၁။ နိဒါန်း
မြန်မာပြည်အရှေ့တောင်ပိုင်းတွင်နေထိုင်ကြသော ရွာသားများသည် မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ခတ်မှု၊ လေ ကြောင်းတိုက်ခိုက်မှုနှင့်အကြမ်းဖက်တိုက်ခိုက်မှုများကို ရင်ဆိုင်ကြုံတွေ့ရသည့်အပြင် ၎င်းတို့၏လူမှုအအသိုက်အဝန်း လုံခြုံရေးနှင့်လူမှုဘဝအား ခြိမ်းခြောက်စေသည့်အခြားအန္တရာယ်တစ်ခုနှင့်လည်း ကြုံတွေ့နေရသည်။ ထိုအန္တရာယ် သည် မူးယစ်ဆေးဝါးပင်ဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲမှု အထူးသဖြင့် မြင်းဆေးသုံးစွဲမှုသည်[1] သိသိသာသာမြင့်တက် လာပါသည်။ ဒေသတွင်းသတ်မှတ်ထားသော ကရင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်စစ်ပဋိပက္ခသည် မူးယစ်ဆေးဝါးသုံး စွဲမှုနှင့်ရောင်းဝယ်ဖောက်ကားမှုတို့ကို ဖြစ်ပေါ်စေသည့်အခြေအနေသို့ တွန်းပို့စေသည်။ စစ်ပဋိပက္ခဒဏ်ကြောင့် ရွာသား တော်တော်များများသည် အလုပ်အကိုင်၊ ပညာရေးနှင့်အသက်မွေးဝမ်းကြောင်းဆိုင်ရာအခွင့်အလမ်းများဆုံးရှုံးရပြီး စိတ် ပိုင်းဆိုင်ရာထိခိုက်မှုများခံစားရသည့်အတွက်ကြောင့် မူးယစ်ဆေးဝါးသုံးစွဲရသည့်ဘဝသို့ ရောက်ရှိခဲ့ရသည်။ တစ်ချိန်ထဲ တွင်လည်း မူးယစ်ဆေးဝါးကို နေရာအနှံ့အပြားတွင် အလွယ်တကူရရှိနိုင်ပြီး ရပ်ရွာဒေသအတွင်း အထူးသဖြင့် ကလေး များကြားတွင် မူးယစ်ဆေးဝါးသုံးစွဲမှုရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
ကျေးရွာဒေသများတွင် မူးယစ်ဆေးဝါးသုံးစွဲမှုဆိုင်ရာပြဿနာများကြောင့် ရွာသားများအနေဖြင့် တစ်ဦးချင်းစီဖြစ်စေ၊ မိသားစုထဲတွင်ဖြစ်စေ၊ လူမှုအသိုက်အဝန်းတွင်ဖြစ်စေ ၎င်းတို့၏ကျန်းမာပျော်ရွှင်မှုအခြေအနေသည် သိသိသာသာပို၍ ဆိုးရွားလာကြောင်း တင်ပြခဲ့ကြသည်။ မူးယစ်ဆေးဝါးသုံးစွဲသူအချို့သည် ပတ်ဝန်းကျင်မှပြစ်တင်ကဲ့ရဲ့ခြင်းကို ကြုံတွေ့ ရသည့်အပြင် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးချို့တဲ့လာပြီး တစ်ခါတစ်ရံတွင် မိမိကိုယ်ကိုသေကြောင်းကြံသည့် အထိဖြစ်လာခဲ့သည်။ မူးယစ်ဆေးဝါးသုံးစွဲသူများအနေဖြင့် ၎င်းတို့၏မိသားစုဝင်များအပေါ် အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်သည့်လုပ်ရပ်များမြင့်တက်လာပြီး ရပ်ရွာလူထုသည်လည်း အုပ်စုဖွဲ့လူမိုက်များရန်ဖြစ်မှု၊ လုယက်ခိုးယူမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်အမြတ်ထုတ်မှုတို့ကို ပို၍ကြုံတွေ့လာကြသည်။ ကျေးရွာဒေသများတွင် မူးယစ်ဆေး ဝါးဆိုင်ရာအသိပညာပေးမှု၊ ပြန်လည်ထူထောင်ရေးကုထုံးများနှင့်အကူအညီများအား လက်လှမ်းမီရရှိရန်မရှိသော်လည်း ရွာသားများသည် မူးယစ်ဆေးဝါးသုံးစွဲမှု၏ဆိုးကျိုးသက်ရောက်မှုများကို ကိုယ်တွယ်ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ရှာဖွေကျင့်သုံးလာကြသည်။ ထိုနည်းလမ်းများထဲတွင် မူးယစ်ဆေးဝါးသုံးစွဲသူများကို မူးယစ်ဆေးဝါးဖြတ်သည့်စင်တာ များ သို့မဟုတ် မူးယစ်ဆေးဝါးကင်းစင်းရေးနေရာများသို့ ပို့ဆောင်ပေးခြင်း၊ အသိပညာမျှဝေပေးခြင်းနှင့်မူးယစ်ဆေးဝါး ဆိုင်ရာပြဿနာများကို သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ တိုင်ကြားခြင်းစသည့်လုပ်ရပ်များပါဝင်ပါသည်။
ဤအနှစ်ချုပ်စာတမ်းတွင် ရွာသားများတင်ပြထားသည့်အကြောင်းအရာများအပေါ်အခြေခံ၍ ၂၀၂၅ ခုနှစ်အတွင်း မြန်မာ ပြည်အရှေ့တောင်ပိုင်းတွင် မူးယစ်ဆေးဝါးရရှိနိုင်မှုနှင့်သုံးစွဲမှု ကျယ်ကျယ်ပြန့်ပြန့်တည်ရှိနေသည့်အခြေအနေနှင့်၎င်း ဆိုးကျိုးသက်ရောက်မှုများကို သုံးသပ်ဖော်ပြထားသည်။ ဤစာတမ်း၏ပထမအခန်းတွင် မြန်မာပြည်အရှေ့တောင်ပိုင်း ရှိ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့်သုံးစွဲမှုမြင့်တက်လာသည့်အခြေအနေကို လေ့လာသုံးသပ်၍ အကျဉ်းချုပ် ဖော်ပြထားသည်။ ဒုတိယအခန်းတွင် မူးယစ်ဆေးဝါးသုံးစွဲရန် တွန်းအားဖြစ်စေသည့်အရာများ၊ မူးယစ်ဆေးဝါးသုံးစွဲ သူများ၊ ၎င်းတို့မိသားစုဝင်များနှင့်ရပ်ရွာလူထုများ၏ကျန်းမာပျော်ရွှင်မှုအပေါ် ထိခိုက်စေသည့်ဆိုးကျိုးသက်ရောက်မှု များနှင့် မူးယစ်ဆေးဝါးဆိုင်ရာပြဿနာများကို ကိုယ်တွယ်ဖြေရှင်းရာတွင် ရွာသားများကြုံတွေ့ရသောစိန်ခေါ်မှုများ၊ ၎င်းတို့အသံများနှင့်နည်းလမ်းများကို လေ့လာဆန်းစစ်ထားသည်။ ထို့နောက် ကရင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်မူး ယစ်ဆေးဝါးဆိုင်ရာပြဿနာများအပေါ် ပြည်တွင်းဥပဒေနှင့်နိုင်ငံတကာဥပဒေရေးရာရှုထောင့်မှတစ်ဆင့် လေ့လာသုံး သပ်ချက်များကို ရေးသားတင်ဆက်ထားသည်။ နောက်ဆုံးတွင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လိုက်နာဆောင် ရွက်ရန်အတွက် မူဝါဒအကြံပြုချက်များကို ထည့်သွင်းဖော်ပြ၍ ဤစာတမ်းကို အဆုံးသတ်ထားပါသည်။
၂။ နောက်ခံသမိုင်းအကျဉ်းချုပ် - မြန်မာနိုင်ငံနှင့်မြန်မာပြည်အရှေ့တောင်ပိုင်းရှိ မူးယစ်ဆေးဝါးဆိုင်ရာစီးပွား ရေး
မြန်မာပြည်မြောက်ပိုင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များထိန်းချုပ်သောစီးပွားရေးလုပ်ငန်းများနှင့် မြန်မာ့တပ်မတော်မှ နယ် မြေအုပ်ချုပ်မှုရရှိရန်ကြိုးပမ်းမှုတို့ကြောင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့်ရောင်းဝယ်ဖောက်ကားမှုများ တည်ရှိလာခဲ့သည်။ ကရင်ပြည်နယ်တွင်လည်း တည်ရှိနေသည့်မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်ရေးသည် စစ်ပဋိပက္ခ နှင့်ဆက်စပ်မှုရှိနေပါသည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် စစ်ပဋိပက္ခပို၍တိုးမြင့်လာပြီး မူးယစ်ဆေး ဝါးဆိုင်ရာအကြမ်းဖက်မှုများလည်း ပို၍များပြားလာခဲ့သည်။
မြန်မာပြည်အရှေ့တောင်ပိုင်းရှိ မူးယစ်ဆေးဝါးဆိုင်ရာစီးပွားရေးတိုးချဲ့မှု -
၂၀ ရာစုဝက်လောက်တွင် အထူးသဖြင့် ရွှေတြိဂံဒေသတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုသည် အဓိကအားဖြင့် ဘိန်းမဲနှင့် ဘိန်းဖြူထုတ်လုပ်မှုမှာ အရှိန်မြင့်လာခဲ့သည်။ ရွှေတြိဂံဒေသသည် ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကီလိုမီတာရာပေါင်း များစွာ ကွာဝေးသော ရှမ်းပြည်နယ်နယ်နိမိတ်ထဲတွင်တည်ရှိသည်။[2] ထိုအချိန်ကာလတွင် မြန်မာ့တပ်မတော်၏ထိုးစစ် ဆင်မှုထဲတွင်ပါဝင်လာရေးအတွက် အလဲအလှယ်တစ်ခုအနေဖြင့်[3] တပ်မတော်သည် စစ်တပ်ကျောထောက်နောက်ခံ ပြည်သူ့စစ်များနှင့် လွတ်လပ်သောအခြားလက်နက်ကိုင်တပ်ဖွဲ့များကို ၎င်းတို့ဒေသများတွင် စီးပွားရေးအကျိုးအမြတ် များရရှိရန် အတိုင်းအတာတစ်ခုထိ လွတ်လပ်စွာထိန်းချုပ်ခွင့်ပေးခဲ့ပြီးနောက် ၎င်းတို့သည် အဓိကမူးယစ်ဆေးဝါးထုတ် လုပ်သူများဖြစ်လာခဲ့ကြသည်။ ၁၉၉၀ ခုနှစ်ပြည့်လွန်ကာလတွင် တရုတ်အစိုးရနှင့်နိုင်ငံတကာသက်ဆိုင်ရာတာဝန်ရှိသူ များက ဘိန်းစိုက်ပျိုးခြင်းကိုရပ်တန့်စေရန် ဖိအားပေးမှုကြောင့် မြန်မာပြည်မြောက်ပိုင်းရှိ အဓိကဘိန်းထုတ်လုပ်သူအဖွဲ့ များသည် ဦးတည်ချက်ပြောင်းလဲ၍ မြင်းဆေးနှင့်အမ်ဖက်တမင်းအမျိုးအစားဖြစ်သည့်အခြားစိတ်ကြွဆေးများ (ATS) ကို ထုတ်လုပ်လာခဲ့သည်။[4]
၁၉၉၀ နှင့် ၂၀၀၀ ခုနှစ်ပြည့်လွန်ကာလအတွင်း မြန်မာ့တပ်မတော်သည် ကရင်ပြည်နယ်ရှိ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များကို အဖွဲ့ကွဲအောင် ကြိုးပမ်းလုပ်ဆောင်ခဲ့ပြီး ကွဲနေသည့်အဖွဲ့များအား မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ် ဖောက်ကားခွင့်ကိုပေးခဲ့သည်။[5] ၁၉၉၄ ခုနှစ်တွင် မြန်မာ့တပ်မတော်ကျောထောက်နောက်ခံရရှိသော ဆရာတော်ဦးသုဇ န၏စီမံကွပ်ကဲမှုအောက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့သားတော်တော်များများသည် မိမိတို့၏မိခင် အဖွဲ့အစည်းကနေခွဲထွက်ပြီး ဒီမိုကရက်တစ်တိုးတက်သော ဗုဒ္ဓဘာသာကရင်တပ်မတော် (DKBA) ကိုဖွဲ့စည်းတည် ထောင်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် DKBA သည် မြန်မာ့တပ်မတော်နှင့်လက်တွဲပူးပေါင်းရန် သဘောတူစာချုပ်လက်မှတ် ထိုးပြီးနောက် တစ်ချို့သော DKBA အရာရှိများသည် ၎င်းတို့၏အကျိုးစီးပွားအတွက် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ် ရေးကိုစတင်လုပ်ဆောင်လာပြီး ထိုင်းနိုင်ငံသို့မူးယစ်ဆေးဝါးတင်ပို့ရောင်းချခဲ့သည်။[6] ထို့နောက် နှစ်အနည်းငယ်အတွင်း မူးယစ်ဆေးဝါး အထူးသဖြင့် မြင်းဆေးသုံးစွဲမှုနှင့်ရောင်းဝယ်ဖောက်ကားမှုသည် ဆက်လက်ကြီးထွားလာပြီး DKBA အင်အားတောင့်တင်းသော ဘားအံခရိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ရောင်းဝယ်မှုသည် ကျယ်ကျယ်ပြန့်ပြန့်တည်ရှိ နေခဲ့သည်။[7] KNU နှင့် DKBA ခွဲထွက်မှုအခြေအနေသည် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုကြီးထွားခြင်းကို ပို၍တွန်း အားဖြစ်စေခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ဘားအံခရိုင်တွင် အခြေစိုက်သော KNU-KNLA ငြိမ်းချမ်းရေးကောင်စီသည် နိုင်ငံ တော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (SPDC) နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ပြီးနောက်တွင် KNU အဖွဲ့ မှ ခွဲထွက်ခဲ့ပြန်သည်။ ၂၀၁၀ ခုနှစ်တွင် မြန်မာ့တပ်မတော်သည် DKBA အဖွဲ့ကို ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့အဖြစ်သို့ ကူးပြောင်းစေရန်အတွက် ဖိအားပေးခဲ့ပြီးနောက်တွင် DKBA (အကျိုးပြု) နှင့် DKBA (ဗုဒ္ဓ) အဖွဲ့ငယ်များ တဖန်ခွဲထွက်၍ ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့ငယ်များသည်လည်း မူးယစ်ဆေးဝါးဆိုင်ရာပြဿနာများနှင့်အကြမ်းဖက်မှုများ တွင် ပါဝင်ပတ်သက်မှုများရှိခဲ့သည်။[8]
အပစ်အခတ်ရပ်စဲရေးကာလအတွင်း (၂၀၁၂ - ၂၀၂၀) မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှု -
၂၀၁၂ ခုနှစ် ပဏာမအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးနောက်တွင် KNU ၊ KNU-KNLA ငြိမ်း ချမ်းရေးကောင်စီ၊ DKBA (အကျိုးပြု) နှင့်အခြားအဖွဲ့များသည် ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ကရင်ပြည်နယ်တွင် စစ်ဆေးရေးဂိတ်များနှင့်စစ်ပဋိပက္ခများ လျော့ နည်းလာသည့်အတွက်ကြောင့် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်ရာတွင် ပို၍လွယ်ကူလာခဲ့သည်။[9] KHRG အနေဖြင့် ကရင်ပြည်နယ်ရှိ ခရိုင်များအတွင်းဖြစ်ပွားခဲ့သော မူးယစ်ဆေးဝါးဆိုင်ရာပြဿနာများနှင့်ဆက်စပ်သည့်လူသတ်မှု၊ လိင် ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လုယက်ခိုးယူမှု၊ ကျောင်းထွက်ရခြင်းနှင့်လက်နက်ကိုင်စစ်သား များမှ ခြိမ်းခြောက်ခြင်းစသည့်ဖြစ်စဉ်များကို မှတ်တမ်းပြုစုခဲ့သည်။[10]
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာများကို ကိုင်တွယ်ဖြေရှင်းခဲ့သည့်အခြေအနေများရှိခဲ့သည်။ အထူးသဖြင့် ကရင် ပြည်နယ်တွင်လည်းရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် မြန်မာအစိုးရသည် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအား[11] ပြင်ဆင်၍ မူးယစ်ဆေးဝါးသုံးစွဲမှုကို ရာဇဝတ်မှုမှ အနည်းငယ်ထုတ်ပယ်ခဲ့ သည့်အပြင် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒကိုလည်း[12] ပြဋ္ဌာန်းခဲ့သည်။ သို့သော်လည်း မူးယစ်ဆေးဝါး သုံးစွဲမှုအပေါ် ပြဋ္ဌာန်းသည့်ဥပဒေများသည် တရားမျှတမှုမရှိသည့်ပြစ်ဒဏ်ပေးခြင်းကို ထည့်သွင်းဖော်ပြထားသည်။ မူးယစ်ဆေးဝါးအနည်းငယ်သာ လက်ဝယ်ထားရှိမှုတွေ့ရှိခဲ့လျှင် ကြီးလေးသည့်ပြစ်ဒဏ်ပေးခြင်းကိုခံရမည်ဖြစ်ပြီး မူး ယစ်ဆေးဝါးပြဿနာနှင့်ဆက်စပ်သောတစ်ချို့ပြစ်မှုကို ကျူးလွန်ပါက သေဒဏ်ပေးခြင်းလည်းရှိသည်။[13] တစ်ဖက်တွင် လည်း KNU ၊ DKBA (အကျိုးပြု) ၊ BGF နှင့် KNU-KNLA ငြိမ်းချမ်းရေးကောင်စီသည် တွေ့ဆုံဆွေးနွေး၍ ကရင်ဦးဆောင် သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီးနောက် ၂၀၁၄ ခုနှစ်တွင် KNU သည် မူးယစ်ဆေးဝါး အထူးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။[14] ဤတွေ့ဆုံဆွေးနွေးပွဲတွင် သက်ဆိုင်ရာအဖွဲ့အစည်းများက မူးယစ်ဆေးဝါးသုံးစွဲ သူများအတွက် ပြုပြင်ထိန်းသိမ်းသည့်စင်တာနှစ်ခုကို ဘားအံခရိုင်တွင် ဆောက်လုပ်ထားရှိမည်ဖြစ်ကြောင်း ကြေညာခဲ့ သည်။ ပထမစင်တာကို BGF ထိန်းချုပ်ရာဒေသဖြစ်သည့် ရွှေက္ကိုလ်တွင်ဆောက်လုပ်မည်ဖြစ်ပြီး ဒုတိယစင်တာကို KNU ထိန်းချုပ်ရာနယ်မြေဒေသတွင် ထားရှိသွားမည်ဖြစ်သည်။[15] မည်သို့ပင်ဖြစ်စေ မူးယစ်ဆေးဝါးသုံးစွဲ၍ စွဲလန်းသွားသူများ နှင့်ရောဂါဝေဒနာရှင်များအတွက် ကုသမှုလက်လှမ်းမီရရှိနိုင်ရန် လုပ်ဆောင်ပေးသည့်လုပ်ရပ်များ အနည်းငယ်သာရှိခဲ့ သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော မူးယစ်ဆေးဝါးဆိုင်ရာပြဿနာများ -
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သန်းနှင့်ချီသည့်လူထုများသည် မြန်မာစစ်တပ်ခေါင်းဆောင်များမှ အာဏာ သိမ်းမှုကိုဆန့်ကျင်၍ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြခဲ့သည်။ ထို့နောက် မြန်မာစစ်တပ်သည် ပြည်သူလူထုနှင့်လူ့အခွင့် အရေးကာကွယ်စောင့်ရှောက်သူများကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။ ဤသို့အကြမ်းဖက်မှုများသည် မြန်မာပြည် အရှေ့တောင်ပိုင်းတွင်လည်း ဖြစ်ပွားခဲ့သည်။[16] သမိုင်းစဉ်ဆက်တစ်လျှောက်တွင် မြန်မာ့တပ်မတော်မှ ရွာသားများအ ပေါ် အကြမ်းဖက်သည့်လုပ်ရပ်များသည် ဆက်လက်ဖြစ်ပွားနေပြီး အဆိုပါအကြမ်းဖက်မှုများတွင် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ တွေ့လျှင်ပစ်သတ်ခြင်း၊ လူသတ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနှင့် ရွာသားများကို ပေါ်တာအဖြစ်နှင့်လူသားဒိုင်းသဖွယ်အသုံးပြုခြင်းစသည်တို့ပါဝင်ပါသည်။[17] ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီး နောက် (၄)နှစ်ကျော်အကြာတွင် မြန်မာစစ်တပ်သည် ကျေးရွာဒေသများကိုဗုံးကြဲ၍ အကြမ်းဖက်တိုက်ခိုက်သည့်လုပ် ရပ်များကို အရှိန်မြင့်ခဲ့သည်။[18] မြန်မာစစ်တပ်၏အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထောင်နှင့်ချီသည့်ရွာသားများ သေဆုံး ခဲ့ရပြီး ထောင်ပေါင်းများစွာသော ရွာသားများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ရာနှင့်ချီသည့်စာသင်ကျောင်းနှင့်ဆေးရုံ၊ ဆေးခန်းများကိုလည်း ပိတ်သိမ်းခဲ့ရသည်။ မြန်မာပြည်ရှိပြည်သူလူထုများသည် ၎င်းတို့၏အခြေခံအခွင့်အရေးများကို ဆုံးရှုံးခဲ့ရသည်။[19]
ထို့အပြင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုသည် မူးယစ်ဆေးဝါးဆိုင်ရာပြဿနာများပပျောက်အောင် ကြိုးပမ်းလုပ် ဆောင်သည့်လုပ်ရပ်များကိုလည်း ထိခိုက်နစ်နာစေခဲ့သည်။ လူထုအခြေပြုအဖွဲ့အစည်းများ (CBO) ၊ ကျေးရွာလူထုများ နှင့် ရပ်ရွာဒေသခေါင်းဆောင်များမှ မူးယစ်ဆေးဝါးသုံးစွဲသူများအား ကုသမှုပေးရေးနှင့်ကူညီပေးရေးအတွက် ကြိုးပမ်း လုပ်ဆောင်သည့်လုပ်ရပ်များသည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ရပ်တန့်ခဲ့ရသည်။ မြန်မာပြည်တွင် မူးယစ်ဆေးဝါးထုတ် လုပ်မှုသည် သိသိသာသာများပြားလာပြီး မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဘိန်းထုတ်လုပ်မှုအများ ဆုံးနိုင်ငံအဖြစ် တဖန်ဖြစ်သွားပြန်သည်။[20]
အပစ်အခတ်ရပ်စဲရေးကာလတွင် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုကိုထိန်းချုပ်ခဲ့သောအဖွဲ့များသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်တွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့်ရောင်းဝယ်ဖောက်ကားမှုကို အရှိန်တိုးမြင့်၍ ဆက် လက်လုပ်ဆောင်နေကြောင်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများက KHRG အား စဉ်ဆက်မပြတ်တင်ပြခဲ့ သည်။ အထူးသဖြင့် ဒူးပလာယာခရိုင်နှင့်ဘားအံခရိုင်တို့တွင် မြင်းဆေးသုံးစွဲသူများသည် သိသိသာသာများပြားလာပြီး မူးယစ်ဆေးဝါးဆိုင်ရာပြဿနာများကြောင့် ၎င်းတို့လူမှုပတ်ဝန်းကျင်နှင့်ကျန်းမာပျော်ရွှင်မှုအပေါ် ကြီးမားသောဆိုးကျိုး သက်ရောက်မှုများရှိခဲ့သည်။[21]
၃။ ဖြစ်စဉ်များအကျဉ်းချုပ် - မြန်မာပြည်အရှေ့တောင်ပိုင်းတွင် စစ်ပဋိပက္ခနှင့်ဆိုင်သော မူးယစ်ဆေးဝါးပြဿ နာများ၏နောက်ဆက်တွဲဆိုးကျိုးသက်ရောက်မှုများ
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဤငါးနှစ်တာကာလအတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် နိုင်ငံရေး နှင့်စစ်ပဋိပက္ခအခြေအနေများ ဆက်လက်၍ဆိုးရွားလာသည့်အလျောက် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ရောင်းဝယ်ဖောက် ကားမှုတွင်လည်း အထူးသဖြင့် ကျေးလက်ဒေသများတွင် မြင်းဆေးသုံးစွဲမှုသည် များပြားလာကြောင်း KHRG သတင်း မှတ်တမ်းအရ သိရှိရပါသည်။ ၂၀၂၅ ခုနှစ်အတွင်း စားဝတ်နေရေးအတွက် အလုပ်အကိုင်ရှားပါးခြင်း၊ လူမှုဖူလှုံရေးလက် လှမ်းမီရရှိရန် အခွင့်အလမ်းနည်းပါးခြင်းနှင့် ကျေးရွာများတွင် မူးယစ်ဆေးဝါးပျံ့နှံ့မှုရှိနှင့်နေပြီးဖြစ်သောကြောင့် မူးယစ် ဆေးဝါးဖြန့်ဖြူးရောင်းချမှုသည် ပို၍တိုးမြင့်လာကြောင်း ရွာသားများက တင်ပြခဲ့သည်။ မြန်မာပြည်အရှေ့တောင်ပိုင်း တွင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုတိုးမြင့်လာသည့်အကြောင်းကို ရွာသားများသည် အဓိကအားဖြင့် မြန်မာစစ်တပ် ကိုသာ ပြစ်တင်ဝေဖန်ခဲ့သည်။ မူးယစ်ဆေးဝါးသုံးစွဲသူများအနေဖြင့် ၎င်းတို့၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပြီး အိမ်တွင်းအကြမ်းဖက်မှုနှင့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်များလည်း မြင့်တက်လာခဲ့ သည်။ ထို့အပြင် အထူးသဖြင့် ဒူးပလာယာခရိုင်နှင့်ဘားအံခရိုင်တို့တွင် မူးယစ်ဆေးဝါးပြဿနာကြောင့် လုယက်ခိုးယူမှု များပြားလာ၍ ရပ်ရွာအေးချမ်းသာယာရေးကို ခြိမ်းခြောက်စေခဲ့သည်။
ပြန်လည်ထူထောင်ရေးကုထုံးများနှင့်အကူအညီများအား လက်လှမ်းမီရရှိရန်မရှိသော်လည်း ရွာသားများသည် ၎င်းတို့ ရပ်ရွာဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲမှု၏ဆိုးကျိုးသက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေဆဲဖြစ်သည်။ မိဘများနှင့်အိမ်ထောင်ရှင်များအပါအဝင် ရွာသားများသည် မူးယစ်ဆေးဝါးသုံးစွဲ၍ စွဲလန်း သွားသော ၎င်းတို့၏မိသားစုဝင်များကို အကူအညီများပေးနိုင်ရန် အဆင့်ဆင့်ကြိုးပမ်းလုပ်ဆောင်ကြသည်။ သို့သော် လည်း ဒေသအတွင်း ဆက်လက်ဖြစ်ပွားနေလျှက်ရှိသောစစ်ပဋိပက္ခနှင့်လက်နက်ကိုင်တပ်ဖွဲ့များ တည်ရှိနေမှုကြောင့် ဒေသခံရွာသားများတင်ပြကြသော မူးယစ်ဆေးဝါးဆိုင်ရာပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အကန့်အသတ်များရှိ နေကြောင်းတွေ့ရှိရသည်။
အစီရင်ခံစာကာလအတွင်း (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ) KHRG အနေဖြင့် မြင်းဆေးသုံးစွဲမှုနှင့်၎င်းအ ကျိုးဆက်များကိုဖော်ပြထားသည့် မြေပြင်အစီရင်ခံစာ (၃၅) စောင်နှင့်[22] လူထုအခြေပြုအဖွဲ့အစည်းများ (CBO) နှင့် အရပ်ဖက်အဖွဲ့အစည်းများ (CSO) တို့မှ ဆွေးနွေးတင်ပြထားသောအစီရင်ခံစာ (၂)စောင်ကိုလည်း လက်ခံရရှိခဲ့သည်။[23] ထိုမြေပြင်အစီရင်ခံစာ (၃၅) စောင်တွင် တွေ့ဆုံမေးမြန်းခန်းများ၊ နောက်ဆုံးရဒေသတွင်း သတင်းတိုများ၊ နောက်ဆုံးရ အခြေအနေတင်ပြချက်များ၊ လေ့လာစောင့်ကြည့်ရေးခရီးစဉ်မှ အစီရင်ခံစာများနှင့်ဓာတ်ပုံမှတ်တမ်းများပါဝင်ပါသည်။ ထို့အပြင် ဒေသအတွင်း လူထုအကျိုးအတွက်လုပ်ဆောင်နေသော CBO ၊ CSO နှင့်လူသားချင်းစာနာထောက်ထားမှုပေး သောအဖွဲ့အစည်းများမှ ဝန်ထမ်းများ (၄) ဦးကို တွေ့ဆုံမေးမြန်းခဲ့သည်။ KNU နှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) မှ ဝန်ထမ်းများအပါအဝင် ဒေသခံအာဏာပိုင် (၆) ဦးကိုလည်း တွေ့ဆုံမေးမြန်းခဲ့သည်။ ဤဖြစ်စဉ်အကျဉ်းချုပ်များသည် မဖြန့်ဝေရသေးသည့်သတင်းမှတ်တမ်းများအပေါ်အခြေခံ၍ ရေးသားတင်ဆက်ထားသည်။
ဤအခန်းတွင် စစ်ပဋိပက္ခနှင့်မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုနှစ်ခုအကြား ဆက်နွယ်ပတ်သက်မှုနှင့်မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ၎င်းတို့၏မိသားစုဝင်များနှင့်ရပ်ရွာပတ်ဝန်းကျင်အား ထိခိုက်စေသည့်ဆိုးကျိုးသက်ရောက်မှုများကို အခန်းငယ်များဖြင့်ခွဲ၍ ဖော်ပြထားသည်။ အခန်းငယ် (၃.၁) တွင် ရွာသားများ၏တင်ပြချက်အရ မြန်မာပြည်အရှေ့ တောင်ပိုင်းရှိ မူးယစ်ဆေးဝါးပြဿနာများကို ဖြစ်ပေါ်စေသည့်အဓိကအကြောင်းရင်းများမှာ (က) စစ်ပဋိပက္ခကြောင့် ကြုံတွေ့ရသော စားဝတ်နေရေးနှင့်လူမှုဖူလှုံရေးအကြပ်အတည်းများ၊ (ခ) ရပ်ရွာဒေသအတွင်း မူးယစ်ဆေးဝါးများကို အလွယ်တကူရယူနိုင်ခြင်းနှင့် (ဂ) မြန်မာ့တပ်မတော်မှ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုကို စစ်ရေးဗျူဟာတစ်ခုအဖြစ် အသုံးပြု ခြင်းတို့ကို ရေးသားရှင်းပြထားပါသည်။ အခန်းငယ် (၃.၂) တွင် ရွာသားများတင်ပြသော မူးယစ်ဆေးဝါးသုံးစွဲမှု၏ဆိုး ကျိုးသက်ရောက်မှုများမှာ (က) တကိုယ်ရေကျန်းမာပျော်ရွှင်မှု၊ (ခ) မိသားစုကျန်းမာပျော်ရွှင်မှုနှင့် (ဂ) ရပ်ရွာလူထုကျန်း မာပျော်ရွှင်မှုတို့ကို ဖော်ပြထားသည်။ နောက်ဆုံးအခန်းငယ် (၃.၃) တွင် မူးယစ်ဆေးဝါးပြဿနာများကို ကိုင်တွယ်ဖြေ ရှင်းသည့်နည်းလမ်းများတွင် (က) ကုသမှုများရယူခြင်း၊ (ခ) အသိပညာပေးခြင်းနှင့်တရားဥပဒေအရ အရေးယူဆောင် ရွက်ခြင်းနှင့် (ဂ) ရွာသားများ၏တောင်းဆိုမှုများတို့ကို ဖော်ပြထားသည်။
၃.၁။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ မူးယစ်ဆေးဝါးပြဿနာများဖြစ်ပေါ်စေသော အကြောင်းရင်းများ
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုလွန်ကာလတစ်လျှောက်တွင် မြန်မာစစ်တပ်သည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးရွာ ဒေသများကို အကြမ်းဖက်တိုက်ခိုက်ခြင်းများပို၍လုပ်ဆောင်လာစဉ်အတွင်း တစ်ဖက်တွင်လည်း ကရင်ပြည်နယ်တွင် အထူးသဖြင့် လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံထိန်းချုပ်သော ဒူးပလာယာခရိုင်နှင့်ဘားအံခရိုင်တို့တွင် မူးယစ်ဆေးဝါး ပြဿနာများ သိသိသာသာမြင့်တက်လာခဲ့သည်။ KHRG သတင်းမှတ်တမ်းများအရ မူးယစ်ဆေးဝါးသုံးစွဲသူအများစု သည် အမျိုးသားများနှင့်ယောင်္ကျားလေးများဖြစ်ကြသည်။ အသက် (၇)နှစ်လောက်သာရှိသည့်ကလေးများ၊ ကိုယ်ဝန် ဆောင်မိခင်များ၊ နို့တိုက်ရသည့်မိခင်များနှင့် ကလေးများကျွေးမွေးစောင့်ရှောက်ရသည့်အမျိုးသမီးများတို့သည် မူးယစ် ဆေးဝါးများကိုသုံးစွဲကြသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် စစ်ပဋိပက္ခ၏နောက်ဆက်တွဲအကျိုးဆက်ကြောင့် မူး ယစ်ဆေးဝါးသုံးစွဲမှုကို တွန်းပို့စေသည့်အခြေအနေများကိုလည်း ရွာသားများကတင်ပြခဲ့သည်။ ထိုအခြေအနေများတွင် ရွာသားများအနေဖြင့် စားဝတ်နေရေးအခက်အခဲများနှင့် ၎င်းတို့မိသားစုနှင့်၎င်းတို့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကူညီ ထောက်ပံ့ရာတွင် ကြုံတွေ့ရသောစိန်ခေါ်မှုများ၊ ရပ်ရွာဒေသအတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများ ပို၍များပြား လာခြင်းနှင့်မူးယစ်ဆေးဝါးဖြန့်ဖြူးရေးတွင်ပါဝင်ပတ်သက်ကြသည့်လက်နက်ကိုင်တပ်ဖွဲ့များကို မြန်မာစစ်တပ်မှ ကူညီ အားပေးခြင်းစသည့်အရာများပါဝင်သည်။
(က) စစ်ပဋိပက္ခကြောင့် ကြုံတွေ့ရသော စားဝတ်နေရေးနှင့်လူမှုဖူလှုံရေးအကြပ်အတည်းများ
မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခနှင့်နိုင်ငံရေးအခြေအနေ မတည်မြဲမှုကြောင့် ရွာသားများသည် ၎င်းတို့နေ့စဉ်ဘဝတွင် ဆင်းရဲမွဲတေမှုနှင့်စိတ်ဒဏ်ရာခံစားချက်များကို ပို၍ကြုံ တွေ့လာ၍ မူးယစ်ဆေးဝါးသုံးစွဲမှုများ ပို၍များပြားလာခဲ့သည်။ ရွာသားများ၏သက်သေခံချက်များအရ စစ်ပဋိပက္ခပို၍ တင်းမာလာခြင်းနှင့်ခရီးသွားလာမှုပိတ်ပင်ကန့်သတ်ခြင်းများကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာ၍ ဝင်ငွေရရှိမည့်အလုပ် အကိုင်အခွင့်အလမ်းများနည်းပါးလာပြီး ဒေသခံရွာသားများအလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။ ရွာသားတော်တော်များများ သည် အထူးသဖြင့် လူငယ်အမျိုးသားများသည် ၎င်းတို့၏နေ့စဉ်ဘဝတွင် အခက်အခဲမျိုးစုံကြုံတွေ့ရပြီး များသောအား ဖြင့် မြန်မာစစ်တပ်မှ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၎င်းတို့မိသားစုဝင်များ သေဆုံး၊ ဒဏ်ရာရရှိခြင်းနှင့်အိုးအိမ်လုပ် ငန်းခွင်များ ပျက်စီးသွားရခြင်းတို့အပေါ် ၎င်းတို့ခံစားနေရသည့်နာကျင်မှုများ၊ ဝမ်းနည်းမှုများနှင့်စိတ်ဖိစီးမှုများကို ရင် ဆိုင်ကျော်ဖြတ်ရန်အတွက် မူးယစ်ဆေးဝါးများကို စတင်သုံးစွဲရောင်းချလာကြသည်။ အခြားသူများလည်း အလုပ်အကိုင် ရှားပါး၍ အလုပ်လက်မဲ့ဖြစ်သွားခြင်း သို့မဟုတ် ပညာရေးအခွင့်အလမ်းများနည်းပါးခြင်းတို့ကြောင့် ကျောင်းထွက်လိုက် ရပြီး မူးယစ်ဆေးဝါးများကို စတင်သုံးစွဲကြသည်။ ယခုလက်ရှိအချိန်တွင် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် မြင်းဆေး သည် နေရာတိုင်းနီးပါးတွင်ရရှိနိုင်ပြီး ဈေးအအသက်သာဆုံးဖြစ်ကာ လူသုံးများသည့်မူးယစ်ဆေးဝါးဖြစ်လာသည်။ မူးယစ်ဆေးဝါးသုံးစွဲသူများသည် ရေခဲ၊ ထရာမာဒေါ (အကိုက်အခဲပျောက်ဆေးတစ်မျိုး)၊ ဆေးခြောက်၊ ဘိန်းစာရွက်၊ ဘိန်းနှင့်ဆေးဆိုင်တွင်ရရှိနိုင်သော ဆေးဝါးများကို အမျိုးမျိုးရောစပ်၍ သုံးစွဲကြလေ့ရှိသည်။
DARE Network[24] အဖွဲ့အစည်း၏အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူရသည့်နော်ဂ---က KHRG အား ဤသို့ ရှင်းပြ သည်။ “မူးယစ်ဆေးဝါးကိုဘာကြောင့်သုံးရလဲဆိုတာ အကြောင်းရင်းအမျိုးမျိုးရှိတယ်။ ကရင်ပြည်နယ်မှာ လူငယ်တော် တော်များများက မူးယစ်ဆေးဝါးကိုသုံးလာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်အအခြေအနေမတည်ငြိမ်လို့ သူတို့မှာ ဖိအားတွေအရမ်းများတယ်။ မိသားစုကွဲကွာရတာတွေ၊ အိမ်ထောင်ကွဲရတာတွေ၊ အထီးကျန်မှုတွေနဲ့စိတ်ဒဏ် ရာတွေ အများကြီးပဲ။ လူတော်တော်များများမူးယစ်ဆေးဝါးသုံးတာကို ကျွန်မမြင်တွေ့ဖူးတယ်။ သူတို့မှာ လူမသိတဲ့ခံ စားချက်တွေအများကြီးပဲ။ ကျွန်မတို့လူနာတစ်ချို့က မူးယစ်ဆေးဝါးကိုသုံးကြတယ်။ ဘာဖြစ်လို့သုံးလဲဆိုတော့ သူတို့မိ သားစုတွေ စစ်ပွဲကြောင့်သေဆုံးခဲ့ရတယ်။ အခြားလူတွေလည်း သူတို့ကြုံတွေ့ရတဲ့ပြဿနာတွေကိုမေ့ပစ်ဖို့ မူးယစ် ဆေးဝါးကိုသုံးကြတယ်။ လူငယ်အများစုက မျှော်လင့်ချက်မဲ့နေကြတယ်။ တစ်ချို့ဆိုရင် ကျောင်းထွက်လိုက်ရတယ်။ အလုပ်လက်မဲ့ဖြစ်သွားတယ်။ အဲဒါကြောင့် တစ်ချို့က မူးယစ်ဆေးဝါးကိုစွဲလာကြတယ်။ အခြားအကြောင်းတစ်ခုက တော့ မူးယစ်ဆေးဝါးစွဲတဲ့သူတွေတော်တော်များများဟာ သူတို့ကိုယ်သူတို့ဆေးစွဲနေတယ်လို့မသိကြဘူး။ မူးယစ်ဆေး ဝါးက သူတို့ရဲ့လူမှုဘဝကို ဘယ်လိုဆိုးကျိုးဖြစ်စေလဲဆိုတာ နားမလည်ကြဘူး။ တစ်ချို့ဆိုရင်လည်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချတယ်။ အဲလိုမှပဲ သူတို့မိသားစုကို ထောက်ပံ့နိုင်မယ်လို့တွေးကြတယ်။ မိသားစုဝင်ငွေလည်း တိုးလာ မယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာလည်း အခြားအလုပ်အကိုင်လည်းမရှိကြဘူးလေ။”
ရပ်ရွာဒေသရှိ ကလေးများလည်း မူးယစ်ဆေးဝါးသုံးစွဲမှုများပြားလာသည်ဟု ရွာသားများက မကြာခဏတင်ပြကြသည်။ အထူးသဖြင့် ကျောင်းမတက်ရသည့်ကလေးများသည် မူးယစ်ဆေးဝါးကိုအသုံးများလာကြသည်။ ထိုကလေးများသည် မိဘ၏သွန်သင်ဆုံးမမှုအောက်တွင် မကြီးပြင်းလာရခြင်း သို့မဟုတ် ၎င်းတို့မိသားစုစားဝတ်နေရေးအတွက် လယ်ယာ လုပ်ခြင်း၊ မီးသွေးဖုတ်ခြင်းနှင့်ကျွဲနွားကျောင်းရခြင်းစသည့်လုပ်ငန်းများကိုလုပ်ကိုင်၍ ကြီးပြင်းလာရသည်။[25] ဘားအံ ခရိုင်၊ တာကရယ်မြို့နယ်၊ နို့ကွီးကျေးရွာအုပ်စု၊ ညဘ--- ကျေးရွာမှ အသက် (၁၉)နှစ်အရွယ် စောယ--- သည် မူးယစ် ဆေးဝါးသုံးစွဲခဲ့ပြီးနောက် မကြာသေးမီက DARE Network ထံတွင် ကုသမှုကိုခံယူပြီး မူးယစ်ဆေးဝါးကိုဖြတ်ခဲ့သည်။ ၎င်းအနေဖြင့် ကလေးအရွယ်တုန်းက မိဘအား လယ်ယာကူညီလုပ်ကိုင်ပေးရန်အတွက် ကျောင်းထွက်ရပြီးနောက် မြင်း ဆေးကိုစတင်သုံးစွဲခဲ့သည်ဟု KHRG အား ရှင်းပြခဲ့သည်။ လယ်ယာအလုပ်လုပ်သည့်အချိန်တွင် တစ်ချို့အမျိုးသားများ က စောယ--- ၏အရှေ့တွင် မြင်းဆေးကိုသုံးစွဲရောင်းချကြသည်။ ထိုလူကြီးများက စောယ---ကို မြင်းဆေးသုံးစွဲရန် အလ ကားပေးခဲ့သည်။ စောယ---က ယခုလိုပြောသည်။ “အဲဒီအချိန်တုန်းက ကျွန်တော်လည်း အဲဒါကို (မြင်းဆေး) စမ်း ကြည့်ချင်တယ်။ အဲဒါကြောင့်သုံးဖြစ်ခဲ့တယ်။ စွဲသွားတဲ့အထိ ကျွန်တော်သုံးစွဲခဲ့တယ်။ အဲဒါမရှိရင် မနေနိုင်တော့တဲ့အထိ သုံးစွဲခဲ့တယ်။ အဲလိုစွဲလာတော့ မြင်းဆေးကို ကိုယ်ဟာကိုယ်သွားဝယ်ယူရတယ်။” ဘားအံခရိုင်မှ KNPF ခရိုင်ရဲမှူး အဖြစ်တာဝန်ယူရသည့် စောအ--- ကလည်း
“ဆယ်ကျော်သက်လူငယ်တွေ မူးယစ်ဆေးဝါးကိုသုံးကြတယ်။ အသက် (၇) နှစ်၊ (၈)နှစ် လောက်သာရှိတဲ့ကလေးတွေလည်း မူးယစ်းဆေးဝါးသုံးကြတယ်။ အဲဒါဘာဖြစ်လို့လဲဆိုတော့ တစ်ချို့က လေးတွေက သူတို့မှာ မိဘမရှိကြဘူး။ ဆင်းလဲဆင်းရဲကြတယ်”
ဟု ရှင်းပြခဲ့သည်။
အလုပ်ကြမ်းကိုလုပ်နေသည့်သူတွေလည်း မူးယစ်ဆေးဝါးကို သုံးကြသည်။ အထူးသဖြင့် စစ်ပဋိပက္ခကြောင့် အခက် အခဲကြုံတွေ့နေရသည့်ကာလအတွင်း မိသားစုစားဝတ်နေရေးကို ကူညီထောက်ပံ့နိုင်ရန်အတွက် အလုပ်ချိန်ပိုကြာ အောင် လုပ်ကိုင်နိုင်ရန် မူးယစ်ဆေးဝါးကို မကြခဏသုံးစွဲကြသည်။[26] ဘိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ စတိန် ကျေးရွာအုပ်စု၊ ညအ--- ကျေးရွာမှ ရွာသားဖြစ်သူ စောဈ---သည် ယခင်က မူးယစ်ဆေးဝါးသုံးစွဲခဲ့သူဖြစ်သည်။ ၎င်းက ပြောပြသည်မှာ “သူတို့က (မြင်းဆေးသုံးစွဲသူ) မူးယစ်ဆေးဝါးကို (မြင်းဆေး) သုံးရင် အလုပ်ပိုလုပ်နိုင်မယ်ဆိုပြီး သုံးကြတယ်။ တကယ်လုပ်နိုင်မယ်လို့ယုံကြည်ကြတယ်။ အဲဒါကြောင့် သူတို့က အလုပ်လုပ်နိုင်ဖို့အတွက် မူးယစ်ဆေး ဝါးကို (မြင်းဆေး) ပိုသုံးနိုင်ဖို့နည်းလမ်းတွေရှာကြတယ်။ ဆေးအာနိသင်ပြတဲ့အချိန်မှာ သူတို့အလုပ်လုပ်နိုင်တယ်လို့ ထင်ကြတယ်။ (ဒါပေမဲ့ တကယ်တမ်းမှာ ထိရောက်မှုမရှိဘူး။)”
ရွာသားများသည် မိသားစုစားဝတ်နေရေးအတွက် အလုပ်ခရီးထွက်ရသည့်အချိန်တွင်ဖြစ်စေ၊ ၎င်းတို့လယ်ယာသို့ အလုပ်သွားလုပ်ရသည့်အချိန်တွင်ဖြစ်စေ လုံခြုံရေးအန္တရာယ်များနှင့်ကြုံတွေ့ရလေ့ရှိသည်။[27] ဤအခြေအနေကြောင့် ရွာသားများအနေဖြင့် အလုပ်လုပ်ရာတွင် အဆင်မပြေသည့်အတွက် အခြားအလုပ်များကို ရှာဖွေလုပ်ကိုင်ရန် ဖိအားပေး ခံရလာသည်။ ဤဖိအားများကိုဖြေရှင်းရန်အတွက် တစ်ချို့ရွာသားများသည် အထူးသဖြင့် အမျိုးသားများသည် ဝင်ငွေ ရရှိရန် မူးယစ်ဆေးဝါးကို စတင်ဖြန့်ဖြူးရောင်းချလာကြသည်။ ကရင်အမျိုးသမီးအဖွဲ့ (KWO) အထွေထွေအတွင်းရေး မှူးအဖြစ်တာဝန်ယူရသည့် နော်ဒ--- သည် အခြား CBO ၊ CSO များနှင့်အတူ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက် လာပြီး ယခုလိုပြောပြသည်။ “စစ်ပဋိပက္ခက အချိန်ကြာလာတော့ ဆင်းရဲမွဲတေမှုနဲ့အလုပ်အကိုင်ရှားပါးမှုကို ဖန်တီးစေ တယ်။ ဒီအချိန်မှာ မူးယစ်ဆေးဝါးလုပ်ငန်းက (ငွေရရှိရန်) လွယ်ကူတဲ့အလုပ်ဖြစ်လာတယ်။ ပြီးတော့ မြင်းဆေးကလည်း ဈေးပေါတယ်။”
အထူးသဖြင့် ဆင်းရဲမွဲတေမှုနှင့်အလုပ်အကိုင်ရှားပါးမှုအခြေအနေမြင့်မားသည့်နေရာဒေသများတွင် မူးယစ်ဆေးဝါးလုပ် ငန်းရှင်နှင့်ဖြန့်ဖြူးရောင်းချသူများသည် အာဏာနှင့်ဓနအင်အားရှိသောလူများဖြစ်ကြောင်း ရွာသားများ၊ KNPF နှင့် CBO ၊ CSO အဖွဲ့အစည်းများက တင်ပြကြသည်။ အာဏာနှင့်ဓနအင်အားရှိသောလူများသည် ရွေးချယ်မှုနည်းသော ဒေသခံ ရွာသားများကို အလုပ်ပေးကြသည်။ ထိုအလုပ်များသည် မြင်းဆေးရောင်းပေးရန်၊ ခြံအလုပ်လုပ်ပေးရန်နှင့် အထူးသဖြင့် သစ်လုပ်ငန်းအစရှိသည့်၎င်းတို့ကုပ္မဏီတွင် လုံခြုံရေးအစောင့်အဖြစ်လုပ်ကိုင်ပေးရန်ဖြစ်သည်။ တစ်ချို့ဖြစ်စဉ်တွင် အလုပ်လုပ်ရန်အတွက် မြင်းဆေးသုံးစွဲခိုင်းသည့်အခြေအနေလည်းရှိသည်။
(ခ) ရပ်ရွာဒေသအတွင်း မူးယစ်ဆေးဝါးများကို အလွယ်တကူရယူနိုင်ခြင်း
မြန်မာပြည်အရှေ့တောင်ပိုင်းတွင် စစ်ပဋိပက္ခကြာမြင့်လာသည်နှင့်အမျှ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုပို၍တိုးမြင့်လာပြီး မူးယစ်ဆေးဝါးသုံးစွဲသူလည်း ပို၍များလာပါသည်။ အထူးသဖြင့် ကလေးများသည်ပင်လျှင် မူးယစ်ဆေးဝါးကို သုံးစွဲလာ ကြသည်။ ကျေးရွာလူထုကြားတွင် မူးယစ်ဆေးဝါးအသိပညာပေးမှုလည်း နည်းပါးသည်။ ရွာသားတော်တော်များများ သည် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ကြုံတွေ့ရနိုင်သော ဆိုးကျိုးသက်ရောက်မှုများကို သိရှိနားလည်ခြင်းမရှိပဲ မူးယစ် ဆေးဝါးကိုသုံးစွဲနေကြသည်။ အမျိုးသားနှင့်အမျိုးသမီးများသည် (ကိုယ်ဝန်ဆောင်မိခင်များပင်လျှင်) မူးယစ်ဆေးဝါးသုံး စွဲကြသည်ဟု ရွာသားများက တင်ပြခဲ့သည်။
ကလေးများသည် လူကြီးများမူးယစ်ဆေးဝါးသုံးစွဲသည်ကိုမြင်တွေ့ရပြီးနောက် သို့မဟုတ် လူကြီးဆီမှ မူးယစ်ဆေးဝါး များကို ရယူပြီးနောက်တွင် မူးယစ်ဆေးဝါးကို စတင်သုံးစွဲလာကြသည်ဟု ရွာသားများက တင်ပြကြသည်။ မူးယစ် ဆေးဝါးဖြန့်ဖြူးရောင်းချမှုသည်လည်း ကျောင်းအနီးပတ်ဝန်းကျင်တွင်ရှိသည်။ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တကောကျေးရွာအုပ်စု၊ ညဆ--- ကျေးရွာမှ အသက် (၁၉)နှစ်အရွယ် ကျောင်းဆရာစောထ--- သည် ယခုလိုရှင်း ပြသည်။ “ဥပမာဆိုရင် လူကြီးတွေက ဆေးခြောက်ကို ဆေးလိပ်လိုလိပ်ပြီးသောက်ကြတယ်။ သောက်ပြီးသွားရင် ကျန်ရှိတဲ့ဆေးလိပ်ဖင်တိုလေးကို ပစ်ထုတ်လိုက်တယ်။ တစ်ခါတစ်လေမှာ ကလေးတွေက အဲဒီဆေးခြောက်နဲ့လိပ်ထား တဲ့ဆေးလိပ်ဖင်တိုလေးကိုကောက်တွေ့ပြီးပြန်သောက်ကြတယ်။ (…) ကျွန်တော့်ရဲ့အမြင်မှာတော့ မူးယစ်ဆေးဝါးသုံးစွဲ မှုဟာ ပုံမှန်လိုဖြစ်နေတယ်။ လူတွေက ဘာမဟုတ်တဲ့အရာတစ်ခုလို့မြင်နေကြတယ်။ သူတို့အတွက်တော့ အဲဒါက ပြဿနာလို့မထင်ကြဘူး။” DARE Network အဖွဲ့၏အမှုဆောင်ဒါရိုက်တာအဖြစ်တာဝန်ယူရသည့်နော်ဂ---ကလည်း ယခုလိုထပ်မံရှင်းပြသည်။ “များသောအားဖြင့် ကလေးတွေက သူတို့ဘာကြောင့်မူးယစ်ဆေးဝါးသုံးရလဲဆိုတာ နားမ လည်ကြဘူး။ သူများသုံးတာကိုတွေ့တော့ သူတို့လည်း လိုက်သုံးကြတယ်။ သူတို့ရဲ့အကို၊အမတွေ မူးယစ်ဆေးဝါးသုံး တာတွေ့ရင် သူတို့လည်းလိုက်သုံးကြတယ်။ အိမ်နီးနားချင်းကသူတွေ မူးယစ်ဆေးဝါးသုံးတာတွေ့ရင် သူတို့လိုက်သုံး ကြတယ်။ မူးယစ်ဆေးဝါးသုံးရင် ဘာဆိုးကျိုးဖြစ်လာမှာကို သူတို့နားမလည်ကြဘူး။ ဘယ်မူးယစ်ဆေးဝါးအမျိုးအစား ပဲဖြစ်ဖြစ် သူတို့ရှာလို့ရရင်သုံးကြတာပဲ။ ဒီကလေးတွေက စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်။”
တစ်ချို့ကလေးများသည် ၎င်းတို့မိသားစုရေးရာပြဿနာများကြောင့် မူးယစ်ဆေးဝါးသုံးကြသည့်အခြေအနေလည်းရှိ သည်။ ၎င်းတို့မိသားစုရေးရာပြဿနာဆိုသည်မှာ စီးပွားရေးအခက်အခဲများ၊ ဖယ်ကျဉ်ခံရခြင်းများ သို့မဟုတ် မိဘဆုံးရှုံး ရသည့်အခြေအနေများကိုဆိုလိုခြင်းဖြစ်သည်။ ဥပမာတစ်ခုဆိုလျှင် တာကရယ်မြို့နယ်၊ နို့ကွီးကျေးရွာအုပ်စု၊ ညဘ--- ကျေးရွာမှ အသက် (၁၃)နှစ်သာရှိသော စောဖ---၊ စောဌ---နှင့်စောတ---တို့သည် ၎င်းတို့အသက် (၇)နှစ်အရွယ်မှစ၍ မူးယစ်ဆေးဝါးကိုစတင်သုံးစွဲခဲ့သည်။ အများအားဖြင့် မြင်းဆေးကိုသုံးစွဲခဲ့သည်။ စောဖ---က မြင်းဆေးကိုစတင်သုံးစွဲခဲ့ သည်မှာ ၎င်းဖခင်က မူးယစ်ဆေးဝါးသုံး၍ သူ့သားကိုလည်း ပေးသုံးခဲ့ခြင်းဖြစ်သည်။ စောဌ---နှင့်စောတ---တို့သည် ၎င်းတို့သူငယ်ချင်းက ဆေးချရန်ခေါ်သွားပြီးနောက်တွင် မြင်းဆေးကိုစတင်သုံးစွဲခဲ့ခြင်းဖြစ်သည်။ စောဌ---နှင့်စောတ---တို့သည် (၃)နှစ်သားအရွယ်တွင် ၎င်းတို့ဖခင်များက ဆေးစွဲ၍မိမိကိုယ်ကိုသတ်သေခဲ့ကြသည်။ စောဌ---နှင့်သူ၏အမ သည် အဖွားဖြစ်သူနှင့်အတူတကွ နေထိုင်ကြသည်။ သူ၏အဖွားသည် အရက်စွဲသူတစ်ဦးလည်းဖြစ်သည်။ သူ၏မိခင်မှာ ထိုင်းနိုင်ငံသို့ရွှေ့ပြောင်းနေထိုင်ပြီး မိသားစုကို ကူညီထောက်ပံ့ပေးခြင်းမရှိပေ။ စောတ---သည် သူ၏မိခင်မုဆိုးမနှင့်ညီ အမသုံးဦးနှင့်အတူ နေထိုင်ကြသည်။ အဆိုပါကလေး (၃)ဦးသည် မူးယစ်ဆေးဝါးစွဲလာပြီးနောက် ကျောင်းမတက်ချင် တော့ပေ။ ၎င်းတို့မိသားစုလည်း ၎င်းတို့ကျောင်းပညာရေးအတွက် ကူညီအားပေးခြင်းလည်းမရှိပေ။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၌ စောဖ--- သည် သူ၏အဒေါ်နှင့်အတူ နေထိုင်ကြသည်။ သူ၏ဖခင်သည် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ လက်ရှိအချိန်တွင် စောဖ---သည် မူးယစ်ဆေးဝါးမသုံးစွဲတော့ဘဲ ကျောင်းဆက်တက်ခဲ့ သည်။ သို့သော် စောဌ---နှင့်စောတ---တို့သည် မူးယစ်ဆေးဝါးကို ဆက်လက်သုံးစွဲနေပြီး အသက်မွေးဝမ်းကြောင်းအ တွက် ကျွဲ၊နွားကျောင်း၍ မီးသွေးဖုတ်လုပ်ငန်းလုပ်ကိုင်ကြသည်။ အခုချိန်တွင် စောဌ--- သည် သူ၏အဖွားဆုံးသွားပြီး နောက် အဒေါ်နှင့်အတူ နေထိုင်ကြသည်။ သူ၏အမဖြစ်သူလည်း အသက် (၁၅)နှစ်တွင် အမျိုးသားငယ်တစ်ဦးနှင့်လက် ထပ်ယူခဲ့သည်။ သူမ၏အမျိုးသားသည် မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးလည်းဖြစ်သည်။
အမျိုးသမီးများတစ်ချို့သည် ၎င်းတို့အမျိုးသားများနှင့်ကလေးများကို မူးယစ်ဆေးဝါးမသုံးကြရန် တားဆီး၍မရသော ကြောင့် ၎င်းတို့လည်း မြင်းဆေးကိုစတင်သုံးစွဲလာကာ မိသားစုဝင်အားလုံး မူးယစ်ဆေးဝါးစွဲသွားသည့်အခြေအနေရှိ ကြောင်း ဒေသခံအဖွဲ့အစည်းများမှ ဝန်ထမ်းများက တင်ပြခဲ့သည်။ KWO ဝန်ထမ်းတစ်ဦးဖြစ်သူ နော်ဆ--- က အလုပ်ရုံ ဆွေးနွေးပွဲတွင် ယခုလိုတင်ပြသည်။ “တစ်ချို့အမျိုးသမီးတွေက သူတို့အမျိုးသားတွေကို ဆေးမသုံးဖို့တားမြစ်ကြတယ်။ ဒါပေမဲ့သူတို့အမျိုးသားက ဆေးသုံးတာကို မရပ်ကြဘူး။ အဲဒါနဲ့ အမျိုးသမီးတွေလည်း မူးယစ်ဆေးဝါးစသုံးလာကြတယ်။ တစ်ချို့အမျိုးသမီးတွေ သူတို့အမျိုးသားက ဆေးမသုံးတော့ပေမဲ့ သူတို့ကတော့ ဆက်လက်သုံးစွဲနေကြတယ်။ ဆေး မဖြတ်နိုင်ကြတော့ဘူး။” ဘားအံခရိုင်မှ KNPF ဒုစုံစမ်းရေးမှူးအဖြစ်တာဝန်ယူရသည့်စောဧ--- က KHRG အား ဤသို့ ရှင်းပြသည်။ “သူတို့ (အမျိုးသမီး) ကလေးတွေက သူငယ်ချင်းတွေနဲ့ပေါင်းပြီး မူးယစ်ဆေးဝါးစသုံးလာကြတယ်။ တစ်ချို့ မုဆိုးမတွေက ဆေးမသုံးဘူး။ ဒါပေမဲ့တစ်ချို့ကတော့ ဆေးသုံးကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အမျိုးသားတွေကို မတားနိုင်ကြဘူးလေ။ အဲဒါကြောင့် အမျိုးသားရော၊ သူတို့ရဲ့အမျိုးသမီးရော မူးယစ်ဆေးဝါးကိုသုံးလာကြတယ်။ (…) ကလေးတွေက မူးယစ်ဆေးဝါးသုံးစွဲလာတော့ ကျောင်းကိုမသွားကြတော့ဘူး။ သူတို့ရဲ့မိဘတွေလည်း ကျောင်းသွားဖို့ အားမပေးကြဘူး။ သူတို့ကလေးတွေကို ရထားလိုပဲ သူတို့နောက်လိုက်ရမယ်ဆိုပြီးလွှတ်ထားလိုက်ကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်းဘာမှမလုပ်တတ်တော့ဘူး။”
(ဂ) မြန်မာစစ်တပ်မှ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုကို စစ်ရေးဗျူဟာတစ်ခုအဖြစ်အသုံးပြုခြင်း
မြန်မာပြည်အရှေ့တောင်ပိုင်းရှိ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုသည် ဒေသခံကျေးရွာလူထုများအတွက် စစ်ပဋိပက္ခနှင့်ဆိုင် သောပြဿနာတစ်ရပ်ဟု ရွာသားများက တင်ပြခဲ့သည်။ မြန်မာစစ်တပ်သည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့တစ်ချို့နှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုတွင် ပါဝင်လုပ်ဆောင်နေကြောင်း KHRG အင်တာဗျူးခဲ့သည့်ဒေသခံခေါင်းဆောင်များက တင်ပြကြသည်။ ဘားအံခရိုင်မှ KNPF ခရိုင်ရဲမှူးအဖြစ်တာဝန်ယူရ သည့်စောအ--- က ယခုလိုရှင်းပြသည်။ “ကျွန်တော်တို့တပ်မဟာ (၇) ဘားအံခရိုင်ကိုကြည့်မယ်ဆိုရင် လက်နက်ကိုင် တပ်ဖွဲ့တွေကွဲကြတယ်။ ကွဲနေတဲ့လူတစ်ချို့က မူးယစ်ဆေးဝါးသုံးကြတယ်။ ကျွန်တော်တို့စုံစမ်းသိရသလောက်ဆိုရင် သူတို့က (မြန်မာစစ်တပ်) အဲဒါကို (မူးယစ်ဆေးဝါးရောင်းချမှု) တိုက်ရိုက်မလုပ်ဘူး။ ဒါက သူတို့ရဲ့ဗျူဟာတစ်ခုဖြစ် တယ်။ သူတို့က ဒါတွေကို (မူးယစ်ဆေးဝါး) တော်လှန်ရေးလုပ်ငန်းတွေကို ဖျက်ဆီးတိုက်ခိုက်မယ့်လက်နက်တစ်ခုလို အသုံးပြုတယ်။ တော်လှန်ရေးနယ်မြေမှာ (KNU ထိန်းချုပ်နယ်မြေ) နေထိုင်ကြတဲ့ပြည်သူတွေကို ပျက်စီးအောင်လုပ်ပြီး မူးယစ်ဆေးဝါးသားကောင်ဖြစ်သွားအောင်လုပ်မယ့်အစီအစဉ်ရှိတယ်။” DARE Network အဖွဲ့၏အမှုဆောင်ဒါရိုက်တာ အဖြစ်တာဝန်ယူရသည့်နော်ဂ---ကလည်း ဤသို့တင်ပြသည်။
“နိုင်ငံရေးပြဿနာတွေကြောင့် မူးယစ်ဆေးဝါးပြဿနာ လည်းများလာတယ်။ မူးယစ်ဆေးဝါးကုန်ကူးတဲ့သူတွေကတော့ မူးယစ်ဆေးဝါးကို စစ်လက်နက်တစ်ခုလိုအသုံးပြုပြီး ရပ်ရွာလူထုကြားမှာ ရည်ရွယ်ချက်ရှိရှိနဲ့ဖြန့်ဖြူးနေကြတယ်။”
မြန်မာစစ်တပ်သည် ၎င်းတို့၏ရန်သူအားနည်းလာအောင် KNU ထိန်းချုပ်နယ်မြေဒေသမှာရှိသည့်မူးယစ်ဆေးဝါးထုတ် လုပ်သူများနှင့်ဖြန့်ဖြူးရောင်းချသူများကို အထူးသဖြင့်လူငယ်များကို ကူညီအားပေး၍ မူးယစ်ဆေးဝါးကို ရည်ရွယ်ချက် ရှိရှိဖြန့်ဖြူးနေကြသည်ဟု ဒေသခံအဖွဲ့ဝင်များက ထင်မြင်ယူဆကြသည်။ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တ ကောကျေးရွာအုပ်စု၊ ညဒ--- ကျေးရွာမှ ကရင်လူငယ်အဖွဲ့အစည်း (KYO) ခေါင်းဆောင်အဖြစ် တာဝန်ယူရသည့်စောစ--- က ယခုလိုပြောသည်။ “စစ်အစိုးရကို ဒါတွေကို (မူးယစ်ဆေးဝါးဖြန့်ဖြူးခြင်း) မလုပ်ဖို့ ကျွန်တော်တို့တွေသွားပြောလို့ မရဘူး။ သူတို့ကတော့ ကျွန်တော်တို့ပြည်သူတွေကို ဖျက်ဆီးချင်နေတာ။ မူလအစကတော့ အဲဒါက (မူးယစ်ဆေးဝါး) သူတို့ဆီကနေလာတယ်။ ကျွန်တော်တို့လူငယ်တွေပျက်စီးသွားရင် သူတို့က (မြန်မာစစ်တပ်) ကျွန်တော်တို့ကိုတိုက် စရာမလိုတော့ဘူး။ သူတို့ဘာမှမလုပ်ဘဲ ကျွန်တော်တို့တွေ ကျရှုံးသွားမှာလေ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့လူငယ်တွေက ဒါတွေကိုနားမလည်ကြဘူး။ လူငယ်တွေ မူးယစ်ဆေးဝါးကိုသုံးစွဲတာများလာလေလေ အနာဂတ်ခေါင်းဆောင်တွေ လျော့နည်းလာလေလေပဲ။”
၃.၂။ ရပ်ရွာဒေသတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု၏ဆိုးကျိုးသက်ရောက်မှုများ
မူးယစ်ဆေးဝါးသုံးစွဲမှုသည် တစ်ဦးတစ်ယောက်အားဖြစ်စေ၊ မိသားစုအားဖြစ်စေ၊ ရပ်ရွာလူထုအားဖြစ်စေ ၎င်းတို့ကျန်း မာပျော်ရွှင်မှုနှင့်ကောင်းကျိုးချမ်းသာမှုကို များစွာထိခိုက်နစ်နာစေပါသည်။ ဤထိခိုက်နစ်နာမှုများသည် ရွာသားများ ကြုံတွေ့ရပြီးသော ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများကို ပို၍ဆိုးရွားစေပါသည်။ မူးယစ်ဆေးဝါးသုံးစွဲ မှုများပြားလာသည့်နှင့်အမျှ အကြမ်းဖက်သည့်ပြစ်မှုများ၊ လုယက်ခိုးယူမှုများနှင့်အိမ်တွင်းအကြမ်းဖက်မှုများလည်း ပို၍ တိုးများလာပါသည်။
(က) ဆေးသုံးစွဲသူများကြုံတွေ့ရသော ဆိုးကျိုးများ - ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့်ပညာရေးအ ခက်အခဲများ
မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအား ဆိုးရွားစွာထိခိုက်စေပါသည်။ မူးယစ်ဆေး ဝါးသုံးစွဲသည့်ကလေးများသည် များသောအားဖြင့် ကျောင်းထွက်လိုက်ရသည့်အခြေအနေများနှင့်ရင်ဆိုင် ကြုံတွေ့ရ လေ့ရှိသည်။ အထူးသဖြင့် မူးယစ်ဆေးဝါးသုံးစွဲသည့်အမျိုးသမီးများနှင့်ကလေးများသည် ပတ်ဝန်းကျင်မှ ပြစ်တင်ဝေဖန် ခြင်းနှင့်ဖယ်ကျဉ်ခြင်းကိုကြုံတွေ့ရလေ့ရှိသည်။
မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် သုံးစွဲသူများ၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နေကြောင်း ရွာသားများက တင်ပြကြသည်။ ရွာသားများသတိပြုမိသည့်အရာများသည် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် အများဆုံးကြုံတွေ့ရသည့် ကျန်းမာ ရေးလက္ခဏာများမှာ အသားအရေးဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ ပိန်လာခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အိပ်ချိန်မမှန်ခြင်း၊ အပြု အမူပြောင်းလဲခြင်းနှင့် အခြားသူများအပေါ် မသင့်လျော်သောစကားများပြောဆိုမိခြင်းနှင့်ပြုလုပ်မိခြင်းတို့ဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် အခြားကြုံတွေ့ရသောရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများသည် ကျောက်ကပ်နှင့် အသဲချို့ယွင်းခြင်းနှင့်အဆုတ်ပြဿနာများဖြစ်ကြသည်။ မူးယစ်ဆေးဝါးသုံးစွဲသည့်ကလေးများသည်လည်း ရုပ်ပိုင်းဆိုင် ရာဖွံ့ဖြိုးမှုပြဿနာနှင့်ကြုံတွေ့ရသည်။ ဘားအံခရိုင်မှ KNPF ခရိုင်ရဲမှူးအဖြစ်တာဝန်ထမ်းဆောင်သည့်စောအ---က တာကရယ်မြို့နယ်၊ နို့ကွီးကျေးရွာအုပ်စု၊ နန--- ကျေးရွာမှ အသက် (၁၂) နှစ်အရွယ်သာရှိသည့်စောက--- သည် မြင်း ဆေးကိုအချိန်ကြာမြင့်စွာသုံးစွဲလာပြီးနောက် ကျန်းမာရေးထိခိုက်၍ သေဆုံးခဲ့သည့်ဖြစ်စဉ်ကို ယခုလိုရှင်းပြသည်။ “သူက မူးယစ်ဆေးဝါးသုံးတော့ သူရဲ့မောင်နှမတွေက သူ့ကို ဆူကြတယ်။ ဒါပေမဲ့သူနားမထောင်ဘူး။ (…) သူ့မောင်နှမ တွေလည်း သူ့ကိုဘာမှမပြောနိုင်တော့ဘူး။ သူက သူလုပ်ချင်တာသူလုပ်တယ်။ နောက်ဆုံးမှာ သူမူးယစ်ဆေးဝါးသုံးတာ သေသွားတဲ့အထိပဲ။”
မူးယစ်ဆေးဝါးသုံးစွဲသူများသည် စိတ်ကျန်းမာရေးပြဿနာများကိုလည်း ကြုံတွေ့ရလေ့ရှိပြီး ၎င်းတို့မိသားစုနှင့် ပတ် ဝန်းကျင်ကြားတွင် ဆက်ဆံရေးအဆင်မပြေမှုများဖြစ်၍ ၎င်းတို့ဘဝကို ကောင်းမွန်စွာ အသက်ရှင်နေထိုင်ရန်ပို၍ခက်ခဲ လာသည်။ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်မှ ကျောင်းဆရာစောထ--- က ၎င်း၏ရွာတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် အမျိုးသားတစ်ဦး၏အခြေအနေကို ယခုလိုပြောပြသည်။ “သူက မူးယစ်ဆေးဝါးကို (မြင်းဆေး) မသုံးခင်တုန်းက အလုပ် ကိုကြိုးစားလုပ်တယ်။ အိမ်ကိုအချိန်မီပြန်လာတယ်။ သူ့ရဲ့ကလေးတွေကိုလည်း ဂရုစိုက်တယ်။ မီးဖိုချောင်အလုပ်ကို လည်း ဝင်ကူလုပ်တယ်။ ဒါပေမဲ့ သူက မူးယစ်ဆေးဝါးကို (မြင်းဆေး) စသုံးလာတော့ အရာအားလုံးပြောင်းလဲ သွားတယ်။ သူအလုပ်လည်းမလုပ်တော့ဘူး။ ဒေါသထွက်တာမြန်လာတယ်။ သူ့မိန်းမလည်း သူ့ကိုစကားတောင်မပြော ရဲတော့ဘူး။” ဘားအံခရိုင်၊ တာကရယ်မြို့နယ်၊ ပိတာကျေးရွာအုပ်စု၊ ညဃ--- ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးစောရ---သည်လည်း ယခုလိုပြောသည်။ “မူးယစ်ဆေးဝါးစွဲတဲ့သူတွေက သူတို့အနေနဲ့ အကျိုးအကြောင်းစဉ်းစားလို့မရတော့ ဘူး။ မူးယစ်ဆေးဝါးမဖြတ်နိုင်တဲ့လူတွေက သူတို့ရဲ့မိဘနဲ့မောင်နှမတွေကို မမှတ်မိကြဘူး။ မိဘနဲ့မောင်နှမတွေကို မလေးစားတော့ဘူး။ (…) သူတို့ဦးနှောက်က (အချိန်ကြာလာတော့) ပျက်စီးသွားတယ်။ အဲဒီနောက်မှာ သူတို့က အရူး တစ်ယောက်လိုပဲဖြစ်သွားတယ်။”
တစ်ချို့သောမူးယစ်ဆေးဝါးသုံးစွဲသူများသည် အာရုံခြောက်ချားခြင်းအပါအဝင် စိတ်ရောဂါပြဿနာများနှင့်ကြုံတွေ့ရ ပြီးနောက် ၎င်းတို့ဘဝကိုအဆုံးသတ်ကြသည်။ ဘားအံခရိုင်မှ KNPF ခရိုင်ရဲမှူးစောအ---က ယခုလိုရှင်းပြသည်။
“တစ်ချို့လူတွေက ကြိုးစွဲချပြီး ဒါမှမဟုတ် အဆိပ်သောက်ပြီး ကိုယ့်ကိုကိုယ်သတ်သေကြတယ်။ ကျွန်တော့်ရဲ့အမျိုး တစ်ယောက်ထဲက (မူးယစ်ဆေးဝါးသုံးစွဲလို့ ကိုယ့်ကိုကိုယ်သတ်သေခဲ့တဲ့သူ) ရှိတယ်။”
ထို့အပြင် ကလေးများသည် မူးယစ်ဆေးဝါးသုံးစွဲ၍ ၎င်းတို့ပညာရေးကိုထိခိုက်သည့်အခြေအနေလည်းရှိသည်။ မူးယစ် ဆေးဝါးသုံးစွဲသည့်ကလေးအများစုသည် အထူးသဖြင့် ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုကြောင့် ပညာသင်ယူခွင့်ဆုံးရှုံး၍ ကျောင်းထွက်လိုက်ရပြီးနောက်တွင် မူးယစ်ဆေးဝါးကိုစတင်သုံးစွဲလာကြသည်။[28] တစ်ချို့ကလေးများသည် မူးယစ် ဆေးဝါးစတင်သုံးစွဲပြီးနောက် ကျောင်းထွက်လိုက်ရပြီး အခြားသူများနှင့်လည်း ရောနှောဆက်ဆံမှုမရှိတော့ပေ။ မူးယစ် ဆေးဝါးသုံးသည့်ကလေးများသည် ကျောင်းစာကို အာရုံမစိုက်နိုင်၍ ကျောင်းထွက်လိုက်ရပြီး လယ်ယာပြန်လုပ်ကိုင်ခြင်း သို့မဟုတ် မိဘကိုမှီခို၍ နေထိုင်ကြသည်။ ဘိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ စတိန်ကျေးရွာအုပ်စု၊ ညအ--- ကျေးရွာမှ စောဈ---သည် ဤသို့ရှင်းပြသည်။ “အကယ်၍ ကျောင်းသားတစ်ယောက်က မူးယစ်ဆေးဝါးသုံးစွဲမယ်ဆိုရင် သူတို့သင်ယူတဲ့အရာတွေကို ကောင်းကောင်းမမှတ်မိတော့ဘူး။ (…) သူတို့ကျောင်းစာကိုလည်း အာရုံမစိုက်နိုင်တော့ ဘူး။ သူတို့ဦးနှောက်ကဆဲလ်တွေ ပျက်စီးသွားတယ်ထင်တယ်။”
မူးယစ်ဆေးဝါးသုံးစွဲသူများသည် ပတ်ဝန်းကျင်မှပြစ်တင်ဝေဖန်ခြင်းကို ကြုံတွေ့ရသည်။ ဒူးပလာယာခရိုင်မှ အသက် (၁၉)နှစ်အရွယ် ကျောင်းဆရာစောထ---က ယခုလိုရှင်းပြသည်။ “ကလေးတစ်ယောက်က ဆိုးသွမ်းနေရင် (မူးယစ်ဆေး ဝါးသုံးရင်) လူတွေကပြောကြမယ်။ ‘မင်းကအရမ်းဆိုးတယ်။ အသုံးမကြဘူး။’ ပထမတစ်ခုအနေနဲ့ ကလေးတွေက စိတ် ခံစားချက်တွေအများကြီးပဲ။ ဒုတိယတစ်ခုအနေနဲ့ ပတ်ဝန်းကျင်က အဲလိုတွေဖိအားတွေပေးတော့ ကလေးတွေက မခံ စားနိုင်တော့ဘူး။ အဲဒါကြောင့် မူးယစ်ဆေးဝါးကိုဆက်သုံးကြတယ်။ တစ်ချို့ကလေးလည်း လူတွေသူတို့ကိုပြောသလို နေတဲ့ဘဝမှာပဲ အသက်ရှင်နေထိုင်သွားတော့တယ်။”
မူးယစ်ဆေးဝါးစွဲသုံးသည့်အမျိုးသမီးများသည် အထူးသဖြင့် ၎င်းတို့ခံစားချက်ကိုထုတ်ဖော်ပြောဆိုရန်၊ မိသားစု၊ သူငယ် ချင်းနှင့်လူမှုပတ်ဝန်းကျင်ထံမှအကူအညီတောင်းရန် အခက်အခဲများရှိနေကြောင်း ရွာသားများက တင်ပြကြသည်။ အကြောင်းမှာ အမျိုးသမီးများအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲလျှင် ပတ်ဝန်းကျင်က အမျိုးမျိုးမြင်ကြပြီး ၎င်းတို့ကို ခွဲခြား ဆက်ဆံလေ့ရှိသည်။ ထို့အတူ ဘားအံခရိုင်မှ KNPF ဒုစုံစမ်းရေးမှူးစောဧ---က ယခုလိုပြောပြသည်။ “ယောင်္ကျားတွေ အကြောင်းကိုမင်းသိတဲ့အတိုင်းပဲ။ တစ်ချို့ယောင်္ကျားတွေက အမှားလုပ်ကြတယ် (မူးယစ်ဆေးဝါးသုံးကြတယ်)။ ဒါပေမဲ့ သူတို့မိန်းမတွေ မူးယစ်ဆေးဝါးသုံးရင်တော့ မကြိုက်ကြဘူး။ အမျိုးသားဖြစ်သူက မူးယစ်ဆေးဝါးသုံးတယ်။ ဒါပေမဲ့ သူတို့အမျိုးသမီးတွေ မူးယစ်ဆေးဝါးသုံးရင်မကြိုက်ဘူး။”
(ခ) မိသားစု၏ကောင်းကျိုးချမ်းသာမှုအား ထိခိုက်မှု - နာကျင်ခံစားရခြင်းနှင့်စားဝတ်နေရေးအကြပ်အတည်းများ
ရပ်ရွာဒေသများတွင် မူးယစ်ဆေးဝါးသုံးစွဲမှုမြင့်တက်လာသည်နှင့်အမျှ စိတ်ကျန်းမာရေးပြဿနာများ၊ စားဝတ်နေရေး အခက်အခဲများနှင့်မိသားစုကြား အိမ်တွင်းအကြမ်းဖက်မှုများလည်းများပြားလာကြောင်း ရွာသားများက ဖော်ထုတ်ရှင်း ပြခဲ့သည်။
မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် မိသားစု၏ပျော်ရွှင်မှု၊ ကောင်းမွန်သည့်ဆက်ဆံရေးနှင့်စားဝတ်နေရေးဖူလှုံမှုများကို ထိခိုက်ဖျက်ဆီးကြောင်း ရွာသားများက တင်ပြကြသည်။ အထူးသဖြင့် မိသားစု၏အိမ်ထောင်ဦးစီးဖြစ်ကြသည့် အမျိုး သားများသည် မူးယစ်ဆေးဝါးသုံးစွဲလျှင်ပို၍ဒုက္ခရောက်စေပါသည်။ တာကရယ်မြို့နယ်၊ နို့ကွီးကျေးရွာအုပ်စု၊ ညဘ--- ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးစောခ---က ယခုလိုပြောသည်။
“မူးယစ်ဆေးဝါးသုံးတဲ့သူနဲ့သူတို့မိသားစုကြားမှာ ဆက်ဆံရေးက အဆင်မပြေဘူး။ ရွာထဲကလူတွေလည်း စိတ်မကောင်းကြဘူး။ (…) သူတို့မိသားစုတွေ စိတ်ဖိစီးမှုများ တော့ ဝမ်းနည်းနေရတယ်။”
ထို့အပြင် မူးယစ်ဆေးဝါးသုံးစွဲသူများ၏မိသားစုများသည်လည်း ပတ်ဝန်းကျင်မှ ခွဲခြားဆက်ဆံမှုတွေကို ကြုံတွေ့ရ သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့ဆွေမျိုးများ မူးယစ်ဆေးဝါးသုံးစွဲနေခြင်းကြောင့် ပတ်ဝန်းကျင်က ၎င်းတို့ကိုအပြစ်တင် ကြသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် စိတ်မချမ်းသာမှုနှင့်အရှက်ရမှုကို ကြုံတွေ့ရသည်။ ဒူးပလာယာခရိုင်မှ ကျောင်းဆရာစောထ--- က ဤသို့ရှင်းပြသည်။ “အသင်းအုပ်ဆရာတစ်ယောက်အနေနဲ့ သူရဲ့သားသမီးတွေ မူးယစ် ဆေးဝါးသုံးရင် သိက္ခာကျတယ်။ အဲလိုပဲ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်က သူရဲ့သားသမီးတွေ မူးယစ်ဆေးဝါး သုံးရင် လူတွေက သူ့စကားကိုနားမထောင်ချင်တော့ဘူး။ ပတ်ဝန်းကျင်က ဒီလိုတွေးကြမယ်။ ‘သူတို့ကလေးကိုတောင် သွန်သင်ဆုံးမလို့မရရင် အခြားသူတွေကိုဘယ်လိုဦးဆောင်ကြမလဲ’ပေါ့။ ကျေးရွာအုပ်ချုပ်ရေးမှူးက ကောင်းကောင်း နေထိုင်ပေမဲ့လည်း သူ့သားသမီးတွေရဲ့လုပ်ရပ်တွေကြောင့် လူတွေက သူ့ကိုဝေဖန်ကြမယ်။ တစ်မျိုးထင်ကြမယ်။”
မူးယစ်ဆေးဝါးသုံးစွဲသူများသည် ၎င်းတို့မိသားစုစားဝတ်နေရေးအတွက် ကူညီထောက်ပံ့ပေးနိုင်ခြင်းမရှိသည့်အတွက် ကြောင့် မိသားစုများလည်း ရုန်းကန်ရှင်သန်နေရသည်။ ထို့အပြင် မူးယစ်ဆေးဝါးသုံးစွဲသူများသည် မူးယစ်ဆေးဝါးဝယ် ယူရန်အတွက် ၎င်းတို့မိသားစုဆီမှ ပိုက်ဆံများကိုတောင်းယူခြင်း သို့မဟုတ် ခိုးယူခြင်းတို့ကြောင့် မိသားစု၏ဝင်ငွေနှင့် ဥစ္စာဓနကို ပို၍ဆုတ်လျော့စေသည်။ ဘားအံခရိုင်မှ KNPF ဒုစုံစမ်းရေးမှူး စောဧ--- က ယခုလိုတင်ပြသည်။ “အဲဒီလူက (မူးယစ်ဆေးဝါးသုံးစွဲသူ) ဝင်ငွေမရှိဘူးဆိုရင် ဥပဒေနဲ့မကိုက်ညီတဲ့အရာတွေကိုလုပ်ကြတယ်။ ဥပမာ ပိုက်ဆံခိုးယူတာ တွေ၊ အခြားသူတွေကို ရန်မူတဲ့လုပ်ရပ်တွေကို လုပ်ကြတယ်။ ဒီလုပ်ရပ်တွေက သူတို့မိသားစုရဲ့စီးပွားရေးနဲ့စားဝတ်နေ ရေးကို ထိခိုက်စေတယ်။” တစ်ချို့ဖြစ်စဉ်များတွင် မူးယစ်ဆေးဝါးသုံးစွဲသူများသည် ၎င်းတို့သားသမီးများနှင့်မိသားစု များကို ကိုယ်ထိလက်ရောက်အကြမ်းဖက်သည့်အခြေအနေလည်းရှိသည်။ ၎င်းတို့က ပိုက်ဆံမရသည့်အချိန်တွင် မိသား စုများကို ရိုက်နက်ခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းနှင့်ငွေလုယက်ခိုးယူခြင်းတို့ကို ကျူးလွန်ကြလေ့ရှိသည်။ အိမ် ထောင်ရှင်များသည် ဤသို့အကြမ်းဖက်မှုများကိုကြုံတွေ့ရသော်လည်း တစ်ခါတစ်ရံတွင် လူမှုရေး သို့မဟုတ် ဘာသာ ရေးအယူအဆများကြောင့် လိင်မယားကွဲချင်သော်လည်း မရသည့်အခြေအနေတွင်ရှိသည်။
ထိုသို့အကြမ်းဖက်သည့်အိမ်ထောင်သည်အမျိုးသားများကိုပစ်ခွာ၍ ကျန်ရှိသောအမျိုးသမီးများသည် ၎င်းတို့ဘဝကိုရုန်း ကန်နေရသည်။ အထူးသဖြင့် ကလေးမိခင်၊ မုဆိုးမဖြစ်သွားသော အမျိုးသမီးများသည် ရပ်ရွာမှပေးသည့်အကူအညီ များ သို့မဟုတ် ဝန်ဆောင်မှုများမရရှိသည့်အတွက်ကြောင့် မိသားစုစားဝတ်နေရေးအခက်အခဲများ ကြုံတွေ့ရပြီး ၎င်းတို့ သားသမီးများကိုလည်း လုံခြုံစိတ်ချမှုရှိသည့်အခြေအနေအောက်တွင် ကြည့်ရှုစောင့်ရှောက်နိုင်ရန် စိန်ခေါ်မှုများရှိနေ သည်။ မူးယစ်ဆေးဝါးသုံးစွဲသူများ မိမိကိုယ့်ကိုသတ်သေကြသည့်ဖြစ်စဉ်မျိုးတွင် ၎င်းတို့မိသားစုများလည်း ဒုက္ခရောက် ရသည်။ ဘားအံခရိုင်မှ KNPF ဒုစုံစမ်းရေးမှူးက ယခုလိုရှင်းပြသည်။ “အမျိုးသမီးနဲ့သူတို့သားသမီးတွေက သူ့ကိုဆုံးရှုံး သွားတော့ (၎င်းတို့ဖခင်က မူးယစ်ဆေးဝါးသုံးစွဲ၍ မိမိကိုယ့်ကိုသတ်သေခဲ့ခြင်း) ဒုက္ခရောက်ကုန်ကြတယ်။ မိသားစုတစ် ခုမှာ တစ်ဦးတစ်ယောက်ကိုဆုံးရှုံးရရင် အခက်အခဲရှိစမြဲပဲ။ လက်တစ်ဖက်ပြတ်သွားသလိုပဲလေ။”
မူးယစ်ဆေးဝါးသုံးစွဲမှုသည် အိမ်တွင်းအကြမ်းဖက်မှုနှင့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများတွင် အခန်းကဏ္ဍတစ်ခုအ ဖြစ်ပါဝင်နေသည်ဟူ၍လည်း အစီရင်ခံထားပြီး ထိုအကြမ်းဖက်မှုများတွင် သတ်ဖြတ်မှုများ၊ မိသားစုဝင်များအပေါ် ရုပ် ပိုင်းဆိုင်ရာနှင့် စကားအားဖြင့်တိုက်ခိုက်ခြင်းများ ပါဝင်ပါသည်။ အထူးသဖြင့် အမျိုးသားများသည် အမျိုးသမီးများနှင့် မိန်းကလေးများအား တိုက်ခိုက်ခြင်းများ ဖြစ်ပေါ်နေလျှက်ရှိပါသည်။ KHRG နှင့်တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ကြသော ရွာသားများနှင့် ဒေသခံရွာသားများမှ ယခင်အချိန်၌ မူးယစ်ဆေးဝါးသုံးစွဲသူများသည် မိဘများ၊ အိမ်ထောင်ဖက်များ၊ သားသမီးများ သို့မဟုတ် လူမှုအသိုက်အဝိုင်းရှိ အခြားသူများအား သတ်ဖြတ်ခဲ့သော အဖြစ်အပျက်များကြောင့် မိသားစုဝင်များအနေဖြင့် ၎င်းတို့၏ဆွေမျိုးသားချင်းများ မူးယစ်ဆေးဝါးသုံးစွဲသည့်အချိန်တွင် လုံခြုံမှုမရှိကြကြောင်း KHRG ထံသို့တင်ပြခဲ့ကြပါသည်။[29]
KNPF ဖော်ပြချက်အရ မူးယစ်ဆေးဝါးသုံးစွဲမှု သို့မဟုတ် မူးယစ်ဆေးဝါးကုန်ကူးမှုနှင့်ဆက်စပ်နေသည့် အမှုများသည် အများဆုံးသော အစီရင်ခံတင်ပြချက်အဖြစ်ရှိနေပြီး ဒုတိယအများဆုံးဖြစ်သောအမှုများမှာ မူးယစ်ဆေးဝါးနှင့်ဆက်စပ်နေသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ဖြစ်ပါသည်။ ဘားအံခရိုင်မှ KNPF ဒုစုံစမ်းရေးမှူးက ဤကဲ့သို့ပြောပြခဲ့ ပါသည်။ “[တင်ပြလာတဲ့] အမှုတွေအများစုကတော့ လိင်ပိုင်းဆိုင်ရာ [အကြမ်းဖက်မှု] ပြဿနာတွေအပါအဝင်မှုးယစ်ဆေးဝါးနဲ့ဆိုင်တဲ့ပြဿနာတွေ ဖြစ်တယ်။ [...] ဥပမာ၊ ညီကိုမောင်နှမတွေကြားမှာဖြစ်တဲ့ [အတင်းအဓမ္မ] လိင် ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ အသက်မပြည့်သေးတဲ့သူတွေအပေါ် [သက်ငယ်များအပေါ်ကျူးလွန်သော] လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုတွေဖြစ်တယ်။ ကျွန်တော်တို့က မူးယစ်ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီး သူတို့ကို [လိင်ပိုင်းဆိုင်ရာကျူး လွန်သူတွေကို] မေးတဲ့အခါ သူတို့တွေက ယာဘကိုလည်းသုံးတယ်လို့ [ကျွန်တော်တို့ကိုပြောကြတယ်။]” KWO မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ၎င်းတို့စုဆောင်းထားသော အချက်အလက်များကိုလည်း ဖော်ပြထားခဲ့ပြီး ၎င်းတို့ထံသို့အစီရင်ခံတင်ပြခဲ့သော အိမ်တွင်းအကြမ်းဖက်မှု (၁၅၂) ခုအနက် (၁၀၅) ခုတွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ဆက်စပ်သည့် ဖြစ်စဥ်များ ပါဝင်နေခဲ့ကြောင်း ဖော်ပြထားပါသည်။
KNPF အနေဖြင့် ရောနှောထိန်းချုပ်သောဒေသများတွင် ဥပဒေကို အပြည့်အဝအကောင်အထည်ဖော်ရာ၌ အခက်အခဲများ ကြုံတွေ့နေရသော်လည်း လူများအား KNU ၏ ၂၀၂၄ အထူးမူးယစ်ဆေးဝါးဥပဒေအောက်တွင် ဖမ်းဆီးလျှက်ရှိနေပါသည်။ ဖြစ်စဥ်တစ်ခုသည် KNPF မှ ၂၀၂၅ ခုနှစ်တွင် ခလယ်လွီထူခရိုင်၌ မူးယစ်ဆေးဝါးသုံးစွဲသူ (၆) ဦးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ (၁) ဦးကို KNU ၏ ၂၀၂၄ အထူးမူးယစ်ဆေးဝါးဥပဒေအောက်တွင် ဖမ်းဆီးထောင်ချခဲ့ပါသည်။ ၎င်းတို့အားလုံးသည် မူးယစ်ဆေးဝါးများကို မြန်မာစစ်တပ်အာဏာရှင် ထိန်းချုပ်ထားသော မြို့များမှ ရရှိခဲ့ကြကြောင်း တင်ပြခဲ့ကြပါသည်။
(ဂ) လူမှုအသိုက်အဝိုင်း၏ကျန်းမာချမ်းသာသုခအပေါ် ဆိုးကျိုးသက်ရောက်မှုများ - ခိုးမှု၊ လူမှုအသိုက်အဝိုင်း၏ဘေးကင်းလုံခြုံရေးနှင့် လူငယ်အစုအဖွဲ့များ
မူးယစ်ဆေးဝါးအလွဲသုံးစားမှုသည် ရွာသားများကိုဘေးကင်းလုံခြုံမှုမရှိဖြစ်စေခြင်း၊ လူငယ်အစုအဖွဲ့များ ပိုမိုများပြားခြင်းနှင့် မူးယစ်ဆေးဝါးစွဲနေသူများကို အမြတ်ထုတ်သည့်အန္တရာယ်ရှိစေခြင်းတို့ဖြင့် လူမှုအသိုက်အဝိုင်းတစ်ခုလုံးအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိနေပါသည်။ အစီရင်ခံစာကာလအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတစ်ဦးမှမူးယစ်ဆေးဝါးစွဲနေသူ အမျိုးသမီးနှစ်ဦးအား လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခဲ့ကြောင်း KHRG ၏ သတင်းမှတ်တမ်းပြုစုမှုတွင် လက်ခံရရှိခဲ့ပါသည်။
KNPF ကိုယ်စားလှယ်များမှ ရာဇဝတ်မှုများပြားလာခြင်းသည် များသောအားဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဆက်စပ်နေကြောင်း ဖော်ပြခဲ့ပါသည်။ တာကရယ်မြို့နယ်ရှိ KNPF ရဲမှူးချုပ် စောဝ--- မှ “ဒီလို [မူးယစ်ဆေးဝါးအလွဲသုံးစားမှု] တွေကြောင့် ရာဇဝတ်မှုတွေများလာတယ်။ ရာဇဝတ်မှုတွေများလို့ ကျွန်တော်တို့ရဲအရာရှိတွေရဲ့အလုပ်လည်း များလာတယ်” ဟုပြောပြခဲ့ပါသည်။ ခိုးမှုများသည် နေအိမ်များ၊ ဆေးခန်းများ၊ စာသင်ကျောင်းများနှင့် လူမှုအသိုက်အဝန်း၏ အ ဆောက်အဦးများ၌လည်း ပို၍များပြားလာနေပါသည်။[30] ဖြစ်စဥ်တစ်ခု၌ သူခိုးများသည် မူးယစ်ဆေးဝါးရရှိရန်အတွက် မကြာခဏ ပစ္စည်းဥစ္စာများအား ခိုးယူရောင်းချကြသောကြောင့် တာကရယ်မြို့နယ်၊ နို့ကွီးကျေးရွာအုပ်စု၊ ညဘ--- ကျေးရွာ အလယ်တန်းကျောင်းရှိ ကျောင်းဆရာ၊ဆရာမများသည် စာသင်ကျောင်းအတွင်း ကျောင်းသုံးပစ္စည်းများကို ထိန်းသိမ်းထားခြင်းမပြုလုပ်ကြတော့ပါ။ တာကရယ်မြို့နယ်၊ ပတာကျေးရွာအုပ်စု၊ ညဖ--- ကျေးရွာရှိ ဒေသခံကျေးရွာ အတွင်းရေးမှူး စောပ--- မှ “ဆေးကြောင်နေတဲ့ရွာသားတစ်ဦးက သူရဲ့အိမ်နီးချင်းတွေဆီကနေ ဆီ (၅) ဂါလန်ခိုးခဲ့
တယ်။ သူခိုးတွေက အများအားဖြင့် ဘယ်သူမှသတိမထားမိတဲ့အချိန်မှာ ခိုးကြတယ်။ ဒါပေမဲ့ ဆေးကြောင်နေတဲ့သူတွေက လူတောထဲမှာ ပေါ်တင်ပဲခိုးနေကြတာကို ရွာသားတွေကြုံကြတယ်” ဟု ပြောပြခဲ့ပါသည်။
မူးယစ်ဆေးဝါးသုံးစွဲမှုမြှင့်တက်လာခြင်းသည် လူမှုအသိုက်အဝိုင်းအတွင်း လူငယ်အစုအဖွဲ့များပြားလာခြင်းနှင့် ဆက်နွယ်နေကြောင်းကိုလည်း ဖော်ပြထားပါသည်။ အထူးသဖြင့် ဘားအံခရိုင်တွင် ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ နိုင်ဝင်ဘာလတွင် ဘားအံခရိုင်တဝှမ်း၌ ကွဲပြားခြားနားသည့်လူငယ်အစုအဖွဲ့ အနည်းဆုံး (၂၀) ရှိကြောင်း KNPF မှ တင်ပြခဲ့ပါသည်။ ဤအစုအဖွဲ့များကို လူငယ်များဖြင့်ဖွဲ့စည်းထားပြီး ၎င်းတို့ထဲမှအများစုသည် အသက်မပြည့်သူများဖြစ်ကြကာ မူးယစ် ဆေးဝါးများကို ရံဖန်ရံခါ သုံးစွဲခြင်းနှင့် လူမှုအသိုက်အဝိုင်းအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်းများတွင်ပါဝင်နေကြပါသည်။ ၎င်းတို့သည် ကျေးရွာများစွာတွင် ပြန့်ကျဲနေလျှက်ရှိနေပြီး တခါတရံ လက်နက်ကိုင်တပ်ဖွဲ့များနှင့်ဆက်နွယ်မှုရှိနေကြကာ အချို့သည် ဒေသခံတပ်မတော်အရာရှိများနှင့်သာမှန်ရင်းနှီးမှုများ ရှိနေကြပါသည်။
လူငယ်အစုအဖွဲ့ဝင်များသည် လူမှုအသိုက်အဝိုင်းစုဝေးပွဲများတွင် ပြိုင်ဆိုင်ခိုက်ရန်ဖြစ်ပွားခြင်းနှင့် မူးယစ်ဆေးဝါးရောင်းချခြင်းတို့ကြောင့် လူထုစုဝေးမှုပြုလုပ်သည့်ပွဲများသည် လုံခြုံမှုမရှိဖြစ်လာနေပါသည်။ ဘားအံခရိုင်ရှိ KNPF ရဲမှူးချုပ်စောအ--- မှ ‘အာဝါဒေး’[31] ပွဲများတွင် လူငယ်အစုအဖွဲ့များကြား ရန်ပွဲများမကြာခဏဖြစ်ပေါ်တက်ကြောင်း ရှင်းပြခဲ့ပါသည်။ ထို့နည်းတူ၊ KNU ၏လူးပလဲမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သော စောသ--- မှ
“ရန်ပွဲတွေက ပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေလုပ်တဲ့အချိန်မှာ အများဆုံးဖြစ်လေ့ရှိတယ်။ ဥပမာ - နှစ်သစ်ကူးပွဲ ဒါမှမဟုတ်ရင် ဘယ်လိုပျော်ပွဲရွှင်ပွဲမဆိုမှာဖြစ်တယ်။ ရန်ဖြစ်တဲ့သူတွေရဲ့ နောက်ကြောင်းကိုကြည့်မယ်ဆိုရင် မူးယစ်ဆေးဝါးသုံးစွဲတဲ့လက္ခာဏာရှိနေတယ်ဆိုတာကို တွေ့ရတယ်”
ဟုရှင်းပြခဲ့ပါသည်။
ရွာသားများမှ မူးယစ်ဆေးဝါးစွဲလမ်းမှုကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအဖြစ် အသုံးပြုခဲ့သောဖြစ်ရပ်တစ်ခုကို တင်ပြ ခဲ့ပါသည်။ တာကရယ်မြို့နယ်၊ ညစျ--- ကျေးရွာ၌ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ တစ်ဦးသည် မြင်းဆေးစွဲနေသောအမျိုးသမီးနှစ်ဦးကို မူးယစ်ဆေးဝါးရရှိစေမည်ဟု ကတိပေးခဲ့ပြီး ၎င်းအတွက်မူးယစ်ဆေးဝါးရောင်းစေကာ ၎င်းနှင့်အတူလိင်မှုဆိုင်ရာဆက်ဆံရေးတွင် အနည်းဆုံး တစ်နှစ်တာနှစ်မြုပ်နေစေခဲ့ပါသည်။ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူထံမှ မူးယစ်ဆေးဝါးဝယ်ယူနေသော အမျိုးသားတစ်ဦးသည် အဆိုပါမျိုးသမီးများကို အဖိုးအခပေး၍ အခါသမယတစ်ခုတွင် အနည်းဆုံးလိင်ဆက်ဆံမှုပြုခဲ့ပါသည်။ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူမှ (အိမ်ထောင်သည်) အမျိုးသား လုပ်ရပ်နှင့်ပတ်သက်၍ အခြားသောရွာသားများအားပြောပြခဲ့သဖြင့် အဆိုပါအမျိုးသားသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူကို သတ်ခဲ့ပါသည်။ ပြီးနောက် အဆိုပါဖြစ်စဥ်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် KNPF ထံသို့တင်ပြခဲ့ပါသည်။ အဆိုပါအမျိုးသားသည် ဖမ်းဆီးခြင်းခံရသော်လည်း ၎င်း၏လုပ်ရပ်နှင့်ပတ်သက်၍တင်ပြမှုများမရှိသဖြင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုဖြင့် စွဲချက်တင်ခြင်းမခံခဲ့ရပါ။ ညစျ--- ကျေးရွာသည် မြန်မာစစ်တပ်၊ BGF၊ KNU/ KNLA-PC နှင့် KNU အဖွဲ့များအားလုံး အပိုင်းအခြားအလိုက်ရှိနေသော ရောနှောထိန်းချုပ်ဒေသတစ်ခုဖြစ်ပါသည်။
၃.၃။ ရွာသားများ၏အသံများ၊ တုံ့ပြန်ကာကွယ်မှုနည်းလမ်းများနှင့် စိန်ခေါ်မှုများ
ရွာသားများ၊ ဒေသခံ CBO များနှင့် KNU အာဏာပိုင်မျာမှ မူယစ်ဆေးဝါးအလွဲသုံးစားမှုကိုရပ်တန့်ရန် ကြိုးပမ်းဆောင်ရွက်နေကြသော်လည်း မူးယစ်ဆေးဝါသုံးစွဲမှု၏အန္တရာယ်များနှင့် ရွာသားများအတွက် ရရှိနိုင်သော ကုသရေးဌာနများအကြောင်း အထွေထွေသိမြင်မှု လျော့နည်းနေပါသည်။ ဒေသခံရွာသားများနှင့် ဒေသခံအာဏာပိုင်များအတူတကွပူးပေါင်းကြကာ မူးယစ်ဆေးဝါးသုံးစွဲသူများကို မူးယစ်ဆေးဝါးကင်းစင်သည့်ဒေသများသို့ သွားရောက်နိုင်ရန်ကူညီပေးခြင်း၊ မူးယစ်ဆေးဝါးများ၏ဆိုးကျိုးသက်ရောက်မှုများအကြောင်း လူထုအတွင်းအသိပညာမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်နေကြပါသည်။ ရွာသားများသည် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နေသောအခက်အခဲများမှ ၎င်းတို့၏လူမှုအအသိုက်အဝန်းများ ပြန်လည်ထူထောင်လာနိုင်ရေးတွင် ဒေသခံနှင့်နိုင်ငံတကာတာဝန်ရှိသူများအား ကူညီအရေးယူဆောင်ရွက်မှုများလုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြပါသည်။
(က) အကန့်အသတ်သာရှိသော ကုသမှုအခွင့်အလမ်းများအား ရရှိခြင်း
မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများသည် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများနှင့် လူမှုအသိုက်အဝန်းအတွင်း ရရှိနိုင်သော ကုသမှုဌာနများ အလွန်အနည်းငယ်သာရှိနေခြင်းကြောင့် ဤကဲ့သို့ အကန့်အသတ်သာရှိသော ကုသမှုအခွင့်အလမ်းများကို ရရှိရန် အခက်အခဲများကြုံတွေ့နေကြရပါသည်။ ဒေသတွင်းသတ်မှတ်ထားသည့်ကရင်ပြည်နယ်တွင် DARE Network မှ လည်ပတ်သော ကုသမှုဌာနတစ်ခုတည်းသာရှိပါသည်။ ထို့အပြင်၊ DARE Network သည် ငွေကြေးထောက်ပံ့မှုအကန့်အသတ်များနှင့် လုံခြုံရေးအန္တရာယ်များကြောင့် ဘားအံခရိုင်ရှိ ကျေးရွာ (၂၀) ရွာတွင်သာ လည်ပတ်နိုင်ပါသည်။ ကျေးရွာအများစုရှိရွာသားများသည် ဝန်ဆောင်မှုများကို မည်သည့်နေရာတွင်နှင့် မည်ကဲ့သို့ရယူရမည်ကို မသိကြပါ။[32] ဝန်ဆောင်မှုများကို မည်သည့်နေရာတွင်နှင့် မည်ကဲ့သို့ရယူရမည်ကို သိရှိပြီးသူများကပင် ကုသမှုဌာန သို့သွားရန်ခရီးသွားလာရေးကုန်ကျစရိတ်များနှင့် ကုသမှုပြုလုပ်စဥ်အတော်အတွင်း အစားအစာအချို့အတွက် ကုန်ကျစရိတ်များအပါအဝင် အသက်မွေးဝမ်းကြောင်းနှင့် ငွေကြေးအခက်အခဲများကြောင့် ဝန်ဆောင်မှုများရရှိရန် အတားအဆီးဆက်လက်ကြုံနေရဆဲဖြစ်ပါသည်။
DARE Network ၏အမှုဆောင်ဒါရိုက်တာနော်ဂ--- မှ ဤကဲ့သို့ရှင်းပြခဲ့ပါသည်။ “မူးယစ်ဆေးဝါးသုံးစွဲမှုက နေရာတိုင်း မှာများလာတယ်၊ ပြီးတော့ လူတွေအများကြီး လာပြီးကုသမှုခံယူကြတယ်။ ကျွန်မတို့ရဲ့ကုသမှုဌာနမှာ လာတဲ့လူတွေ အများစုက မြင်းဆေးသုံးကြတယ်။ လူတွေတော်တော်များများက သူတို့ရဲ့မိသားစုတွေ ဒါမှမဟုတ် လူမှုအသိုင်းအဝိုင်း ကလူတွေက သူတို့တွေရဲ့အကျင့်စရိုက်ကို လုံးဝမထိန်းနိုင်တော့လို့ ဒီကိုလာပို့ကြတယ်။ တချို့ဆိုရင် အသက် (၁၆) ဒါမှ မဟုတ် (၁၇) ပဲရှိသေးတယ်။ အဲ့ထဲမှာ မိန်းကလေးတွေလည်းပါတယ်။ လက်နက်ကိုင်ပဋိပက္ခကတော့ ကျွန်မတို့ရင်ဆိုင် ရတဲ့အဓိကအခက်အခဲထဲက တစ်ခုဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျွန်မတို့ခရီးသွားလာဖို့နဲ့လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့အတွက် အတားအဆီးဖြစ်စေတယ်။ တရားဥပဒေစိုးမိုးမှုမရှိတာက အခြားစိန်ခေါ်မှုကြီးတစ်ခု ဖြစ်တယ်။ အားလုံးထဲက အကြီးမားဆုံးအခက်အခဲကတော့ ငွေကြေးအခက်အခဲပဲဖြစ်တယ်။ DARE Network ဆေး ဖြတ်တဲ့ကုသရေးကတော့ လူထုတွေအတွက်အလကားပဲ၊ ငွေကြေးကုန်ကျမှုမရှိဘူး။ အရင်တုန်းကတော့၊ တခါတလေ ဆန်ဝယ်ဖို့အတွက် အခက်အခဲတွေရှိတယ်။ တချို့အချိန်အခါတွေမှာဆိုရင် ပိုက်ဆံရှိတဲ့အချိန်မှာတောင် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေလို့ ကျွန်မတို့အစားအစာတွေဝယ်လို့မရဘူး။ ကျွန်မတို့ငွေကြေးအကူအညီတွေ မပြတ်လိုအပ်တယ်။”
ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) များမှလည်း ဘားအံခရိုင်ရှိရွာသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြပြီး ရွာသားများကို DARE Network ကုသရေးဌာနသို့လွှဲပြောင်းပေးခြင်း သို့မဟုတ် သို့မဟုတ် အသက်မပြည့်သေးသည့် မူးယစ် ဆေးဝါးသုံးစွဲသူများ၏ ပညာရေးကို အချို့ကိစ္စများတွင် ပံ့ပိုးကူညီပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ဖားအံခရိုင်၏ KNPF ရဲ့မှူးချုပ်စောအ--- မှ အချို့သောအခက်အခဲနှင့်ပတ်သက်၍ ဤကဲ့သို့ပြောပြခဲ့ပါသည်။ “ကျွန်တော်တို့က သူတို့တွေကိုကျောင်းတက်ဖို့အတွက် ထောက်ပံ့ပေးခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့က သူတို့တွေကို ဘုန်းကြီးကျောင်းတွေဆီပို့ပေးခဲ့တယ်။ ဘုန်းကြီးကျောင်းကိုပို့လိုက်တဲ့ တချို့ကလေးတွေဆိုရင် မူးယစ်ဆေးဝါးပြန်သုံးတာပဲ။ […] စာသင်ကျောင်းတွေပို့ခံရတဲ့ကလေးတွေဆိုရင် ကျောင်းမတက်ချင်ကြဘူး။ သူတို့က ကျောင်း (၁) နှစ် ဒါမှမဟုတ် (၂) နှစ်လောက်တက်ပြီးရော ကျောင်းထွက်လိုက်တယ်။ […] သူတို့တွေကို ကူညီဖို့အတွက် ကျွန်တော်တို့လမ်းကြောင်းရှာကြတယ်။ ပြီးတော့ ကျွန်တော်တို့က KWO နဲ့ ပြည်ပမှာရှိတဲ့ ကျွန်တော်တို့ရဲ့သူငယ်ချင်းတွေနဲ့ ဆွေးနွေးကြတယ်။ အဲ့ဒီကလေးတွေက ပညာရေးကိုစိတ်မဝင်စားလို့ ကျွန်တော်တို့ဘာမှလုပ်လို့မရဘူး။” အချို့ရွာသားများသည်လည်း ၎င်းတို့၏မိသားစုဝင်များကို ကုသမှုခံယူရန်အတွက် ခေါ်သွားခဲ့ကြပါသည်။ မူးယစ်ဆေးဝါးကုသမှုဌာနမှ ပြန်လည်ကောင်းမွန် လာခဲ့သော တာကရယ်မြို့နယ်၊ နို့ကွီးကျေးရွာအုပ်စု၊ ညဘ---ကျေးရွာမှ အသက် (၁၉) နှစ်ရှိသော စောယ--- မှ KHRG ထံဤကဲ့သို့ပြောပြခဲ့ပါသည်။
“ကျွန်တော့်အမေက KNPF ဆီ ကျွန်တော့်ကိုပို့တယ်။ ပြီးတော့ KNPF က ကျွန်တော့်ကို DARE ရုံးကိုပို့လိုက်တယ်။ ကျွန်တော်ဘာသာ ယာဘကို ဖြတ်ချင်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော့်ပတ်ပတ်လည်မှာရနိုင်တယ်ဆိုတော့ ကျွန်တော်မဖြတ်နိုင်ခဲ့ဘူး။ ဒါကြောင့် KNPF နောက်လိုက်လာခဲ့တယ်။”
ဘားအံခရိုင်ရှိ မိဘအချို့သည် မူးယစ်ဆေးဝါးစွဲနေသော သားသမီးများ သို့မဟုတ် မိသားစုဝင်များအတွက် မြင်းဆေး ရရှိနိုင်မှုကိုခက်ခဲစေရန်နှင့် ငွေကြေးလိုအပ်ချက်များကို ဖြေရှင်းရာတွင် အထောက်အပံ့ဖြစ်စေရန် မျှော်လင့်ချက်ဖြင့် ထိုင်း–မြန်မာနယ်စပ်ရှိ စာသင်ကျောင်းများသို့ သို့မဟုတ် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နိုင်ရန် ပို့ဆောင်ပေးကြပါသည်။
မူးယစ်ဆေးဝါးသုံးစွဲပြီး ရာဇဝတ်မှု သို့မဟုတ် ချိုးဖောက်မှုကျူးလွန်သော မိသားစုဝင်ရှိသည့် ရွာသားများနှင့်ပတ်သက်၍လည်း KNPF ထံသို့တင်ပြခဲ့ပါသည်။ ဘားအံခရိုင်၏ KNPF ရဲမှူးချုပ်မှ “သူ[ရွာသားတစ်ဦး]က အခြားလူတွေရဲ့ပစ္စည်း ဥစ္စာတွေကို ပိုပြီးတော့ဖျက်ဆီးနေလို့ သူရဲ့မိဘတွေက ကျွန်တော်တို့ကို လာခေါ်ပြီးသူကိုဖမ်းခိုင်းလိုက်တယ်။ ဒါက တော့ အဲ့လိုပဲ။ ကျွန်တော်တို့ သူ့ကိုဖမ်းလိုက်တယ်။ […] ကျွန်တော်တို့သူ့ကိုဖမ်းဖမ်းတဲ့အချိန်မှာ ကျွန်တော်တို့ကိုပြန်ပြီးရန်လိုတယ်။ သူရဲ့အခြေအနေကို [ဆေးကြောင်နေနေစဥ်]တခါတလေ သူသတိထားမိတယ်။ [...] သူကအိမ်ထဲမှာနေပြီ ဓားရှည်ကြီးတစ်လက်ရှိတယ်။ သူကအရမ်းကို ရန်လိုတာပဲ။”
(ခ) လူမှုအသိုက်အဝန်းတွင်းအသိပညာပေးခြင်းနှင့် ဥပဒေဆိုင်ရာဆောင်ရွက်မှုများ
မူယစ်ဆေးဝါးသုံးစွဲမှုကို တာဆီးနိုင်ရန်မျှော်မှန်းချက်ဖြင့် ကျေးရွာများတွင် စည်းမျဥ်းစည်းကမ်းများထားရှိခြင်းနှင့် ဘာ သာရေးပွဲများ သို့မဟုတ် လူထုဆိုင်ရာအခမ်းအနားများတွင် အသိပညာပေးဆောင်ရွက်ခဲ့ကြသည်ဟူ၍လည်း ရွာသား များ တင်ပြခဲ့ကြပါသည်။ တာကရယ်မြို့နယ်၊ နို့ကွီးကျေးရွာအုပ်စု၊ ညဘ--- ကျေးရွာ၏ ကျေးရွာလူကြီး စောခ--- မှ ဤကဲ့သို့ပြောပြခဲ့ပါသည်။ “မူးယစ်ဆေးဝါးအကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်အမြဲတမ်းပြောတယ်။ ကျွန်တော်တို့ရဲ့ကျေးရွာအုပ်စုမှာ အစည်းအဝေးရှိတဲ့အချိန်တိုင်း အဲ့ဒီအကြောင်း ကျွန်တော်အမြဲတမ်းပြောတယ်။ […] ကျွန်တော်ကအဲ့ဒီ [မူးယစ်ဆေးဝါး] သတင်းအချက်အလက်တွေကိုဖြန့်ပြီး ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေကိုလာခိုင်းတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) က ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေ အများကြီးလာကြတယ်။ […] ကျွန်တော်ကတော့ ကလေးတွေကို မပျက်စီးစေချင်ဘူး။ ကလေးတွေဟာ အနာဂတ်မှာ ကျွန်တော်တို့မှီခိုရမယ့်သူတွေ ဖြစ်လာလိမ့်မယ်၊ ပြီးတော့ အနာဂတ်မှာ သူတို့တွေဟာ ကျွန်တော်တို့ရဲ့နေရာမှာ ဦးဆောင်လိမ့်မယ်။”
မူတြော်ခရိုင်၊ ထီးသဘလုထကျေးရွာအုပ်စု၊ ညည--- ကျေးရွာ၏ကျောင်းအုပ်ကြီးတစ်ဦးဖြစ်သူ နော်ဟ--- မှ “KNU အာဏာပိုင်တွေက အရေးယူဆောင်ရွက်မှုတွေရှိလို့ ရွာရဲ့အခြေအနေက တိုးတက်လာပြီး ပိုပြီးကောင်းမွန်လာတယ်။ အာဏာပိုင်တွေက အရေးယူဆောင်ရွက်မှုတွေလုပ်တာကို ကလေးတွေသိတဲ့အချိန်မှာ သူတို့တွေ မူးယစ်ဆေးဝါးကို မသုံးရဲကြတော့ဘူး။ ဒါက ကလေးတွေ ဒါကိုနောက်ထပ်လုံးဝမလုပ်တော့အောင် သတိပေးချက်တခုလိုဖြစ်တယ်” ဟုပြောပြခဲ့ပါသည်။[33]
(ဂ) ရွာသားများ၏အသံများနှင့် တောင်းဆိုချက်များ -
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့်အချိန်မှစတင်၍ လက်နက်ကိုင်ပဋိပက္ခပိုမိုများပြားလာခြင်းကြောင့် အသိပညာပေးသင်တန်းများကိုရရှိနိုင်မှု သို့မဟုတ် ပါဝင်နိုင်မှုအနည်းငယ်သာရှိသဖြင့် ၎င်းတို့၏လူမှုအသိုက်အဝန်းအတွင်း မူး ယစ်ဆေးဝါး၏ ဆိုကျိုးသက်ရောက်မှုများအကြောင်း အသိပညာမြှင့်တင်ရန် ကူညီထောက်ပံ့ပေးစေလိုကြောင်း ရွာသားများတောင်းဆိုခဲ့ကြပါသည်။ ဒူးပလာခရိုင်ရှိကျောင်းဆရာတစ်ဦးဖြစ်သည့် စောထ--- မှ ဤကဲ့သို့ပြောပြခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ ရွာတွေမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အသိပညာပေးသင်တန်းတွေကိုရချင်တယ်။ အဲ့ဒီအသိပညာပေးသင်တန်းကို မိဘတွေ၊ ကလေးတွေနဲ့လူငယ်တွေကို တက်စေချင်တယ်။ မူးယစ်ဆေးဝါးသုံးတဲ့သူတွေကို ဘယ်လိုကူညီရမလဲနဲ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ကျွန်တော်တို့သိဖို့လိုတယ်။ […] ဥပမာ၊ တယောက်ယောက်က မူးယစ်ဆေးဝါးသုံးတာကိုတွေ့တဲ့အချိန်မှာ သူတို့ကိုကူညီချင်ပေမယ့် သူတို့ကို ဘယ်လိုကူညီရမလဲဆိုတာ ကျွန်တော်တို့မသိဘူး။” ထို့နည်းတူ၊ ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ထီးဟူသောကျေးရွာအုပ်စု၊ ညဂ--- ကျေး
ရွာရှိ စောလ--- မှ
“ကျွန်တော်တို့ရဲ့ဒေသမှာ မူးယစ်ဆေးဝါးအသိပညာပေး သင်တန်းနဲ့ပတ်သက်ပြီး ရရှိတာမျိုးမရှိဘူး။ ကျွန်တော်တို့တွေ သင်တန်းလက်ခံရရှိခွင့် ရမယ်ဆိုရင်ကောင်းလိမ့်မယ်။ […] လူငယ်တွေအတွက် သင်တန်းရှိမယ်ဆိုရင် အနာဂတ်မှာ သူတို့တွေက တန်ဖိုးရှိတဲ့လူတွေဖြစ်လာလိမ့်မယ်”
ဟုရှင်းပြခဲ့ပါသည်။
ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကျေးရွာများတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကို လျှော့ချနိုင်ရန် ကုသမှုဝန်ဆောင်မှုများပေးအပ်ခြင်းဖြင့် အထောက်အပံ့ပေးစေလိုကြောင်း ရွာသားများလည်း တောင်းဆိုခဲ့သည်။ DARE Network ၏အမှုဆောင်ဒါရိုက်တာနော်ဂ---မှ ဤကဲ့သို့အဆုံးသတ်ပြောပြခဲ့ပါသည်။ “နေရာတစ်နေရာကနေ မူးယစ် ဆေးဝါးပျောက်မသွားဘူး။ မူးယစ်ဆေးဝါးက တခြားဒေသတွေဆီ ပျံ့နှံ့သွားတယ်။ နိုင်ငံတကာတာဝန်ရှိသူတွေလည်း ဒီမူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဖို့အတွက် လုပ်ဆောင်ရမယ်။ ကျွန်တော်တို့ဒေသမှာ ဖြန့်ဖြူးတဲ့မူးယစ်ဆေးဝါး တွေက သူတို့ရဲ့နိုင်ငံတွေဆီလည်းရောက်တယ်။ မူးယစ်ဆေးဝါးထုတ်လုပ်သူတွေနဲ့ ရောင်းဝယ်ဖောက်ကားသူတွေက နေရာတစ်နေရာထဲမှာသာ သူတို့ရဲ့လုပ်ဆောင်မှုတွေကို သတ်မှတ်ထားတာမဟုတ်ဘူး။ သူတို့တွေက နေရာဒေသ တဝှမ်းလုံးဆီ နယ်ချဲ့တယ်။”
၄။ လုံခြုံရေးနှင့် ဥပဒေဆိုင်ရာခြုံငုံသုံးသပ်လေ့လာခြင်း - ပဋိပက္ခ၊ မူးယစ်ဆေးသုံးစွဲသူများနှင့် လူမှုအသိုက် အဝန်း၏အခွင့်အရေးများ
မြန်မာပြည်အရှေ့တောင်ပိုင်းတွင် မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် ကုန်ကူးမှုများသည် မြန်မာစစ်တပ်မှ ပြည်သူများအပေါ် တိုက်ခိုက်မှုများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို အားနည်းစေလိုသည့် ၎င်းတို့၏ကြိုးပမ်းအားထုတ်မှုများ၏ပိုမိုကျယ်ပြန့်သည့် အခြေအနေအတွင်း၌ ပေါင်းစပ်နေသည်။ ဒေသတွင်းသတ်မှတ်ထားသော ကရင်ပြည်နယ်တွင် စစ်တပ်မှ အချို့သောလက်နက်ကိုင်အဖွဲ့များကို ကျောထောင်းနောက်ခံပေးခြင်းကြောင့် မူးယစ်ဆေးဝါးကုန်ကူးမှုအား ပျံနှံ့သွားစေရန် အခွင့်အလမ်းဖြစ်စေခဲ့ပါသည်။ ထို့နည်းတူ မြန်ာစစ်အာဏာရှင်၏ကျေးရွာများအပေါ်တိုက်ခိုက်မှုများကြောင့် အလုပ်အကိုင်အခွင့်အလမ်းနှင့်ပညာသင်ကြားမှုဆုံးရှုံးရခြင်း၊ ခရီးသွားလာမှုကန့်သတ်ခံရခြင်း၊ စိတ်ပိုင်းဆိုင်ရာနာကျင်မှုနှင့် လူမှုစိတ်ပိုင်းဆိုင်ရာဖိစီးမှုများကြောင့် ရွာသားများသည် မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ရောင်းချခြင်းဘက်ခြေဦးတည်မှု များပြားလာခဲ့ပါသည်။ ဤအခြေအနေများသည် အပြန်အလှန်သက်ရောက်မှုဖြစ်စေပြီး မူးယစ်ဆေးဝါးများ၊ အထူးသဖြင့် မြင်းဆေးများအား ရရှိနိုင်မှုနှင့် သုံးစွဲမှုများသည် ဘားအံခရိုင်နှင့် ဒူးပလာယာခရိုင်များတွင် ဆက်လက်များပြားလာနေသည့်အပြင် မူတြော်၊ ဘိတ်-ထားဝယ်နှင့်ခလယ်လွီထူခရိုင်များတွင် အနည်းငယ်ဖြစ်ပေါ်လာနေ ပါသည်။
KHRG မှ ၂၀၂၅ ခုနှစ်တွင် မှတ်တမ်းပြုစုထားသည့် ရွာသားများ၊ ဒေသခံ KNU ခေါင်းဆောင်များနှင့် လူထုအခြေပြု အဖွဲ့အစည်းများ၏သက်သေခံချက်များအရ မူးယစ်ဆေးဝါးအလွဲသုံးစားမှု၏ဆိုးကျိုးသက်ရောက်မှုများသည် အမျိုးမျိုး ဖြစ်ပြီး ပြင်းထန်ကာ အသက်အရွယ်၊ လိင်အမျိုးအစားမရွေး လူတစ်ဦးချင်းစီကို ထိခိုက်စေပါသည်။ ထိုထဲတွင် ကလေး များသည် အလွန်ထိခိုက်လွယ်သော အုပ်စုအဖြစ် ထင်ရှားနေသည်။ လူတစ်ဦးချင်းစီသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်း ဆိုင်ရာကျန်းမာရေးပြဿနာများကို ကြုံတွေ့ရပြီး ထိုထဲတွင် သေကြောင်းကြံစည်မှု သတင်းများလည်းပါဝင်ပါသည်။ အမျိုးသမီးများသည် အထူးသဖြင့် ခွဲခြားဆက်ဆံခံရမှုနှင့် ကျူးလွန်ခံရမှုများကို ခံရနိုင်ခြေပိုမိုမြင့်တက်နေသည်။
မူးယစ်ဆေးဝါးအလွဲသုံးစားမှုသည် စီးပွားရေးအခက်အခဲများနှင့် အိမ်တွင်းအကြမ်းဖက်မှုများနှင့်ဆက်စပ်နေပြီး မိသားစုများ၏ကျန်းမာချမ်းသာသုခအား ပြင်းထန်စွာအနှောက်အယှက်ဖြစ်စေကြောင်း တင်ပြခဲ့ကြပါသည်။ လူမှုအသိုက်အဝန်းအဆင့်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ရောင်းဝယ်ဖောက်ကားမှု ပျံ့နှံလာခြင်းကြောင့် ရာဇဝတ်မှုများပို၍များပြားလာနေခဲ့ပြီး လုံခြုံမှုမရှိခြင်းများ ဖြစ်ပေါ်လာစေခဲ့ပါသည်။ ကုသမှုဝန်ဆောင်မှုများ၊ အသိပညာပေးအစီအစဥ်များနှင့် ထိရောက်သောဥပဒေကာကွယ်ပေးမှုမရှိခြင်း ကြာရှည်လာသောကြောင့် ရွာသားများ၏ပြန်လည်တုံ့ပြန်နိုင်မှုသည် အားနည်းနေပါသည်။ မူးယစ်ဆေးဝါးသုံးစွဲမှုကို လူမှုအသိုက်အဝန်းအတွင်း လျှော့ချရန် ရွာသားများ၏ကာကွယ်ရေးနည်း လမ်းများနှင့် ကြိုးပမ်းအားထုတ်မှုများသည် လက်ရှိပဋိပက္ခများ၊ အရင်းအမြစ်အကန့်အသတ်များနှင့် ပြင်ပအထောက် အပံ့မလုံလောက်ခြင်းတို့ကြောင့် ကန့်သတ်ခံရလေ့ရှိနေပါသည်။
အမျိုးသား၊ ဒေသဆိုင်ရာဥပဒေနှင့် မူဘောင်များ -
မြန်မာနိုင်ငံ၏ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနှင့် ၂၀၁၈ ခုနှစ် ပြင်ဆင်ချက်သည် အပြစ်မှုဖော်ခြင်းကို ဦးစားပေးကာ မူရင်းအကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းခြင်း သို့မဟုတ် ပြန်လည်ထူထောင်ရေးကို ကူညီထောက်ပံ့မည့်အစား မူးယစ်ဆေးဝါးလယ်ဝယ်ထားရှိခြင်းနှင့်သုံးစွဲခြင်းအတွက် ပြင်း ထန်သောအပြစ်ဒဏ်များချမှတ်ခြင်းကြောင့် ဖမ်းဆီးခြင်းနှင့်ပိုမိုအနုတ်လက္ခဏာရရှိခြင်းများ ဖြစ်ပေါ်စေခဲ့သည်။[34] ၂၀၁၈ ခုနှစ် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသည် ကျန်းမာရေးနှင့်အခွင့်အရေးအခြေခံဦးတည်မှုကို ပိုမို လက်ခံခဲ့သော်လည်း ပြင်ဆင်ထားသောဥပဒေတွင် ထိုဦးတည်မှုကို ထည့်သွင်းမဖော်ပြထားပါ။[35] သို့သော်လည်း မြန်မာ ပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်ဒေသများတွင် ဤမူဘောင်အား အကောင်အထည်ဖော်ပြမထားပါ။ မြန်မာစစ်တပ် ၏မိတ်ဖက်တပ်ဖွဲ့များသည် မူးယစ်ဆေးဝါးကုန်ကူးမှုတွင် ဆက်လက်ပါဝင်နေသော်လည်း မူးယစ်ဆေးဝါးနှင့် ပတ်သက် သည့်ပါဝင်မှုအတွက် တရားစွဲဆိုခြင်း မခံရကြပါ။ ထို့အပြင် မြန်မာစစ်တပ်စစ်သားများသည် မူးယစ်ဆေးလက်ဝယ် ထားရှိသူ ရွာသားများကို အကြမ်းဖက်မှုများကျူးလွန်ခဲ့ကြောင်းကိုလည်း မှတ်တမ်းပြုစုခဲ့ပါသည်။[36]
KNU ၏ ၂၀၁၄ ခုနှစ် အထူးမူးယစ်ဆေးဝါးဥပဒေသည် သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ထုတ်လုပ်ခြင်းနှင့် ကုန်ကူးခြင်း တို့ကို ခွဲခြားဖော်ပြထားသော်လည်း ၎င်း၏ ချည်းကပ်လုပ်ဆောင်ပုံသည် အများအားဖြင့် အပြစ်ဒဏ်ပေးခြင်းကို အခြေခံ ထားပြီး အရေအတွက်အပေါ်မူတည်သည့် အပြစ်ဒဏ်ချမှတ်မှုများကို အားကိုးကာ ‘ပြုပြင်ခြင်း’ ကို ရည်ညွှန်းသော် လည်း မူးယစ်ဆေးသုံးစွဲသူများအတွက် ဆေးဘက်ဆိုင်ရာ သို့မဟုတ် လူမှုစိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များကို သတ် မှတ်ဖော်ပြထားခြင်းမရှိပါ။[37] KNU ၏ ၂၀၁၄ ခုနှစ် အထူးမူးယစ်ဆေးဝါးဥပဒေသည် အနည်းဆုံး ဖမ်းဆီးထိန်းသိမ်းမှု စံချိန်များကို သတ်မှတ်ထားသော်လည်း ဤမူဘောင်တွင် ပြန်လည်ထူထောင်ရေးနှင့် အသိပညာပေးဆိုင်ရာလုပ်ဆောင် မှုများကို အစိတ်အပိုင်း၊ ထုံးတမ်းစဥ်လာအဖြစ်သာပေးထားပြီး မူးယစ်ဆေးသုံးစွဲသူများအတွက် ကုသမှု၊ ဆက်လက် စောင့်ရှောက်မှု သို့မဟုတ် လူမှုအသိုက်အဝန်းထဲ ပြန်လည်ပေါင်းစည်းနိုင်ရန် ကျန်းမာရေးအခြေခံပညာရှင်ဆိုင်ရာ လမ်း ကြောင်းများကို မပံ့ပိုးထားပါ။[38] ဤအရာသည် မူးယစ်ဆေးအလွဲသုံးစားသူများအတွက် ကျန်းမာရေးဝန်ဆောင်မှုရယူ နိုင်ရန် ကာကွယ်မှုမလုံလောက်ခြင်းနှင့် ကလေးများအတွက် ကာကွယ်မှုအားနည်းခြင်းကို ထင်ဟပ်စေပါသည်။
အမျိုးသားနှင့် ဒေသဆိုင်ရာအပြစ်မူဖော်ခြင်းဆိုင်ရာ ချည်းကပ်လုပ်ဆောင်ပုံသည် မူးယစ်ဆေးသုံးစွဲသူများ၏ လူ့အခွင့် အရေးများကို လျစ်လျူရှုထားပြီး အသိပညာပေးအစီအစဉ်များ၊ ကုသမှုများ သို့မဟုတ် လူမှုအသိုက်အဝန်းထဲ ပြန်လည် ပေါင်းစည်းနိုင်ရန် လုံလောက်သော ဝန်ဆောင်မှုများကို မပေးနိုင်ပါ။ ဤချဥ်ကပ်လုပ်ဆောင်ပုံသည် မူးယစ်ဆေးဝါး သုံးစွဲမှုကိုသာ ဦးတည်ထားပြီး ပဋိပက္ခနှင့်ဆက်စပ်သည့်အခြေခံအကြောင်းရင်းများ သို့မဟုတ် မူးယစ်ဆေးဝါးအလွဲသုံး စားမှုကြောင့် ဖြစ်ပေါ်သောကျန်းမာရေးနှင့်လူမှုဆိုင်ရာအကျိုးဆက်များကဲ့သို့သော ဆင်းရဲမွဲတေမှု၊ စိတ်ဒဏ်ရာများ၊ ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းများမရှိခြင်းတို့ကို မကိုင်တွယ်ဖြေရှင်းပေးနိုင်ပါ။[39]
အပြည်ပြည်ဆိုင်ရာ ဥပဒေမူဘောင်များနှင့် လူ့အခွင့်အရေးဆိုင်ရာနည်းလမ်း
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးထိန်းချုပ်ရေး[40] စာချုပ်များတွင် ၁၉၆၁ ခုနှစ် တစ်ခုတည်းစာချုပ်နှင့် ၁၉၈၈ ခုနှစ် မူး ယစ်ဆေးဝါး တရားမဝင်ကုန်သွယ်မှုဆိုင်ရာ စာချုပ်တို့ပါဝင်ပြီး မြန်မာနိုင်ငံကလည်း အတည်ပြုပြီးသားဖြစ်ပါသည်။ ဤစာချုပ်များသည် ရာဇဝတ်ပြစ်ဒဏ်ပေးနိုင်သော်လည်း မူးယစ်ဆေးဝါးအလွဲသုံးစားမှုကို ကာကွယ်ရန်၊ ကုသမှု၊ ပြန် လည်ထူထောင်ရေးနှင့် မူးယစ်ဆေးသုံးစွဲသူများကို လူမှုအသိုင်းအဝိုင်းထဲ ပြန်လည်ပေါင်းစည်းစေရန် အဖွဲ့ဝင်နိုင်ငံများ အား လိုအပ်သောအဆင့်ဆင့်လုပ်ဆောင်မှုများ ပြုလုပ်ရန် တောင်းဆိုထားပါသည်။[41] မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှင့် မူးယစ်ဆေးသုံးစွဲမှုအပေါ် တုံ့ပြန်ဆောင်ရွက်မှုများသည် ကျန်းမာရေးအခွင့်အရေးနှင့် အဆက်မပြတ်ဆက်စပ်နေပါ သည်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ရနိုင်သမျှ အမြင့်ဆုံးကျန်းမာရေးစံနှုန်းကို ခံစားခွင့်ရှိ သည်ဆိုသော အခြေခံအခွင့်အရေးကိုလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေစာချုပ်များနှင့် ဥပဒေဆိုင်ရာ စာချုပ်စာတမ်းများတွင် ကျယ်ပြန့်စွာ အသိအမှတ်ပြုထားပါသည်။[42] အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေးနှင့်ယဉ် ကျေးမှုအခွင့်အရေးများ သဘောတူစာချုပ် (ICESCR)ကို မြန်မာနိုင်ငံမှ ၂၀၁၇ ခုနှစ်တွင် အတည်ပြုခဲ့ပြီး ဤစာချုပ်၏ အပိုဒ် ၁၂ (၁) တွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို တန်းတူအလေးထားသည့် အခွင့်အရေးအဖြစ် အသိအမှတ်ပြုထားသည်။ ထို့အပြင် အပိုဒ်ခွဲ (၂)(က) တွင် ရောဂါများကို ကာကွယ်ခြင်း၊ ကုသခြင်းနှင့် ထိန်းချုပ်ခြင်း တို့ကို တာဝန်အဖြစ် ထပ်မံဖော်ပြထားသည်။[43] ထိုနောက် မူးယစ်ဆေးဝါးစွဲလမ်းမှုကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အပါအဝင် အရေးကြီးသောဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများစွာက ရောဂါတစ်မျိုးအဖြစ်[44] အသိအမှတ်ပြု ထားသည်။ ထို့ကြောင့် ယင်းသည် ကျန်းမာရေးအခွင့်အရေးနှင့်ဆက်စပ်သည့် တာဝန်ဝတ္တရားများအောက်တွင် ပါဝင်စေ ရမည့်အရာ တစ်ရပ်ဖြစ်လာသည်။
၂၀၁၀ ခုနှစ်တွင် ဤအကြောင်းအရာနှင့်ပတ်သက်သော အထူးကိုယ်စားလှယ်မှ ၎င်း၏အစီရင်ခံစာတွင် မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုကို ပြစ်မှုဖြစ်စေခြင်းသည် ကျန်းမာရေးအခွင့်အရေးအပါအဝင် လူ့အခွင့် အရေးများစွာကို ချိုးဖောက်နိုင်ကြောင်း ထပ်မံသတိပေးဖော်ပြခဲ့သည်။ ထို့အပြင် မူးယစ်ဆေးသုံးစွဲမှုကို ပြစ်မှုမဖြစ်စေ ခြင်း သို့မဟုတ် ပြစ်ဒဏ်ပေးမှုလျော့ချခြင်း နှင့် ထိခိုက်မှုလျော့ချရေး သို့မဟုတ် မူးယစ်ဆေးဝါးအပေါ်မူတည်သည့် ကုသမှုဝန်ဆောင်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများအပါအဝင် မူးယစ်ဆေးထိန်းချုပ်ရေးတွင် လူ့အ ခွင့်အရေးအခြေပြု ချဥ်းကပ်မှုကိုပါ အကြံပြုခဲ့ပါသည်။[45] ထို့အပြင် ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော လူ့အခွင့်အရေးနှင့် မူးယစ်ဆေးဝါးမူဝါဒဆိုင်ရာ အပြည်ပြည်ဆိုင်ရာ လမ်းညွှန်ချက်များသည် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်း ကြီးရုံး (OHCHR)၊ ကုလသမဂ္ဂ ၏ HIV/AIDS အစီအစဥ် (UNAIDS)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) တို့၏ ပူးပေါင်းထုတ်ဝေမှုဖြစ်ပြီး ကျန်းမာရေးအခွင့်အရေးနှင့်ဆိုင်သော တာဝန်ဝတ္တ ရားများအတိုင်း နိုင်ငံများအနေဖြင့် “ထိခိုက်မှုလျော့ချရေး ဝန်ဆောင်မှုများကို ရရှိနိုင်စေရန်နှင့် လွယ်ကူစွာအသုံးပြု နိုင်စေရန် အာမခံရမည်။ […] ထိုဝန်ဆောင်မှုများသည် ကိုယ်ရေးကိုယ်တာလုံခြုံမှု၊ ကိုယ်ခန္ဓာမြင့်မြတ်မှုကို ထိန်းချုပ် ပိုင်ခွင့်၊ တရားစီရင်ရေးလုပ်ထုံးလုပ်နည်းနှင့် မတရားဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ခွင့်ကဲ့သို့ အခြေခံအခွင့်အရေး များနှင့်ကိုက်ညီရမည်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာကိုလည်း လေးစားထားရမည်” ဟု ဖော်ပြထားသည်။[46] အရေးကြီးဆုံးမှာ မူးယစ်ဆေးဝါးအပေါ်မူတည်သည့် ကုသမှု၏အရေးပါသည့်သဘောတရားကိုလည်း ဤသည်တွင် ဖော်ပြထားပြီး “ကျန်း မာရေးအခွင့်အရေးကို မူးယစ်ဆေးဝါးမူဝါဒတွင်အသုံးချသည့်အချိန်၌ သက်သေအထောက်အထားကိုအခြေပြုသော မူးယစ်ဆေးမူးဝါးကုသမှုများကို စိတ်လိုကိုယ်လျောက်ရရှိနိုင်ရန် အပါအဝင်ဖြစ်သည်” ဟု ဖော်ပြထားပါသည်။[47]
ထို့ကြောင့် ပြစ်ဒဏ်ချမှတ်ခြင်းအစား အသုံးပြုနိုင်သောနည်းလမ်းများဖြစ်သည့် လုံလောက်သော လူမှုရေးအထောက် အပံ့များ၊ ဆေးဝါးအခြေပြုနှင့် စိတ်ပိုင်းဆိုင်ရာကုသမှုများ သို့မဟုတ် လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ပေါင်းစည်း နိုင်ရန် အထောက်အပံ့ပေးသည့် လုပ်ဆောင်ချက်များကို မူးယစ်ဆေးထိန်းချုပ်ရေးမူဘောင်အတွင်း လုံလောက်ပြီး လို အပ်သည့်အဆင့်ဆင့်လုပ်ဆောင်မှုများအဖြစ် သတ်မှတ်ကြသည်။[48] မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများသည် မူးယစ်ဆေးဝါးသုံးစွဲသူများပြန်လည်ကောင်းမွန်လာစေရန်၊ ပညာရေးပြန်လည်သင်ယူခြင်း သို့မဟုတ် အလုပ်ပြန်လုပ်နိုင်ခြင်းရှိစေရန်နှင့် မိသားစုဆက်ဆံရေးများကို ပြန်လည်တည်ဆောက်နိုင်ရန် အသိပညာပေးလှုပ်ရှားမှုများ၊ ကုသမှုရရှိ နိုင်ခြင်းများနှင့် ပြန်လည်ထူထောင်ရေးအစီအစဥ်များအတွက် ဆက်လက်၍တောင်းဆိုနေကြပါသည်။ သို့သော်လည်း ဤကဲ့သို့သောအစီအစဥ်များအား အကောင်အထည်ဖော်မှုသည် လက်တွေ့၌ ဖြစ်မလာသေးပါ။ မည်သည့်ရွေးချယ်မှုမှမရှိသော မိသားစုဝင်များမှအစပြု၍ မူးယစ်ဆေးဝါးအသုံးပြုသူများ သို့မဟုတ် ရာဇဝတ်မှုကျူးလွန်ပြီးသည့်နောက်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းကို မကြာခဏပြုစေခဲ့ပါသည်။ ဤအခြေအနေတွင် ကျန်းမာရေးအခွင့်အရေးသည် ထိခိုက်မှု လျော့ချရေးနှင့်ကုသမှုအပါအဝင် သင့်လျော်ပြီး လွယ်ကူစွာရရှိနိုင်သော၊ ခွဲခြားဆက်ဆံမှုမရှိသော ရုပ်ပိုင်းနှင့်စိတ်ပိုင်း ဆိုင်ရာကျန်းမာရေးဝန်ဆောင်မှုများကို လိုအပ်ပါသည်။ သို့သော် ဤအစီရင်ခံစာတစ်လျှောက်တွင် မှတ်တမ်းတင်ထား သည့်အတိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများသည် ထိုဝန်ဆောင်မှုများကို အကန့်အသတ်ဖြင့်သာ ရရှိနိုင် ခြင်း သို့မဟုတ် လုံးဝမရရှိနိုင်ကြပါ။
မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ထိခိုက်ခံရသော ကလေးများနှင့် မိသားစုများသည် အထူးသဖြင့် အကူအညီလိုအပ်နေ ကြပါသည်။ ဤအစီရင်ခံစာတွင် မှတ်တမ်းတင်ထားသည့်အတိုင်း ကလေးများသည် ၎င်းတို့နေအိမ်များ၊ အိမ်နီးချင်းများ၊ သို့မဟုတ် ကျောင်းအနီး၌ပင် မြင်းဆေးကို ထိတွေ့သုံးစွဲနေကြပြီး အချို့သူများသည် အသက်အရွယ်ငယ်စဉ်ကတည်းက စတင် အသုံးပြုကြပါသည်။ အများစုသည် ကျောင်းမှထွက်သွားကြခြင်း၊ အချို့တို့သည် ကျဉ်ဖယ်ခံရခြင်း၊ အကြမ်းဖက် ခံရခြင်း၊ သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ဆက်စပ်သည့် အမြတ်ထုတ်ခံရခြင်းတို့အား ၎င်းတို့၏မိသားစုနှင့် လူမှုအ သိုက်အဝန်းအတွင်းတွင် ကြုံတွေ့နေကြရပါသည်။ ဤအမှန်တရားများသည် မြန်မာနိုင်ငံမှ အတည်ပြုထားသော ကလေးသူငယ်အခွင့်အရေးသဘောတူစာချုပ် (CRC) နှင့် ဆန့်ကျင်နေသည်။ ထိုသဘောတူညီချက်အရ ကလေးများ၏ အကောင်းဆုံးအကျိုးသည် ၎င်းတို့အားသက်ရောက်မှုရှိစေသော လုပ်ဆောင်ချက်များအားလုံးကို ဦးတည်စေရမည် (အပိုဒ် ၃)၊ ၎င်းတို့၏အသက်၊ အသက်ရှင်ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးကို အာမခံရမည် (အပိုဒ် ၆)၊ သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်ရမည် (အပိုဒ် ၂၄)၊ မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် ကူးသန်း ရောင်းဝယ်မှုတွင်ပါဝင်ခြင်းမှ ကာကွယ်ခံရမည် (အပိုဒ် ၃၃) ဟူသော အချက်များကို တောင်းဆိုထားပါသည်။ ကလေး သူငယ်အခွင့်အရေးသဘောတူစာချုပ် (CRC) တွင်လည်း အခြားသောရွေးချယ်ခွင့်လုံးဝမရှိမှသာ ကလေးများ၏လွတ် လပ်ခွင့်ကို နောက်ဆုံးအဆင့်အဖြစ် အသုံးပြုရမည်ဖြစ်ပြီး သင့်လျော်သည့်အချိန်တိုကာလအတွင်း၌သာဖြစ်ရမည်နှင့် လူသားမဆန်စွာ သို့မဟုတ် နိမ့်ကျစွာဆက်ဆံမှုများမှ အပြည့်အဝကာကွယ်စောင့်ရှောက်ရမည်ဟု ဖော်ပြထားပါသည် (အပိုဒ် ၃၇)။ ကလေးများအတွက် သင့်လျော်သော ကာကွယ်ရေး၊ ကုသရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဝန်ဆောင် မှုများမရှိခြင်းကြောင့် မြန်မာပြည်အရှေ့တောင်အရှေ့ပိုင်းရှိ ကလေးများသည် CRC တောင်းဆိုထားသည့်ကာကွယ် စောင့်ရှောက်မှုများကို မရရှိနိုင်ပါ။
စုစုပေါင်းအားဖြင့် ဤစာတမ်းတွင် ဖော်ပြထားသည့်အတိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် မူးယစ်ဆေးဝါးကူးသန်း ရောင်းဝယ်မှုနှင့်သုံးစွဲမှုများသည် သီးခြားဖြစ်ပေါ်မနေသော်လည်း ပိုမိုကျယ်ပြန့်သည့် ပဋိပက္ခပတ်ဝန်းကျင်အပေါ် လွှမ်း မိုးလျှက်ရှိနေပါသည်။
မြန်ာစစ်တပ်၏လေကြောင်းနှင့် ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ အရပ်သားများနေရာဒေသများသို့လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်း၊ ကျေးရာများအားမီးရှို့ခြင်း၊ တရားလက်လွတ်သက်ဖြတ်ခြင်း၊ အတင်းအဓမ္မဖမ်းဆီးခြင်း၊ ညှဥ်းပမ်းနှိပ်စက်ခြင်း၊ အဓမ္မအစဖျောက်ခြင်း၊ အရပ်သားများအားအဓမ္မအလုပ်ခိုင်းစေခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုခြင်း၊ မိုင်းရှင်းလင်းစေခြင်းစသည့်တို့ဖြင့် နိုင်ငံတကာဥပဒေကို ကျယ်ပြန့်စွာချိုးဖောက်လျှက်ရှိနေပြီး လူမှုအသိုက်အဝန်းများအပေါ် အလွန်ဆိုးယုတ်မှုဖြစ်စေကာ မူးယစ်ဆေးဝါးစီးပွားရေးတိုးချဲ့နိုင်သည့်အခြေအနေသို့ ဖြစ်လာစေခဲ့ပါသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဖိနှိပ်ချုပ်ချယ်မှုလက်နက်သဖွယ်အဖြစ် ပို၍အသုံးပြုလာခြင်းသည် လူသားချင်းစာနာထောက်ထားမှု အခြေအနေကို လျင်မြန်စွာ ဆိုးရွားလာစေပါသည်။ နိုင်ငံတကာလူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှု၊ ရာဇ ဝတ်ဥပဒေတာဝန်များကို လျစ်လျူရှု၍ လွတ်ငြိမ်းချမ်းသာခွင့်လုံးဝရရှိနေခြင်းသည် ဥပဒေစိုးမိုးမှုကိုချိုးဖောက်ပျက်စီး စေပြီး မူးယစ်ဆေးဝါးပြဿနာ ဆက်လက်တိုးပွားနိုင်သည့် အခြေအနေကို ပိုမိုအခိုင်အမာဖြစ်စေသည်။ မြန်မာပြည် အရှေ့တောင်ပိုင်းတွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သောပြဿနာများကိုဖြေရှင်းရန် သီးခြားအထူးအဆင့်ဆောင်ရွက်မှု များသာမက အခြေခံအားဖြင့် အဋိပက္ခအားအဆုံးသတ်ရန်နှင့် ဗမာစစ်တပ်ခေါင်းဆောင်များ ဆက်လက်ခံစားနေသည့် လွတ်ငြိမ်းချမ်းသာခွင့်ကို အဆုံးသတ်ရန်ဖြစ်ပါသည်။ ဥပဒေစိုးမိုးရေးနှင့် အခြေခံလုံခြုံရေးကို ပြန်လည်ထူထောင်ခြင်း သည် လူမှုအသိုက်အဝန်းအတွင်း ပြန်လည်တည်ငြိမ်လာစေရန်နှင့် မူးယစ်ဆေးဝါးပြဿနာအား ထိရောက်စွာကုသနိုင် ရန် မရှိမဖြစ်သောအရေးကြီးလိုအပ်ရာ ဖြစ်ပါသည်။
၅။ အကြံပြုချက်များ
ကုလသမဂ္ဂ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ တာဝန်ခံအဖွဲ့အစည်းများနှင့် နိုင်ငံတကာ လူမှုအသိုက်အဝန်းထံသို့ -
- စီမံထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများနှင့် ထုတ်လုပ်သူများကို ငွေကြေးလမ်းကြောင်းခြေ ရာခံခြင်းနှင့် သတင်းအချက်အလက်မျှဝေခြင်းတို့ကို ညှိနှိုင်းဆောင်ရွက်မှုများဖြင့် ပစ်မှတ်ထားရန်။ ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးခြင်းနှင့် ကျူးလွန်သူများကိုခွဲခြားသိရှိကာ ကာကွယ်စောင့်ရှောက်ခြင်းနှင့် တည်တံ့သော အခြားအသက်မွေးဝမ်းကြောင်းအခွင့်အလမ်းများ ပံ့ပိုးပေးခြင်းတို့ကို တွဲဖက်ဆောင်ရွက်ရန်။ စုံစမ်းစစ် ဆေးမှုများနှင့် တရားစွဲဆိုမှုများသည် တရားစီရင်မှုကို လေးစားလိုက်နာပြီး လူ့အခွင့်အရေးချိုး ဖောက်မှုများ မဖြစ်ပေါ်စေကြောင်း သေချာစေရန်။
- နိုင်ငံတကာတရားမျှတာမှု၊ အပြည်ပြည်ဆိုင်ရာတရားစီရင်ခွင့်နှင့် လွတ်လပ်သောစုံစမ်းစစ်ဆေးမှုများကို အသုံးပြု၍ ဥပဒေစိုးမိုးမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုများကို ခိုင်မာစေရန်။ အခွင့်အရေးချိုးဖောက်ကျူးလွန်သူများကိုတာဝန်ခံစေပြီး မူးယစ်ဆေးဝါးပြဿနာကို တွန်းအားဖြစ်စေသည် ဥပဒေမဲ့အခြေအနေများကို ဖြေရှင်းကြောင်းသေချာစေရန်။
- အရပ်သားများအား တိုက်ခိုက်သည့် အာဏာသိမ်းစစ်တပ်၏ စွမ်းအားကိုလျော့နည်းသွားစေရန် လက်နက်များ နှင့်လေယာဉ်သုံးဆီအပါအဝင် အပြည့်အဝတားမြစ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး အာဏာ သိမ်းစစ်တပ်နှင့် ၎င်းတို့၏မိတ်ဖက်များအား ညှိနှိုင်းထားသော သီးခြားပစ်မှတ်ပိတ်ဆို့ရေး ဆောင်ရွက်ချက် များနှင့်တွဲဖက် အကောင်အထည်ဖော်ရန်။
- လူ့အခွင့်အရေးနှင့်လူသားချင်းစာနာထောက်ထားမှုအကြပ်အတည်းကို ကျယ်ပြန့်စွာဖြစ်စေသော ပြဿနာ၏ အရင်းအမြစ်မှာ အာဏာသိမ်းစစ်တပ်ဖြစ်ကြောင်း အသိအမှတ်ပြုရန်။
အလှူရှင်နိုင်ငံများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ (NGOs) ၊ လူ့အခွင့်အရေးနှင့် ကျန်းမာရေးအဖွဲ့အစည်းများထံသို့ -
- မူးယစ်ဆေးအလွဲသုံးစားခြင်းကို ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် အသိပညာပေးမြှင့်တင်ရန်။ ငွေ ကြေးထောက်ပံ့မှုများနှင့် ယဥ်ကျေးမှုနှင့်သင့်လျော်သည့်ပေးပို့မှု၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အန္တရာယ် များနှင့် စွဲလမ်းတတ်မက်မှုသည် ကုသနိုင်ကြောင်း ရှင်းလင်းဖော်ပြသည့် သက်သေအထောက်အထားကိုအ ခြေခံသော လှုပ်ရှားမှုများကိုဆောင်ရွက်ပြီး မိဘများ၊ ဘာသာရေးခေါင်းဆောင်များနှင့်လူငယ်များကို ဦးတည် ပြီး သတင်းအချက်အလက်များသည် တိကျမှန်ကန်ကာ အပြစ်တင်သည့်အမူအရာမဖြစ်စေသောပုံစံဖြင့် ပို့ချ ပေးကြောင်း သေချာစေရန်။
- လူမှုအသိုက်အဝန်းအဆင့်တွင် ကုသမှုအခွင့်အလမ်းများကို တိုးချဲ့တွင် ပံ့ပိုးပေးမှုအား လျင်မြန်စွာဆောင်ရွက်ရန်။ မလုံခြုံသည့်နေရာများတွင်လည်း လည်ပတ်နိုင်သော ပြောင်းရွှေ့ဆေးခန်းများ၊ ဒေသခံတွင်း ပြန်လည် ထူထောင်ရေးဌာနငယ်များနှင့် လူထုစောင့်ရှောက်မှုဆောက်အဦးများအတွက် အရင်းအမြစ်များကို ပံ့ပိုးပေးရန်။ ဝန်ဆောင်မှုများကို ဒေသတွင်းမှလွယ်ကူစွာရရှိနိုင်စေရန်နှင့် အမျိုးသမီးများအတွက် အထူးပြု ကျားမဆိုင်ရာ ကူညီမှုများနှင့် လူငယ်များအတွက် အထူးအစီအစဉ်များ ပါဝင်ကြောင်း သေချာစေရန်။
- ငွေကြေးပံ့ပိုးမှု၊ အရည်အသွေးမြှင့်တင်မှုနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုကို ဦးစားပေးလုပ်ဆောင်ရန်။ ဒေသခံအဖွဲ့အစည်းများမှ ဝန်ဆောင်မှုများကို တိုးချဲ့၍ တည်တံ့စွာဆက်လက်ပံ့ပိုးနိုင်ရန် နှစ်ရှည်ကြာသော၊ ချိန်ဆညှိနှိုင်းလွယ်သောငွေကြေးထောက်ပံ့မှုများ၊ ဆေးဖက်ဆိုင်ရာသင်တန်းများနှင့် ကျူးလွန်ခံရသူများကိုဦးစားပေးသောစိတ်ပိုင်းဆိုင်ရာအထောက်အပံ့များကိုပေးရန်။ လူ့အခွင့်အရေးများကိုလိုက်နာမှသာ ကူညီထောက်ပံ့မှုများကိုပေးရန်။
- ကလေးကာကွယ်ရေးနှင့် မိသားစုကြံ့ကြံ့ခံနိုင်စွမ်းကို အားကောင်းစေရန်။ ကလေးများ မူးယစ်ဆေးဝါးထိတွေ့ နိုင်မှုကို ကာကွယ်ရန် ဒေသခံလွဲပြောင်းလမ်းကြောင်းများ၊ ပညာရေးအထောက်အပံ့များနှင့် ပြုစုစောင့်ရှောက် မှုပေးသူများအတွက် အသက်မွေးဝမ်းကျောင်းကူညီမှုများကို ပံ့ပိုးရန်။ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော အိမ် တွင်းအကြမ်းဖက်မှု၊ နီးစပ်လက်တွဲဖော်အကြမ်းဖက်မှုနှင့် လူမှုအသိုက်အဝန်းတွင်း အကြမ်းဖက်မှုများကြောင့် ထိခိုက်နစ်နာနေသူများအတွက် ကာကွယ်ရေးဝန်ဆောင်မှုများတွင် ပါဝင်ဆောင်ရွက်ရန်။
- မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် ဆက်စပ်သော ကျားမဆိုင်ရာနှင့် မျိုးဆက်အဆက်ဆက် ဖြစ်ပေါ်လာသော အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရန်။ ဘေးကင်းလုံခြုံသောနေရာများနှင့် အရေးပေါ်အကြံဥာဏ်ပေးဝန်ဆောင်မှုများအပါအဝင် အသက်ရှင်ကျန်ရစ်သူများကို ဦးစားပေးသော ဝန်ဆောင်မှုများနှင့် လျို့ဝှက်မှုများပေးခြင်းဖြင့် ဒေသခံအဖွဲ့အစည်းများကို ထောက်ပံ့ပေးရန်။ မူးယစ်ဆေးဝါးသက်ရောက်မှုခံရသော မိသားစုများအတွင်းဖြစ်ပေါ်နိုင်သော အမျိုးသမီးသေကြောင်းကြံမှု၊ ထိန်းချုပ်မှုနှင့်အကျိုးအမြတ်ထုတ်မှုအန္တရာယ်များကိုဖြေရှင်းနိုင်ရန်ရည်ရွယ်သည့် လူထုပညာပေးမှုများကို ပံ့ပိုးပြီး ကြိုတင်ကာကွယ်မှုကို ထင်ဟပ်ပြသရန်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ဒေသခံအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများထံသို့ -
- မူးယစ်ဆေးဝါးသုံးစွဲမှုကို ကိုင်တွယ်ရာတွင် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့်ကိုက်ညီစွာ ပြန်လည်ထူ ထောင်ရေးနှင့် လူမှုအသိုက်အဝန်း၏ကျန်းမာချမ်းသုခကို ဦးစားပေးသည့် ဥပဒေနှင့် မူဝါဒဆိုင်ရာ ချဥ်းကပ်မှု များကို ပြန်လည်ပြင်ဆင်ရန်။ စေတနာ့ပြန်လည်ထူထောင်ရေး၊ ပြန်လည်ပေါင်းစည်းခြင်းနှင့် သေးငယ်သော အချိန်အဆလက်ဝယ်ရှိမှုအတွက် အခြားနည်းစနစ်များကို ထည့်သွင်းကာ KNU မူးယစ်ဆေးဝါးမူဝါဒကို ပိုမိုခိုင် မာစေရန်။
- မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ကုန်ကူးရောင်းဝယ်ခြင်းနှင့် ဖြန့်ချိရောင်းချခြင်းကို တိုက်ဖျက်ရာတွင် ပါဝင် ဆောင်ရွက်နေသော ဒေသခံအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်နှင့် အရေး ယူဆောင်ရွက်မှုများကို နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်ရန်။
- ဂုဏ်သိက္ခာကို ကာကွယ်ရန်၊ အပြစ်တင်မှုများလျှော့ချရန်နှင့် ကူညီပံ့ပိုးမှုဝန်ဆောင်မှုများတိုး တက်ကောင်းမွန် လာစေရန် မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးထိန်းသိမ်းခြင်းမပြုဘဲ ကျန်းမာရေးလွှဲပြောင်းကုသခွင့်၊ ဆေး ဝါးကုသမှုအခွင့်အရေးရရှိခွင့်နှင့် အသိပညာပေးခြင်းမှုများကို ဦးစားပေးဆောင်ရွက်ရန်။
အရှေ့မျက်နှာဖုံးအကြောင်းအရာ
မျက်နှာဖုံးပေါ်တွင်ရေးဆွဲထားသည့်ပုံသည် KHRG မှ လက်ခံရရှိခဲ့သော ဘားအံခရိုင်ရှိကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) မှ ဖမ်းဆီးထားသော မြင်းဆေးများကိုဖျက်ဆီးသည့်ဓာတ်ပုံကို အစိတ်အပိုင်းအဖြစ် အခြေခံကာ ရေးဆွဲထားခြင်းဖြစ်ပါ သည်။ ဤရေးဆွဲထားသောပုံတွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားအချို့မှ သုံးစွဲနေသည့်မူးယစ်ဆေးဝါးအမျိုး အစားများကိုလည်း ပြသထားပြီး ကလေးများ၏ကျန်းမာချမ်းသာသုခနှင့်ပညာရေးရယူခွင့်ကို ထိခိုက်စေနိုင်သည့် မူးယစ်ဆေးဝါးအလွဲသုံးစားမှု၏ဆိုးကျိုးသက်ရောက်မှုအချို့ကိုလည်း ပုံတွင်ဖော်ပြထားပါသည်။ [မှီငြမ်း — အမည်မ ဖော်လိုသည့် ဒေသခံအနုပညာရှင်]
ဤဓာတ်ပုံကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဘိတ်-ထားဝယ် ခရိုင်၊ လယ်ကဆောမြို့နယ်၊ စတိန်ကျေးရွာအုပ်စု၊ ညအ--- ကျေး ရွာအနီးရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဆေးရေးဂိတ်တစ်ခုတွင် ရိုက်ယူခဲ့သည်။ ပုံတွင် KNLA တပ်ရင်း (၂၀၃) လက်အောက်ခံ တပ်ခွဲ (၄)မှ စစ်သားများသည် ညအ--- ကျေးရွာမှ ဦးမ--- ၏အိမ်တွင် မြင်းဆေးအပြား (၁၂၅၂၀) ပြားကို ဖမ်းဆီးရမိသည့်အခြေအနေကို ဖော်ပြထားသည်။ ဦးမ--- သည် မြန်မာစစ်အစိုးရ (SAC) အာဏာပိုင်များလက်အောက်တွင် တာဝန် ထမ်းဆောင်သည့်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သည်။ အဆို ပါမြင်းဆေးဖမ်းဆီးရမိသည့်အချိန်တွင် ဦးမ---သည် လှေတစ်စီး ဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ (ဓာတ်ပုံ - KHRG)
ဤဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဖားအံခရိုင်၊ လူးပလဲကျေးရွာအုပ်စု၊ မာနယ်ပလောဒေသတွင် ရိုက်ယူခဲ့ပါသည်။ ဤပုံတို့သည် ၂၀၂၅ ခုနှစ် ပထမကိုးလအတွင်း ဖားအံခရိုင်တွင် ဖမ်းဆီးရမိခဲ့သော အဝါရောင်ထုပ်ပိုးထားသည့် ယာဘဆေးပြား အနည်းဆုံး ၆.၁ သန်းကို KNPF အရာရှိများဖျက်သိမ်းသည့် ပုံများဖြစ်ပါသည်။ မီးရှို့ဖျက်ဆီးခြင်းသည် မူးယစ်ဆေးဝါးကုန်
ကူးမှုတွင် KNPF မပါဝင်ကြောင်း စောင့်ကြည့်သူများအားပြသရန် ၎င်းတို့၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်သည်။ (ဓာတ်ပုံ - ဒေသခံ ရွာသား)
Footnotes:
[1] Yaba, which means ‘crazy medicine’ in Thai, is a drug containing a mixture of methamphetamine and caffeine in a tablet form, that produces a rapid and powerful rush of euphoria, and increased alertness and energy. See: UNODC, “Yaba, the 'crazy medicine' of East Asia”, May 2008; KHRG, “Chapter IV”, in Truce or Transition? Trends in human rights abuse and local response in Southeast Myanmar since the 2012 ceasefire, June 2014; KHRG, “Dooplaya Field Report: A quasi-ceasefire? Developments after the Nationwide Ceasefire Agreement, from January to December 2016”, September 2017.
[2] Transnational Institute (TNI), “Poppy Farmers Under Pressure: Causes and Consequences of the Opium Decline in Myanmar”, December 2021.
[3] Following independence in 1948, armed struggle erupted in Burma, as several ethnic minority movements across the country took up arms to defend communities against violent attacks from the Burma Army, and called for ethnic rights and more political autonomy. Burma Army offensives included attacks on whole civilian areas.
[4] See: TNI, “Poppy Farmers Under Pressure”, December 2021.
[5] Meehan, Patrick, “Drugs, insurgency and state-building in Burma: Why the drugs trade is central to Burma's changing political order”, Journal of Southeast Asian Studies, 42(3), October 2011, p. 396; KHRG, “Consolidation of Control: The SPDC and the DKBA in Pa'an District”, September 2002.
[6] KHRG, “Consolidation of Control: The SPDC and the DKBA in Pa'an District”, September 2002.
[7] Ibid; KHRG, “Hpa-an Photo Set: BGF production and sale of yaba in T’Nay Hsah and Ta Kreh townships”, July 2013.
[8] KHRG, Truce or Transition? Trends in human rights abuse and local response in Southeast Myanmar since the 2012 ceasefire, May 2014.
[9] KHRG, Truce or Transition?, above.
[10] Ibid.
[11] The Republic of the Union of Myanmar, “The Law Amending the Narcotic Drugs and Psychotropic Substances Law”, February 2018.
[12] Myanmar Police Force (MPF) and Central Committee for Drug Abuse Control (CCDAC), “National Drug Control Policy”, February 2018.
[13] TNI, “Will Myanmar complete its transition towards an evidence-based approach to drug control?”, March 2018.
[14] KNU Drug Prevention Special Act (1/2014) [on file]
[15] DVB, “Karen armed groups united to combat illicit drugs”, July 2014.
[16] KHRG, Resilience and Resistance : Challenges and threats faced by Human Rights Defenders (HRDs) in Southeast Burma since the 2021 coup, September 2024.
[17] KHRG, “Undeniable: War crimes, crimes against humanity and 30 years of villagers’ testimonies in rural Southeast Burma”, December 2022; KHRG, In the Dark - The crime of enforced disappearance and its impacts on the rural communities of Southeast Burma since the 2021 coup, November 2023.
[18] KHRG, “ကဘီယူၤဟဲလံ Aircraft coming!: Impacts of air strikes on local communities and villagers’ protection strategies in Southeast Burma since the 2021 coup.”, November 2024;
[19] Ibid; KHRG, Stolen Childhoods: Violations of children’s rights, urgent needs, and local agency in rural Southeast Burma during the conflict, October 2025; OHCHR, “Situation of human rights of Rohingya Muslims and other minorities in Myanmar”, August 2025.
[20] UNODC, “Myanmar remains the world’s leading source of opium and heroin”, December 2024.
[21] See, for instance: KHRG, “Hpa-an District Situation Update: Extortion of villagers by the BGF, increased gambling, and teenage drug abuse in Ta Kreh Township (August to October 2023)”, April 2024; KHRG, “Dooplaya District Situation Update: SAC shelling and fighting causing casualties, destruction, and displacement; healthcare and livelihood challenges; land confiscation; and drug issues in Noh T’Kaw and Kruh Tuh Townships (November 2023 to February 2024).”, February 2025.
[22] These unpublished field reports are based on information from Jan-Nov 2025, provided by community members in Kler Lwee Htoo, Mu Traw, Mergui-Tavoy, Dooplaya and Hpa-an Districts trained by KHRG to monitor human rights conditions in their communities. The names of the interviewees, including victims and their exact locations, are censored for security reasons. The parts in square brackets are explanations added by KHRG.
[23] As many armed groups are actively involved in the sale and trafficking of drugs in Southeast Burma, investigating and documenting trafficking linkages presents severe security risks for KHRG field staff. This report focuses on the concerns and views raised on drug use as presented by local villagers and community leaders and does not explicitly explore the sources of drug-trafficking in communities.
[24] DARE Network is a grassroots NGO that provides culturally appropriate non-medical treatment and prevention education to reduce substance abuse within the communities of displaced ethnic people along the Thai-Burma border. The organisation runs the only treatment clinic available for drug users in Southeast Burma, located in Hpa-an District.
[25] See also: KHRG, Stolen Childhoods, above.
[26] Past reports documented by KHRG also mention the use of drugs to cope with Burma Amy’s forced labour, with drugs being given by Burma Army soldiers.
[27] See: KHRG, Defying Hunger : State Administration Council (SAC)’s systematic destruction of civilian livelihoods and food systems in Southeast Burma (January - December 2024), May 2025.
[28] See: KHRG, Stolen Childhoods, above.
[29] See: KHRG, Stolen Childhoods, above; KHRG, Neglected Suffering : Sexual violence and barriers to justice faced by villagers in Southeast Burma since the 2021 coup, December 2024, p. 10
[30] KHRG, “Dooplaya District Situation Update: SAC air strikes, education challenges, drug issues, and military activities in Noh T’Kaw and Kruh Tuh townships (January to June 2025).”, November 2025.
[31] ‘Ar Wer’ is a term coined by DKBA, BGF, and KPC and used to describe special days, hence the expression ‘Ar Wer Day.’ Ar Wer day events typically involve celebrations to mark a special occasion, such as the building of a new pagoda or to honour these armed groups, primarily celebrated to serve as a main fundraising activity for armed groups. Sometimes people also engage in illicit activities such as gambling and drug use on Ar Wer days.
[32] See also: KHRG, Stolen Childhoods, above, pp. 85.
[33] KHRG, Stolen Childhoods, p. 85
[34] Thomson, N. and Meehan, P., “Understanding the drugs policy landscape in Myanmar How drugs policies and programmes intersect with conflict, peace, health and development”, Drugs & (dis)order, Global Challenges Research Fund, 2021.
[35] TNI, “Will Myanmar complete its transition towards an evidence-based approach to drug control?”, March 2018.
[36] KHRG, Mergui-Tavoy District Short Update: SAC soldiers arbitrarily detained and tortured a villager at a checkpoint in Ler K’Saw Township (November 2023), Jan 2025
[37] KNU Drug Law 2014, Article 19.
[38] KNU Drug Law 2014, Articles 17 and 19.
[39] UN Special Rapporteur on the Right of Everyone to the Enjoyment of the Highest Attainable Standard of Physical and Mental Health, “Right of everyone to the enjoyment of the highest attainable standard of physical and mental health”, A/65/255, August 2010.
[40] The UN drug control regime is based on three UN Conventions: the 1961 Single Convention on Narcotic Drugs, the 1971 Convention on Psychotropic Substances, and the 1988 Convention against Illicit Traffic.
[41] UN Single Convention on Narcotic Drugs (1961), Article 38; UN Convention against Illicit Traffic (1988), Art. 3
[42] Universal Declaration of Human Rights (UDHR), Art. 25(1); International Covenant on Economic, Social and Cultural Rights (ICESCR), Art. 12; Convention on the Rights of the Child (CRC), Art. 24
[43] International Covenant on Economic, Social and Cultural Rights (ICESCR), Art. 12.
[44] The WHO codifies substance abuse and addiction in the ICD-11, the global standard for diagnostic health information, https://icd.who.int/en/
[45] UN Special Rapporteur on the Right of Everyone to the Enjoyment of the Highest Attainable Standard of Physical and Mental Health, “Right of everyone to the enjoyment of the highest attainable standard of physical and mental health”, A/65/255, August 2010.
[46] OHCHR, UNAIDS, UNDP, and WHO, “International Guidelines on Human Rights and Drug Policy”, March 2019, p.8.
[47] Ibid, p.8.
[48] UN Office on Drugs and Crime (UNOCD), “From coercion to cohesion. Treating drug dependence through health care, not punishment”, October 2009.



