Fri, 06 Nov 2020
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအပေါ် ထုတ်ပြန်ချက်

      

နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံမှ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစည်သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ ဤ ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး စိုးရိမ်စရာများကို မြန်မာ ပြည်အရှေ့တောင်ပိုင်းနှင့် မြန်မာတစ်နိုင်ငံလုံးတွင်တွေ့ရှိရပါသည်။ ရွေးကောက်ပွဲကာလအားလေ့လာသုံးသပ် ရာတွင် KHRG မှ  မြန်မာနိုင်ငံ၏ရွေးကောက်ပွဲသည် လွတ်လပ်၍ မျှတပြီး ယုံကြည်လက်ခံနိုင်မှုအတွက်အဟန့် အတားဖြစ်စေသောအချက်များစွာကိုတွေ့ရှိရသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားများအား ဥပေပြုခွင့်အာဏာရှိသူများအဖြစ် အလိုလိုနေရာပေးထားခြင်းသည် မျှတသောကိုယ်စားပြုမှုကို ချိုး‌ဖောက်နေ ခြင်းဖြစ်ပါသည်။

ဒီမိုကရေစီစစ်မှန်သောလူ့အသိုင်းအဝိုင်းတွင် ပြည်သူလူထုမှရွေးကောက်ပွဲဆိုင်ရာ ရွေးချယ်မဲပေးမှုများအပေါ် ဆုံး ဖြတ်နိုင်ရန်အတွက် သတင်းများကိုလွပ်လပ်စွာ လက်လှမ်းမှီနိုင်ရမည်ဖြစ်သည်။ သို့သော်လည်း မြန်မာအစိုးရမှ သတင်းမီဒီယာနှင့် လူထုအဖွဲ့အစည်းအချို့၏အင်တာနက်စာမျက်နှာများကို ပိတ်ပစ်ခဲ့သည်။ ထို့အပြင်ရွေး ကောက်ပွဲအဆင့်ဆင့်တွင် အရေးကြီးလှသော သတင်းလွပ်လပ်ခွင့်ကို အစိုးရမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် ရေး ဆောင်ရွက်ချက်များကို အကြောင်းပြုကာ သတင်းသမားများ၏လုပ်ပိုင်ခွင့်ကိုကန့်သတ်ခဲ့သည်။

ပြည်ထောင်စု ‌ရွေးကောက်ပွဲကော်မရှင် (UEC) ၏ ပွင့်လင်းမြင်သာမှု နည်းပါးခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်စရာများ လည်းရှိပါသည်။ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအား စီမံခန့်ခွဲရန် တာဝန်ယူထားသော ရွေးကောက်ပွဲ ကော်မရှင်မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးရွာအုပ်စု ၅၃ စုအပါအဝင် နိုင်ငံတဝန်းရှိ တိုင်းရင်းသားများ အဓိ ကနေထိုင်သောမဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ထိုဒေ သများမှ ပြည်သူများသည် ရွေးကောက်ပွဲတွင်ပါဝင်မဲပေးနိုင်မည် မဟုတ်ပါ။ ထို့အပြင် မြန်မာနိုင်ငံတွင်ရှိသောလွပ် လပ်သော ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သော ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအ ဖွဲ့ (PACE) ၏ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခွင့်ကို UEC မှ ကနဦးပိုင်းတွင်ငြင်းဆန်ခဲ့သည်။ ဤ ကဲ့သို့သော ပွင့်လင်းမြင်သာမှုမရှိခြင်းများသည် ဤရွေးကောက်ပွဲတွင် အနိုင်ရရှိသူများ၏ တရားနည်းလမ်းကျမှုကို သံသယ ရှိစရာဖြစ်လာနိုင်သည်။ ထိုမျှမက နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲမဲဆွယ်ဆွေးနွေးမှုပြုလုပ်ပြီး မြေယာအခွင့် အရေးနှင့် ရွေးကောက်ပွဲပြောင်းလဲမှုကဲ့သို့သော အရေးကြီးသည့်ပြဿနာများကို နိုင်ငံပိုင်မီဒီယာများပေါ်တွင် ဆွေးနွေးသောအခါ UEC ၏ဆင်ဆာဖြတ်ခြင်းကိုခံခဲ့ရသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့မှ ဤရွေးကောက်ပွဲ၏တရားနည်းလမ်းကျမှုကို မေးခွန်းထုတ်ပြီး အခွင့်အရေးပိတ်ပင်မှု များနှင့် နိုင်ငံရေးနှုတ်ပိတ်မှုများဖြစ်ပွားနေပါက မြန်မာအစိုးရမှချက်ချင်းကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းအပ်ပါ သည်။ မြန်မာပြည်သူအားလုံး နိုင်ငံရေးပူးပေါင်းပါဝင်ခွင့်အာမခံချက်ရှိရမည်။ ဖက်ဒရယ်ပြည်‌ထောင်စုတွင် စစ် မှန်သောဒီမိုကရေစီစနစ်ဖြစ်စေရန် တပ်မတော်သားများဥပဒေပြုခွင့်အာဏာအတွက် နေရာယူထားမှုများကို ချက် ချင်း ပယ်ဖျက်ပစ်ရမည်။ ဤကဲ့သို့သောပြုပြင်ပြောင်းလဲမှုများကို မပြုလုပ်ခြင်းကြောင့် KHRG သည် အခြားသော လူထုအဖွဲ့အစည်း လှုပ်ရှားသူများနှင့်အတူရပ်တည်ပြီး ဤရွေးကောက်ပွဲကို ရှုတ်ချသွားမည်ဖြစ်ပါသည်။

ဆက်သွယ်ရန်
စောနန္ဒဆူး - +95(0) 977 675 3790
နော်ထူးထူး - +66 (0) 87-205-1856

Fri, 06 Nov 2020

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်