နိဒါန်း
မြေသိမ်းဆည်းခံရသောသူတစ်ဦးမှ “ကျွန်တော်ရဲ့စိုက်ခင်းထဲကိုသွားတဲ့အချိန်တိုင်း တပ်မတော်က ‘တပ်ပိုင်မြေ၊ မကျူးကျော်ရ’ ဆိုတဲ့ ဆိုင်းဘုတ်ကြီးထောင်ထားတာကိုတွေ့နေရတယ်။ ကျွန်တော် အရမ်းစိတ်ထိခိုက်တယ်။ တပ်မတော်ကနေပြီး ကျွန်တော့်ရဲ့မြေယာကို အပြီးအပိုင်သိမ်းယူသွား မှာကိုစိုးရိမ်ပူပန်နေရတယ်။ ကျွန်တော့်တို့ကြိုးစားခဲ့သမျှအရာတွေအားလုံး အချည်းနှီးဖြစ်သွားမှာ ကိုကြောက်တယ်။ ကျွန်တော်တို့ရဲ့ဘဝတွေလည်း ကြေကွဲစရာတွေဖြစ်ကုန်လိမ့်မယ်။ ဘာဖြစ်လို့ လည်းဆိုတော့ စားဝတ်နေရေးအတွက် ကျွန်တော်တို့စိုက်ပျိုးလုပ်ကိုင်တဲ့မြောယာကို ဘဲမှီခိုနေရ တယ်လေ။”
ဒေသခံတိုင်းရင်းသားလူမျိုးများနေထိုင်ကြသည့် မြန်မာပြည်ရှိနယ်စပ်ဒေသများတွင် အချိန်ကာလကြာမြင့်စွာဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မြေယာသိမ်းဆည်းမှုနှင့် လူ့အခွင့်အ ရေးချိုးဖောက်မှုများအား ဆယ်စုနှစ်များစွာကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပါသည်။ မြန်မာ့တပ်မတော်နှင့်တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် အတင်းအဓမ္မမြေယာသိမ်းဆည်းမှုအတော်များများတွင် ပါဝင်ကျူးလွန်သူများဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းကိုမှီခိုအားထားရသောလူဦးရေ (၇၀) ရာခိုင်နှုန်း ရှိသည့်နိုင်ငံတွင် မြေယာသိမ်းဆည်းမှုသည် ဒေသခံတိုင်းရင်းသားလူမျိုးစုများ၏စားဝတ်နေရေးနှင့် ဘဝရှင်သန်ှရေးအပေါ် ဆိုးရွားသည့်ရေရှည်အကျိုးသက်ရောက်မှုများဖြစ်စေပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပုဂွလိကကုမ္ပဏီများမှ သိမ်းဆည်းခဲ့သည့် မြေယာဧက စုစုပေါင်းကို မသိရသော်လည်း ခန့်မှန်းခြေအားဖြင့် ဧကပေါင်း သိန်းသန်းဂဏန်းအထိ ရှိနေပါသည်။[1] အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီမှ ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပုဂွလိကကုမ္ပဏီများ မှသိမ်းဆည်းခဲ့သည့် မြေယာဧကပေါင်း (၂) သန်းကျော်ရှိသည်ဟုဆိုထားပါသည်။[2] စစ်တပ်မှသိမ်း ဆည်းထားသည့်မြေယာဧကများမည်မျှရှိသည်ကိုသိရှိရန်အလွန်ခက်ခဲပါသည်။ အဘယ်ကြောင့်ဆို သော် သိမ်းဆည်းခံရသောပြည်သူများအနေဖြင့် မြေယာသိမ်းဆည်းမှုကိစ္စရပ်များကို တင်ပြရာတွင် မြေယာသိမ်းယူသည့်စစ်တပ်မှ ၎င်းတို့အား တစ်စုံတစ်ရာလက်တုံ့ပြန်လိမ့်မည်ကို ကြောက်ရွံ့နေရ သောကြောင့်ဖြစ်ပါသည်။
၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်နှင့်အတူ ပဋိပက္ခဖြစ်ပွား သည့်နေရာတော်တော်များများမှ ငြိမ်သက်မှုရှိလာချိန်တွင် ဒေသခံများသည်လက်နက်ကိုင်တပ်ဖွဲ့ များမှသိမ်းယူခဲ့သည့်မြေယာများကို ၎င်းတို့အားပြန်လည်ပေးအပ်မည်ဟုထင်ခဲ့ကြပါသည်။ သို့ သော်ဒေသခံများမျှော်လင့်ထားသည့်အတိုင်းဖြစ်မလာခဲ့ပေ။ ၂၀၁၆ခုနှစ်၊ မတ်လ၌ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှအာဏာရရှိလာချိန်တွင် ‘လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှု များပြန်လည်စိစစ်ရေးကော်မတီ’ ကိုဖွဲ့စည်းခဲ့ပြီး ခြောက်လအတွင်းမြေယာသိမ်းဆည်းမှုနှင့်ပတ် သက်သည့်ကိစ္စများအားလုံး ဖြေရှင်းပေးမည်ဟုတရားဝင်ကြေညာခဲ့ပါသည်။ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ မြေယာပြဿနာများအား ဖြေရှင်းပေးမည်ဟု အခိုင်အမာဆိုသော်လည်း ထောင်နှင့်ချီသော မြေယာသိမ်ဆည်းမှုကိစ္စရပ်များသည် မဖြေရှင်းရသေးပဲရှိနေပါသည်[3]။ ၂၀၁၈ခုနှစ်၊ ဇူလှိုင်လတွင် တပ်မတော်ဗိုလ်မှူးကြီးဇော်မင်း မှ “စစ်တပ်ကတော့ သိမ်းဆည်းထားတဲ့လယ်ယာမြေဧကတွေကို တတ်နိုင်သလောက် ပြန်ပေးနေ ပြီးဖြစ်တယ်”[4] ဟုပြောကြားခဲ့သည်။ သို့သော်လည်း စားဝတ်နေရေးအတွက်လယ်ယာမြေကို မှီခို နေရသောလယ်သမားများသည် အသက်မွေးဝမ်းကျောင်းစိန်ခေါ်မှုများအား ဆက်လက်၍ ရင်ဆိုင် နေကြရသလို ရာနှင့်ချီသောပြည်သူများသည်လည်း ၎င်းတို့၏ကျေးရွာများအနီးတွင် လက်နက်ကိုင် တပ်ဖွဲ့များ အခြေချနေထိုင်သည့်အတွက်ကြောင့် စိုးရိမ်ကြောင့်ကြစိတ်နှင့် အသက်ရှင်နေထိုင်နေ ရပါသည်။
လက်နက်ကိုင်များမှ သိမ်းယူထားသောလယ်ယာမြေများအား မြေယာပိုင်ရှင်များထံသို့ပြန်လည် ပေးအပ်ခြင်းသည် မြန်မာပြည်၏ ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့်ပြန်လည်သင့်မြတ်ရေးအား အကောင်အထည်ဖော်ရာတွင် မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါသည်။ သို့သော် တိုင်းရင်းသားလူ နည်းစုနေထိုင်သောဒေသများတွင် မြေယာပိုင်ဆိုင်မှုအခွင့်အရေးများအား ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရမည့်အစား မြန်မာအစိုးရလွှတ်တော်သည် မကြာမှီမှ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှုဥပဒေအား ပြန်လည်ပြင်ဆင်သည့်ဥပေဒေများကို အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ် သည်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှုဥပဒေအား ပြန်လည်ပြင်ဆင်သည့်ဥပဒေသည် ဓလေ့ ထုံးတမ်းအရ မြေယာအသုံးပြုမှုကိုကျင့်သုံးနေသည့် သန်းနှင့်ချီသည့်တောင်သူလယ်သမားများ အား ၎င်းတို့မြေယာပေါ်မှထွက်ခွာသွားစေသည့် အခြေအနေသို့တွန်းပို့စေပါသည်။
ဤအစီရင်ခံစာသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များမှ ကျူးလွန်သော မြေယာသိမ်းဆည်းမှုများအား အထူးလေ့လာသုံးသပ်ထားပါသည်။ ဤအစီရင်ခံစာ၏ ပထမပိုင်း တွင် မြေယာအခွင့်အရေးနှင့် စပ်လျဉ်း၍ မြေယာဥပဒေမူဘောင်အရ လက်နက်ကိုင်တပ်ဖွဲ့များမှ မြေယာသိမ်းယူမှုအား မည်သို့ကာကွယ်ပေးသည် သို့မဟုတ်ပံ့ပိုးပေးသည်ကို အကဲဖြတ်လေ့လာ သုံးသပ်နိုင်ရန်ဖြစ်ပါသည်။ ဒုတိယအပိုင်းတွင် ကရင်လူ့အခွင့်အရေးအဖွဲ့မှ မှတ်တမ်းပြုစုထားသော အစီရင်ခံစာ (၂၆) ခုအပေါ်အခြေခံ၍ မြေယာသိမ်းယူမှုအသွင်သဏ္ဍာန်တို့အား ခြုံငုံသုံးသပ်ထား သည်သာမကမြေယာသိမ်းဆည်းခြင်းကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသော လူ့အခွင့်အရေးချိုး ဖောက်မှုများအပါအဝင် နေရပ်ရွှေ့ပြောင်းနေထိုင်ကြသူများနှင့် လူမှုအသိုက်အဝန်းအပေါ် ဖြစ်ပေါ် လာသော ဆိုးကျိုးသက်ရောက်မှုများအား အလေးပေးဖော်ပြထားပါသည်။ နောက်ဆုံးအပိုင်းတွင် မြေယာသိမ်းယူခံရသည့် ဒေသခံများ၏ခံစားချက်နှင့် အမြင်သဘောထားများကို နားလည်သဘော ပေါက်စေရန် မြေယာသိမ်းဆည်းမှုနှင့်ပတ်သက်သည့် အမှု (၄) ခုအား အဖြစ်အပျက်များလေ့လာ ခြင်းအနေဖြင့်တင်ပြထားပြီး မြေယာသိမ်းယူခြင်းကြောင့် တိုင်းရင်းသားတို့၏ ထိခိုက်နစ်နာမှုပုံစံ အမျိုးမျိုးနှင့် ပျက်စီးဆုံးရှုံးမှုကြီးများကိုလည်း ဖော်ပြထားခြင်းဖြစ်ပါသည်။
အစီရင်ခံစာပြုစုပုံနည်းစနစ်
ဤအစီရင်ခံစာတွင် လက်နက်ကိုင်အဖွဲ့များမှ မြေယာပိုင်ဆိုင်မှုစာရွက်စာတမ်းများရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူ့အဖွဲ့အစည်း သို့မဟုတ် လူတစ်ဦးမှ မိရိုးဖလာအစဉ်အလာအရ အသုံးပြုသည့် မြေယာအားအဓမ္မသိမ်းယူခြင်းသည် စစ်တပ်၏မြေယာသိမ်းဆည်းမှုဖြစ်စဉ်အဖြစ် ကရင်လူ့အခွင့် အရေးအဖွဲ့မှ အနက်အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ အဆိုပါ ဤကဲ့သို့ကျယ်ကျယ်ပြန့်ပြန့် အနက်အဓိပ္ပါယ်ဖွင့်ဆိုရခြင်းမှာ မြန်မာပြည်အရှေ့တောင်ပိုင်းတွင်ဓလေ့ထုံးတမ်းအရမြေယာအသုံးပြုမှု ကျင့်သုံးခြင်းကြီးစိုးမှုအားအသိအမှတ်ပြုရန်နှင့် လက်နက်ကိုင်အဖွဲ့များမှ ပြည်သူလူထုများ၏မြေယာ များအားသိမ်းယူခြင်းကြောင့် ဖြစ်ပေါ်လာသောရေရှည်အကျိုးသက်ရောက်မှုများပေါ် တာဝန်ခံမှု ရှိစေရန်အတွက်ဖြစ်ပါသည်။ စစ်သားများတစ်ဦးချင်းအလိုက် ကျူးလွန်သောမြေယာသိမ်းဆည်း မှုနှင့်ပတ်သက်သည့်အစီရင်ခံများစွာကိုလည်း ကရင်လူ့အခွင့်အရေးအဖွဲ့မှလက်ခံရရှိထားပါသည်။ ဤကဲ့သို့သောမြေယာသိမ်းဆည်းမှုများသည် စစ်တပ်၏မြေယာသိမ်းဆည်းမှုအဖြစ် ဖော်ပြထားပါ သည်။ အဘယ်ကြောင့်ဆိုသော် မြေယာသိမ်းယူခံရသူများသည် စစ်သားများ၏ခြိမ်းခြောက်မှုများ ကိုခံရနိုင်သောကြောင့်ဖြစ်သည်။
ကရင်လူ့အခွင့်အရေးအဖွဲ့မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူ့အခွင့်အရေးအခြေအနေအား မှတ် တမ်းပြုစုရန်အတွက် ဒေသခံအဖွဲ့ဝင်များကိုလေ့ကျင့်သင်ကြားပေးပါသည်။ ကရင်လူ့အခွင့်အရေး အဖွဲ့မှ ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ်အထိ ဒေသအတွင်း မြေယာသိမ်းဆည်းမှုနှင့်ပတ်သက်သည့် အစီရင်ခံစာ (၉၁) စောင်အားလက်ခံရရှိခဲ့ပါသည်။ ဤအစီရင်ခံစာသည် မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်သည့်အစီရင်ခံစာ (၉၁) စောင်ထဲမှလက်နက်ကိုင်တပ်ဖွဲ့များမှကျူးလွန်သော မြေယာ သိမ်းဆည်းမှု ဖြစ်စဉ်(၂၆) ခုအပေါ်အခြေခံ၍ လေ့လာဆန်းစစ်မှုပြုလုပ်ထားသည့် အစီရင်ခံစာဖြစ်ပါသည်။
မြန်မာပြည်အရှေ့တောင်ပိုင်းတစ်လျှောက် ထိုကဲ့သို့သောဖြစ်ရပ်များ ဖြစ်ပျက်လျှက်ရှိနေသော်လည်း ၎င်းဒေသရှိလက်နက်ကိုင်စစ်သားများမှ ကျူးလွန်သောမြေယာသိမ်းဆည်းမှုသည် ပြည့်စုံမှု ရှိသည့် ခြုံငုံသုံးသပ်ချက်ခြင်းလုံးဝမဟုတ်ပါ။ လက်ခံရရှိသောအစီရင်ခံစာများနှင့် ဤအစီရင်ခံ စာတွင်ပါရှိသည့်အကြောင်းအရာများသည် ကြာရှည်စွာရှိနှင့်ခဲ့ပြီးသည်နှင့် အသစ်ဖြစ်သည့်အ ကြောင်းအရာများလည်းပါဝင်ပါသည်။ အကြောင်းအရာများတွင်ပါရှိသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများသည် လွန်ခဲ့သည့် ၁၉၅၄ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး နောက်ဆုံးဖြစ်ပွားသည့်လူ့အခွင့် အရေးချိုးဖောက်မှုများသည် ၂၀၁၈ခုနှစ်ဖြစ်ပါသည်။ ဤအစီရင်ခံစာတွင် ဖော်ပြသည့်အကြောင်း အရာများသည် ၂၀၁၅ခုနှစ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်နှင့်အတူ ပဋိပက္ခဖြစ်ပွားသည့် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ငြိမ်သက်မှုရှိလာသည့်အထိလက်နက်ကိုင် စစ်သားများ၏မြေယာသိ်မ်းဆည်းမှုတို့အား တင်ပြရန်ကြောက်ရွံ့ခဲ့ကြသော ပြည်သူလူထုတို့၏ ဖြစ် ရပ်မှန်ပေါ်အခြေခံကာ ရှင်းလင်းတင်ပြခြင်းဖြစ်ပါသည်။
နောက်ခံအကြောင်းအရာ
မြန်မာနိုင်ငံတွင်ရှိသော မြေယာအုပ်ချုပ်မှုစနစ်သည် မြေယာဥပဒေပြဌာန်းချက်များ ၇၀ ကျော်ပါဝင် သည့်ရှုပ်ထွေးသည့်မှုဘောင်ဖြင့် ဖွဲ့စည်းထားပါသည်။ တစ်ချို့သော မြေယာဥပဒေပြဌာန်းချက်များသည် ဗြိတိလျှကိုလိုနီခေတ်ကာလကတည်းက ကျင့်သုံးခဲ့သည့်ဥပေဒေများဖြစ်ပါသည်။ နိုင်ငံတော်သည် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့်လေထုအတွင်းရှိ သယံဇာတပစ္စည်းများအားလုံး ၏မူရင်းပိုင်ရှင်ဖြစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပါရှိသော အခန်း (၃၇) တွင်ပြဌာန်းထားပါသည်။ နိုင်ငံတော်သည် “နိုင်ငံသားများအား ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို ဥပဒေပြဌာန်းချက်နှင့် အညီခွင့်ပြုရမည်” ဟူ၍လည်းဖော်ပြထားပါသည်။ ထို့ကြောင့် နိုင်ငံတော်တွင်ရှိသည့် မြေယာများအားရာသက်ပန်ပိုင်ဆိုင်ခွင့်မရရှိနိုင်ပါ။ သို့သော်အစိုးရမှမြေယာများအား အသုံးပြုရန်နှင့်သိမ်း ဆည်းရန်အတွက်ခွင့်ပြုချက်များပေးထားပါသည်။
၁၈၉၄ မြေသိမ်းအက်ဥပဒေသည် နိုင်ငံသားတို့အားမြေယာပိုင်ဆိုင်မှုစာချုပ်စာတမ်းများ ရရှိစေရန် အထောက်အကူပေးပါသည်။ သို့သော်လည်း ဤမြေသိမ်းအက်ဥပဒေသည် အစိုးရအား “အများ ပြည်သူများ” အတွက်ဟူ၍ မြေယာအမျိုးအစားပြန်လည်ခွဲခြားသတ်မှတ်ခြင်းနှင့် မြေယာပြန်လည် သတ်မှတ်ခြင်းတို့ကိုလုပ်ပိုင်ခွင့်ပေးထားပါသည်။ “အများပြည်သူများ” အတွက်ဆိုသည်မှာ မရေမ ရာအနက်ဖွင့်ဆိုထားသည့်ဝေါဟာရအဖြင့် သုံးနှုန်းထားခြင်းဖြစ်သည်။ လက်တွေ့အားဖြင့်ဆိုလျှင် ဤမြေသိမ်းအက်ဥပဒေမှုဘောင်သည် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာ ဝန်ကြီးကိုထိန်းချုပ်နေသည့် တပ်မတော်အား လွတ်ငြိမ်းချမ်းသာခွင့်အပြည့်အဝဖြင့် မြေယာသိမ်း ဆည်းမှုလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ဆောင်ခွင့်ပေးထားပါသည်။
ဤမြေသိမ်းအက်ဥပဒေအား နိုင်ငံတကာစံချိန်စံနှုန််းများနှင့်အညီ ကျင့်သုံးနိုင်ရန်အတွက် ၎င်းပြင်ဆင်ချက်များကို လတ်တလောတွင် လွှတ်တော်မှထည့်သွင်းစဉ်းစားထားပါသည်။ သို့သော် မြန်မာ့ စီးပွားရေးဗဟိုမှအစိုးရအား ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်ကိုကာကွယ်ရန်နှင့် အသိအမှတ်ပြု နိုင်သည့်မြေယာဥပဒေ[5]ကို ဆွေးနွေးချမှတ်ပြီးသည့်အချိန်အထိ မြေသိမ်းအက်ဥပဒေသစ်အား အ ကောင်အထည်ဖော်ဆောင်မှုများကို ဆိုင်းငံ့ပေးရန်အတွက်အကြံပြုခဲ့ပါသည်။ ဓလေ့ထုံးတမ်းမြေ ယာပိုင်ဆိုင်မှုသည် မြန်မာပြည်အရှေ့တောင်ပိုင်း တွင်အရေးကြီးစွာတည်ရှိနေပါသည်။
ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်ခွင့်အားအသိအမှတ်မပြုသောနိုင်ငံ
Transnational Institute ပါဖော်ပြချက်အရ ၂၀၁၂ ခုနှစ်၊ မတ်လတွင်သိန်းစိန်အစိုးရမှ မြေယာဥ ပဒေနှစ်ရပ်ဖြစ်သည့် “ကျယ်ပျံ့သောမြေယာသိမ်းဆည်းခြင်း တရားဝင်မူဘောင်အား အတည်ပြုချ မှတ်ခဲ့ပါသည်။”[6]
လယ်ယာမြေဥပဒေနှင့် မြေလွတ်၊မြေလပ်၊မြေရိုင်းစီမံခန့်ခွဲမှုဥပဒေသည် ဓလေ့ထုံးတမ်းမြေယာမှတ်ပုံတင်ခြင်း အသီးသီးပြုလုပ်နိုင်မှုမှ အဟန့်အတားဖြစ်စေခြင်း နှင့် တရားဝင် မှတ်ပုံတင်ခြင်းမ ရှိသည့် သိမ်းဆည်းထားသောမြေယာများ သို့မဟုတ် အသုံးပြုသောမြေယာတို့အားအစိုးရမှ ပြန် လည်လုပ်ကိုင်နိုင်ရန်အတွက်ဖြစ်စေပါသည်။ လုံခြုံစိတ်ချမှုမရှိသည့် မြေယာပိုင်ဆိုင်မှုအား ပို၍ဖြစ် စေခြင်းအားဖြင့် ၎င်းတို့သည်မြန်မာပြည်အရှေ့တောင်ပိုင်းရှိဖြစ်နေဆဲရှိသော ဓလေ့ထုံးတမ်းမြေ ယာများအားသိမ်းယူမှုနှင့်ပတ်သက်သောပြဿနာများပိုမိုဆိုးရွားမှုဖြစ်ပေါ်စေပါသည်။ ထို့ပြင်၊ လက်နက်ကိုင်များသည် ၎င်းတို့၏လုပ်ဆောင်မှုများအားတရားဝင်ဖြစ်စေပြီး ဤလုပ်ရပ်သည် မြေ ယာလုပ်ပိုင်ခွင့်များကိုမလုံခြုံစေခြင်းနှင့် ဓလေ့ထုံးတမ်းမြေယာများအားသိမ်းယူမှုအတွက် ပို၍လမ်း ကြောင်းခင်းလာခဲ့ခြင်းများဖြစ်ပေါ်စေပါသည်။
၂၀၁၅ ခုနှစ်၏ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရပ်စဲရေးသဘောတူစာချုပ်အခန်း (၉) အရ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများသည် အတင်းအဓမ္မမြေယာသိမ်းဆည်းခြင်းနှင့် ဒေသခံလူ ထုများ၏မြေယာအလွဲအပြောင်းပြုလုပ်ခြင်းတို့အား ရှောင်ကြည်ပါမည်ဟုဖော်ပြထားပါသည်။ ထို့ ပြင်၊ ပြည်သူလူထုများ၏ပိုင်ဆိုင်မှုများအားအတင်းအဓမ္မသိမ်းယူခြင်းနှင့် ခိုင်းစေခြင်းတို့ကို၎င်းတို့ ရှောင်ကြည်ရမည်ဖြစ်ပါသည်။ သို့သော်၊ KHRG မှ မှတ်တမ်းပြုစုခဲ့သည့် မြေယာသိမ်းယူမှုဖြစ်ရပ် သုံးခုသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ပြုလုပ်ပြီးသည့်နောက်ပိုင်း တပ်မတော်မှ နယ်ခြားစောင့်တပ်များနှင့်စုပေါင်း ကျုးလွန်ခဲ့ခြင်းဖြစ်ပါသည်။ ဤကဲ့သို့သောဖြစ်ရပ် များသည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သော ပြဿနာများဖြစ်ကြောင်း မီးမောင်းထိုးပြနေပါသည်။
တိကျသေချာသော နိုင်ငံတော်၏မြေယာဥပဒေတစ်ရပ်လိုအပ်
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် သိန်းစိန်အစိုးရမှ အမျိုးသားမြေယာအသုံးချရေးမူဝါဒ (NLUP) အား သဘောတူလက်ခံခဲ့ပြီး နိုင်ငံရပ်ခြားကျွမ်းကျင်သူများ၊ ဒေသခံများနှင့်အတူတကွဆောင်ရွက်ကာ ရေးဆွဲချမှတ်ခဲ့ပါသည်။ NLUP သည် မြန်မာပြည်ရှိလူမှုရေးအရအတိုးတက်ဆုံးဖြစ်သောမြေယာမူ ဝါဒများထဲမှတစ်ခုဖြစ်ကြောင်းအသိအမှတ်ပြုကြပါသည်။[7] ဤမြေယာမူဝါဒ၏ အဓိကရည်ရွယ်ချက်သည် ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှုအခွင့်အရေးအားအသိအမှတ်ပြုခြင်းနှင့်ကာကွယ်ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏လုပ်ထုံးလုပ်နည်းများ၊ မြေယာပြန်လည်အပ်နှံမှုနှင့်ပတ်သတ်သည့်မျှတသော လုပ်ထုံးလုပ်နည်းများအား တိုးတက်ကောင်းမွန်လာအောင်နှင့် အကောင်အထည်ဖော်ဆောင်ခြင်း၊ အမျိုးသားမြေယာဥပဒေ (NLL) အားကောင်းမွန်အောင်လုပ်ဆောင်ခြင်းတို့ ပါဝင်ပါသည်။
ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှုစနစ်အား ဖြစ်လာမည့်နိုင်ငံတော်မြေယာဥပဒေမှအသိအမှတ်ပြုရ ပါမည်ဟု NLUP (အခန်း ၆၄) မှဖော်ပြထားပါသည်။ ထိုတွင်မြေယာအမျိုးအစားများအား ပြန်လည် ခွဲဝေသတ်မှတ်ပေးခြင်း၊ သမားရိုးကျအသိအမှတ်ပြုခြင်းနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း၊ သစ်တော မြေ၊ လယ်ယာမြေပေါ်စိုက်ပျိုးလုပ်ကိုင်ခြင်းနှင့်ပတ်သတ်သော ဓလေ့ထုံးတမ်းမြေယာအသုံးချမှုအ ခွင့်အရေးများအားမှတ်ပုံတင်ခြင်းပါဝင်ပါသည် (အခန်း ၇၀)။ အခန်း ၇၄ ၌လည်း မြေယာသိမ်းဆည်းမှုကြောင့် တိုင်းရင်းသားလူမျိုးများဆုံးရှုံးခဲ့ရသည့် မြေယာသယံဇာတများအတွက် မြေယာ အသုံးချမှုနှင့် နေရာထိုင်ခင်းတို့ကိုလုံလောက်စွာ နိုင်ငံတကာအဆင့်နှင့်အညီ စနစ်တကျဆောင် ရွက်ပေးမည်ဖြစ်ကြောင်းဖော်ပြထားပါသည်။
သို့သော်၊ NLL ၏ ဥပဒေထုတ်ပြန်ခြင်းနှင့် NLUP အကောင်အထည်ဖော်ခြင်း၏ တိုးတက်မှုတို့သည် ကြန့်ကြာနေပါသည်။ အမျိုးသားမြေယာအသုံးချရေးကောင်စီ (NLUC) ကို NLUP အားဖြင့်တည် ထောင်ခဲ့ပါသည်။ ဤကဲ့သို့တည်ထောင်ရခြင်းသည် NLL မူကြမ်းအားညှိနှိုင်းဆောင်ရွက်ရန်အ တွက်ဖြစ်ပါသည်။ သို့သော်လည်း ၎င်း NLUP မူဝါဒကိုချမှတ်ပြီး နှစ်နှစ်လွန်သည့်နောက်ပိုင်းမှသာ ညှိနှိုင်းဆောင်ရွက်ခြင်းအစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် ပထမဦးဆုံးအကြိမ်ပြုလုပ်ခဲ့ပါသည်။[8] NLL မူကြမ်းအားပြင်ဆင်ထားပြီးပြီဖြစ်ကြောင်း ဥပဒေရှေ့နေချုပ်ရုံးမှပြောခဲ့သော်လည်း ယင်းတွင်ပါဝင်သောအကြောင်းအရာများအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင်ထုတ်ဖော်ပြောပြခြင်း မရှိသေးသည့်အပြင် ဤမူကြမ်းရေးဆွဲပြင်ဆင်ရာတွင် ပြည်သူလူထုများ၏ပါဝင်ညှိနှိုင်းဆွေးနွေးမှုများလည်းမရှိပါ။[9] ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာနိုင်ငံဒုဝန်ကြီးနှင့် NLUC ၏ ဥက္ကဌဖြစ်သည့် ဦးဟင်နရီဗန်ထီးယူသည် NLL ၏ လက်ခံမှုမှတစ်ဆင့် NLUP ရည်ရွယ်ချက်များ အားအကောင်အထည်ဖော်ဆောင်ရန် လိုအပ်ချက်များကိုအရေးစိုက်ခဲ့ပါသည်။[10]
ဌာနေတိုင်းရင်းသားတို့၏ မြေယာအခွင့်အရေးများကို အပြည့်အဝကာကွယ်ရန် အဓိကအရေးကြီး သည်ဖြစ်သော အစိုးရမှလိုအပ်သောတိုင်းထွာမှုများအား သက်ဆိုင်သောလူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး NLL ၏နောက်ပိုင်းထုတ်ပြန်ချက်နှင့် မှုကြမ်းအား NLUP ၏ ထောက်ပံ့မှု နှင့် ဆီလျော်စွာပိုမိုအားကောင်းလာအောင်ပြုလုပ်ရန် အလွန်ပင်အရေးကြီးလှပါသည်။
အမှန်အားဖြင့်၊ စစ်တပ်၏မြေသိမ်းဆည်းမှုခံရသူများသည် မိမိတို့၏သိမ်းဆည်းခံမြေယာများကို ပြန်လည်ရရှိကြောင်းသေချာစေရန် ရှေ့ဆက် NLL သည် ၎င်း၏လုပ်ထုံးလုပ်နည်းများအားအကောင်အထည်ဖော်ဆောင်ရန်နှင့်ဖန်တီးရန် အားကောင်းသောအရေးတကြီးသဘောထားမှုရှိသင့်ပါသည်။ ယခုအခြေအနေတွင်၊ ယင်းကဲ့သို့သောဥပဒေသည် တိုင်းရင်းသားလူမှုအသိုက်အဝန်း၏ ဓလေ့ထုံးတမ်းမြေယာလုပ်ကိုင်မှုအခွင့်အရေးအား တရားဝင်ကာကွယ်ရန် ပထမဦးဆုံး ဥပဒေဖြစ် ပေလိမ့်မည်။
မြန်မာပြည်အရှေ့တောင်ပိုင်းရှိတပ်သိမ်းမြေများ၏ပြောင်းလဲမှုအ ခြေအနေ
မြန်မာပြည်အရှေ့တောင်ပိုင်းမှ မြေယာသိမ်းဆည်းမှုတွင်ပါဝင်ကျူးလွန်သော လက်နက်ကိုင်အဖွဲ့ များမှာ မြန်မာ့တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF)၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရက်တစ်က ရင်ဗုဒ္ဓတပ်မတော် (ခွဲထွက်အဖွဲ့) (DKBA splinter) နှင့်မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) တို့ဖြစ်သည်။ အချို့မြေယာသိမ်းဆည်းမှုဖြစ်ရပ်များမှာ ပြည်သူ့စစ်အဖွဲ့ဝင်များသည် တပ် မတော်စစ်သားများနှင့်ပူးပေါင်းပါဝင်မှုလည်းရှိ်ခဲ့ပါသည်။ မြေယာသိမ်းဆည်းမှုတွင် ပါဝင်ကျူးလွန် သောလက်နက်ကိုင်အဖွဲ့ဝင်အများစုမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာ ချုပ်တွင်လက်မှတ်ရေးထိုးသူများဖြစ်ကြသည်။
မြေယာသိမ်းဆည်းမှုများ - လူ့အခွင့်အရေးချိုးဖောက်မှုများ၏အုတ်မြစ်
ကရင်လူ့အခွင့်အရေးကိုတင်ပြသောအစီရင်ခံစာတစ်ဝက်လောက်၏ မြေယာသိမ်းဆည်းမှုနှင့်ပတ် သက်ပြီးထိခိုက်ခံစားရသောသူများက ဤလူ့အခွင့်အရေးချိုးဖောက်မှုသည် မှုခင်းများနှင့်ပတ်သက် မှုရှိသည်ဟုဆိုသည်။ အဖြစ်များသော လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အတင်းအဓမ္မနေရပ်ရွှေ့ ပြောင်းနေထိုင်မှု၊ ပိုင်ဆိုင်မှုများဖျက်ဆီးခံရခြင်း၊ မိမိတို့ပိုင်မြေယာများကိုစွန့်ပစ်ထွက်ခွါရန်ဖိနှိပ် ခြိမ်းခြောက်ခံရခြင်းနှင့် အတင်းအဓမ္မစေခိုင်းခံရမှု (ငြိမ်းချမ်းရေးကောင်စီမှတစ်ဦးချင်းလိုက် ကျူး လွန်သောအမှု) များလည်းပါဝင်သည်။ တပ်မတော်၏မူဝါဒတစ်ရပ်ဖြစ်သော “ကိုယ့်အားကိုယ်ကိုး ခြင်း” သည် ဒေသအတွင်းအခြေချသောတပ်ရင်းများအား ကိုယ်တိုင်ထောက်ပံ့နိုင်ရန်အတွက် ဒေသခံပြည်သူများ၏ပိုင်ဆိုင်မှုအရင်းအမြစ်များကို အတင်းအဓမ္မထုတ်ယူရန်တိုက်တွန်းစေသည်။ ဒေသခံပြည်သူများ၏ မြေယာသိမ်းဆည်းမှုထဲတွင် တပ်မတော်စစ်သားများမှ မိမိတို့အတွက် စိုက် ခင်းများပြုလုပ်ရန်အတွက်လည်းပါဝင်သည်။ တပ်မတော်မှ ဒေသခံတို့၏မြေယာ (၁၀) ဧကကို အကြီးစားဆန်စိုက်ခင်းဖွံ့ဖြိုးရေးအတွက် အတင်းအဓမ္မသိမ်းယူခဲ့သည်ဟု တံခွန်တိုင်ရွာ (ဖာဖွန် ခရိုင်) ရှိ ဒေသခံများမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသို့ ၂၀၁၀ ခုနှစ်တွင် တင်ပြခဲ့သည်။ တပ်မတော်မှ ဒေသခံများ၏မြေယာများကို မည်သို့ခြိမ်းခြောက်ပြီးသိမ်းယူခဲ့သည်ကို ထိခိုက်ခံ စားရသောဒေသခံများမှ ရှင်းပြခဲ့သည်မှာ
“မြေယာများကို ပထမဦးဆုံးသိမ်းဆည်းတဲ့အချိန်မှာ တပ်မတော်က အဲ့မြေတွေကို မြေပိုင်ရှင်တွေက အခွင့်ပေးတာဘဲဖြစ်ဖြစ် အခွင့်မပေးတာဘဲဖြစ်ဖြစ် သိမ်းမယ်လို့ကြေညာခဲ့တယ်။”
ညောင်လေးပင်ခရိုင်တွင် တပ်မတော်စစ်သားများသည် ဒေသခံများ၏မြေယာဧက (၂၆၄) ဧကကို ၁၉၄၅ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး ၎င်းတို့ဝင်ငွေအတွက် ဒေသခံစီးပွားရေးသမားများအား ထိုမြေ ယာများကိုငှားရမ်းလိုက်သည်။ အနှစ် (၇၀) နောက်ပိုင်းမှာ တပ်မတော်စစ်သားများသည် ဒေသခံ များကို ဆက်လက်ခြိမ်းခြောက်ဆဲပင်ဖြစ်သည်။ ဒေသခံလယ်သမားများမှ ကရင်လူ့အခွင့်အရေးအ ဖွဲ့သို့ လတ်တလောတင်ပြထားသည်မှာ-
“တပ်မတော်က ဒေသခံတွေရဲ့မြေတွေကို ပြန်မပေးချင်ဘူး။ သူတို့က မြေယာသိမ်းဆည်းခံရပြီး နေရပ်ရွှေ့ပြောင်းနေထိုင်ရတဲ့သူတွေကို ရွာထဲမပြန်လာခို်င်းဘူး။ ဒါကသူတို့ပိုင်တဲ့မြေဆိုပြီးငြင်း တယ်။ ဒေသခံရွာသားတွေရဲ့အိမ်တွေ၊ စေတီပုထိုးတွေကို အချိန်မရွေး မီးရှို့ဖျက်ဆီးလို့ရတယ်လို့ သူတို့က ဒေသခံတွေကိုသတိပေးတယ်။”
မြေယာပိုင်ရှင်အချို့မှ စစ်သားတွေရဲ့ခြိမ်းခြောက်မှုနှင့် ၎င်းတို့၏မြေယာများကို အဆမတန်စျေးနှိမ် ပြီး အတင်းအဓမ္မရောင်းခိုင်းခြင်းကိုခံကြရသည်။ ဥပမာအနေဖြင့် ထားဝယ်ခီးဒေသ၊ မကွေးထား ဝယ် [မြိတ်ထားဝယ်] ခရိုင်ရှိ လယ်သမားများသည် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်သားများ၏ခြိမ်းခြောက်ခြင်းကိုခံရကြသည်။ ၂၀၀၈ခုနှစ်တွင် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ ဒေသခံလယ်သမားများ၏ မြေယာဧက (၃၀) ကို အတင်းအဓမ္မသိမ်းဆည်းခဲ့သည်။ ၎င်း၏မြေယာများကို မပေးချင်သောကြောင့် ၎င်း၏ခြံသို့ဆက်လက်သွားခဲ့သည်။ ထို့နောက် မွန် အမျိုးသားလွတ်မြောက်ရေးတပ်မတော်စစ်သားခြောက်ဦးမှ လက်နက်များဖြင့်ချဉ်းကပ်ပြီး ထိုလယ် သမားအားအတင်းအဓမ္မထွက်သွားစေခဲ့သည်။ နောက်ဆုံးတွင် ဒေသခံလယ်သမားများမှာ ၎င်းတို့ ၏မြေယာများအား မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်သားများထံသို့ ငွေအနည်းငယ် ဖြင့် အတင်းအဓမ္မရောင်းစေခဲ့ရသည်။
အကြီးစားမြေယာသိမ်းဆည်းမှုမှ ထိခိုက်ခံစားရသော ပျဉ်းမနားမြို့နယ်ရှိ အမျိုးသမီးတစ်ဦးမှ ၎င်း သည် မည်သို့ခြိမ်းခြောက်ခံရပြီး အတင်းအဓမ္မတိမ်းရှောင်ထွက်ပြေးခဲ့သည်ကို ရှင်းပြခဲ့သည်မှာ-
“၂၀၁ရခုနှစ်၊ မတ်လ ၁ရရက်နေ့မှာ တပ်မတော်စစ်သားတွေကကျွန်မတို့ရဲ့အိမ်တွေမှာ ကျူးကျော် သူတွေ ဆိုတဲ့ဆိုင်းပုဒ်တွေကိုလာကပ်ကြတယ်။ ၂၀၁ရခုနှစ်၊ မတ်လ ၁၉ရက်နေ့မှာ တပ်ရင်းမှူးက ကျွန်မတို့နဲ့တွေ့ဆုံခဲ့တယ်။ ကျွန်မတို့နေတဲ့မြေယာတွေကို တပ်မတော်က ၂၀၁၀ ခုနှစ်ကတည်းက စတင်သိမ်းဆည်းလိုက်ပြီလို့ပြောတယ်။ အဲဒီနောက် ကျွန်မတို့မြေယာတွေကို ခြံခတ်ပြီးတော့ ကျွန်မတို့ကိုနှင်ထုတ်တယ်။ ၂၀၁ရခုနှစ်၊ ဧပြီလ ၃၀ ရက်မှာ ကျွန်မတို့ကို ကျွန်မတို့မြေကနေ ထွက် သွားခိုင်းတယ်။”
တိုင်ပင်ဆွေးနွေးခြင်းအတုအယောင်များ
လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ ဒေသခံများနှင့်တွေ့ဆုံဆွေးနွေးမှုများသည် နည်းပါးလွန်းလှသည့်အပြင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်လျှင်လည်း အနိုင်ထက်စီးနင်းပြုသော အစည်းအဝေးများသာဖြစ် သည်။ ရွှေကုက္ကိုလ်ဒေသရှိ နယ်ခြားစောင့်တပ်စစ်သားများသည် ဒေသခံများမှ ၎င်းတို့၏မြေယာ များကိုအပ်နှံရန်ခြိမ်းခြောက်ခဲ့ပြီး လျော်ကြေးငွေများကိုလည်း အနည်းငယ်သာပေးအပ်ခဲ့သည်။ ဤ ကိစ္စသည် Chinatown စီမံကိန်းနှင့်ဆက်နွယ်ပြီး၊ အပန်းဖြေသောနေရာတစ်ခုသည်လည်း မြန်မာ နိုင်ငံနှင့်ထိုင်းနိုင်ငံအကြားရှိ သောင်ရင်းမြစ်အနားတွင်ဆောက်လုပ်ခဲ့ပါသည်။ ထိုစီမံကိန်း၏အဓိ ကတည်ထောင်သူမှာ တရုတ်နိုင်ငံရှိ အစိုးရပိုင်ကုမ္ပဏီဖြစ်သော Jilin Yatai Group မှ ဇိမ်ခံအိမ် များ၊ ဟိုတယ်များ၊ ရှော့ပ်ပင်စင်တာများနှင့် လောင်းကစားရုံမြောက်မြားစွာဆောက်လုပ်ရန် နယ် ခြားစောင့်တပ်အရာရှိများနှင့် သဘောတူညီချက်ရယူရေးထိုးခဲ့သည်။
ဒေသခံလယ်သမားတစ်ဦးမှ သင့်တင့်မျှတသော လျော်ကြေးအားရရန် နယ်ခြားစောင့်တပ်စစ်သား များနှင့် ညှိနှိုင်း၍မရကြောင်း ကရင်လူ့အခွင့်အရေးထံ တင်ပြခဲ့ပါသည်မှာ
“အစည်းအဝေးကိုတက်ရောက်လာတဲ့ မြေယာပိုင်ရှင်တွေကို နယ်ခြားစောင့်တပ်ကနေပြီးတော့ မြေတစ်ဧကလျှင် ဘတ် ၅၀,၀၀၀ လျော်ကြေးပေးမယ်ဆိုတာကို သဘောတူရဲ့လားလို့မေးမြန်းခဲ့ တယ်။ အဲ့ဒီအချိန်မှာ ဘယ်သူကမှသူတို့ကို ပြန်မဖြေရဲခဲ့ဘူး။ သူတို့ပေးတဲ့လျော်ကြေးငွေလောက်နဲ့ ဘယ်လိုသဘောတူနိုင်မှာလဲ။ မြေတစ်ဧကမှာ ကျွန်တော်တို့ အိမ်လေးလုံးလောက် ဆောက်လို့ရ တယ်။ ခင်ဗျားဆိုရင်လည်း အဲဒီလျော်ကြေးငွေလောက်ကို သဘောမတူနိုင်ဘူးမဟုတ်လား။ သူတို့ တစ်ဧကကို ဘတ် ၁၅၀,၀၀၀ ပေးမယ်ဆိုရင် ကျွန်တော်တို့စဉ်းစားပေးလို့ရသေးတယ်။ ဒါပေမဲ့ အဲလိုဖြစ်မလာဘူး။ သူတို့က တစ်ဧကကို ဘတ် ၅၀၀၀၀ ဘဲပေးမယ်လို့ မြေယာပိုင်ရှင်တွေကိုပြော တယ်။ ကျွန်တော်တို့က သူတို့နဲ့မယှဉ်ရဲတဲ့အတွက်ကြောင့် ကျွန်တော်တို့မြေယာတွေကိုပေးလိုက် ရတယ်။”
မျှတသောလျှော်ကြေး ရရှိရန်ပျက်ကွက်မှု
KHRG ထံသို့အစီရင်ခံတင်ပြခဲ့သော စစ်တပ်မှမြေယာသိမ်းဆည်းမှု ၂၆ ခုမှ လျော်ကြေးငွေနှစ်ခု ကိုသာထိခိုက်နစ်နာသည့် လူမှုအသိုက်အဝန်းမှလက်ခံရရှိခဲ့ပါသည်။ သင့်တော်မျှတသောလျော် ကြေးငွေ၊ မြေယာ၏စျေးကွက်နှင့်ကိုက်ညီသည့်တန်ဖိုးနှင့် အိမ်ထောင်စုမှဝင်ငွေဆုံးရှုံးမှု ဒုက္ခနှင့် တွေ့ကြုံခံစားရခြင်း စသည့်ကိစ္စရပ်တစ်ခုချင်းစီတို့အား ထောက်ပံ့ကူညီပေးခြင်းမရှိပါ။
တပ်မတော်မှကျေးရွာအုပ်စုတစ်စုလုံး၏ စိုက်ပျိုးရေးမြေယာများအားသိမ်းဆည်းမှုတွင် ပြည်ထောင် စုနေပြည်တော်နှင့်နီးသောဒေသတွင်နေထိုင်ကြသည့် တောင်သူလယ်သမားများကို အကျိုးသက် ရောက်စေပါသည်။ ထိုထဲတွင် ကျေးရွာပေါင်း ၈ ရွာကျော်မှ အိမ်ထောင်စုများသည် အကျိုးသက် ရောက်မှုခံစားကြရပါသည်။ ဤလူမှုအသိုက်အဝန်း၏အဓိကဖြစ်သည့် ဝင်ငွေနှင့်အစားအစာအ တွက်စိုက်ပျိုးမြေယာများဆုံးရှုံးမှုပေါ် လျှော်ကြေးပေးမည့်အစားမိသားစုတစ်စုလုံးနေရန် မဆံ့သော အရည်အသွေးညံ့ဖျင်းသည့်အိမ်ကို မြန်မာအစိုးရမှဆောက်ပေးခဲ့သည်။
မြေယာသိမ်းဆည်းခံရသူဒေသခံအမျိုးသမီးတစ်ဦးမှ သူမ၏အခြေအနေအား ဤကဲ့သို့ရှင်းပြခဲ့ပါသည်။
“တပ်မတော်က စင်သော်ကျောက်သန်ပန်ကျေးရွာအုပ်စုမှာ နေထိုင်သောဒေသခံတွေရဲ့ မြေယာတွေကိုအဓမ္မသိမ်းယူတယ်။ အဲ့ဒီမှာစစ်တပ်ရဲ့ရုံးတွေကိုဆောက်ချင်ကြတယ်။ ဒေသခံအိမ်တွေကို လည်း သူတို့ကအခြားနေရာကိုပြောင်းခိုင်းတယ်။ မြန်မာအစိုးရက ဆုံးရှုံးနစ်နာတဲ့ တောင်သူလယ် သမားတွေနေဖို့အတွက် အိမ်သေးသေးလေးတွေဆောက်ပေးတယ်၊ ဒါပေမဲ့ အဲဒီအိမ်တွေကအမိုး မရှိဘူး။ စဉ်းစားကြည့်လေ၊ နေနဲ့မိုးဒဏ်ကိုကာဖို့ခေါင်မိုးမရှိတဲ့အိမ်မှာဘယ်လိုနေရမှာလဲ။ ဒါတောင် သူတို့က ထိခိုက်နစ်နာတဲ့ရွာသားတွေကို ဘာလျော်ကြေးမှမပေးဘူး။ သူတို့က မိသားစုတစ်စုစီကို အိမ်သေးသေးလေးတွေကိုပဲ ဆောက်ပေးကြတယ်။” [11]
မြေယာသိမ်းဆည်းမှုကြောင့် ထိခိုက်နစ်သည့်အိမ်ထောင်စုများအား အိမ်ပြီးစီးအောင်မဆောက်ပေးခြင်း၊ အရည်အသွေးညံ့ဖျင်းသော အိမ်များဆောက်ပေးခြင်းအားဖြင့် အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုများဖြစ်သည့် စိုက်ပျိုးမြေယာဆုံးရှုံးမှုများကို မလျှော့ကျသွားစေပါ။ ကျေးရွာရှစ်ရွာတွင်နေထိုင်ကြသော ရွာသားများ၏အဓိကအခြေခံဖြစ်သော ဝင်ငွေရရှိရန်ပိတ်ပင်ထားပြီး တပ်မတော်မှ ငွေရရှိရန်လုပ်ငန်းအဖြစ် ဒေသခံအိမ်ထောင်စုများကို ၎င်းတို့သိမ်းဆည်းခံမြေယာများမှ တစ်ဧကလျှင် ၄၀၀၀ ကျပ် အဖြစ်ငှားရမ်းစေခြင်းဖြင့် အခွင့်အရေးယူခဲ့သည်။[12] ဤဖြစ်ရပ် သည်ကြီးမားလှသည့်ကိစ္စတစ်ရပ်ပင်ဖြစ်ပါသည်။
ဒေသခံပြည်သူများခံရသော ရေရှှည်အကျိုးသက်ရောက်မှု
လက်နက်ကိုင်များမှ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းအတွက် ငဲ့ညာမှုမရှိပဲ မြေယာများအား သိမ်းလာခဲ့သည်မှာ ရာစုနှစ်ချီကြာခဲ့ပြီးဖြစ်ပါသည်။ ၁၉၅၄ ခုနှစ်တွင် တပ်မတော်မှညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ ဒေသခံလူထုတို့၏ မြေယာ ၂၆၄ ဧကများအား သိမ်း ဆည်းကာ အိမ်ထောင်စု ၅၀ စုတို့အားအတင်းအဓမ္မရွေ့ပြောင်းစေခဲ့ပါသည်။ ဤမြေယာသိမ်း ဆည်းမှုသည် ၎င်းတို့အဓိကအခြေခံဖြစ်သည့် အစားအစာနှင့်ဝင်ငွေများ ရရှိရန်မှပိတ်ပင်မှုဖြစ်စေ သောကြောင့် ဒေသခံလယ်သမားများနှင့်၎င်းတို့၏ကလေးများပေါ် ကြီးမားသည့်အကျိုးသက် ရောက်မှုဖြစ်စေပါသည်။[13] ရွာသားတစ်ဦးမှ ၎င်း၏အသိုက်အဝန်းတွင် မြေယာသိမ်းဆည်းသည်နှင့် ပတ်သက်၍ကြီးမားသောသက်ရောက်မှုကို ဤကဲ့သို့ရှင်းပြခဲ့ပါသည်။
“ဘဝရဲ့မတည်ငြိမ်မှုတွေ၊ အကြိမ်ကြိမ်နေရပ်ရွေ့ပြောင်းနေရမှုတွေကြောင့် ကျွန်တော်တို့ရဲ့က လေးတွေက ကျောင်းမတက်ရတော့ဘူး။ ကျွန်တော်တို့ရဲ့ရွာတွေလည်းတိုက်ခိုက်ခံရပြီး မီးရှို့ခံရ တယ်။ လယ်တွေကို ထားခဲ့ရလို့ ကျွန်တော်တို့ရဲ့အသက်မွေးဝမ်းကျောင်းက ပိုဆိုးရွားလာတယ်။ အဲ့လိုရွေ့ပြောင်းရတဲ့အခါ ကျန်းမာရေးပြဿနာတွေနဲ့လည်း ရင်ဆိုင်ရတယ်။ ကမ္ဘာပေါ်မှာရှိနေတဲ့ အခက်အခဲတွေအားလုံးကို ရင်ဆိုင်နေရသလို ခံစားရတယ်။”[14]
တပ်မတော်မှ ကြာအင်းကျေးရွာရှိမြေယာ၂၅ ဧက ကို လေ့ကျင့်ရေးပစ်မှတ်အဖြစ်သိမ်းဆည်းခဲ့ သည့် အခြားအကြောင်းအရာတစ်ခုကို KHRG မှမှတ်တမ်းပြုစုခဲ့ပါသည်။ ဤအပျက်သဘော ဆောင်သည့်လုပ်ရပ်သည် မြေယာသိမ်းဆည်းခံရသူမှ ၎င်းမိသားစု၏စားဝတ်နေရေးကိုသက် ရောက်မှုရှိစေကြောင်း ဤကဲ့သို့ရှင်းပြခဲ့ပါသည်။
“ကျွန်တော့်မှာ ကလေးသုံးယောက်ရှိတယ်။ မြေယာအသိမ်းခံရလို့ ဝင်ငွေရဖို့အတွက် စီးကရက်၊ တခြားကုန်ပစ္စည်းနဲ့အစားအစာတွေကိုရောင်းရတယ်။ စားဝတ်နေရေးစိန်ခေါ်မှုတွေကို ကျော်လွှား နိုင်ဖို့အတွက် ကျွန်တော်အကောင်းဆုံးလုပ်ရတယ်။ ဘန်ကောက်မှာအလုပ်သွားလုပ်တဲ့ ကျွန်တော် တို့ရဲ့သမီးလေး ထောက်ပံ့လို့သာအစားအစာဝယ်စားနိုင်တာ။” [15]
သိမ်းဆည်းခံရသောမြေယာအမျိုးအစားများသည်အများအားဖြင့် လယ်ကွင်းများ၊ အိမ်ဆောက်ထားပြီးသောနေရာများ၊ အများပိုင်သစ်တောများ နှင့် မြေရိုင်းများဖြစ်ကြသည်။ မြေယာနှင့်အိမ်တစ်လုံးဆုံးရှုံးရခြင်းဆိုသည်မှာ နေရပ်ရွှေ့ပြောင်းမှု ဧကန်မုချဖြစ်လုနီးပါးဖြစ်စေပါသည်။ စိုက်ပျိုးမြေ ယာများဆုံးရှုံးရခြင်းဆိုသည်မှာ အသက်မွေဝမ်းကျောင်း၊ ဝင်ငွေနှင့်သီးနှံများ ရင်းနှီးမြုပ်နှံမှုငွေသားမျာ းဆုံးရှုံးရခြင်းပင်ဖြစ်ပါသည်။ အများပိုင်သစ်တောမြေယာများဆုံးရှုံးရခြင်းသည် သဘာဝပတ်ဝန်းကျင်ပြဿနာများကိုဖြစ်ပေါ်စေနိုင်ပြီး ဒေသခံများ၏ အသက် မွေးဝမ်းကျောင်းကိုပါသက်ရောက် မှုရှိစေနိုင်ပါသည်။
အချို့သောကိစ္စများတွင် ကျုးလွန်သူများမှ စစ်တပ်ရည်ရွယ်ချက်များအတွက် မြေယာများသိမ်း ဆည်းကြသည်။ ဤကဲ့သို့သောမြေယာများသိမ်းဆည်းခြင်းသည် ဒေသခံလူထုများ၏ လုံခြုံမှုစိုးရိမ် ဖွယ်ရာအားအမှန်တကယ်ဖြစ်စေပါသည်။ အောက်ပါလေ့လာသုံးသပ်ချက် (၁) တွင်ဖော်ပြထား သကဲ့သို့ပင်ဖြစ်ပါသည်။
တပ်မတော်မှမြေယာသိမ်းဆည်းမှုများသည် မိမိနေရပ်သို့ပြန်သွားသော ဒုက္ခသည်များအား လမ်းနှစ်သွယ်ဖြင့်အဟန့်အတားဖြစ်စေပါသည်။ ၎င်းတို့သည် ပင်ဟဲရိုး၏နိယာမတရား[16] တွင်ဖော်ပြ ထားသည့် နေရပ်ရွှေ့ပြောင်းနေထိုင်ရသူများသည် ၎င်းတို့၏နေရာများနှင့်အိမ်များသို့ပြန်လည်နေ ထိုင်ရန် အခွင့်အရေးရှိသည်ကို ချိုးဖောက်နေခြင်းဖြစ်ပါသည်။ လက်နက်ကိုင်များရှိနေခြင်းကြောင့် နေရပ်ရွှေ့ပြောင်းနေထိုင်ရသူများအနေဖြင့် မိမိတို့နေရင်းရွာများသို့ပြန်လည်နေထိုင်ရန် စိတ်ဓာတ်ကျမှုနှင့်ကြောက်ရွံ့မှုရှိရန် ၎င်းတို့ကလောင်စာဖြည့်ပေးနေကြပါသည်။
တပ်မတော်၏ မြေယာသိမ်းဆည်းမှုကြောင့် ဖြစ်ပေါ်လာသောနောက်ဆက်တွဲအကျိုးဆက်များအား အနီးကပ်လေ့လာခြင်း
လေ့လာရန်ဖြစ်ရပ် (၁) တပ်မတော် တောင်ငူခရိုင်တွင် လူမှုအသိုက်အဝန်း၏ စိုက်ပျိုးခြံများအား ပစ်မှတ်ထား ၍စစ်လေ့ကျင့်ရေးနေရာအဖြစ် အသုံးပြုခြင်း
၁၉၉၉ ခုနှစ်ကတည်းက ဘုရင့်နောင်စစ်လေ့ကျင့်ရေး စခန်း အမှတ် (၇) မှ တပ်မတော်တပ်ရင်းများ နှင့် စစ် ကွပ်ကဲအခြေစိုက် အမှတ်(၁၃) တို့သည် ရှောက်ပင် ချောင်း ကျေးရွာအုပ်စုရှိရွာခုနှစ်ရွာများမှ လူမှုအသိုက် အဝန်းပိုင် စိုက်ပျိုးမြေ ဧက ၄၀၀၀ ကျော်ကို သိမ်းယူခဲ့ကြသည်။
ထိုသိမ်းဆည်းမှုကြောင့် ရွာသစ်ကြီး၊ ကျွန်းကုန်း၊ နန့် သာကုန်း၊ ငွေတောင်ကြီး၊ ရွာကြီးနှင့် ကျွဲဖြူတောင်ရွာများရှိ အိမ်ထောင်စုအားလုံးတို့ကို ထိခိုက်ခဲ့သည်။ မိသားစုအများစုမှာ ၎င်းတို့၏အသက်မွေးဝမ်းကျောင်း အတွက် ထိုမြေများကိုမှီခိုကြရဖြင့် ယခုတွင်တပ်မတော်မှ ပစ်ခတ်လေ့ကျုင့်ရန်အတွက်စစ်ရေးလေ့ကျင့် မြေပြင်အဖြစ်အသုံးပြုကြသည်။
ဒေသခံတောင်သူလယ်သမားများသည် မိမိတို့၏ဝင် ငွေအတွက် မှီခိုအားထားရသောရော်ဘာခြံတို့ကို လုပ် ကိုင်နိုင်ရန်အခွင့်အလမ်းမရတော့ပေ။ မြေယာသိမ်း ဆည်းခံရမှုကြောင့် ထိခိုက်နစ်နာခဲ့ရသော အိမ်ထောင် စုအများစုတို့သည် နှစ်ရှည်ကြာနေရပ်ရွေ့ပြောင်းနေထိုင်မှု ဘဝကိုရောက်ခဲ့ကြရသည်။ တစ်နှစ်တာအတွင်း တွင်ရွာသားတို့သည် တပ်မတော်စစ်သားများမရှိပါကမိမိတို့၏ မူလရွာတွင်နေပြီး ဘုရင့်နောင်စစ်လေ့ကျင့် ရေးစခန်းတွင် တပ်မတော်စစ်သားများရှိပါက တောထဲသို့ပုန်းခိုတိမ်းရှောင်သွားသည်။ အိမ်ထောင်စုများစွာတို့သည် မိမိတို့၏ အသက်မွေးဝမ်းကျောင်းများကို ကာကွယ်နိုင်ရန် အခြားရွေးချယ်ပိုင်ခွင့်များနည်းပါးလှသဖြင့် ထင်ရှားသောလုံခြုံရေးအန္တရာယ်များ ရှိသော်လည်း တပ်မတော်မှ သိမ်းဆည်းထားသောမြေယာများကို ဆက်လက်ပြီးထွန်ယက်စိုက်ပျိုးကြရသည်။
ဒေသခံရွာသားတစ်ဦးမှ ကရင်လူ့အခွင့်အရေးအဖွဲ့ထံသို့ တပ်မတော်စစ်သားများသည် ဒေသခံတောင်သူ လယ်သမားများအား မည်ကဲ့သို့ခြိမ်းခြောက်ခဲ့ပုံကိုဖော်ပြခဲ့သည်မှာ “ဒီမြေတွေဟာ ဒေသခံအသိုက်အဝန်းနဲ့သက်ဆိုင်တယ်။ တပ်မတော်က ကျွန်တော်တို့ရဲ့ ပိုင်နက်အတွင်း ဝင်ရောက်ကျုးကျော်ပြီး ကျွန်တော်တို့ရဲ့ မြေတွေကိုသိမ်းယူခဲ့တာ။ သူတို့ကတော့အခု ကျွန်တော်တို့ရဲ့စိုက်ပျိုးရေးမြေတွေဆီကနေ အကျိုးအမြတ်ရကြတယ်။ တပ်မတော်ကရွာသားတွေကို သူတို့ရဲ့ရော်ဘာစိုက်ခင်းတွေကိုမထိရဘူးလို့သတိပေးခဲ့တယ်။ အကယ်၍သူတို့ရဲ့အမိန့်ကိုမလိုက်နာဘူးဆိုရင် တပ်မတော်ကရွာသားတွေကိုအရေးယူလိမ့်မယ်။”[17]
တပ်မတော်သည်ခြေလျင်တပ်ရင်းတပ်မှူးများသင်တန်းကို ဘုရင့်နောင်စစ်တပ်စခန်း၌ အမြဲသုံးလမှလေး လတစ်ကြိမ်ပြုလုပ်လေ့ရှိသည်။ ဤသင်တန်းများသည် ဒေသခံလူမှုအသိုက် အဝန်းများအားအန္တရာယ်ပေး စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် စစ်သားများသည် လက်နက်ကြီးများကို တောင်သူလယ်သမားများ မှီခိုအားထားပြီး အလုပ်လုပ်ရသောစိုက်ပျိုးခြံများထဲသို့ တက်ကြွစွာပစ်ခတ်ခဲ့ကြသောကြောင့်ဖြစ်သည်။ ဒေသခံရွာသားတစ်ဦးမှလည်း လျှောက်တင်ခဲ့သည်မှာ ရွာသားများသည်တပ်မတော်၏ခြိမ်းခြောက်မှုကိုအမြဲ ခံခဲ့ရသည်။ “နင်တို့ရဲ့စိုက်ခင်းထဲကိုမသွားနဲ့တော့။ စစ်လေ့ကျင့်တဲ့အချိန်မှာသွားရင် နင်တို့ကိုလက်နက် အန္တရာယ်ထိခိုက်နိုင်တယ်။” အရပ်သားနေထိုင်သည့်နေရာတွင် စစ်လက်နက်ကိုင်များသည် ၎င်းတို့၏စစ် လေ့ကျင့်ရေးနယ်မြေအဖြစ်အသုံးမပြုသင့်ဟု ဒေသခံအမျိုးသမီးတစ်ဦးမှ ကရင်လူ့အခွင့်အရေးအဖွဲ့ထံသို့ ထောက်ပြခဲ့သည်။ “အပစ်အခတ်လေ့ကျင့်နေတဲ့အချိန်မှာ ဒေသခံရွာသားတွေအတွက် အဲဒီနေရာမှာနေဖို့ ဘယ်လောက်အန္တရာယ်ရှိလဲဆိုတာ မှန်းဆနိုင်လား။ တပ်မတော်စစ်သားတွေ စစ်လေ့ကျုင့်တဲ့အချိန်တိုင်း ကျမတို့အမြဲထွက်ပြေးရတယ်။” တပ်မတော်စစ်သားများသည် ဒေသခံတောင်သူလယ်သမားများပိုင်သည့် ရော်ဘာပင်များအားအများအပြားဖျက်ဆီးခဲ့ပြီးပြီဖြစ်သည်။ အဆိုးဆုံးအကျိုးဆက်အနေနှင့် လူမှုအသိုက်အဝန်း၏ အသက်မွေး ဝမ်းကျောင်းကိုအခက်အခဲဖြစ်စေသည်။[18]
၂၀၁၆ ခုနှစ်၊ မတ်လ တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ တပ်မတော်သည် ဤမြေများ၏ တရားဝင်ပိုင်ရှင်အဖြစ် အသိအမှတ်ပြုခဲ့ပြီးပြီးဆိုသည့် ဆိုင်းဘုတ်တစ်ခုအား ဗိုလ်မှူးကျော်ကျော်လွင် ထောင်ခဲ့သည်။ ထိုအဖြစ် ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဒေသခံလူမှုအသိုက်အဝန်း၏ ယုံကြည်မှုများ လျော့နည်းလာယုံ သာမက မိမိတို့မြေများ တစ်နေ့ ပြန်လည်ရရှိမည်ဆိုသည့်မျှော်လင့်ချက်များလည်း မပြင်းထန်တော့ပါ။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ဒေသခံတောင်သူလယ်သမားဦးရေ ၃၀၀ တို့သည် တောင်ငူမြို့ရှိ အထွေထွေခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် သစ်တောဌာနရုံးအရှေ့တွင် ဆန္ဒပြထုတ်ဖော်ခဲ့ကြသည်။ ၎င်းတို့သည် တပ်မတော်မှ လက်နက်များဖြင့် ဒေသခံများအားခြိမ်းခြောက်သည့်လုပ်ရပ်များနှင့် ၎င်းတို့၏ကောက်ပဲသီး နှံများအားဖျက်ဆီးသည့်လုပ်ရပ်တို့အားရပ်တန့်စေရန်နှင့် တပ်မတော်မှသိမ်းဆည်းထားသော စိုက်ပျိုးခြံများ အား ခြံပိုင်ရှင်များထံသို့ ပြန်လည်အပ်နှံစေရန် တောင်းဆိုခဲ့သည်။[19]
“ကျွန်တော်တို့ရဲ့မြေကိုပြန်ရချင်တယ်။ လျော်ကြေးငွေမလိုချင်ဘူး။ စားဝတ်နေရေးလုပ်ကိုင်စားသောက်ဖို့ အတွက်ကျွန်တော်တို့မြေပဲပြန်လိုချင်တယ်” ဟုဒေသခံတောင်သူ လယ်သမားတစ်ဦးမှ ပြောပြခဲ့သည်။ “အခြားရွာသားတွေလည်းဒီလိုပဲခံစားရမှာပဲ။ ကျွန်တော်တို့ မြေကို လုပ်ကိုင်စားသောက်ခွင့်မရတာ နှစ် ၂၀ ကျော်လောက်ရှိပြီး။ ဒီမှာနေတဲ့အချို့လူတွေဆို သူတို့ရဲ့ရွာကနေထွက်ခွာပြီးအလုပ်ရှာကြရတယ်။ အချို့ဆိုရင် သူများနိုင်ငံတွေမှာအလုပ်လုပ်ကြတယ်။ အချို့အမျိုးသားတွေဆို တောထဲမှာဆင်ထိန်းလုပ်ပြီး အမျိုးသမီးတွေကြတော့ ရွာကိုပစ် ထားခဲ့ပြီး အိမ်အကူအလုပ်သမားအဖြစ်လုပ်ကြတယ်။ တစ်ချို့တွေဆိုရင် တောင်ငူမြို့တို့ ရန်ကုန်မြို့တို့မှာ ဒါမှမဟုတ် မလေးရှား၊ စင်ကာပူနိုင်ငံတို့မှာသွားလုပ်ကြတယ်။”[20]
ထို့ပြင် ကျေးလက်ဒေသတွင်းရှိ လူမှုနှောင်ကြိုးကိုချိုးဖျက်ရန် အဆိုပါမြေယာသိမ်းဆည်းမှုသည် နောင်လာ မည့်မျိုးဆက်ကိုအကျိုးသက်ရောက်စေသည်။ “ အချို့ကလေးများတွေက သူတို့ရဲ့ပညာရေးကို ဆက်လက် ပြီးမသင်ကြားနိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုထောက်ပံ့နိင်ဖို့ဝင်ငွေမရှိတော့လို့ပဲ။” ဤသည် ကားမြေယာသိမ်းဆည်းမှုသည် ဒေသတွင်းလူထုအပေါ် ရေရှည်အကျိုးသက် ရောက်မှုများဖြစ်စေကြောင်း နှင့် ထိုသို့သောအကြမ်းဖက်မှုများသည် နောက်ထပ်လူအခွင့်အရေးချိုးဖောက်မှုများကို မည်သို့လမ်းခင်းပေး ထားကြောင်းကို မီးမောင်းထိုးပြထားသည်။
လေ့လာရန်ဖြစ်ရပ် (၂) တောင်သူလယ်သမားတို့သည် ၎င်းတို့၏ ကိုယ်ပိုင်မြေကိုပြန်လည်ငှားရမ်းခြင်း - တပ်မတော်မှ ဖာပွန်ခရိုင်ရှိ ဓလေ့ထုံးတမ်းမြေယာများအား သိမ်းယူ၍ ဝင်ငွေရရန်ရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်း။
၁၉၉၃ ခုနှစ်တွင် ဖာပွန်စစ််ဗျူဟာဌာနချုပ်အမှတ် (၁) ရှိ တပ်မတော်စစ်ဗျူဟာမှ လက်အောက်ခံ ခြေမြန်တပ်ရင်း အမှတ် (၃၄၀)၊ အမှတ် (၃၄၁) နှင့် အမှတ်(၄၃၄) များအတွက် စစ်တပ်အခြေစိုက်စခန်းများကို ဆောက်လုပ်ရန် ဝေနောင်ရွာရှိ လူမှုအသိုက်အဝန်း၏ မြေယာများအား လုံးကိုသိမ်းယူခဲ့သည်။ ထိုမြေယာများတွင် ၎င်းစစ်တပ် များအတွက်မြောက်များစွာသော အဆောက်အဦးများကို ဆောက်လုပ်ပြီးခဲ့ပြီးဖြစ်သည်။
လက်နက်ခဲယမ်းမီးများထားရှိသော တပ်မတော်၏တပ် စုအခြေစိုက်စခန်းပတ်ပတ်လည်ရှိ ခြံစည်းရိုးများအား ပြင်ဆင်သည့်အချိန်တွင် ဒေသခံတောင်သူ လယ်သမား များထံမှ မြေယာများအားပို၍သိမ်းယူခဲ့ကြသည်။ အထွေ ထွေအင်ဂျင်နီယာတပ်စုမှူးကလည်း စစ်အခြေစိုက်စခန်း ထဲတွင်တပ်စွဲသည့်တပ်ရင်းများရန်ပုံငွေရရှိရန် သိမ်းယူထားသောမြေများနှင့် အုတ်ဖုတ်လုပ်ငန်းကိုတိုးချဲ့ လုပ်ကိုင်ခဲ့သည်။ အချို့သောမြေများသည်စိုက်ပျိုးရေးအတွက် ရည်ရွယ်ချက်ဖြင့်သိမ်းယူခဲ့ကြသည်။ တပ်မ တော်၏ “ကိုယ်ထူကိုယ်ထ” မူဝါဒတွင် တွဲဖက်ထုတ်ကုန််များထုတ်လုပ်နိုင်ရန် တပ်ရင်းများအားပြည်သူ လူထု၏မြေများ၊ သယံဇာတများနှင့်လုပ်အားများကိုသိမ်းယူစေရန် ဆွဲဆောင်စေသည့်အကြောင်းအရင်းတစ် ခု ဖြစ်စေခဲ့သည်။
သို့သော် ခြေမြန်တပ်ရင်း အမှတ်(၃၄၀)၊ အမှတ်(၃၄၁)၊ နှင့် အမှတ်(၄၃၄) တို့သည် သိမ်းယူထားသောမြေ များအားလုံးကိုအသုံးမပြုခဲ့ရပေ။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် ခြေမြန်တပ်ရင်း အမှတ် (၃၄၀) မှ ဒုအရာခံစစ် ဗိုလ်လှဝင်းသည် မြေကွက်များကို အနီးအနားကျေးရွာရှိတောင်သူလယ်သမားများထံသို့ စတင်ငှားငြမ်းခဲ့ပါ သည်။ ဒေသခံလယ်သမားတစ်ဦးမှ ဤအခြေအနေများနှင့်ပတ်သက်၍ သူ၏အမြင်များအားရှင်းပြခဲ့သည် မှာ “တပ်မတော်စစ်သားတွေက ကျွန်တော်တို့မြေယာတွေကိုသိမ်းတယ်။ ဒါပေမဲ့ကျွန်တော်တို့ရဲ့မြေကို ထက်ယက်ဖို့အတွက် သူတို့မှာလယ်ထွန်တဲ့ပစ္စည်းတွေဘယ်တုန်းကမှ လုံလုံလောက်လောက်မရှိဘူး။ တစ် ကယ်တော့ သူတို့သိမ်းယူထားတဲ့ကျတော်တို့ရဲ့မြေတွေကနေ ဘာအကျိုးအမြတ်မှမရခဲ့ဘူး။” ထို့ကြောင့်၊ တပ်မတော်မှသိမ်းယူထားသောစိုက်ပျိုးမြေယာများအား မလုပ်ကိုင်ခြင်းသည် လှုမှုအသိုက်အဝန်းတစ်ခုလုံး ၏ အဓိကအရင်းအမြစ်ဖြစ်သည့် အစားအစာနှင့်ဝင်ငွေများရရှိခြင်းကို အတားအဆီးဖြစ်စေပါသည်။
သူတင်ပြသည်မှာ ထိုအခြေအနေသည် တပ်မတော်တွေကြားစိုးရိမ်မှုတစ်ချို့ဖြစ်ပေါ်စေသည့်အတွက် သိမ်းယူထားသောမြေများကို ငှားငြမ်းရန်အခြေအနေသို့ရောက်သွားသည်။ “စစ်သားများတွေက သူတို့သိမ်းယူ ထားတဲ့လယ်ယာမြေတွေအပေါ်မှာ ဘာလို့တစ်ယောက်မှမလုပ်စားရတာလဲလို့ တစ်ယောက်ယောက်က မေးရင်သူတို့ဖြေရခက်မယ်။ ဒီပြဿနာကိုရှောင်ဖို့အတွက် သူတို့ကဒေသခံရွာသားတွေကို မြေငှားတယ်။ သူတို့ကကျွန်တော်တို့ကိုမြေငှားခအတွက် ပိုက်ဆံနဲ့သီးနှံတို့ကိုပေးရတယ်။ တပ်မတော်ဗိုလ်က တစ်ကယ်လို့အပြင်လူတွေ ဒါမှမဟုတ်အာဏာပိုင်တွေကကျတော်တို့ကိုမေးခဲ့လို့ရှိရင် ကျတော်တို့က တပ်မတော်ရဲ့ လယ်လုပ်ငန်းကိုကူလုပ်နေပါတယ်လို့ဆိုပြီး ရှင်းပြရမယ်တဲ့။”
ဒေသခံတောင်သူလယ်သမားများသည် များသောအားဖြင့်မြေငှားရန် မတတ်နိုင်ကြသော်လည်း ခုနှစ် ယောက်သော လယ်သမားတို့သည် ဒေသ၏ ဓလေ့ထုံးတမ်းအရ မြေယာလုပ်ကိုင်ကျင့်သုံးမှုစနစ်အောက် တွင် မိမိတို့မှ ထိုမြေများအား ပိုင်ဆိုင်ခဲ့သည့်အလျောက် ၎င်းတို့ငှားမှ ရမည့်အခြေအနေသို့ ရောက်ရှိခဲ့ သည်ကို သိရှိကြသည်။ တစ်ယောက်မှ ရှင်းပြခဲ့သည်မှာ “ဘယ်လိုပဲဖြစ်ဖြစ် တရားသည်ဖြစ်စေ မတရား သည်ဖြစ်စေ ငါတို့မြေယာတွေကိုမပိုင်ဆိုင်ရမှတော့ အလုပ်လက်မဲ့ထက်ဒီမြေတွေကိုငှားမှပိုကောင်းသေးတယ်။” ဟုပြောကြားခဲ့ပါသည်။ မြေယာသိမ်းဆည်းမှုမှ အလုပ်အကိုင်အခွင့်အလမ်းမရှိမှုတို့သည် လယ်သမားများတို့အား မသေချာသောဘဝအခြေအနေကို သက်ရောက်စေသည်။[22] “ဒီမြေတွေမှာရှိတဲ့စပါးတွေကို ရိတ်သိမ်းဖို့ ကျွန်တော်တို့ရဲ့ကိုယ်တိုင်ပစ္စည်းတွေနဲ့ မျိုးစေ့တွေကိုသုံးရတယ်။ ဒီနှစ်မှာ တပ်မတော်ဆီကို ဆန်အတင်း ၇၀ ပေးရတယ်။ တပ်မတော်က ဆန်အတင်း ၁၀၀ လောက် အငှားချရင်တော့ ကျွန်တော်တို့ မိသားစုတွေကိုကျွေးမွေးဖို့ အခက်အခဲဖြစ်မှာသေချာတယ်။” ဟုဆက်လက်ပြောကြားခဲ့ပါသည်။
လေ့လာရန်ဖြစ်ရပ် (၃) မကွေး- ထားဝယ်ခရိုင်ရှိ တပ်မတော်မှ လယ်သမားများအား မြေယာများလွဲပြောင်း ရန် အတင်းလက်မှတ်ရေးထိုးခိုင်းခြင်း
၂၀၀၁ ခုနှစ်တွင် အမှတ်(၁၂) တပ်မတော်တန်းမြင့်လေ့ ကျင့်ရေးကျောင်း (တတခ-၁၂) တို့သည် သင်တန်းစခန်း တစ်ခုဆောက်လုပ်ရန် ဝါးဇွမ်းဥရွာရှိ လူမှုအသိုက်အဝန်း ပိုင်မြေ ၆၈၇ ဧက ကိုသိမ်းဆည်းခဲ့သည်။ ဝါးဇွမ်းဥရွာ သည် ဝေးလံခေါင်ဖျားသည့်ဒေသတွင် တည်ရှိနေပြီး ဌာနေတိုင်းရင်းသားတို့သည် အသက်မွေးဝမ်းကျောင်း အတွက် စိုက်ပျိုးရေးကို မှီခိုအားထားရသော နေရာဖြစ် သည်။ ထို့ပြင် ၎င်းတို့သည် မြန်မာအစိုးရ၏ မြေယာမှတ် ပုံတင်မှုယန္တားများလည်း လက်လှမ်းမမှီနိုင်ကြပါ။
၂၀၀၀ ခုနှစ်တွင် (တတခ-၁၂) တို့သည် အိမ်နီးချင်းရွာ ဖြစ်သည့် နော်တော်ကျေးရွာရှိမြေများအားလုံးကို သိမ်း ဆည်းခဲ့ပြီးဖြစ်သဖြင့် လူထုအားနေရပ်စွန့်ခွာစေသည်။
နော်တော်ရွာရှိမြေယာသိမ်းဆည်းမှုသည်လူ့အခွင့်အရေးချိုးဖောက်မှုများစွာပါဝင်ပတ်သက်ခဲ့သည်။ အဆိုပါချိုးဖောက်မှုများမှာ အတင်းအဓမ္မခိုင်းစေမှု၊ အဓမ္မအခွန်ကောက်ခံမှုနှင့် အကြမ်းဖက်ခြိမ်းခြောက်မှုတို့ပါဝင် သည်။ ၂၀၀၀ ခုနှစ် မှစ၍ ၂၀၀၂ ခုနှစ် အထိ ဝါးဇွမ်းဥရွာနှင့်နော်တော်ရွာများမှ ဒေသခံရွာသားတို့သည် စစ် အဆောက်အဦးများကိုဆောက်လုပ်ရန် တစ်ပတ်လျှင် ၃ ရက် အတင်းအဓမ္မစေခိုင်းခံခဲ့ရသည်။
၂၀၀၁ ခုနှစ်တွင် ဝါးဇွမ်းဥရွာမှ ၄၉ ဦးသောတောင်သူလယ်သမားတို့သည် မိမိတို့၏မြေများကို တပ်မ တော်ထံသို့လွှဲပြောင်းပေးသည့် စာရွက်စာတမ်းများကို အတင်းအဓမ္မလက်မှတ်ရေးထိုးစေခဲ့ရသည်။ လက် မှတ်ရေးထိုးရန်ငြင်းဆိုသော ရွာသားများအား ၂၀၀၀ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တစ်နှစ်လျှင် မြန်မာငွေ နှစ်သန်းကျပ် ပေးဆောင်ခဲ့ရပြီး ၂၀၀၆ မှ ၂၀၁၀ ခုနှစ်တွင် တစ်နှစ်လျှင် ၁ သန်းနှင့် ၆သိန်းကျပ် ပေးခဲ့ရ မှုတို့ကြောင့် လူမှုအသိုက်အဝန်းတွင် ဆင်းရဲမွဲတေမှုအား တိုးမြှင့်စေခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် တပ်မတော်မှ ဒေသခံရွာသားများအား ၎င်းတို့၏မြေမှထွက်သွားရန်အမိန့်ပေးခဲ့သည်။ အကယ်၍ ထွက်မသွားလျှင် ၎င်းတို့ ၏စိုက်ခင်းများကို တပ်မတော်မှမီးရှို့လိမ့်မည်ဟုခြိမ်းခြောက်ပြောဆိုခဲ့သည်။ မြေပိုင်ရှင် ၁၇ ဦးမှ ထိုအမိန့်ကို လိုက်နာခဲ့ရသည်။ ထိုအချိန်မှစ၍ တပ်မတော်မှသစ်ပင်များပေါ်တွင် “တပ်ပိုင်မြေ မကျူးကျော်ရ” ဟု ရေးသားထားသော ဆိုင်းဘုတ်များအား ကပ်ထားလျက်ရှိသည်။[23]
တပ်မတော်သည် သင်တန်းအတွက် ရည်ရွယ်၍ ဝါးဇွမ်းဥရွာတွင် တစ်နှစ်လျှင် သုံးလကြာအချိန်ယူကြလေ့ ရှိသည်။ ဤဖြစ်ရပ်သည်လူမှုအသိုက်အဝန်း၏ လုံခြုံမှုအားခြိမ်းခြောက်လျက်ရှိသည်။ မကြာသေးမီကပြု လုပ်ခဲ့သည့် သင်တန်းတစ်ခုသည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလတွင်ဖြစ်သည်။ ဒေသခံရွာ သားတစ်ဦးမှတင်ပြခဲ့သည်မှာ “တပ်မတော်စစ်သားတွေက ကျွန်တော်တို့ရဲ့စိုက်ပျိုးမြေမှာ သင်တန်းလေ့ ကျင့်တဲ့အချိန်ဆို ကျွန်တော်တို့မသွားရဲဘူး။ သူတို့တွေကလည်း စစ်သင်တန်းလုပ်နေတဲ့အချိန်ဆို ကျွန်တော်တို့ကိုသွားခွင့်မပြုဘူး။ ကျွန်တော်တို့က သူတို့ကိုကြောက်တယ်။”[24]
လူမှုအသိုက်အဝန်းအဖွဲ့ဝင်များသည် ၎င်းတို့၏မြေယာများအား ပြန်လည်မရရှိမည်ကို စိုးရိမ်ကြသည်။ အဘယ်ကြောင့်ဆိုသော် တပ်မတော်မှ သိမ်းယူထားသောမြေယာဒေသများတွင် ဆိုင်းဘုတ်များတပ်ဆင် ထားခြင်းကြောင့်ဖြစ်သည်။ စစ်သားများသည် ထိုနေရာတစ်ဝိုက်တွင် မြေမြှုပ်မိုင်းများ မြုပ်ထားသည်ဟု ရွာသားများအား ပြောခဲ့သည်။
အချို့ရွာသားများသည် တပ်မတော်နှင့်ထိပ်တိုက်ရင်ဆိုင်ပြောဆိုခဲ့ကြပြီး အချို့ကဓါတ်ပုံရိုက်ထားပြီး အမှုကို သက်ဆိုင် ရာအာဏာပိုင်များထံသို့တိုင်ကြားခဲ့သည်။ ရွာသားများကလည်း ဆိုင်းဘုတ်များကို ၎င်းတို့၏နာမည်၊ မြေအကျယ်အဝန်း၊ သီးနှံအမျိုးအစားနှင့်ဤစိုက်ပျိုးခင်းများပေါ်၌ ဘယ်နှစ်နှစ်ကြာလုပ်ကိုင်ခဲ့ကြောင်း ကိုဆိုင်းဘုတ်နှင့်တကွစိုက်ထူဖော်ပြထားသည်။ မြေယာသိမ်းဆည်းခံခဲ့ရသော လူမှုအသိုက်းအဝန်းများက လည်း မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ဖြစ်စေ၊ များစွာသော အစိုးရဌာနများသို့ဖြစ်စေ၊ ပူးတွဲစောင့် ကြည့်ရေးအဖွဲ့ဖြစ်စေ၊ ဒေသအတွင်း အာဏာပိုင်များဖြစ်စေ၊ ကရင်အမျိုးသားအစည်းအရုံးထံသို့ဖြစ်စေ ဤ အမှုကိုတိုင်ကြားခဲ့သည်။ သို့သော် မည်သူမျှ၎င်းတို့အားမြေယာ ပြန်လည်ရရှိရန်မကူညီခဲ့ကြပေ။
လေ့လာရန်ဖြစ်ရပ်(၄)မြေယာလုပ်ပိုင်ခွင့်အထောက်အထားများသည် ရောနှောအုပ်ချုပ်သောဒေသတွင် အာမခံချက်မရှိခြင်း - ဒူးပလာယာခရိုင်၌ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်သည် ကရင်အမျိုးသားအစည်းအရုံး မြေယာပိုင်ဆိုင်မှုစာချုပ်ရှိသော လယ်သမားများထံမှ စိုက်ပျိုးမြေများကို သိမ်းယူခြင်း။
၂၀၀၄ ခုနှစ်တွင် ဦးဉာဏ်ထွန်း ဦးဆောင်သော မွန်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (MNLA) သည် ဝင်းရေး မြို့နယ်ရှိ ရွာ ၅ ရွာ မှ ဒေသခံရွာသားတို့၏မြေ ဧက ၁၀၀ ကျော်ကိုသိမ်းယူခဲ့သည်။ MNLA စစ်တပ်၏ ပါဝင်ပတ်သက်မှုသည် မောကနေရွာတွင်တပ်ဆွဲထားသည်။ များ သောအားဖြင့် သိမ်းဆည်းထားသောမြေယာများမှာ ရော်ဘာ၊ သီဟိုဠ်၊ ကွမ်းပင်နှင့်စပါးခင်းတို့ဖြစ်ကြသည်။ သို့ သော်အချို့မြေယာများသည် မြေရိုင်းများဖြစ်ကြသည်။
၂၀၀၄ ခုနှစ်ကုန်ပိုင်းတွင် MNLA စစ်သားများသည် ဒေသ ခံတောင်သူလယ်သမားများဖြစ်သော လူနည်းစုတိုင်းရင်း သား ကရင်နှင့်မွန်တို့၏ မြေများအား သိမ်းဆည်းခဲ့သည်။ MNLA သည် နိုင်ငံတော်အာဏာပိုင်မှ ၎င်းတို့အား ထိုမြေများ ပိုင်ဆိုင်ခွင့်ပေးထားကြောင်းကို တောင်သူလယ်သမား များအားပြောခဲ့သည်။ မြေယာသိမ်းဆည်းခံခဲ့ရသော ဘေးလမိုင်းရွာသားများ ပြောပြခဲ့သည် မှာ “MNLA တို့က ဒီမြေ တွေကိုသူတို့ပိုင်တယ်လို့ပြောပြီး ကျွန်တော်တို့ဆီကနေ သိမ်းယူတယ်။ ကျွန်တော်တို့မြေကို ကာကွယ်ဖို့ကြိုးစားပြီး ဆန္ဒပြလည်းမအောင်မြင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာလက်နက်တွေမှမရှိတာ။ ကျွန်တော်တို့ကအင်အားမရှိတဲ့အရပ်သားတွေပါ။ စစ်သားတွေက ကျွန်တော်တို့ကိုခြိမ်းခြောက်ပြီးမြေတွေကိုသိမ်းယူကြတာ။” MNLA သည် အချို့သောမြေများပေါ်တွင် ရော်ဘာပင်များစိုက်ကြပြီး စီးပွားဖြစ်သောစိုက်ပျိုးအသီးအနှံအားအသုံးပြုပြီး ၎င်းတို့၏စစ်တပ်အတွက်ဝင်ငွေရသော အရင်းအမြစ်အဖြစ်ပြုလုပ်ခဲ့သည်။ ၎င်းတို့သည် အချို့သိမ်းဆည်းထားသောမြေများအား အကွက်ချပြီး မွန်ရွာသားများထံသို့ရောင်းခဲ့ကြသည်။ စစ်သားများသည် ထိုနေရာတွင်ရှိနေခြင်းကြောင့် အချို့လယ်သမားများ ကကြောက်လှန့်ကြပြီး ၎င်းတို့၏ရွာများအားစွန့်ခွာခဲ့ကြသည်။
မြေယာသိမ်းဆည်းခံခဲ့ရသော ရွာသားအများစုသည် KNU ၏ မြေယာပိုင်ဆိုင်မှုစာချုပ်ကို ကိုင်ဆောင်ထား ကြသည်။ မြေယာမှတ်ပုံတင်ခြင်းစနစ် နှစ်ခု ရှိနေခြင်းသည် လယ်သမားများအတွက် ၎င်းတို့၏မြေများအား ကာကွယ်ရန် ရှုပ်ထွေးစေပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် မြန်မာအစိုးရနှင့် KNU နှစ်ဖက်စလုံးမှ စတင်ပြီး နယ်မြေများကိုပိုင်းခြားသတ်မှတ်ကြပြီး မြေယာပိုင်ဆိုင်ခွင့်စာချုပ်များ ပြုလုပ်ပေးကြသည်။ သို့ သော်လည်းနှစ်ဖက်စလုံးမှ တစ်ဦးနှင့်တစ်ဦးမြေယာမှတ်ပုံတင်ခြင်းစနစ်များအား အသိအမှတ်ပြုရန် ပျက် ကွက်ကြသည်။ ဤကဲ့သို့ဖြစ်ခြင်းကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် မြေယာသိမ်းဆည်းမှုအန္တရာယ် ကိုတိုးမြင့်စေသည်။
ဒေသခံလယ်သမားများသည် မြေယာသိမ်းဆည်းခံရသောအမှုများကို KNU နှင့် မြန်မာအစိုးရအာဏာပိုင် များထံသို့ တင်ပြကြသော်လည်း ၎င်းတို့၏ မြေယားများအားပြန်လည်မရနိုင်တော့ပေ။ သို့ဖြစ်သောကြောင့် လယ်သမားများသည် ၎င်းတို့၏အနာဂတ် နှင့် ကလေးများ၏အနာဂတ်အတွက် စိုးရိမ်နေကြရသည်။
သာကတိုင်းရွာမှ အမျိုးသားတစ်ဦး မှ KHRG အား ပြောပြသည်မှာ “ကျွန်တော် ရော်ဘာ ၃၅ ဧက လောက် ရှိတယ်။ ကျွန်တော်အနာဂတ်အတွက်ယုံကြည်မှုရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်အသက်မွေး ဝမ်းကျောင်းအတွက်မြေအလုံအလောက်ရှိလို့ပါပဲ။ ကံမကောင်းစွာပဲ MNLA တို့က ကျွန်တော်တို့ရဲ့မြေယာ အကုန်လုံးနီးပါးကိုသိမ်းယူခဲ့တယ်။ ဒါဟာကြီးမားဆုံးရှုံးမှုကြီးတစ်ခုဖြစ်တဲ့နစ်နာမှုပါပဲ။ ကျွန်တော်အခုတော့ မြေနည်းနည်းပဲကျန်တော့တယ်။ အခုတော့ကျွန်တော့်ရဲ့မိသားစုကို ထောက်ပံ့ဖို့အတွက် တော်တော်လေး ကိုစိန်ခေါ်မှုဖြစ်သွားတယ်။ ဒါပေမဲ့ ကျွန်တော်အသက်ရှင်နေသရွေ့ နည်းလမ်းကိုရှာကြံပြီး စားဝတ်နေရေး ဖူလုံဖို့အတွက်ရင်ဆိုင်ရတာပါပဲ။”
မြန်မာပြည်အရှေ့တောင်ပိုင်းတွင် မြေယာမှတ်ပုံတင်ခြင်းစနစ်ကို လိုက်လျောညီထွေအောင် လုပ်ဆောင်ခြင်းသည် ကျေးလက်ဒေသလူမှုအသိုက်အဝန်းအား တပ်မတော်၏ မြေယာသိမ်းဆည်းမှုသားကောင်အဖြစ် မကျရောက်စေရန်ကာကွယ်ပေးနိုင်လိမ့်မည်။
အကြံပြုချက်များ
KHRG မှ ပါတီဝင်အားလုံးအား တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်ရပ်ဆဲရေးသဘောတူစာချုပ် ၏ အပိုဒ်ငယ် (၉) အား လိုက်နာရန် နှင့် ဒေသခံလူထုတို့၏ မြေယာများကို အတင်းအဓမ္မ သိမ်းယူမှုမှ ရပ်တန့်ရန် တိုက်တွန်း လိုက်သည်။
KHRG သည် အဆိုပြုထားသော မြေလွတ်မြေလပ်နှင့်မြေရိုင်းစီမံခန့်ခွဲမှုဥပဒေ ကိုပြန်လည်ပြင်ဆင်ခြင်း အကောင်အထည်ဖော်မှုကို ရပ်တန့်ရန်နှင့်သဘောပေါက်နားလည်နိုင်သော အမျိုးသားမြေယာဥပဒေကို လိုအပ်သောတိုင်းတာမှုများအား မူကြမ်းရေးဆွဲခြင်း၊ ပြဌာန်းခြင်းနှင့်အကောင်အထည်ဖော်ခြင်းတို့ကို အမြန် ဆုံးလုပ်ဆောင်ရန် မြန်မာအစိုးရအား အဆိုပြုထားသည်။
- ဒေသခံအစိုးရများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာလူမှုအဖွဲ့အစည်း များသည် အမျိုးသားမြေယာဥပဒေ မူကြမ်းရေးဆွဲရာတွင် နီးကပ်စွာပါဝင်ရမည်။
- အနာဂတ်ဥပဒေ၏ အင်္ဂါရပ်များသည် ၂၀၁၆ ခုနှစ်တွင် အမျိုးသားမြေယာသုံးပေါ်လစီ၏ ရည်ရွယ် ချက်များနှင့်အညီ မိရိုးဖလာဓလေ့ထုံးတမ်းသုံးမြေယာလုပ်ပိုင်ခွင့်ကိုအသိအမှတ်ပြုပြီး ကာကွယ် သည့်အထောက်အပံ့ ယန္တရားများပါဝင်ရမည်။
- အနာဂတ်ဥပဒေသည် လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ မြေယာသိမ်းဆည်းခံခဲ့ရသူများအား မိမိတို့၏ မြေယာများအခိုင်အမာပြန်လည်ရရှိရန် သို့မဟုတ် အနည်းဆုံးအနေနှင့် တရားမျှတသောလျော် ကြေးများလက်ခံရရှိရန် ပြည်စုံလုံလောက်မှုရှိသော နည်းလမ်းများနှင့် နစ်နာမှုယန္တရားများသေချာ စွာပါဝင်စေရန်ရေးဆွဲရမည်။
- ဒေသခံအစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်သော တစ်နိုင်ငံလုံး ဆိုင်ရာလျှောက်လွှာ၏ အနာဂတ်ဥပဒေသည် သင့်လျော်သောအဆင့်များ သေချာစွာလုပ်ကိုင်ရ မည်။
တပ်မတော် မြေယာသိမ်းဆည်းမှု ဖြစ်ရပ်များအားခြုံငုံသုံးသပ်ချက််
တည်နေရာ | ခုနှစ် | ကျုးလွန်သူ | ဧက | လျှော်ကြေး | ချိုးဖောက်မှုများ |
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မိချောင်းကုန်းကျေးရွာ | ၁၉၅၄ | တပ်မတော် ခ.မ.ရ #၅၅၀ #၅၉၉ #60 #၃၅၁ | ၂၆၄ | မရှိ | နေရပ်ရွှေ့ပြောင်းနေထိုင်ရခြင်း၊ ဝင်ငွေနှင့် ပိုင်ဆိုင်မှု ဆုံးရှုံးရခြင်း |
ဘားအံခရိုင်၊ နဘူး မြို့နယ် | ၁၉၉၀ | တပ်မတော် ခ.မ.ရ #၅၄၈ | ၂၀၀ | မရှိ | အတင်းအဓမ္မနေရပ် ရွေ့ ပြောင်းရခြင်း၊ နှုတ်ဖြင့် ခြိမ်းခြောက် မှုများ |
ဖာပွန်ခရိုင်၊ ဒွယ်လိုး မြို့နယ်၊ ကမမောင်းမြို့ | ၁၉၉၀ | KNLA-PC ဗိုလ်မှုး စောဉာဏ်ထွန်း | မသိ | မရှိ | နှုတ်ဖြင့် ခြိမ်းခြောက်မှုများ |
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကပါယ်ကျေးရွာအုပ်စု၊ အောင်စိုးမိုးကျေးရွာ | ၁၉၉၀ | တပ်မတော် | ၃၅ | မရှိ | နေရပ်ရွှေ့ပြောင်းနေထိုင်ရခြင်း၊ ဝင်ငွေနှင့် ပိုင်ဆိုင်မှု ဆုံးရှုံးရခြင်း |
ဖာပွန်ခရိုင်၊ ဒွယ်လိုး မြို့နယ်၊ ကမမောင်းမြို့နယ်၊ အုန်းတောရပ်ကွက် | ၁၉၉၃ | DKBA, BGF | ၃၂၅ | မရှိ | အသက်မွေးဝမ်းကျောင်းဆုံးရှုံးရခြင်း |
ဖာပွန်ခရိုင်၊ ဘူးသို မြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု | ၁၉၉၃ | ဖာပွန်တပ်မတော် စ.က.ခ ဌာနချုပ် အမှတ် #၁ တပ်ရင်း အမှတ်#၃၄၀ | ၆၀ | မရှိ | အသက်မွေးဝမ်းကျောင်းဆုံးရှုံးရခြင်း၊ တစ်ဖက်သက်အခွန်ကောက်ခံခြင်း |
ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းကျေးရွာ | ၁၉၉၆ | တပ်မတော် အမြောက်တပ် အမှတ်#၃၃၄ | ၂၅ < ဧက၊ ရာဘာပင် ၇၀၀ ကျော် |
မရှိ | မြေယာနှင့်ပိုင်ဆိုင်မှု ပျက်ဆီးခြင်း၊ ဝင်ငွေဆုံးရှုံးရခြင်းနှင့် နေရပ်ရွှေ့ပြောင်းရခြင်း |
မြိတ်-ထားဝယ်ခရိုင်၊ ကဆယ်ဒိုမြို့နယ်၊ ထီးအူးအို့၊ ပယ်ခီး၊ ကိုးစီးကွီး နှင့် ဖီးတခါကျေးရွာ | ၁၉၉၇ | တပ်မတော် | မြေယာဧကတိကျမသိ (ကျေးရွာလေးရွာအားထိခိုက်) | မရှိ | နေရပ်ရွှေ့ပြောင်းရ ခြင်း၊ အသက်မွေးဝမ်း ကျောင်းစိန်ခေါ်မှု၊ မြေယာနှင့်ပိုင်ဆိုင်မှု ပျက်စီးခြင်း |
တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ရှောက်ပင်ချောင်းကျေး ရွာအုပ်စု | ၁၉၉၉ | ဘုရင့်နောင်စစ်စခန်းအခြေစိုက် တပ်မတော်တပ် | ၄၀၀၀ | မရှိ | စိုက်ပျိုးသီးနှံများနှင့်ပိုင်ဆိုင်မှု ပျက်ဆီးခြင်း၊ ပြည်သူပိုင်မြေများပေါ် လေ့ကျင့်ရေးပစ်မှတ်ထားခြင်း |
တောင်ငူခရိုင်၊သံတောင် ကြီးမြို့နယ်၊ လိပ်သိုမြို့ | ၂၀၀၀ | တပ်မတော် ခ.မ.ရ #၆၀၃ | မြေယာဧကတိကျမသိ(ထိခိုက်နစ်နာ သောရွာတစ် ရွာ) | မရှိ | နေရပ်ရွှေ့ပြောင်းရခြင်း၊ မြေယာနှင့်ပိုင်ဆိုင်မှု ပျက်ဆီးခြင်း |
တောင်ငူခရိုင်၊ ပျင်းမနားမြို့နယ်၊ ကမုန်းတောင်နှင့် လွဲကြီးတောင် | ၂၀၀၀ | တပ်မတော် တပ်ရင်း အမှတ် #66 နှင့် #122, #606 | မြေယာဧကတိကျမသိ (ထိခိုက်နစ်နာသောအိမ် ထောင်စု ၅၁ စု) | အတင်းအဓမ္မ နေရာရွှေ့ ပြောင်းခံရသောရွာသားများ အားတပ်မတော်မှရေ ထောက်ပံ့ပေးခြင်း | နေရပ်ရွှေ့ပြောင်းရ ခြင်း၊ မြေယာနှင့်ပိုင်ဆိုင်မှု ပျက်ဆီးခြင်း၊ နည်းပါးသောလျော် ကြေးငွေ၊ အသက်မွေးဝမ်း ကျောင်းစိန်ခေါ်မှုများ၊ မြေယာပျက်စီးခြင်း |
မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ ပလောကျေးရွာအုပ်စု၊ ဝါးဇွမ်းဥကျေးရွာ | ၂၀၀၁ | တပ်မတော် အဆင့်မြင့်လေ့ကျင့်ရေးသင်တန်း တပ် အမှတ် #၁၂ | ၆၈၇ | မရှိ | နေရပ်ရွှေ့ပြောင်းရခြင်း၊ နှုတ်ဖြင့် ခြိမ်းခြောက်မှုများ၊ အတင်းအဓမ္မမြေယာလွဲပြောင်းခြင်း |
မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အကဲကျေးရွာအုပ်စု၊ ပလောသောကျေးရွာ | ၂၀၀၂ | ပြည်သူ့စစ်နှင့် CKB ကုမ္ပဏီ | ၃၂၅ | မရှိ | နေရပ်ရွှေ့ပြောင်းရခြင်း၊ မြေယာနှင့်ပိုင်ဆိုင်မှု ပျက်စီးခြင်း |
မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကတာကလိုးကျေးရွာအုပ်စု၊ သင်္ကန်းအောင်ကျေးရွာ | ၂၀၀၂ | တပ်မတော်ရေတပ် တပ်ရင်းအမှတ် #57 | ၆၂ | မရှိ | နေရပ်ရွှေ့ပြောင်းရခြင်း၊ မြေယာနှင့်ပိုင်ဆိုင်မှု ပျက်စီးခြင်း |
ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ ဘေးလမိုင်း၊ သကတိုင်၊ အောင်သရ၊ ပယာခွန်နှင့် အောင်သပြေကျေးရွာ | ၂၀၀၄ | မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် | ၁၀၀+ | မရှိ | အသက်မွေးဝမ်းကျောင်းဆုံးရှုံးရခြင်း၊ လုံခြုံရေးခြိမ်းခြောက်မှုများ၊ သိမ်းဆည်းခံမြေယာများအားပြန်လည်တောင်းဆိုနိုင်စွမ်းမရှိခြင်း၊ နည်းပါးသောလျော်ကြေးငွေ၊ |
ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သာယာကျေးရွာအုပ်စု၊ ကုန်းမြေသာယာကျေးရွာ | ၂၀၀၇ | တပ်မတော် အမြောက်တပ် #334 | ၂၀၀ | မရှိ | အတင်းအဓမ္မမြေယာလွဲပြောင်းခြင်း၊ စိုက်ပျိုးသီးနှံများပျက်စီးခြင်း |
ဘားအံခရိုင်၊ နဘူးမြို့နယ်၊ ထို့ကော်ကိုးကျေးရွာ | ၂၀၀၇ | KNLA-PC | ၄,၀၀၀ | လျော်ကြေးငွေမရရှိ | မြေယာပျက်စီးခြင်း၊ နှုတ်ဖြင့်ခြိမ်းခြောက်ခြင်း၊ ဒေသခံများ၏အမြင်အားလေးစားမှုမရှိခြင်း၊ လုံခြုံရေးခြိမ်းခြောက်မှုများ |
မြိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်၊ ထားဝယ်ခီးကျေးရွာအုပ်စု၊ လယ်သောကျေးရွာ | ၂၀၀၈ | MNLA | ၃၀ | မရှိ | လုံခြုံရေးခြိမ်းခြောက်မှုများ၊ မြေယာနှင့်ပိုင်ဆိုင်မှု ပျက်စီးခြင်း |
ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ | ၂၀၁၀ | တပ်မတော် ခ.မ.ရ အမှတ် #341 |
မြေယာဧကတိကျမသိ | မရှိ | နှုတ်ဖြင့်ခြိမ်းခြောက်ခြင်း၊ |
ဒူးပလာယာခရိုင်၊ကော့ကရိတ်မြို့နယ်၊ နို့ဖိုးကျေးရွာအုပ်စု | ၂၀၁၁ | BGF အမှတ် #၁၀၂၂ နှင့် တပ်မတော်စစ်ဦးစီးဌာန အမှတ် #12 | ၁၇၁ | မရှိ | နှုတ်ဖြင့်ခြိမ်းခြောက်ခြင်း၊ |
ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ရေးဖြူကြီးကျေးရွာအုပ်စု၊ ရေးဖြူကြီးမြို့ကျေးရွာ | ၂၀၁၇ | BGF အမှှတ် #၁၀၁၅ | မြေယာဧကတိကျမသိ (ထိခိုက်နစ်နာသောရွာ ၁၁ ရွာ) | မရှိ | မြေယာနှင့်ပိုင်ဆိုင်မှု ပျက်စီးခြင်း၊ နည်းပါးသောလျော် ကြေးငွေ၊ လုံခြုံရေးခြိမ်းခြောက်မှုများ၊ |
ဘားအံခရိုင်၊ နဘူး မြို့နယ်၊ ရွှေကုက္ကိုလ် | ၂၀၁၇ | BGF | မြေယာဧကတိကျမသိ (မြေယာအစိတ်အပိုင်း ၁၁ နေရာ) | ၁ဧက ဘတ် ၅၀,၀၀၀ | အသက်မွေးဝမ်းကျောင်းဆုံးရှုံးရခြင်း၊ ရွှေ့ပြောင်းနေထိုင်ရခြင်း၊ မြေယာပျက်စီးခြင်း၊ လုံခြုံရေးခြိမ်းခြောက်မှုများ၊ |
ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ တဲဘူးကျေးရွာအုပ်စု၊ တကူးကရောကျေးရွာ | N/A | KNLA-PC | မရှိ | မရှိ | အသက်မွေးဝမ်းကျောင်းဆုံးရှုံးရခြင်း၊ ရွှေ့ပြောင်းနေထိုင်ရခြင်း၊ မြေယာပျက်စီးခြင်း၊ အတင်းအဓမ္မလုပ်အားခိုင်းစေခြင်း |
ဘားအံခရိုင်၊ နဘူး မြို့နယ်၊ ဝေါ်လေးကျေးရွာအုပ်စု၊ ထို့ကော်ကိုးကျေးရွာ | N/A | KNLA-PC စစ်ဦးစီးဌာန (၃) ဗိုလ်မှုးစောဖားယူ | ၁၅၀ | မရှိ | နည်းပါးသောလျော်ကြေးငွေ၊ |
တောင်ငူခရိုင်၊တောင်ငူ မြို့နယ်၊ တောင်ငူမြို့ | ၂၀၁၈ | ခရိုင်၊ တပ်မတော် ခ.မ.ရ အမှတ် #၆၀၃ | မရှိ | မရှိ | နှုတ်ဖြင့်ခြိမ်းခြောက်ခြင်း၊ သိမ်းဆည်းခံမြေယာပေါ်လုပ်ကိုင်စားသောက်ရန်တားမြစ်ခြင်း |
ရွှေကုက္ကိုလ်မြို့ရှိ Chinatown တည်ဆောက်မှုစီမံကိန်းသည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ဒေသခံလယ်သမားများမှ ၎င်းတို့၏အမာခံမြေယာများကို ဈေးနည်းနည်းဖြင့်ရောင်းချရသည့်အ ကြောင်းရင်းမှာ နယ်ခြားစောင့်တပ်စစ်သားများ၏ ဖိအားပေးမှုကြောင့်ဖြစ်သည်။ [ဓာတ်ပုံ: KHRG]
ဤဓာတ်ပုံနှစ်ပုံမှာ တပ်မတော်သည် ရှောက်ပင်ချောင်းကျေးရွာအုပ်စုမှ ကျေးလက်လူမှုအသိုက်အဝန်းပိုင် စိုက်ပျိုုးမြေ ဧက ၄, ၀၀၀ ကို သိမ်းယူထားသောပုံများဖြစ်သည်။ လက်ယာဘက်ပုံသည် ဘုရင့်နောင်စစ်လေ့ကျင့်ရေး နယ်မြေဖြစ် သည်။ ပုံမှာ တပ်မတော်မှ သိမ်းယူထားသောမြေများကို ဒေသခံရွာသားတို့အားသတိပေးရန် ဆိုင်းဘုတ်ထောင်ထား သောပုံဖြစ်သည်။ [ဓါတ်ပုံ: KHRG]
ဤဓာတ်ပုံတွင် ရှောက်ပင်ချောင်းရွာသားတို့သည် တပ်မတော်မှသိမ်းဆည်းထားသော စိုက်ပျိုးခြံများအားပြန်လည် ရရှိရေးနှင့် တပ်မတော်တို့၏ လုပ်ရပ်များကိုရပ်တန့်ရေးတို့ကို ဆန္ဒပြတောင်းဆိုကြသည့်ပုံဖြစ်သည်။ [ဓါတ်ပုံ: KHRG]
ဤဓာတ်ပုံများတွင်၂၀၁၇ ခုနှစ်တွင် ဖာပွန်စစ်ဗျူဟာဌာနချုပ်အမှတ်(၁)၊ ခြေမြန်တပ်ရင်း အမှတ်(၃၄၀) မှ ဒေသခံလူမှု အသိုက်အဝန်းပိုင်စိုက်ပျိုးမြေဧကပေါင်း ၆၀ ကိုသိမ်းယူခဲ့သည့်ပုံဖြစ်သည်။ လက်ဝဲဖက်ပုံသည်တပ်မတော်စစ်သားများ မှ အတင်းသိမ်းယူခဲ့သောလယ်မြေများကို ခြံခတ်ထားသည့်ပုံဖြစ်သည်။ လက်ယာဖက်ပုံသည် ဒေသခံလယ်သမားများ ယခင်ကပိုင်ဆိုင်ခဲ့သောမြေများကိုထက်ယက်ပျိုးထားပုံဖြစ်သည်။ ယခုထိုလယ်မြေများကိုတပ်မတော်ထံမှငှားရမ်းနေရသည်။ [ဓါတ်ပုံ: KHRG]
ဤဓာတ်ပုံတွင် တတခ (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းသည် ဒေသခံများ၏ စိုက်ပျိုးမြေများတွင် တည်ရှိနေပြီး "တပ်ပိုင်မြေ မကျူးကျော်ရ။ ကျူးကျော်က တရားဥပဒေအရအရေးယူခံရမည်။" ဟု ဆိုင်းဘုတ်ထောင် ထားသည့်ပုံဖြစ်သည်။ [ဓါတ်ပုံ: KHRG]
ဤသစ်ပင်များသည် ဝါးဇွမ်းဥရွာမှဒေသခံလယ်သမားများမှ စိုက်ထားခြင်းဖြစ်သည်။ ယခုတွင် တပ်မတော်စစ်သား များမှထိုသစ်ပင်များပေါ်တွင် ဆိုင်းဘုတ်များပြုလုပ်၍ ထိုသိမ်းဆည်းထားသောမြေများပေါ်တွင် "မကျူးကျော်ရ" ဟု ရွာသားများအားသတိပေးကြေညာထားသည့်ပုံဖြစ်သည်။ တပ်မတော်စစ်သားများသည် ထိုနေရာအား စစ်သင်တန်း လေ့ကျင့်ရန်အတွက် အသုံးပြုကြသည်။ ထို့ဖြစ်ရပ်ကြောင့် များစွာသောဒေသခံလယ်သမားများ၏ စိုက်ပျိုးပင်များကို ပျက်စီးစေသည်။ [ဓါတ်ပုံ: KHRG ]
Footnotes:
[1] ဗွီအိုအေသတင်း (၂၀၁၈ ခုနှစ်၊ ဇူလိုင်လ), “Myanmar Legacy of Land Confiscations by Military Persists”.
[2] Human Rights Watch (၂၀၁၈ ခုနှစ်၊ ဇူလိုင်လ), “Nothing for Our Land’ – Impact of Land Confiscation on Farmers in Myanmar”.
[3] Human Rights Watch (၂၀၁၈ ခုနှစ်၊ ဇူလိုင်လ), “Nothing for Our Land’ – Impact of Land Confiscation on Farmers in Myanmar”.
[4] လွတ်လပ်တဲ့အာရှအသံ RFA (၂၀၁၈ ခုနှစ်၊ ဇူလိုင်လ), “Unused Land Seized From Farmers Has Been Returned, Myanmar Military Says”.
[5] မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (၂၀၁၈ခုနှစ်၊ ဩဂုတ်လ), “MCRB’s comments to Parliament on the Draft Land Acquisition Act”.
[6] Transnational Institute (၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ), “A Declaration of War on Us”: The 2018 VFV Law Amendment and its Impact on Ethnic Nationalities”.
[7] Frontier Myanmar (၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ), “Bringing the land use policy to life”.
[8] ပြည်ထောင်းစုသမ္မတမြန်မာနိုင်ငံတော် - ပြန်ကြားရေးဝန်ကြီးဌာန (၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ), “National Land Use Council holds 2nd coordination meeting”.
[9] ပြည်ထောင်းစုသမ္မတမြန်မာနိုင်ငံတော် - ပြန်ကြားရေးဝန်ကြီးဌာန (၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ), “National Land Use Council holds 2nd coordination meeting”.
[10] Myanmar Times (၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ), “Vice president says country needs National Land Law”.
[11] ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG (၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ), “Nay Pyi Taw Interview: Daw A---, February 2017”.
[12] ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG (၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ), “Nay Pyi Taw Interview: Daw A---, February 2017”.
[13] ဤအကြောင်းအရာသည် KHRG မှရရှိထားသည့် မထုတ်ဝေသေးသော အစီရင်ခံစာတစ်စောင်မှ ရယူထားခြင်းဖြစ်သည်။
[14] ဤအကြောင်းအရာသည် KHRG မှရရှိထားသည့် မထုတ်ဝေသေးသော အစီရင်ခံစာတစ်စောင်မှ ရယူထားခြင်းဖြစ်သည်။
[15] ဤအကြောင်းအရာသည် KHRG မှရရှိထားသည့် မထုတ်ဝေသေးသော အစီရင်ခံစာတစ်စောင်မှ ရယူထားခြင်းဖြစ်သည်။
[16] အကြောင်းအရာအပြည့်အစုံကို UN Economic and Social Council (၂၀၀၅ ခုနှစ်) မှထုတ်ဝေသော “Principles on housing and property restitution for refugees and displaced persons” တွင်ကြည့်ပါ။
[17] ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG (၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ), “Nay Pyi Taw Interview: Daw A---, February 2017”.
[18] ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG (၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ), “Toungoo Situation Update: Thandaunggyi Township, June to August 2017”.
[19] ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG (၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ), “Toungoo Situation Update: Thandaunggyi Township, November 2015 to February 2016”
[20] ဤအကြောင်းအရာသည် KHRG မှရရှိထားသည့် မထုတ်ဝေသေးသော အစီရင်ခံစာတစ်စောင်မှ ရယူထားခြင်းဖြစ်သည်။
[21] ဤအကြောင်းအရာသည် KHRG မှရရှိထားသည့် မထုတ်ဝေသေးသော အစီရင်ခံစာတစ်စောင်မှ ရယူထားခြင်းဖြစ်သည်။
[22] ဤအကြောင်းအရာသည် KHRG မှရရှိထားသည့် မထုတ်ဝေသေးသော အစီရင်ခံစာတစ်စောင်မှ ရယူထားခြင်းဖြစ်သည်။
[23] ဤအကြောင်းအရာသည် KHRG မှရရှိထားသည့် မထုတ်ဝေသေးသော အစီရင်ခံစာတစ်စောင်မှ ရယူထားခြင်းဖြစ်သည်။
[24] ဤအကြောင်းအရာသည် KHRG မှရရှိထားသည့် မထုတ်ဝေသေးသော အစီရင်ခံစာတစ်စောင်မှ ရယူထားခြင်းဖြစ်သည်။