ဤနောက်ဆုံးဒေသတွင်းသတင်းတိုသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း မူတြော် (ဖာပွန်) ခရိုင်၊ ဘူးသိုမြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှုအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့၌ ဘူးသို မြို့နယ်၊ မယ်ပရိခီးကျေးရွာအုပ်စု၊ က--- ကျေးရွာတွင် သီတင်းနေထိုင်ကြသော ရဟန်းနှစ်ပါးဖြစ်သည့်ဦးရ---နှင့်ဦးအ---တို့သည် (ဘူးသိုမြို့နယ်) မယ်ပရိကျေးရွာအုပ်စုနှင့် (ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စု) ဟ---ကျေးရွာအကြား ရှိ လယ့်ကွဲလမ်းပေါ်တွင် မြေမြှုပ်မိုင်းထိမှန်ခဲ့သည်။ မြေမြှုပ်မိုင်းထိမှန်၍ ဦးရ---သည် ပျံလွန်တော်မူပြီး ဦးအ---သည် ဒဏ်ရာရရှိ၍ ရန်ကုန်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရသည်။ ဒေသခံ ကရင်အမျိုးသားအစည်းအရုံး (KNU) အာဏာပိုင် များသည် ထိုဒေသအတွင်း မြေမြှုပ်မိုင်းများထောင်ထားသောကြောင့် အဆိုပါလမ်းကို ခရီးသွားလာခြင်းများ မပြုလုပ် ရန်အတွက် ရွာသားများအား နှုတ်ဖြင့်သတိပေးအကြောင်းကြားခဲ့သည်။ အဆိုပါရဟန်းနှစ်ပါးသည် ယခင်က ထိုလမ်း တွင် ခရီးသွားလာခဲ့၍ ဘာမှမဖြစ်သည့်အတွက်ကြောင့် ယခုတစ်ကြိမ်တွင် ထိုလမ်းတွင် ခရီးသွားနေစဉ် မြေမြှုပ်မိုင်း ထိမှန်ခဲ့သည်။ ထိုဒေသအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) တပ်ဖွဲ့တို့ကြား စစ်ပဋိပက္ခများတင်းမာလာသည့်အတွက်ကြောင့် ရွာသားများ၏ဘဝနှင့်စားဝတ်နေ ရေးအခြေအနေကို ထိခိုက်စေသည်။ KNU ဖက်ကလည်း မြေမြှုပ်မိုင်းတည်ရှိမှုအကြောင်းကို ရွာသားများအား နှုတ်ဖြင့် အမြဲတမ်းသတိပေးခဲ့သော်လည်း မြေမြှုပ်မိုင်းတည်ရှိသည့်နေရာများကို အမှတ်အသားထားရှိခြင်းမရှိခဲ့ပါ။ [1]

 

 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက်နေ့၌ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ပရိခီးကျေးရွာအုပ်စု၊ က---ကျေးရွာရှိ ဘုန်းကြီး ကျောင်းတွင် သီတင်းနေထိုင်ကြသော ရဟန်းနှစ်ပါးသည် (ဘူးသိုမြို့နယ်) မယ်ပရိကျေးရွာအုပ်စုနှင့် (ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စု) ဟ---ကျေးရွာအကြားရှိ လယ့်ကွဲလမ်းပေါ်တွင် မြေမြှုပ်မိုင်းထိမှန်ခဲ့သည်။ (အဆိုပါမြေမြှုပ် မိုင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ထောင်ထားခဲ့ခြင်းဖြစ်သည်။ မြေမြှုပ်မိုင်းထိမှန်သည့် ရဟန်းတစ်ပါး သည် ဘူးသိုမြို့နယ်၊ ထီးသဒေါထကျေးရွာအုပ်စု၊ န---ကျေးရွာမှ သက်တော် (၃၀) နှစ်ရှိသော ဦးရ---ဖြစ်သည်။ မြေမြှုပ် မိုင်းထိမှန်သည့်အခြားရဟန်းတစ်ပါးမှာ ဒူးသထူခရိုင်၊ ဘားအံခရိုင်၊ ပွာဝေါ်ကျေးရွာအုပ်စု၊ ဃ---ကျေးရွာမှ သက်တော် (၂၅)နှစ်ရှိသော ဦးအ---ဖြစ်သည်။ ဦးရ---သည် ဝါတော် (၁၀)ဝါရှိပြီး ဦးအ---သည် ဝါတော် (၁)ဝါရှိပြီးဖြစ်သည်။ အဆိုပါ ရဟန်းနှစ်ပါးသည် က---ကျေးရွာတွင် တရားအားထုတ်ကျင့်ကြံ၍ သီတင်းနေထိုင်ကြသည်။

မြေမြှုပ်မိုင်းထိမှန်ပေါက်ကွဲမှုကြောင့် ဦးရ---သည် ထိုနေရာတွင် ပျံတော်မူလွန်ခဲ့သည်။ ဦးအ---သည် ရန်ကုန်မှာ (နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ - SAC စီမံခန့်ခွဲသော ဆေးရုံတွင်) ဆေးကုသမှုသွားရောက်ခံယူခဲ့သည်။ ဦးအ---သည် ရန်ကုန်ဆေးရုံတွင် ဆေးကုသမှုခံယူပြီးနောက် KHRG အနေဖြင့် မည်သည့်သတင်းမှ မသိရှိရတော့ပါ။

အခင်းဖြစ်စဉ်မဖြစ်ပွားမီတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အဖွဲ့သားများ၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် တ---ကျေးရွာအုပ်စုလုံခြုံရေးမှူးအပါအဝင်  ဒေသခံကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များ သည် ထိုဒေသအတွင်းရှိ ရွာသားများအားလုံးအား မြေမြှုပ်မိုင်းအန္တရာယ်ကို ရှောင်ရှားရန်အတွက် နှုတ်ဖြင့်အသိပေး အကြောင်းကြားခဲ့သည်။ ၎င်းတို့အနေဖြင့် လယ့်ကွဲလမ်းနှင့် ဟ---ကျေးရွာပတ်ဝန်းကျင်တွင် မြေမြှုပ်မိုင်းထောင်ထား ခြင်းမပြုမီတွင် ရွာသားများအား (၁၅)ရက်ကြိုတင်အသိပေးခဲ့သည်။ (၁၅) ရက်ကြိုတင်အသိပေးပြီးနောက် ဒေသခံ KNU ခေါင်းဆောင်များသည် (လယ့်ကွဲလမ်းနှင့် ဟ---ကျေးရွာပတ်ဝန်းကျင်ဒေသအတွင်း) မြေမြှုပ်မိုင်းများ ထောင်ထား ခဲ့သည်။

ဒေသခံ KNU ခေါင်းဆောင်များမှ ဤသို့သတိပေးပြီးနောက် ဒေသခံရွာသားများသည် ပိတ်ပင်ကန့်သတ်ထားသည့် လမ်းကို ခရီးသွားလာခြင်းမပြုတော့ပေ။ သို့သော်လည်း အဆိုပါရဟန်းနှစ်ပါးသည် ယခင်က ထိုပိတ်ပင်ကန့်သတ်ထား သည့်လမ်းမှ ကမမောင်းမြို့သို့ခရီးသွားခဲ့ပြီး ပြဿနာတစ်စုံတစ်ရာမရှိကြောင်း ထင်မြင်ယူဆ၍ က---ကျေးရွာမှ ထွက် ခွာလာပြီး လယ့်ကွဲလမ်းတွင် ခရီးသွားခဲ့သည်။ ပိတ်ပင်ကန့်သတ်ထားသည့်လမ်းတွင် မြေမြှုပ်မိုင်းများထောင်ထားခြင်း မပြုမီတွင် ထိုရဟန်းနှစ်ပါးသည် အဆိုပါလမ်းမှ ကမမောင်းမြို့သို့ နှစ်ကြိမ်ခရီးသွားခဲ့ဖူးသည်။ ယခုတစ်ကြိမ်တွင် ထိုရဟန်းနှစ်ပါးသည် ခရီးမသွားမီအချိန်တွင် (က---ကျေးရွာမှ) ရွာသားများသည် အဆိုပါလမ်းကိုအသုံးပြု၍ ခရီးသွား လာခြင်းမပြုရန် ရဟန်းနှစ်ပါးအား သတိပေးပြောပြခဲ့သည်။ (အကြောင်းမှာ ထိုလမ်းတွင် မြေမြှုပ်မိုင်းများထောင်ထား ခြင်းကြောင့်ဖြစ်သည်။) ထိုရဟန်းနှစ်ပါးသည် ဘာမှမဖြစ်ပါဘူးဟုပြန်လည်ဖြေကြား၍ ထိုလမ်းတွင် ခရီးဆက်သွားခဲ့ သည်။ ခရီးသွားသည့်နေ့တွင် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့) ရဟန်းနှစ်ပါးသည် မြေမြှုပ်မိုင်းထိမှန်၍ ရဟန်း တစ်ပါးမှာ ပျံတော်လွန်မူပြီး အခြားရဟန်းတစ်ပါးမှာ ဒဏ်ရာရရှိခဲ့သည်။

(တ---ကျေးရွာအုပ်စုတွင်တာဝန်ကျသည့် KNU လုံခြုံရေးခေါင်းဆောင်သည် KHRG အား ဤသို့တင်ပြထားသည်မှာ) အခင်းဖြစ်ပွားသည့်နေ့တွင် ဒေသခံ KNU ခေါင်းဆောင်များသည် မြေမြှုပ်မိုင်းထောင်ထားခဲ့သည်။ သို့သော် ၎င်းတို့သည် ရွာသားများအား အကြောင်းမကြားခဲ့ပါ။ အကြောင်းမှာ ၎င်းတို့သည် ရွာသားများအား (၁၅) ရက်ကြိုတင်အသိပေးခဲ့ပြီး ဖြစ်သည့်အတွက်ကြောင့် နောက်တဖန် ရွာသားများအား အသိပေးရန်မလိုအပ်ကြောင်း ထင်မြင်ယူဆခြင်းဖြစ်သည်။ ဒေသခံ KNU ခေါင်းဆောင်များသည် မိမိကိုယ်ကိုကာကွယ်ရန်နှင့် SAC မှ အရပ်သားဒေသတွင် လာရောက်ကျူးကျော် မှုကို ခုခံကာကွယ်ရန်အတွက် မြေမြှုပ်မိုင်းများကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ မယ်ပရိကျေးရွာအုပ်စုသည် SAC စစ်သား များအခြေစိုက်သော ကမမောင်းမြို့အနီးတွင်တည်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်းတွင် ထိုဒေသအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့နှင့် SAC တပ်သားများအကြား စစ်ရေး ပဋိပက္ခတင်းမာလာခဲ့သည်။ ဤအခြေအနေကြောင့် ရွာသားများသည် ခရီးသွားလာရာတွင်ဖြစ်စေ၊ ရွာထဲတွင်နေထိုင် သည်ဖြစ်စေ၊ အလုပ်လုပ်နေသည်ဖြစ်စေ အခက်အခဲစိန်ခေါ်မှုများကို ယခင်နှစ်များထက် ပို၍ကြုံတွေ့ခံစားနေရသည်။

ရွာသားများသည် ဒေသအတွင်း မြေမြှုပ်မိုင်းတည်ရှိမှုအကြောင်းအား နှုတ်ဖြင့်သတိပေးခြင်းကို ရရှိခဲ့သည်။ သို့သော် လည်း မြေမြှုပ်မိုင်းတည်နေရာကို အမှတ်အသားများထားရှိခြင်း မရှိခဲ့ပေ။ ထို့အပြင် ဒေသအတွင်းရှိ ရွာသားများသည် မိုင်းအန္တရာယ်အသိပညာပေးသင်တန်းများကို (MRE) တစ်ကြိမ်မှ လက်ခံရရှိခြင်းမရှိခဲ့ပါ။

Fri, 25 Apr 2025

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဖးအါထီၣ်တၢ်ဂ့ၢ်ဘၣ်ထွဲတဖၣ်