Mon, 11 Nov 2019
ညောင်လေးပင်ခရိုင် မှုခင်းဆိုင်ရာမှတ်တမ်းလွှာ : ကျောက်ကြီးမြို့နယ်ရှိ မြန်မာပြည် ရဲအရာရှိတစ်ဦးမှ သက်ငယ်မုဒိန်းမှုအား ကျူးလွန်ခဲ့ခြင်း၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင်  ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့တွင် မြန်မာပြည်ရဲသားတစ်ဦးမှ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့ရှိ ရဲစခန်းအတွင်း တွင် လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်ခဲ့သည်။ သူမ၏မိခင်မှ ဤဖြစ်ပျက်မှုအား တာဝန်ရှိရဲအရာရှိများထံသို့ တင်ပြခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သူအား ဖမ်းဆီးခဲ့သည်။ ဤပြစ်မှုအား ဆွေးနွေးလျှက်ရှိပေမဲ့ ကျူးလွန်ခံခဲ့ရသော မိဘများထံသို့ မည်သည့်အကြောင်းအရာမှ အသိပေးခြင်းမရှိကြောင်းနှင့် ၎င်းတို့မှ ကရင်အမျိုးသားအစည်းအရုံးထံသို့ တင်ပြသွား မည်ဟု စီစဉ်ခဲ့ပါသည်။ ကျူးလွန်ခံခဲ့ရသူမှာ ဖြစ်ပျက်သွားသည့် အကြောင်းအရာကြောင့် ရှက်ကြောက်ပြီး ကျောင်း မတက်တော့ပေ။[1] 

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

သက်ငယ်မုဒိန်းမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်၀---

အသက်

၁၅ နှစ်

ကျား/မ

လူမျိုး

ကရင်

မိသားစုရှိ/မရှိ

မရှိ

အလုပ်အကိုင်

ကျောင်းသူ

နေရပ် ရွာအမည်

ကျောက်ကြီးမြို့

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်‌‌ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိအမည်

မောင်အာကာဖြိုး

ရဲသား

ကျောက်ကြီးရဲစခန်း

ကျောက်ကြီးမြို့

စောရှီးရှို

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကျူးလွန်ခံရသူ၏ မိခင်မှ အာဏာပိုင်များထံသို့ မှုခင်းအား တင်ပြနိုင်ရန်အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့ ကွင်းဆင်းလုပ်သားတစ်ဦးအား အကူအညီဆက်သွယ် တောင်းခံခဲ့သည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းပေးခဲ့သူ၏ သမီးမှ ဤအဖြစ်အပျက်ကို ကိုယ်တိုင် တွေ့ကြုံခဲ့ရသည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် နော်ဝ---၊ အသက် ၁၅ နှစ်အရွယ်ရှိ ကျောင်းသူတစ်ဦးမှ အသက် ၂၇ နှစ်အရွယ်ရှိသော ရဲအရာရှိအာကာဖြိုး၏ လိင်ပိုင်းဆိုင်ရာ အဓမ္မပြု ကျင့်ခြင်းကို ကျောက်ကြီးရဲစခန်းတွင် ခံခဲ့ရသည်။ ထိုအချိန်တွင် ပြစ်မှုကျူးလွန်သူနှင့် ကျူးလွန်ခံခဲ့ရသူ တို့မှာ ၂ နှစ်နီးပါး သိကျွမ်းဝင်ခဲ့ကြပြီးဖြစ်သည်။ ဤပြစ်မှုကျူးလွန်သူအား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ကုန်ခါနီးတွင် တောင်ငူရဲစခန်းသို့ လွှဲပြောင်းရန် အစီအစဉ်ရှိခဲ့ပါသည်။ ဤမှုခင်းအားတင်ပြချိန်တွင် ကျူးလွန်ခြင်းခံခဲ့ရသူမှာ ကျောင်းမသွားတော့ပေ။ အဘယ့်ကြောင့်ဆိုသော် သူမသည် ဖြစ်ပျက်သွားသည့် မှုခင်းကြောင့် ကျောင်းသွားရန် ရှက်ကြောက်နေခြင်းဖြစ်သည်။  သူမသည် ဤမှုခင်းကြောင့် စိတ်ဒါဏ်ရာ ရခဲ့ပြီး သူမကိုယ်ကို သတ်သေမည့်အတွေးများရှိသည့်အတွက် သူမ၏မိဘများက သူမအား အကြံပေး ပုဂ္ဂိုလ်နှင့် တွေ့ဆုံရန် လိုလားသည်။  

 

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ ည ၉ နာရီခွဲအချိန်လောက်တွင် ကိုတ--- နှင့် ဆရာစောမ---တို့သည် နော်ဝ---အား ကျောင်းဝတ်စုံဖြင့် ကျောက်ကြီးမြို့အလယ်ရှိ တံတားတွင်တွေ့ခဲ့သည်။ သူမမည်သို့သွား မည်ကို မေးလိုက်သောအခါ သူမက ရဲစခန်းမှာ သူ့အကိုကို သွားတွေ့မည်ဟု ဖြေခဲ့သည်။ ကျူးလွန်ခြင်း ခံခဲ့ရသူ နော်ဝ---၏မိခင်က သူမ၏သမီးအား ထိုရဲသားမှ ရဲစခန်းမှာသွားတွေ့ဖို့ လှည့်ဖြားသွေးဆောင် ခဲ့သည်ဟု ယုံကြည်သည်။ ထိုနောက် ၎င်းတို့နှစ်ယောက်မှ ရဲစခန်းဂိတ်ပေါက်သို့ သူမအား လိုက်ပို့ခဲ့ သော်လည်း ၎င်းတို့သည် အခြေအနေအား သံသယဝင်ခဲ့သည်။ ၎င်းတို့သည် ဒေသခံ ပညာရေးဝန်ကြီး ဦးခင်မောင်ထွေးကို သွားခေါ်ခဲ့ပြီး ၎င်းတို့တွေ့မြင်ခဲ့သည့်အရာအား ရှင်းပြခဲ့သည်။ အချိန်အနည်းငယ်ကြာ သောအခါ ၎င်းတို့သည် ရဲစခန်းထဲသို့ဝင်ရောက်ခဲ့ပြီး တာဝန်ရှိရဲအရာရှိများအား ၎င်းတို့၏ စိုးရိမ်မှုများကို ပြောပြခဲ့သည်။ ထိုအရာရှိများမှ ရဲစခန်းအတွင်းရှိ အခန်းများအား ရှာဖွေခဲ့ပြီး နောက်ဆုံးမှာ အခန်းတစ်ခန်းတွင် အာကာဖြိုးနှင့် နော်ဝ--- တို့မှာ မသင့်လျော်သော အဝတ်အစားပုံစံမျိုးနှင့်  တွေ့မြင်ခဲ့ ကြသည်။ ထိုအဖြစ်အပျက်အား ရဲအရာရှိ ငါးဦး၊ ခြောက်ဦးအပါ လူရှစ်ဦးကနေ ကိုးဦးလောက်မှ မြင်တွေ့ ခဲ့သည်။ 

 

နော်ဝ---မှ ဤမှုခင်းအား မည်သူတစ်ဦးတစ်ယောက်နှင့်မျှ မဆွေးနွေးတိုင်ပင်ခဲ့ပေ။ နောက်တစ်နေ့တွင် ကျူးလွန်ခံခဲ့ရသူ၏အဒေါ် ဒေါ်န---မှ ဤမှုခင်းအကြောင်းအရာကို စျေးထဲရှိ တစ်ယောက်ယောက်ဆီမှ တစ်ဆင့် ကြားသိခဲ့ပြီးနောက် ကျူးလွန်ခံခဲ့ရသူ၏မိခင်အား ပြောကြားခဲ့သည်။ "ကျွန်မသမီးကို  အဲဒီမှုခင်း အကြောင်း မေးကြည့်တဲ့အခါမှာ၊ သူပြောခဲ့တာက အာကာဖြိုးက အခန်းထဲမှာ သူမကို တစ်ခါ အဓမ္မပြုကျင့် ခဲ့တယ်လို့ပြောတယ်" ဟု ကျူးလွန်ခံခဲ့ရသူမှ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံခဲ့ရကြောင်းကို ၎င်း၏မိခင်အား ပြောပြခဲ့သည်။ နောက်တစ်နေ့နံနက်တွင် ကျူးလွန်ခံခဲ့ရသူ၏မိခင်နှင့် အဒေါ်တို့မှ ကျောက်ကြီးရဲစခန်းသို့ သွားရောက်ခဲ့သည်။ ရဲမေ မဟ---မှ ကျူးလွန်ခံခဲ့ရသူမှာ မနေ့ညတွင် ရဲစခန်းမှာ ရှိကြောင်းအတည်ပြုခဲ့ပြီး သူမတွေ့မြင်ခဲ့သည့်အရာများကို ထုတ်ဖော်ပြောပြခဲ့သည်။ 

 

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ကျောက်ကြီးရဲအရာရှိမှ တောင်ငူမြို့သို့သွားရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သူအား ဖမ်းဆီးခဲ့သည်။ တစ်ရက်တည်းမှာပင် နှစ်ဖက်၏အဖွဲ့များနှင့် နှစ်ဦးနှစ်ဖက်၏မိဘ များအပါအဝင် ဆွေးနွေးတိုင်ပင်ခဲ့ပြီး ၎င်းတို့နှစ်ဖက်စလုံးမှ လက်ထပ်ထိမ်းမြားရန် သဘောမတူညီခဲ့ပေ။ ပြစ်မှုကျူးလွန်ခဲ့သူ၏ မိဘများမှ ဤမှုခင်းအား လျော်ကြေးငွေပေးခြင်းဖြင့် ဤအမှုအား ကြေအေးချင်ခဲ့ သော်လည်း ကျူးလွန်ခံခဲ့ရသူ၏မိဘများမှာ တရားစီရင်မှုဖြင့် ဖြေရှင်းရန် လိုလားခဲ့ပြီး အမှုကို ကျောက်ကြီး ရဲစခန်းသို့ တင်ပြခဲ့သည်။ "ကျွန်မ ဒီအမှုကို ရဲတွေဆီ တင်ပြတာက ကျွန်မသမီးက ငယ်လည်းငယ်တယ် ပြီးရင်ကျောင်းသူလည်းဖြစ်တယ်။ ဥပဒေကို လေးစားလိုက်နာဖို့ သေသေချာချာသိတဲ့သူတစ်ယောက်က သူမကို အတင်းအဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်။ အဲ့အတွက်ကြောင့် ကျွန်မဒီအမှုကို တာဝန်ယူဆောင်ရွက်ပေး စေချင်တယ်" ဟု ကျူးလွန်ခံခဲ့ရသူ၏မိခင်မှ ဤသို့ပြောခဲ့သည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက် နေ့တွင် ပြစ်မှုကျူးလွန်ခဲ့သူမှ နော်ဝ---အား အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်းကို ဝန်ခံခဲ့သည်။ 

 

ကရင်လူ့အခွင့်အရေးအဖွဲ့၏ ကွင်းဆင်းလုပ်သားများ ပြောကြားချက်အရ ဤဖြစ်ပျက်မှုအား ရေးသားချိန် တွင် တရားစီရင်မှုနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြောကြားခဲ့ခြင်းမရှိကြောင်းသိရှိခဲ့ရသည်။ ကျူးလွန်ခံခဲ့ရသော မိဘများဘက်မှ ပြစ်မှုကျူးလွန်ခဲ့သူမှာ အဖမ်းခံရခြင်းရှိမရှိကို မသိခဲ့ပေ။ ထို့ကြောင့် ၎င်းတို့မှ ဤအမှုအား ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တာဝန်ရှိများထံသို့တင်ပြမည်ဟု စီစဉ် ခဲ့သည်။ 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ကျူးလွန်ခံခဲ့ရသူ၏ မိခင်မှ ဤအကြောင်းအရာအား အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့ပါသည်။ 

Mon, 11 Nov 2019

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးသော ကွင်းမှလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ညောင်လေးပင်ခရိုင်ရှိ ဒေသခံ တစ်ဦးမှဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအနေနှင့် စင်စာဖျက်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်းရေးသားထားသော အချက်အလက်များသည် KHRG ဝန်ထမ်းမှ ရှင်းပြမှုများထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်