Fri, 06 Mar 2020
မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ: ဒွယ်လိုးမြို့နယ်တွင် တပ်မတော်စစ်သားများမှ ရွာသားနှစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်၊ ၂၀၂ဝခုနှစ်၊ ဇန်နဝါရီလ

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင်  မူတြော်ခရိုင် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စု၊ အ---ကျေးရွာတွင် တပ်မတော်စစ်သားများမှ ရွာသားနှစ်ဦးအား ၎င်းတို့ အသုဘသွားပို့စဉ်တွင် ပစ်ခတ်ခဲ့ပါသည်။ ထိုပစ်ခတ်မှုသည် ၂၀၂ဝခုနှစ်၊ ဇန်နဝါရီလ ၂ရက်နေ့တွင် ဖြစ်ပွားခဲ့ပါသည်။ ထိုကဲ့သို့ သေနတ်ဖြင့် ထိမှန်သည့် ပြင်းထန်သော ဒဏ်ရာကြောင့် ၎င်းတို့နှစ်ဦးလုံး ဆေးရုံတက်ခဲ့ရပါသည်။ တပ်မတော်မှ ၎င်းတို့လိုအပ်သည့် အထောက် အပံ့နင့် လျော်ကြေးငွေတို့ကို ပေးဆောင်ခြင်းလည်းမရှိခဲ့ပေ။[1] 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

တပ်မတော်မှ ရွာသားနှစ်ဦးအား သေနတ်ဖြင့်ပစ်ခဲ့ခြင်းကြောင့် ပြင်းထန်သော ဒဏ်ရာရရှိ

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂ဝ ခုနှစ်၊ ဇန်နဝါရီလ ၂ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စု၊ အ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စော ဘ--- စော စ---

အသက်

၆၃ 

၆၀

ကျား/မ

ကျား ကျား

လူမျိုး

ကရင် ကရင်

မိသားစုရှိ/မရှိ

ရှိ

ရှိ

အလုပ်အကိုင်

လယ်

လယ်

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

ရွာသား

နေရပ် ရွာအမည်

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စု၊ အ---ကျေးရွာ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စု၊ အ---ကျေးရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

နောင်ထွန်း

ဗိုလ်မှူး

အမှတ် (၈) စစ်ကွပ်ကဲအခြေစိုက်၊ ခြေမြန်တပ်ရင်း အမှတ် (၄၀၈)

မောလိုကလိုးစစ်တပ်စခန်း၊ ကမာမိုး အမှတ် (၁) စစ်ကွပ်ကဲအခြေစိုက် တပ်စခန်း

ဒုဗိုလ်မှူးကြီး အောင်နိုင်ထွန်း၊ ဗိုလ်မှူးကြီး အောင်အောင်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း အမှတ် (၁၀၂) တပ်ခွဲအမှတ် (၃) တပ်ခွဲမှုး စော ဒ---သည် ကရင်လူ့အခွင့်အရေးအဖွဲ့ဝန်ထမ်းတစ်ဦးအား ဆက်သွယ်ခဲ့ပြီး မနက်ပိုင်းဖြစ်ပွားခဲ့သည့် မှုခင်းအား အသိပေးခဲ့ပါသည်။ KHRG ဝန်ထမ်းမှ သေနတ်ဖြင့်ပစ်ခံရသော စောဘ--- နှင့်စောစ--- နှစ်ဦး ကို ၂၀၂ဝခုနှစ်၊ ဇန်နဝါရီလ ၆ရက်နေ့တွင် မေးမြန်းမှုပြုလုပ်ခဲ့ပါသည်။ အ--- ကျေးရွာတွင် နေထိုင်သော စောယ---နှင့် နော်ဖ---တို့ကိုလည်း မေးမြန်းမှုပြုလုပ်ခဲ့ပါသည်။ ၎င်းတို့သည် မည်သည့် တပ်မတော် တပ်ရင်းနှင့် စစ်တိုင်းမှ တပ်သားများ အဆိုပါ ရွာသားနှစ်ဦးအားပစ်ခဲ့ကြောင်း မသိကြပါ။ KHRG ဝန်ထမ်းမှ အခင်းဖြစ်စဉ် ကူညီဆောင်ရွက်ပေးသည့် အ---ကျေးရွာလူကြီး စောဂ--- ကိုလည်း မေးမြန်းခဲ့ပါသည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) မှ ဝန်ထမ်းတစ်ဦးကိုလည်း ဖုန်းဖြင့် မေးမြန်းမှုပြုလုပ်ခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

စောဘ---နှင့်စောစ--- တို့သည် ဤဖြစ်ရပ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါသည်။ မှုခင်းဖြစ်ပွားပြီးနောက် JMC မှ ဝန်ထမ်းတစ်ဦးဖြစ်သော စောဟ---အား ရွာသားများမှ ဖုန်းဖြင့်ခေါ်ဆိုခဲ့ပြီး ၎င်းမှ သေနတ်ဖြင့် ထိမှန် သော ရွာသားနှစ်ဦးအား အကူအညီပေးခဲ့သည်။ ရွာလူကြီး စောဂ---သည်လည်း သေနတ်ဖြင့် ထိမှန်သော ရွာသားနှစ်ဦးကို ကူညီပေးခဲ့သည်။ စောဒ---သည် KNLA တပ်ရင်းအမှတ် (၃) တပ်ရင်းမှုးဖြစ်ပြီး တပ်မ တော်နှင့် ပစ်ခတ်မှုမနက်ပိုင်းတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါသည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂ရက်နေ့ မနက် ၁ဝနာရီတွင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စု၊ အ--- ကျေးရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း အမှတ် (၁၀၂)၊ တပ်ခွဲ အမှတ် (၃)နှင့် တပ်မတော်ခြေမြန်တပ်ရင်း အမှတ် (၄၀၈) တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။ တပ်မတော် တပ်ရင်းအမှတ် (၁၀၂) မှ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွင်းသို့ သတ်မှတ် ထားသည် ၅၀ ကိုက်ကျော်လွန်ကာ ကျူးကျော်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ တပ်မတော်စစ် သားများမှ KNU သတ်မှတ်ထားသော ထိန်းချုပ်နယ်မြေတွင်း လက်နက်များဖြင့် ကျူးကျော်ဝင် ရောက်ရာတွင် ကျေးရွာလူကြီးအား ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိကြောင်း မေးခွန်းဖြေဆိုသူမှ ပြောပြခဲ့ပါသည်။ ၎င်းတို့မှ ဤကဲ့သို့ တိုက်ပွဲဖြစ်ပွားရခြင်းသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA) ကတိကဝတ်ကို ချိုးဖောက်ခြင်းဖြစ်သောကြောင့်ဖြစ်ကြောင်း ပြောခဲ့သည်။ 

 

တိုက်ပွဲဖြစ်ပွားပြီး နေ့လည် ၁နာရီခန့်တွင် တပ်မတော်တပ်သားများမှ အသုဘ ပို့ရာတွင် လိုက်ပါသွားသည့် စောဘ--- နှင့် စောစ--- နှစ်ဦးကို သေနတ်ဖြင့် ပစ်ခဲ့သည်။ ထိုပစ်ခတ်မှုတွင် စော ဘ--- သည် လည်ပင်းရိုးကြားနှင့် ခန္ဓာကိုယ်ကိုဘေးဖက်တွင် တစ်ချက်စီထိမှန်ခဲ့သည်။ စောစ--- သည် ၎င်း၏လည်ပင်းရိုးကြား ကိုထိမှန်ခဲ့ပြီး ၎င်း၏နောက်ကျောဖက်ထိ ပေါက်ထွက်သွားခဲ့ပါသည်။ တပ်မတော်တပ်သားများဖက်မှ အသု ဘလိုက်ပို့သောရွာသားများကို တမင်တကာပစ်ခတ်ခဲ့သည်။ ၎င်းတို့ထဲမှ အများစုသည် ထွက်ပြေးလွတ် မြောက်နိုင်ခဲ့ကြပါသည်။ 

 

အဆိုပါအပစ်ခံရသူနှစ်ဦးနှင့် မေးခွန်းဖြေဆိုသော ရွာသားများ၏ ပြောပြချက်အရ တပ်မတော်တပ်သားများ ကို အသုဘသွားပို့ရန်ကြိုတင်အသိပေး အကြောင်းကြားခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့အားပစ်ခတ်မှုသည် NCA နှင့် ကရင့်ရိုးရာဓလေ့ကျင့်သုံးမှုတို့အား ချိုးဖောက်ကျူးလွန်ခြင်းဖြစ်ပါသည်။ 

 

အခြားသော ရွာသားများသည် သေနတ်ဖြင့်ထိမှန်ဒဏ်ရာသော ရွာသားနှစ်ဦးကိုချက်ချင်းကူညီပေးခဲ့ကြပြီး ညနေဖက်တွင် ဆေးရုံသို့ပို့ဆောင်ခဲ့ကြပါသည်။ JMC ဝန်ထမ်း စောဟ--- ကိုယ်တိုင် ဒဏ်ရာရရှိသော ရွာသားနှစ်ဦးအား လာရောက်ကူညီပေးခဲ့ပြီး ကမာမိုးဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါသည်။ ၎င်းတို့ရရှိသော ဒဏ်ရာသည် ပြင်းထန်လွန်းသဖြင့် စောဟ---မှ ကားငှားပေး၍ ဘားအံဆေးရုံသို့ပို့ဆောင်ခဲ့ပါသည်။ 

 

ထိုသေနတ်ထိမှန်ဒဏ်ရရှိသည့် ရွာသားနှစ်ဦးမ ၎င်းတို့အား ပစ်ခတ်သည့် တပ်မတော် စစ််သားများ သည် မည်သည့် တပ်မတော်တပ်ရင်းနှင့် စစ်တိုင်းမှလာကြောင်း မသိခဲ့ကြပါ။ နောက်ပိုင်း၌ KNLA တပ်ခွဲအမှတ် (၃) တပ်ခွဲမှုးနှင့် စောဟ--- တို့အား မေးမြန်းခဲ့ပါသည်။ ၎င်းတို့နှစ်ဦးမှ တပ်မတော်တပ်ရင်းမှုး အောင်နိုင်ထွန်းသည် ကျော်ကလိုး (ဖွဲဝါးမူအရှေ့ပိုင်း) သို့သွားခဲ့ကြောင်းပြောပြခဲ့ပြီး ထိုပစ်ခတ်မှုကို ဒုတပ်ရင်းမှုး နောင်ထွန်းမှ တာဝန်ယူဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့ပါသည်။

 

သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့သူနှစ်ဦး၏ ပြောပြချက်အရ တပ်မတော်မှ ၎င်းတို့အား ဆေးဝါးကုသမှုအတွက် ထောက်ပံ့ပေးခြင်းနှင့် လျော်ကြေးပေးခြင်းလည်းမရှိပေ။ စောဟ---သည် ဒဏ်ရာရရှိသည့် ရွာသားနှစ်ဦးအား လမ်းစရိတ်အတွက် တစ်ဦးလျင် ၅၀၀၀၀ ကျပ်စီ ပေးခဲ့ပါသည်။ ကမာမိုးအုပ်ချုပ်ရေးမှုးမှ ၎င်းတို့တစ်ဦးချင်းစီအား ၅၀၀၀၀ ကျပ်စီပေးခဲ့ပါသည်။ ကမာမိုးဆေးရုံရှိ သူနာပြုတစ်ဦးမှ ၎င်းတို့နှစ်ဦးအား ၅၀၀၀၀ ကျပ်စီပေးခဲ့သည်။ ၎င်းတို့အား ထောက်ပံ့ပေးသည့် ငွေကြေးအထောက်အပံ့သည် ဆေးဝါကုသမှုခံယူရန်အတွက်လုံလောက်မှုမရှိသဖြင့် အခြားသောရွာသားများထံမှ ငွေချေးယူကြရပါသည်။ ဆေးဝါးကုသမှု အတွက် ဆေးရုံတွင် ပြန်ပြကြရပြီး ဆေးဝါးကုသမှု ကုန်ကျစရိတ်မည်မျှထပ်၍ ကုန်ကျမည်ကို မသိရှိကြပါ။

 

ဤကဲ့သို့သောလူ့အခွင့်အရေးချိုးဖောက်မှုအတွက် မိမိတို့ကိုယ်ကို ကာကွယ်ရန် ကျေးလက်ဒေသတွင် မည်သည့်တုန့်ပြန်မှုနည်းဗျူဟာမှ မရှိပါ။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

စောဘ---သည် ၎င်းမှ ပေးသောသတင်းအချက်အလက်များကို အသုံးပြုရန်အတွက် ခွင့်ပြုချက်ပေးခဲ့ပါသည်။ အကယ်၍ တစ်ဦးတစ်ယောက်မှ လမ်းစရိတ်စိုက်ပေးမည်ဆိုပါက စောဘ---သည် တရားရုံး တွင်သက်သေအဖြစ် လိုက်ပါထွက်ဆိုပေးမည်ဖြစ်သည်။ စောစ---သည် ၎င်းမှ ပေးသောသတင်း အချက်အလက်များကို အသုံးပြုရန်အတွက်လည်း ခွင့်ပြုချက်ပေးခဲ့ပါသည်။ ဤသတင်းအချက်အလက် များကို အသုံးပြု ဖြန့်ဝေနိုင်ပါသည်။

Fri, 06 Mar 2020

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂ဝခုနှစ်၊ ဖေဖော်ဝါရီလတွင် ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့် အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးသော ကွင်းမှလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေး အနေနှင့်ဆင်ဆာဖျက်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်းရေးသားထားသော အချက်အလက်များသည် KHRG ဝန်ထမ်းမှ ရှင်းပြမှုများထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်