဒိုမြို့မှမူသယ်ဒေသအား ဆက်သွယ်ထားသည့်စစ်လမ်းမ မှတစ်ဆင့်မူတြော်ခရိုင်သို့ ၎င်းတို့၏စစ်သားဦးရေများကို ပိုမိုပို့ဆောင်ခဲ့သည့်အတွက် KNLA၊ KNDO တို့နှင့်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများ၊ တပ်မတော်စစ်သားများ၏ဆက်လက်လှုပ်ရှားသွားလာမှုများနှင့်ဒေသတွင်းလေယာဉ်များ ဖြင့်လှည့်လည်ထောက်လှမ်းခြင်းများကြောင့် ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသည့်ဒေသခံများ (IDPs) သည် မိမိတို့၏ ရပ်ရွာများတွင် ပြန်လည်နေထိုင်ရန်ကြောက်ရွံ့နေကြသည်။ လက်ရှိအချိန်တွင် ၎င်းတို့သည် လယ်ယာများတွင် အလုပ်မလုပ်နိုင်သဖြင့် နောင်တွင်အသက်မွေးဝမ်းကျောင်းပြဿနာများနှင့်ရင်ဆိုင်ရနိုင်သည်။[1]

 

လယ်ဒိုမြို့နယ် 

၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှစ၍ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဒေဘူနိ့ုကျေးရွာသို့ လေကြောင်း ဖြင့်တိုက်ခိုက်ပြီးသည့်နောက်ပိုင်း တပ်မတော်၏ဂျက်လေယာဉ်များနှင့် ဒရုန်များသည် ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ခဲဒဲကျေးရွာအုပ်စုထဲတွင် (ထောက်လှမ်းရေးပြုလုပ်ရန်မစ်ရှင်ဟုယူဆ ရသည်) ပုံမှန်ပျံသန်း လျှက်ရှိနေသည်။ ထိုကဲ့သို့ထောက်လှမ်းမှုများမှာလည်း ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင်ဖြစ်ပွားခဲ့သည်။ ယခုအချိန်တွင် ဒေသခံ IDPs များ (တပ်မတော်စစ်သားများ၏ တိုက်ပွဲများနှင့်ရမ်းသန်းပစ်ခတ်မှုများကြောင့် IDPsများ)နှင့် ရွာသားများသည် ဒေဘူနို့ကျေးရွာကဲ့သို့ လေကြောင်းဖြင့်တိုက်ခိုက်မှုများ ဆက်လက်ပြု လုပ်မည်ကိုကြောက်ရွံ့နေကြပါသည်။ 

ဧပြီလအစောပိုင်းကာလကတည်းကပင် လယ်ဒိုစခန်းတွင်အခြေစိုက်သည့်တပ်မတော်မှ စစ်သားများ၊ စစ်အ သုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများကို မူတြော်ခရိုင်သို့ ပိုမိုပို့ဆောင်ခဲ့ကြသည်။ ဤစစ်သားများ သည် များသောအားဖြင့် ခြေကျင်ဖြင့် လယ်ဒိုနှင့်မူသယ်ဒေသရှိ စစ်လမ်းမအား အသုံးပြုသွားလာကြသည်။ KHRG သတင်းကောက်ခံသူတစ်ဦး၏တင်ပြချက်အရ ၎င်းတို့သည် (KNU ထိန်းချုပ်နယ်မြေ) မူတြော်ခရိုင်ရှိ ရှေ့တန်းစခန်းများဆီသို့ ဦးတည်သွားကြပုံရသည်။ တပ်မတော်မှ ၂၇၀ ဦးခန့်ရှိသည့် (တပ်မတစ်တပ်လုံး စာရှိမည်ဟု ဒေသခံများ၏ခန့်မှန်းသည်) စစ်သားများနှင့် မြင်း ၁၄၀ ကောင်ဖြင့် မူတြော်ခရိုင်သို့ စစ်အသုံးအ ဆောင်ပစ္စည်းများ၊ စားနပ်ရိက္ခာနှင့်လက်နက်ခဲယမ်းများအား သယ်ဆောင်ခဲ့ကြသည်။ (KHRG မှ ထိုစစ်သား များသည် ၎င်းတို့၏တပ်စခန်းများမှ မည်သည့်အချိန်တွင် ထွက်ခွါခဲ့သည်ကို အတိအကျမရရှိခဲ့ပါ)။ 

၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ လယ်ဒိုမြို့နယ်၊ ခဲဒဲကျေးရွာအုပ်စု၊ တကောဒဲကျေးရွာအနီး၊ ပွါဂကျိုးဒေသ၌ တပ်မတော်စစ်သား များအား တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုသည် ငါးမိနစ်ခန့်မျှသာ ကြာခဲ့သည်။ တိုက်ခိုက်မှုဖြစ်ပွား စဉ်အတွင်း တပ်မတော်မှ အနီးအနားရှိရွာများထံသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်။ တိုက်ပွဲများ၊ လမ်းနက်ကြီးရမ်းသန်းပစ်ခတ်မှုများ နှင့် လေကြောင်းတိုက်ခိုက်မှုများကို ကြောက်ရွံ့ကြသဖြင့် ဒေသခံများ ရွာသားများအနေုဖြင့် တောထဲသို့ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးဖြစ်သောကြောင့် ကျေးရွာအတွင်း မည်သူတစ်ဦး တစ်ယောက်မျှ ထိခိုက်ဒဏ်ရာမရရှိခဲ့ပေ။ သို့သော် တိုက်ခိုက်မှုများနှင့်ပစ်ခတ်မှုများသည် IDPs နေထိုင် သည့်ဒေသများတွင် လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများအား ဖြစ်ပေါ်စေသည်။ ရွာသား များထံမှရရှိခဲ့သည့် သတင်းအချက်အလက်များအရ၊ ထိခိုက်မှုနှင့်သေကြေမှုများမရှိခဲ့သော်လည်း၊ တိုက်ပွဲ ဖြစ်ပွားခဲ့စဉ်အတွင်း တပ်မတော်၏မြင်းများအသတ်ခံခဲ့ရသည်။ 

လယ်ဒိုမြို့နယ်အတွင်း တပ်မတော်စစ်သားများ၏ သွားလာလှုပ်ရှားမှုများကြောင့် တပ်မတော်နှင့် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) တို့အကြား ထိတွေ့တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် လယ်ဒိုမြို့နယ်၊ ခဲဒဲကျေးရွာအုပ်စု၊ အီးသာပလောနေရာတွင် တပ်မတော် နှင့် KNDO စစ်သားများအကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ခဲဒဲကျေးရွာအုပ်စု ခဲဒဲကျေးရွာတွင်နေထိုင်သည့် IDPs များမှ သေနတ်သံများကိုကြားခဲ့ရသည့်အပြင် လက်နက်ကြီးပေါက်ကွဲသံများကိုလည်း ကြားခဲ့ရသည်။ တိုက်ခိုက်မှုများသည် စစ်ပြေးရှောင်သည့်နေထိုင်သည့်နေရာသို့ မရောက်ရှိခဲ့သည့်အတွက် IDPs များမှထိ ခိုက်ဒဏ်ရာမရရှိခဲ့ပေ။ ရွာသားများမှ တိုက်ခိုက်မှုအတွင်း (KNDO သို့မဟုတ် တပ်မတော်စစ်သားများမှ) ထိခိုက်ဒဏ်ရာရရှိ ရှိမရှိကို မသိကြပါ။ 

လယ်ဒိုမြို့နယ်ရှိ IDPs များအနေဖြင့် ဒေသတွင်းတပ်မတော်စစ်သားများ၏လှုပ်ရှားသွားလာမှုများ၊ ဂျက်လေ ယာဉ်နှင့်ဒရုန်းများဖြင့် ပျံသန်းထောက်လှမ်းမှုများ၊ တပ်မတော်စစ်သားများနှင့် KNLA/KNDO တို့အကြား တိုက်ခိုက်မှုပိုမိုများ ပိုမိုများပြားလာသည့်အတွက် ၎င်းတို့၏နေအိမ်များသို့ မပြန်နိုင်သေးပေ။ နှစ်စဉ်နှစ်တိုင်း  ရွာသားများမှဇွန်လနှင့်ဇူလိုင်လ စပါးစိုက်ရာသီမတိုင်မီ စပါးစိုက်ပျိုးရန်အတွက် လယ်ယာများအား ခုတ်ထွင် လင်းလင်းမှုပြုလုပ်ပြင်ဆင်နေကြပြီးဖြစ်သည်။ သို့သော် ယခုအချိန်တွင် ၎င်းတို့သည် တောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရသောကြောင့် ၎င်းတို့၏လယ်ယာများထဲတွင် အလုပ်မလုပ်နိုင်ကြပေ။ ဤအ ခြေအနေကြောင့် ရွာသားများသည်လက်ရှိနှင့် အနာဂတ်စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေကြရသည်။ 

Fri, 28 May 2021

Footnotes: 

[2] ဤအစီရင်ခံစာသည် ၂၀၂၁ ခုနှစ် မေလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်