ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မူတြော် (ဖာပွန်) ခရိုင်၊ ဘူးသိုမြို့နယ်တွင်ဖြစ် ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာစစ်တပ်ပိုင်ဂျက်လေယာဉ်တစ်စီးသည် ဘူးအာဒမ်းကျေးရွာအုပ်စု၊ အဇ---ကျေးရွာတွင်းသို့ ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်အပြင် ကျေးရွာတွင်လည်း လက်နက်ကိုင်တော်လှန် ရေးတပ်သားများမရှိပဲ မြန်မာစစ်တပ်က လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည်။ တစ်ချိန်ထဲတွင် မြန်မာစစ်တပ်သည် ကာမီကာဇေဒရုန်းနှစ်စီးဖြင့်   ထိုကျေးရွာကိုတိုက်ခိုက်မှုရှိခဲ့သည်။ ဤသို့လေကြောင်းတိုက်ခိုက်မှုတွင် အသက် (၄)နှစ် အရွယ် မိန်းကလေးငယ်(၁)ဦးထိမှန်သေဆုံးပြီး ကလေး (၂)ဦးအပါအဝင် ရွာသား (၁၂) ဦးဒဏ်ရာရရှိခဲ့သည်။ ဆေးကုသ မှုရရှိရန်အတွက် ဒဏ်ရာရရှိသည့်ရွာသားများသည် ကုန်းလမ်း၊ ရေလမ်းဖြင့် ဆက--- ဆေးရုံသို့သွားခဲ့ရသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် တဇ---ကျေးရွာတွင်နေထိုင်ကြသည့်ရွာသားများသည် ကျေးရွာထဲတွင် မနေရဲတော့ပဲ နီးစပ်ရာ မြစ်ချောင်း၊ တောတောင်၊ စိုက်ပျိုးခြံနှင့်လယ်ယာတဲအိမ်များသို့ ထွက်ပြေးပုန်းရှောင်ခဲ့သည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

(လေကြောင်းတိုက်ခိုက်မှု) မြန်မာစစ်တပ်မှ လေယာဉ်နှင့်ကာမီကာဇေဒရုန်းများ ဖြင့် ကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူးအာဒမ်းကျေးရွာအုပ်စု၊ တဇ--- ကျေးရွာ

သေဆုံးသူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်ခ---

အသက်

၄ နှစ်

ကျား/မ

လူမျိုး

ကရင်

အိမ်ထောင်ရှိ/မရှိ   

-

အလုပ်အကိုင်

ကျောင်းသူ

ကိုးကွယ်သည့်ဘာသာ

-

ရာထူးအဆင့်

ရွာသား

နေရပ်ရွာအမည်

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူးအာဒမ်းကျေးရွာအုပ်စု၊ တဇ--- ကျေးရွာ

ထိခိုက်ဒဏ်ရာရရှိသူများ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်           

အသက်

ကျား/မ

လူမျိုး       

အိမ်ထောင် ရှိ/မရှိ

အလုပ်အကိုင်

ကိုးကွယ်သည့် ဘာသာ

ရာထူးအဆင့်

နေရပ်ရွာ အမည်

စောဇ---

၄၉ နှစ်

ကျား

ကရင်

ရှိ

လယ်ယာ

နတ်ကိုးကွယ်မှု

ရွာသား

တဇ--- ကျေးရွာ

နော်လ---

၇၄ နှစ်

ကရင်

ရှိ

လယ်ယာ

နတ်ကိုးကွယ်မှု

ရွာသား

တဇ--- ကျေးရွာ

စောက---

၃၈ နှစ်

ကျား

ကရင်

ရှိ

လယ်ယာ

ဗုဒ္ဓဘာသာ

ရွာသား

တဇ--- ကျေးရွာ

နော်တ---

၃၄ နှစ်

 

ရှိ

လယ်ယာ

ဗုဒ္ဓဘာသာ

ရွာသား

တဇ--- ကျေးရွာ

စောယ---

၂၆ နှစ်

ကျား

ကရင်

ရှိ

လယ်ယာ

ဗုဒ္ဓဘာသာ

ရွာသား

တဇ--- ကျေးရွာ

နော်ဘ---

၃၁ နှစ်

ကရင်

ရှိ

လယ်ယာ

ဗုဒ္ဓဘာသာ

ရွာသား

တဇ--- ကျေးရွာ

နော်သ---

၂၄ နှစ်

ကရင်

ရှိ

လယ်ယာ

ဗုဒ္ဓဘာသာ

ရွာသား

တဇ--- ကျေးရွာ

နော်မ---

၄၉ နှစ်

ကရင်

ရှိ

လယ်ယာ

နတ်ကိုးကွယ်မှု

ရွာသား

တဇ--- ကျေးရွာ

နော်န---

၆ နှစ်

ကရင်

-

-

-

ရွာသား

တဇ--- ကျေးရွာ

စောရ---

၄ နှစ်

ကျား

ကရင်

-

-

-

ရွာသား

တဇ--- ကျေးရွာ

စောဂ---

၆၄ နှစ်

ကျား

ကရင်

ရှိ

လယ်ယာ

ဗုဒ္ဓဘာသာ

ရွာသား

တဇ--- ကျေးရွာ

စောဧ---

၃၉ နှစ်

ကျား

ကရင်

ရှိ

လယ်ယာ

ဗုဒ္ဓဘာသာ

ရွာသား

တဇ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်           

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အထက်အရာရှိအမည်

မသိရှိရ

တပ်မတော် (လေတပ်)

-

လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤဖြစ်စဉ်နှင့်ပတ်သက်၍ ကျွန်တော်သည် (KHRG သတင်းစုဆောင်းသူ) အခင်းဖြစ်ပွားသည့်နေရာသို့ ကိုယ်တိုင်သွား ရောက်ပြီး သတင်းမှတ်တမ်းပြုစုခဲ့သည်။ ကျွန်တော်အနေဖြင့် အခင်းဖြစ်ပွားသည့်အချိန်တွင် အင်တာဗျူးလုပ်ဆောင် ရန် မလွယ်ကူပါ။ ထို့ကြောင့် အခင်းဖြစ်ပွားပြီးနောက် တစ်လအကြာမှသာ အင်တာဗျူးလုပ်ဆောင်နိုင်ခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤဖြစ်စဉ်အကြောင်းကို ကျွန်တော့်အား ပြောပြပေးသောသူများသည် နစ်နာသူများနှင့်၎င်းတို့၏မိသားစုဝင်များဖြစ်ကြ သည်။ ၎င်းတို့သည် အခင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူများဖြစ်သည်။ အခင်းဖြစ်ပွားပြီးနောက် ၎င်းတို့သည် ဒဏ်ရာ ရရှိသူများကိုကူညီ၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ (ဤသတင်းကို ရယူရန်အတွက် KHRG သတင်းစုဆောင်းသူသည် နစ်နာသူများဖြစ်ကြသည့် စောဇ---၊ နော်လ---နှင့်၎င်းတို့၏မိသားစုဝင်များဖြစ်ကြသည့်စောအ---၊ စောဆ---တို့ကို အင် တာဗျူးခဲ့ပါသည်။) 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

 

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ည (၁၀) နာရီဝန်းကျင်တွင် မြန်မာ့တပ်မတော်လေတပ်သည် မူတြော် (ဖာပွန်) ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူးအာဒမ်းကျေးရွာအုပ်စု၊ တဇ---ကျေးရွာကို လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည်။ ဂျက်လေယာဥ် တစ်စီးသည် ကျေးရွာတွင် ပေါင် (၅၀၀) ဗုံး (၂) လုံးကြဲချခဲ့ပြီး တချိန်တည်းမှာပင် မြန်မာစစ်တပ်ကလည်း ကာမီကာဇေ ဒရုန်း(၂)စီးဖြင့် တိုက်ခိုက်ခဲ့သည်။ ဂျက်လေယာဥ်ပေါ်မှပစ်ချသည့်ဗုံးတစ်လုံးပေါက်ကွဲသွား၍ ဗုံးအစသည် နော်ခ---အမည်ရှိသော (၄) နှစ်နှင့်(၁၀)လအရွယ်ကလေးတစ်ဦး၏နောက်ကျောကို ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ ထို့အပြင် အခြားရွာသား (၁၂) ဦးလည်း ထိမှန်ဒဏ်ရာရခဲ့သည်။

 

  • စောဂ--- (၆၄ နှစ်) - ခေါင်းမှာဒဏ်ရာရရှိ
  • စောဧ--- (၃၉ နှစ်) - တင်ပါးမှာ ဒဏ်ရာရရှိ
  • စောယ--- (၂၆ နှစ်) - မည်သည့်နေရာတွင် ဒဏ်ရာရရှိခြင်းမသိရ
  • စောဘ--- (၃၁ နှစ်) - မည်သည့်နေရာတွင် ဒဏ်ရာရရှိခြင်းမသိရ
  • နော်န--- (၆ နှစ်) - မည်သည့်နေရာတွင် ဒဏ်ရာရရှိခြင်းမသိရ
  • နော်သ--- (၂၄ နှစ်) - မည်သည့်နေရာတွင် ဒဏ်ရာရရှိခြင်းမသိရ
  • နော်မ--- (၄၉ နှစ်) - မည်သည့်နေရာတွင် ဒဏ်ရာရရှိခြင်းမသိရ
  • နော်လ--- (၇၄ နှစ်) - မည်သည့်နေရာတွင် ဒဏ်ရာရရှိခြင်းမသိရ
  • စောက--- (၃၈ နှစ်) - မည်သည့်နေရာတွင် ဒဏ်ရာရရှိခြင်းမသိရ
  • စောရ--- (၄ နှစ်) - ခေါင်းမှာ ဒဏ်ရာရ
  • စောဇ--- (၄၉ နှစ်) - မည်သည့်နေရာတွင် ဒဏ်ရာရရှိခြင်းမသိရ
  • နော်တ--- (၃၄ နှစ်) - မည်သည့်နေရာတွင် ဒဏ်ရာရရှိခြင်းမသိရ

 

 

တဇ---ကျေးရွာသည် ရွာသေးတစ်ရွာဖြစ်ပြီး အိမ်ခြေ (၂၅)လုံးခန့်ရှိသည်။ ကျေးရွာထဲရှိ လူနေအိမ်များသည် ဝါးဖြင့်တည် ဆောက်ထားပြီး ခေါင်မိုးကိုဖက်ရွက်များဖြင့် ဆောက်လုပ်ထားသည်။ သစ်နှင့်သွပ်မိုးဖြင့် ဆောက်လုပ်ထားသော လူနေ အိမ်များမရှိပါ။ (ကျေးရွာထဲရှိ အိမ်များသည် လူနေအိမ်များအဖြင့်သာ မြင်သာနိုင်သည်။)

 

ဒေသခံရွာသားများ၏ပြောပြချက်များအရ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားသည့်အချိန်တွင် တဇ---ကျေးရွာထဲတွင် သော်လည်းကောင်း၊ ကျေးရွာအနီးတွင်သော်လည်းကောင်း ကော်သူးလေစစ်သားများမရှိပါ။ ထိုဒေသတွင်လည်း တိုက် ပွဲဖြစ်ပွားခြင်းများမရှိပါ။ (ကော်သူးလေစစ်သားများဟုဆိုရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်သားများ သို့မဟုတ် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်သားများကို ဆိုလိုခြင်းဖြစ်သည်။) ယခင်က ဖာပွန်လမ်းမကြီးတွင်ရှိသော တံတားအနီးနားတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းရှိသည်။ ထိုနေရာသည် လေကြောင်းတိုက်ခိုက် ခံရသည့် တဇ---ကျေးရွာနှင့်အလွန်ဝေးသည်။ ထို့ကြောင့် ရွာသားများအနေဖြင့် ဤလေကြောင်းတိုက်ခိုက်မှုလုပ်ဆောင် ရသည့်စစ်ရေးရည်ရွယ်ချက်ကို မသိရှိနိုင်ခဲ့ပါ။

 

အခင်းဖြစ်ပွားပြီးနောက် ရွာသားများသည် တစ်ဦးနှင့်တစ်ဦးကူညီကြပြီး ဒဏ်ရာမရသောရွာသားများသည် ဒဏ်ရာရ သည့်ရွာသားများကို ဘေးကင်းလုံခြုံသည့်နေရာသို့ ခေါ်ဆောင်ပို့ပေးခဲ့သည်။ ထို့အပြင် တစ်ချို့ရွာသားများသည် ဒဏ် ရာရသည့်ရွာသားများကိုကူညီ၍ ဘူးသိုမြို့နယ်၊ ထီးလယ်ပူကျေးရွာအုပ်စု၊ နက--- ကျေးရွာတွင်တည်ရှိသော ဆက--- ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ဆက---ဆေးရုံသည် KDHW (ကရင်ကျန်းမာရေးနှင့် လူမှုဖူလှုံရေးဌာန) မှ စီမံခန့်ခွဲသော ဆေးရုံဖြစ်သည်။ အခြားရွာသားများသည် ပျက်စီးသွားသည့်လူနေအိမ်များကို လိုက်လံစစ်ဆေးပြီး အသက်ရှင်ကျန်ရစ် သူများကို ကူညီရှာဖွေပေးခဲ့သည်။ ဆေးရုံသို့ပို့ဆောင်ရာတွင် ရွာသားများသည် တဇ---ကျေးရွာမှ ဇယ---နေရာရှိ သံလွင် မြစ်ကမ်းနားအထိ လမ်းလျှောက်ခဲ့ရပြီး ထိုမှတဆင့် ဆက---ဆေးရုံသို့ လှေဖြင့်သွားခဲ့ရသည်။ KNU (ကရင်အမျိုးသား အစည်းအရုံး) နှင့် KNDO ဒေသခံအာဏာပိုင်များသည် ရွာသားများအတွက် လှေတစ်စီးကူညီစီစဉ်ပေးခဲ့သည်။ (ဆက---ဆေးရုံတွင် ဆေးကုသမှုခံယူကြသည့်ရွာသားများသည် ဒဏ်ရာပျောက်ကင်း၍ ၎င်းတို့မိသားစုဆီသို့ ပြန်လာနိုင်ခဲ့ပြီး ဖြစ်သည်။) တစ်ချိန်ထဲတွင်လည်း ဒဏ်ရာမရခဲ့သောတစ်ချို့ရွာသားများသည် နီးစပ်ရာကျေးရွာများရှိ အခြားရွာသားများ အား ဆက်သွယ်၍ ဤလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အကြောင်းကို အသိပေးအကြောင်းကြားခဲ့သည်။

 

လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်သည် တဇ---ကျေးရွာကို နေ့စဉ်နေ့တိုင်း ဝေဟင်ကင်းထောက် မှုလုပ်၍ စောင့်ကြည့်နေခဲ့သည်။ (ဝေဟင်ကင်းထောက်မှုကို နေ့တွင်ဖြစ်စေ၊ ညတွင်ဖြစ်စေ ပြုလုပ်လေ့ရှိပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ ဝေဟင်ကင်းထောက်မှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။) ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှစ၍ ယခုအချိန်အထိ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ) ရွာသားများသည် စိုးရိမ်ကြောက်ရွံ့၍ ကျေးရွာထဲတွင် မနေ ထိုင်ရဲကြပါ။ ရွာသားများသည် မိမိလုံခြုံရေးအတွက် မြစ်ကမ်းနားသို့ဖြစ်စေ၊ တောထဲသို့ဖြစ်စေ ထွက်ပြေးပုန်းရှောင် ခဲ့ရသည်။ ထို့အပြင် ကျေးရွာထဲတွင် လေကြောင်းတိုက်ခိုက်မှုမဖြစ်ပွားမှီ၌ တစ်ချို့ရွာသားများသည် ၎င်းတို့လယ်ယာ ခြံထဲတွင် တဲအိမ်များဆောက်လုပ်ထားပြီး စားနပ်ရိက္ခာများစုဆောင်းထား၍ ကြိုတင်ပြင်ဆင်ခဲ့ကြသည်။ (လေကြောင်း တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တွင် တစ်ချို့ရွာသားများသည်လည်း ၎င်းတို့လယ်ယာတဲအိမ်များသို့ ထွက်ပြေးတိမ်းရှောင် ၍ တစ်ချို့လည်း ၎င်းတို့စိုက်ပျိုးခြံထဲသို့ ပြေးပုန်းရှောင်ခဲ့ကြသည်။)

 

(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိတွင်) တဇ---ကျေးရွာမှ ရွာသားများသည် ၎င်းတို့နေအိမ်သို့ မပြန်လာရဲသေးပဲရှိနေပြီး စားဝတ်နေရေးအခက်အခဲများနှင့်ကြုံတွေ့နေရသည်။ ကျောင်းဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများသည် လည်း ကျေးရွာစာသင်ကျောင်းတွင် စာမသင်ရဲတော့သည့်အတွက်ကြောင့် တောထဲတွင် သွားရောက်စာသင်ကြရသည်။

 

ထို့အပြင် ဤလေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ချို့အမျိုးသမီးများအကြားတွင် အကြောက်တရားများဖြစ်ပေါ်စေခဲ့ သည်။ တစ်ချို့အမျိုးသမီးများမှာမူ မကြာသေးမီက မီးဖွားခဲ့ပြီး ဤသို့ဖြစ်စဉ်ကိုကြုံတွေ့ရပြီးနောက် ပို၍အကြောက်တ ရားများရှိလာသည်။ ထိုအခြေအနေသည် ၎င်းတို့၏စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေပြီး တစ်ချို့အမျိုးသမီး များဆိုလျှင် ဤဖြစ်စဉ်ကိုကြုံတွေ့ရပြီးနောက် စိတ်ဒဏ်ရာများရရှိခဲ့သည်။ (ဥပမာဆိုလျှင်) ထိုအမျိုးသမီးများသည် လေယာဉ်အသံနှင့်တူသောအသံကိုကြားရတိုင်း ထွက်ပြေးလေ့ရှိကြသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ထိခိုက်နစ်နာသူများနှင့် ၎င်းတို့မိသားစုဝင်များသည် KHRG အား ဤသတင်းအကြောင်းအရာကို ရေးသားဖြန့်ဝေရန်အ တွက် ခွင့်ပြုချက်ပေးသည်။ ထို့အပြင် ၎င်းတို့အနေဖြင့် ယခုလိုလူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းလာစေရန် အတွက် ဤသတင်းဖြစ်စဉ်ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများအား ပေးပို့ရန် ခွင့်ပြုပါသည်။

Tue, 01 Sep 2026

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ ကျင့်သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤအစီရင်ခံစာကို အခြားအစီရင်ခံစာများဖြစ် သော KHRG စာအမှတ် #26-37-I1; #26-37-I2; #26-37-I3; #26-37-I4; #26-37-M1/P1; #26-37-D1; #26-37-A1-I1; # 26-37-A2-I1; #26-37-A3-I1 နှင့် #26-37-A4-I1 တို့ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။

ဖးအါထီၣ်တၢ်ဂ့ၢ်ဘၣ်ထွဲတဖၣ်