Mon, 30 Sep 2019
ဖာပွန် မှုခင်းဆိုင်ရာမှတ်တမ်းလွှာ : နယ်ခြားစောင့်တပ် တပ်ကြပ်တစ်ဦးမှ ဒွယ်လိုးမြို့နယ်တွင် ကလေးတစ်ဦးအား ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့ (၂၀၁၉ခုနှစ်၊ မေလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင်  ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဝ---ရပ်ကွက်အနီးတွင် ၂၀၁၉ခုနှစ်၊ မေလ၊ ရရက် နေ့၌ အသက်၁၆နှစ်အရွယ်ရှိ ကိုရင်လေးတစ်ပါးအား နယ်ခြားစောင့်တပ် (BGF) တပ်ကြပ်တစ်ဦးမှ ရိုက်နှက်ခဲ့သည့် အတွက် ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပါသည်။ သို့ဖြစ်သောကြောင့် အရိုက်ခံရသည့်ကိုရင်လေးအား ကမမောင်းရှိ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သုံးရက်တာဆေးကုသမှုခံယူခဲ့ရပါသည်။ ထို့ပြင် နယ်ခြားစောင့်တပ်မှ တပ်ကြပ်သည် ကိုရင် လေး လိုက်ပါစီးလာသောကားကို သိမ်းယူခဲ့ပါသည်။ ထိုရိုက်နှက်ခံရသောကိုရင်လေးသည် မည်သည့်လျော်ကြေးငွေမျှ မရရှိပါ။ ဒေသခံများကလည်း ထိုအဖြစ်အပျက်ကို တင်ပြရန်အတွက်အလွန်ကြောက်ရွံ့ခဲ့ကြပါသည်။[1]

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပိုင်ဆိုင်မှုအားသိမ်းယူခြင်

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၁၉ ခုနှစ်၊ မေလ၊ ရရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စု၊ ဝ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

အမည်မသိ 

အသက်

၁၆ နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ

မရှိ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

အဖွဲ့အစည်း

ဆ--- ဘုန်းကြီးကျောင်း

ရာထူးအဆင့် 

ရှင်သာမဏေ (ကိုရင်လေး)

နေရပ် ရွာအမည်

စ--- ကျေးရွာ

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်‌ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

စောမိုးဟိန်း

တပ်ကြပ်

BGF တပ်ရင်းအမှတ် (၁၀၁၄)

ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စု၊ တံတားဦးကျေးရွာ

BGF တပ်ရင်းမှုး ဗိုလ်စောမောင်ချစ်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

 ကမမောင်းမြို့ရှိ ဒေသခံတစ်ဦးမှ ဤသတင်းအချက်အလက်များအား ပေးခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤအချက်အလက်များအားပေးခဲ့သူသည် ဖြစ်စဉ်ကိုမြင်တွေ့ခဲ့သည့်ဆွေမျိုးတစ်ဦးထံမှ ရရှိခဲ့ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

ဤလူ့အခွင့်အရေးချိုးဖောက်မှုသည် ၂၀၁၉ခုနှစ်၊ မေလ၊ ရရက်နေ့တွင် ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စု၊ ဝ---ကျေးရွာ အနီးတွင်ဖြစ်ပျက်ခဲ့ပါသည်။ အသက်၁၆နှစ်အရွယ်ရှိ ကိုရင်လေးတစ်ပါးသည် အခြားသောကို်ရင်လေးနှစ်ပါး၊ ကပ္ပိယတစ်ဦးနှင့် ဘုန်းတော်ကြီးကျောင်းကားမောင်း သူတစ် ဦးနှင့်အတူ ကမမောင်းမြို့သို့ ကားဖြင့်ခရီးသွားခဲ့ပါသည်။ ညနေ ၃းဝ၀ နာရီအချိန်၌ BGF အမှတ် (၁၀၁၄)  တပ်ကြပ်စောမိုးဟိန်းမှ ဝ---ကျေးရွာနှင့် စ---ကျေးရွာတို့ဆက်သွယ်ထားသည့် ကားလမ်းမတွင်ရှိသော ၎င်းတို့၏စစ်ဆေးရေးဂိတ်တွင် အဆိုပါကိုရင်လေးတို့ စီးနှင်လာသောကားအား ရပ်တားခဲ့ပါသည်။ 

 

တပ်ကြပ်စောမိုးဟိန်းမှ အသက်၁၆နှစ်အရွယ်ရှိ ကိုရင်လေး၏ဦးခေါင်းအား ၎င်း၏သေနတ်နှင့် ရိုက်ခဲ့သဖြင့် အဆိုပါကိုရင်လေးမှာ ဦးခေါင်းကွဲသွားခဲ့ပါသည်။ တပ်ကြပ်မှ ကိုရင်လေးသည် ၎င်း၏သေနတ်အား လုယူ သောကြောင့် သူ့အားရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့ပါသည်။ စောမိုးဟိန်းသည် ကိုရင်လေးတို့ စီးနှင်လာသောကားအားသိမ်းယူခဲ့ပြီး ၎င်းတို့၏ BGF စစ်ကားအဖြစ် အသုံးပြုခဲ့ပါသည်။ 

 

ကမမောင်းပြည်သူ့ဆေးရုံသို့ ထိုဒဏ်ရာရရှိသောကိုရင်လေးအား ဒေသခံရွာသားများမှ ပို့ဆောင်ခဲ့ကြပြီး ဆေးရုံ၌ သုံးရက်တာဆေးကုသမှုခံယူခဲ့ရပါသည်။ ဆေးကုသမှုကုန်ကျစရိတ်များအား BGF နှင့်အခြား မည် သည့်အဖွဲ့အစည်းကမျှ ကူညီထောက်ပံ့ပေးခြင်းမရှိခဲ့ပါ။ ဆေးရုံအနီးတွင်နေထိုင်ကြသောရွာသားများမှ အစားအစာများအား ကိုရင်လေးဆေးရုံ၌ဆေးကုသမှုခံယူစဉ်တွင် ကူညီထောက်ပံ့ပေးခဲ့ကြပါသည်။ ဒေသ ခံရွာသားများသည် ဤအဖြစ်အပျက်အားဖွင့်ပြောတင်ပြရန်အတွက် အလွန်ပင်ကြောက်ရွံ့ကြပါသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါပြစ်မှုကျူးလွန်သူသည် BGF တပ်ကြပ်တစ်ဦးဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ကရင်လူ့အခွင့်အရေးဖွဲ့မှ လုံခြုံရေးအခြေအနေများကြောင့် ကျူးလွန်ခြင်းခံရသူအား မချဉ်းကပ်နိုင်ခဲ့ပါ။ လုံခြုံရေးအခြေအနေအရ သတင်းပေးသူ၏နာမည်၊ အသက်၊ ကျား၊မနှင့် နေထိုင်ရာနေရာများကို ဆင်ဆာ ပြုလုပ်ထားပါသည်။

Mon, 30 Sep 2019

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၁၉ခုနှစ်၊ ဇူလှိုင်တွင် ရရှိသောအကြောင်းအရာ၌ အခြေပြုထားပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးသော ကွင်းထဲမှ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖာပွန်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံ ရေးအရ ဆင်ဆာဖျက်ထားပါသည်။ ကွင်းစ၊ကွင်းပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG ဝန်ထမ်းမှ ရှင်းပြမှုများထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်