Sat, 21 Sep 2019
မြိတ်-ထားဝယ် မှုခင်းဆိုင်ရာမှတ်တမ်းလွှာ : ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ တွင် လေညာဘုတ်ပြင်းအထူးဒေသအတွင်း ဖြစ်ပျက်ခဲ့သော လိင်ပိုင်း ဆိုင်ရာ အဓမ္မပြုကျင့်မှု

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် လေညာဘုတ်ပြင်းအထူးဒေသရှိ ဉာဏ်ရည်မမှီသောအမျိုးသမီးတစ်ဦးအား သူမ၏ အကိုဖြစ်သူမှ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခဲ့ပါသည်။ ထိုကဲ့သို့ အဓမ္မပြုကျင့်ခံရပြီးသည့်နောက် သူမကိုယ်ဝန်ရရှိခဲ့ပြီး ယခုအချိန်တွင် သူမ၌ တစ်နှစ်ကျော်အရွယ်ကလေးတစ်ဦးရှိနေပြီးဖြစ်ပါသည်။ ဤအဖြစ်အပျက်အား ရပ်ရွာ အရာရှိများကိုအသိပေးပြီးသော်လည်း ပြစ်မှုကျူးလွန်သူအပေါ် အရေးယူပေးမှု တစ်စုံတစ်ခုမှ မရှိသေးပါ။[1]

 

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

အ--- ရွာ၊ လေညာဘုတ်ပြင်းအထူးဒေသ၊ မြိတ်-ထားဝယ်ခရိုင်

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်၀---

အသက်

၂၂ နှစ်

ကျား/မ

လူမျိုး

ကရင်

မိသားစုရှိ/မရှိ

မရှိ၊ ကလေးတစ်ယောက်

နေရပ် ရွာအမည်

အ---

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

အလုပ်အကိုင်

နေရပ်ရွာအမည်

စောမ---

မသိ

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကရင်လူ့အခွင့်အရေးအဖွဲ့မှ သတင်းမှတ်တမ်းပြုစုသူသည် ပြစ်မှုကျူးလွန်ခံရသူနှင့် တွေ့ဆုံပြီးမေးမြန်းခဲ့ခြင်းပြုလုပ်ခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

သတင်းအချက်အလက်ပေးသူကိုယ်တိုင်သည် ဤအဖြစ်အပျက်ကို ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ဉာဏ်ရည်မမှီသော အမျိုးသမီး နော် ဝ--- အား အကိုအရင်းဖြစ်သူ စော မ--- မှ လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်ခဲ့ပါသည်။ ညီမဖြစ်သူအား အဓမ္မပြုကျင့်ပြီးနောက် ပြစ်မှုကျူးလွန်သူသည် မြိတ်မြို့သို့ထွက်ပြေးပြီး ၎င်းသည် ကေအဲန်ယူရုံးမှုးတစ်ဦးအဖြစ် လေညာဘုတ်ပြင်းအထူးဒေသရုံးတွင် လက်ရှိတာဝန်ထမ်းဆောင်နေပါသည်။ ပြစ်မှုကျူးလွန်ခံရသောသူ၏ ဆွေမျိုးများသည် ဒေသခံအမျိုးသမီး အဖွဲ့အစည်းထံသို့ တိုင်ကြားပြီး ရပ်ရွာအရာရှိများမှလည်း ဤအကြောင်းအရာကိုသိသော်လည်း ပြစ်မှုကျူး လွန်သူအပေါ်အရေးယူပေးမှု တစ်စုံတစ်ခုမျှမရှိပါ။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ဒေသခံအာဏာရှိ များမှ ဤအမှုအား စုံစမ်းစစ်ဆေးပေးခြင်း မပြုလုပ်ခဲ့ရသေးပါ။

 

ပြစ်မှုကျူးလွန်ခံရသူ အိမ်၌ရှိချိန်တွင် ဤလိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှု ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပါသည်။ သူမ သည် ဖြစ်ပျက်မှုအသေးစိတ်တို့အား ဤကဲ့သို့ ပြောပြခဲ့ပါသည်။ "ကျွန်မအိမ်မှာတစ်ယောက်တည်း ပုခက် မှာ ထိုင်ပြီးအနားယူချိန်မှာပဲ သူကျွန်မဆီလာပြီး ကျွန်မဘာလုပ်နေတာလဲ လို့လာမေးတယ်။ ကျွန်မမော တယ်လို့ သူ့ကိုပြန်ဖြေပြီးတဲ့ အချိန်မှာပဲ သူကျွန်မအနားကိုလာကပ်တယ်။ ပထမဆုံး ကျွန်မသူ့အနမ်းကို လက်ခံနိုင်မလား လို့မေးတော့ ကျွန်မလက်မခံနိုင်ဘူးလို့ ပြန်ပြောတယ်။ အဲ့အချိန်မှာပဲကျွန်မကို တင်းနေအောင်ချုပ်ကိုငထားတယ်။ ကျွန်မကိုလွတ်ပေးပါလို့ပြောလည်း သူမလွတ်ဘူး။ အဲဒါကြောင့် ကျွန်မက စိတ်တိုပြီး သူ့လက်ကိုကိုက်လိုက်တယ်။ ကျွန်မရဲ့အထင် သူ့ကိုကိုက်လိုက်တာအရမ်း နာသွားလို့ သူက ကျမရင်သား ကိုဆွဲပြီးညစ်တယ်။ သူကျွန်မကို အဓမ္မပြုကျင့်ပြီးသွားမှပဲ ကျွန်မကိုလွတ်ပေးခဲ့တယ်။"

 

သူမသည် အဓမ္မပြုကျင့်ခံခဲ့ရသောကြောင့် ကိုယ်ဝန်ရရှိခဲ့ပြီး လက်ရှိ တစ်နှစ်အရွယ်ကလေးတစ်ဦး ရှိနေပြီ ဖြစ်ပါသည်။ သူမမ "အစက ကျွန်မအစားအသောက်ပျက်ခဲ့ပေမယ့်  ကျွန်မကိုယ်ဝန်ရှိမှန်းမသိခဲ့ဘူး။ ကျွန်မ မြို့ကိုတက်သွားပြီး ဘာဖြစ်တာလဲသွားစစ်ကြည့်တော့ ကျန်းမာရေးသူနာပြုက ကျွန်မရဲ့ဆီးကိုစစ်ပြီး ကျမမှာ ကိုယ်ဝန်ရှိနေပြီလို့ပြောတယ်။ အဲ့အခါကျမှ ကျွန်မကိုယ်ဝန်ရှိမှန်းသိလိုက်ရတယ်။ ကျွန်မ [၂၀၁၈] ခုနှစ်၊ ဧပြီလတုန်းက တက်သွားတယ်။ ဒါပေမဲ့ အဲ့ဒီမှာ ဘယ်လောက် ကြာကြာနေခဲ့တာလဲကိုတော့ မမှတ်မိတော့ဘူး။ အမှန်တော့ ကျွန်မ ကိုယ်ဝန်ရှိမှန်း သိပြီးတဲ့နောက်မှာ မြို့မှာပဲကျွန်မနေရတယ်။"

 

ပြစ်မှုကျူးလွန်သူမှ ၂၀၁၇ ခုနှစ်တွင်လည်း နေရာနှစ်ရပ်တွင် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံခဲ့ရသည်ဟုလည်း ပြောကြားခဲ့ပါသည်။ သူမ နေ့ရက်အချိန် အသေးစိတ်ကိုမမှတ်မိသော်လည်း ယခုကဲ့သို့ပြောပြခဲ့ပါသည်။ "ကျွန်မကို အိမ်မှာနှစ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး ဂ---ရွာမှာတစ်ကြိမ် (သူမ၏အခြားအိမ်တစ်လုံး တည်ရှိရာရွာ) ပြုကျင့်ခဲ့ပါတယ်။" ဤအမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်ပေးခြင်း ရှိမရှိကို ခံစားရသောသူမှ မသိရှိပါ။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအချက်အလက်ကို ပြစ်မှုကျူးလွန်ခံရသူမှ ကရင်လူ့အခွင့်အရေးအဖွဲ့အား အသုံးပြုရန် ခွင့်ပြု ခဲ့ပါသည်။

Sat, 21 Sep 2019

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၁၉ ခုနှစ်၊ မေလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေး အဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးသော ကွင်းမှလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား မြိတ်-ထားဝယ်ရှိ ဒေသခံ တစ်ဦးမှဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအနေနှင့် စင်စာဖျက်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်းရေးသားထားသော အချက်အလက်များသည် KHRG ဝန်ထမ်းမှ ရှင်းပြမှုများထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်