ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ခလယ်လွီထူ (ညောင်လေး ပင်)ခရိုင်၊ ဆောထိ (ရွှေကျင်) မြို့နယ်တွင် ဖြစ်ပွားခဲ့သောအဖြစ်အပျက်များကို ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ခြေမြန်တပ်ရင်း (ခမရ) အမှတ်- ၂၀ သည် ပျဉ်ရေ ကျေးရွာအုပ်စုရှိ ကျေးရွာ (၅) ရွာ အတွင်းသို့ လက်နက်ကြီး (၃၁) လုံး ယမ်းသမ်းပစ်ခတ်ခဲ့သည်။ ခ--- ကျေးရွာမှ ရွာသားတစ်ဦးသည် လက်နက်ကြီးအစအနထိမှန်၍သေဆုံးခဲ့ပြီး (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရသူ (၃) ဦးတွင် အဘွားအိုတစ်ဦးနှင့် အသက် (၁၇) နှစ်အရွယ်ကလေးတစ်ဦးတို့ပါဝင်သည်။ လ--- ကျေးရွာမှ ရွာသူ (၃) ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသူ၊ရွာသားများ၏ ပိုင်ဆိုင်မှုများလည်းပျက်စီးခဲ့ သည်။ SACသည် ၂၀၂၃ ခုနှစ်၊ မတ်လတွင် လက်နက်ကြီးဆက်လက်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး (၂၄) လုံးကို ဈ---ကျေး ရွာနှင့် ဂ--- ကျေးရွာအပါအဝင် ပရယ်လို (စစ်တောင်း) မြစ်၏ အရှေ့ဘက်ပိုင်းသို့ ပစ်ခတ်ခဲ့သည်။ ရွာသူ၊ရွာသား (၃) ဦး သည် လက်နက်ကြီးအစအနထိမှန်၍ ဒဏ်ရာရရှိခဲ့ပြီး နွား (၃)ကောင်သေဆုံးခဲ့သည်။ ယင်းကာလအတွင်း လက်နက် ကြီးပစ်ခတ်မှုများကြောင့် ဆောထိမြို့နယ်မှ အစုလိုက်အပြုံလိုက်ထွက်ပြေးတိမ်းရှောင်မှုကိုဖြစ်ပေါ်စေ သည်။[1]

 

 

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှစ၍ ညောင်လေးပင်မြို့နယ်၌အခြေစိုက်ပြီး သ‌ဒေါ်ကလိုး (ပုဇွန်မြောင်း) ကျေးရွာ၌ ယာယီစခန်းချနေထိုင်သော  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခလရ) အမှတ်-၂၀ သည် ဆောထိမြို့နယ်၊ ပျဉ်ရေကျေးရွာအုပ်စု၊ လ--- ကျေးရွာသို့လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော် ဝါရီလ ၉ ရက်နေ့တွင် SAC စစ်သားများသည် လက်နက်ကြီး (၈) လုံးပစ်ခတ်ခဲ့ပြီး ဆောထိမြို့နယ်၊ ပျဉ်ရေကျေးရွာ အုပ်စု၊ ဝ--- ကျေးရွာနှင့်နီးသော မြစ်ကမ်းတွင်ကျရောက်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် SAC စစ်သားများသည် လက်နက်ကြီး (၄) လုံးခန့်ပစ်ခတ်ခဲ့သည်။ လက်နက်ကြီး (၃) လုံးသည် ဃိုလိုက လိုး (ချင်းတွင်းမြစ်) ၏ အနောက်ဘက်၊ ဃ--- ကျေးရွာအပြင်ဘက်ရှိ လယ်ထဲတွင်ကျရောက်ပြီး ကျန်လက်နက်ကြီး တစ်လုံးသည် ဝ--- ကျေးရွာသို့ကျရောက်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထို SAC စစ်သားများသည် လက်နက်ကြီး (၉) လုံးကို ဝ--- ကျေးရွာ အနီးအနားသို့ ပစ်ခတ်ခဲ့သည်။ လက်နက်ကြီး (၈) လုံးမှာပေါက်ကွဲသွားခဲ့ပြီး (၁) လုံးမှာ မပေါက်ကွဲဘဲကျန်ရှိနေသေး သည်။ လက်နက်ကြီး (၃) လုံးမှာ လ--- ကျေးရွာအတွင်းသို့ ကျရောက်ခဲ့ပြီး ကျန်ရှိသောလက်နက်ကြီး (၆) လုံးမှာ ရွာဘေးတွင် ကျရောက်ခဲ့သည်။ လ--- ကျေးရွာအတွင်းသို့ကျရောက်ပေါက်ကွဲသော လက်နက်ကြီး (၃) လုံးသည် ရွာသူ၊ ရွာသား (၃) ကိုထိခိုက်ဒဏ်ရာရစေသည်။ ၎င်းတို့မှာ အသက် (၄၀) နှစ်အရွယ် နော်တ--- သည် လည်ပင်း၌ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သူမ၏သမီးဖြစ်သူ အသက် (၂၀) နှစ်အရွယ် နော်က--- သည် နံရိုးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက် (၃၆) နှစ်အရွယ် နော်မ--- သည် ဒူးခေါင်းနှင့် အောက်ပါပုံတွင်ဖော်ပြထားသည့်အတိုင်း သူမ၏ပေါင်တွင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၎င်းထိခိုက်ဒဏ်ရာရရှိသူများအားလုံးသည် ကရင်လူမျိုးများဖြစ်ကြသည်။ ၎င်းတို့အား ထိ ခိုက်ဒဏ်ရာရရှိပြီးသည်နှင့်တစ်ပြိုင်နက် (မြန်မာအစိုးရအုပ်ချုပ်နယ်မြေဖြစ်သော ပဲခူးတိုင်းဒေသကြီး) ညောင်လေးပင် မြို့ရှိ ဆေးရုံတစ်လုံးသို့ ချက်ချင်းပို့ဆောင်ခဲ့သည်။ နော်တ--- ၏ ဒဏ်ရာများမှာ အသက်အန္တရာယ်စိုးရိမ်ရသဖြင့် ပိုမို ကောင်းမွန်သော ပဲခူးတိုင်းဒေသကြီးရှိ ဆေးရုံသို့ဆက်လက်ပို့ဆောင်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြန်လည် ကောင်းမွန်လာပြီးနောက် နော်တ---နှင့် သူမ၏သမီးဖြစ်သူတို့သည် ၎င်းတို့၏ ရွာသို့ပြန်သွားရန်ကြောက်ရွံ့ကြသော ကြောင့် ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်၊ ကြူချောင်ကျေးရွာအုပ်စု၊ ည--- ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ နော်မ--- သည် ကုသမှုခံယူချိန် ပိုကြာမြင့်၍ နှစ်လခန့်ကြာသည်။

လက်နက်ကြီးယမ်းသမ်းပစ်ခတ်မှုကြောင့် စပါးကျီတစ်ခုနှင့် ရေကန်တစ်ခုပျက်စီးခဲ့ရသည်။ အိမ်တိုင်များနှင့် ရွာသူ၊ ရွာသားများ၏ အသက်မွေးဝမ်းကြောင်းအတွက် မရှိမဖြစ်လိုအပ်သောသစ်ပင်များလည်း ပျက်စီးခဲ့ရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် SAC စစ်သားများ၏လက်နက်ကြီးယမ်းသမ်းပစ်ခတ်မှု ပိုမိုများပြားလာသောကြောင့် ခ--- ကျေးရွာမှ ရွာသား ၅၁၅ ယောက်နှင့်အထက်ပါဝင်သော အိမ်ထောင်စု ၁၁၅ စုနှင့် လ--- ကျေးရွာမှ ရွာသား ၃၅၈ ယောက် ပါဝင်သော အိမ်ထောင်စု ၆၉ စုတို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ရွာသားအချို့သည် ခလယ်လွီထူ (ညောင်လေးပင်) မြို့နှင့် အချို့မှာဆောထိမြို့သို့ရွှေ့ပြောင်းနေထိုင်ခဲ့ကြပြီး၊ အချို့မှာလည်း ၎င်းတို့၏ဆွေမျိုးများ နေထိုင်ရာကျေးရွာများ သို့ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် SAC စစ်သားများမှ လက်နက်ကြီးများထပ်မံပစ်ခတ်ခဲ့ရာ ဂ--- ကျေးရွာမှ ရွာသား ၃၇၀‌ ယောက်ပါဝင်သော အိမ်ထောင်စု ၈၅ စုတို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။ ထို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၂ ရက်နေ့တွင် SAC တို့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လယ်ထဲရှိ နွားငါးကောင်လည်း သေဆုံးခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ ညနေ ၃း၃၀ မိနစ်အချိန်တွင် သဒေါ်ကလိုး (ပုဇွန်မြောင်း) ကျေးရွာ၌ အခြေ စိုက်သော SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ်-၂၀ မှ ခ--- ကျေးရွာအတွင်းသို့ လက်နက်ကြီး (၂) လုံးပစ်ခတ်ခဲ့ရာ ရွာသား (၁) ဦးသေဆုံးပြီး (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် နော်န--- အိမ်ပေါ်သို့ကျရောက် ခဲ့ပြီး လက်နက်ကြီးအစအနသည် သူမ၏ခြေထောက်ကိုထိမှန်၍မီးလောင်ခဲ့ရာ ချက်ချင်းသေဆုံးခဲ့သည်။ သူမသည် အသက် (၃၅) နှစ်ရှိပြီး ကလေး (၂) ယောက်ရှိသည်။ သူမသေဆုံးသွားချိန်တွင် ၎င်း၏ယောက်ျားသည် မလေးရှားနိုင်ငံ တွင် အလုပ်လုပ်နေသည်။ အသက် ၂၂ နှစ်အရွယ်ရှိသော နော်ရ--- သည်လည်း ထိုလက်နက်ကြီး၏အစအနဖြင့်ပင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဝေထူး (ရွှေကျင်) မြို့ရှိ ဝေထူး (ရွှေကျင်) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

နောက်ထပ်လက်နက်ကြီးတစ်လုံးသည် ဦးဖ--- နှင့် ဒေါ်ဒ--- တို့၏အိမ်ပေါ်သို့ကျရောက်၍ မီးလောင်ခဲ့ပြီး ၎င်းတို့၏ စပါး ကြိတ်စက်တစ်ခုလည်း ပျက်စီးခဲ့ရသည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ်ရှိသော ၎င်းတို့၏သား သည်လည်း ဦးခေါင်း၊ မေးစေ့ နှင့် ‌ခြေထောက်တို့တွင် လက်နက်ကြီးအစအနထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ၎င်းသည် အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေရှိသောကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) စီမံခန့်ခွဲသော ဆေးရုံ သို့ပို့ဆောင်ခဲ့ပါသည်။ အသက် ၆၆ နှစ်အရွယ်ရှိသော အမျိုးသမီးတစ်ဦးဖြစ်သူ နော်ဟ---  သည် လက်နက်ကြီး ကျရောက်ပေါက်ကွဲချိန်တွင် ၎င်း၏အိမ်ထဲ၌ ရှိနေခဲ့ရာ ပေါက်ကွဲမှုကြောင့်မီးလောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် SAC စစ်သားများသည် ၁၂၀ မမ လက်နက်ကြီး ၆ ခုကို စ--- ကျေးရွာတွင် ချမှတ်ထား ခဲ့သည်။ ထိုနေ့ညနေပိုင်းတွင် SAC စစ်သားများသည် ဆောထိမြို့နယ်၊ အင်းဝိုင်းကျေးရွာအုပ်စုရှိ ယ--- ကျေးရွာ၊ ပ--- ကျေးရွာနှင့် ထ--- ကျေးရွာတို့တွင်လည်း လက်နက်ကြီးများ ချမှတ်ထားရှိခဲ့သည်။ SAC သည် ၎င်းတို့၏တပ်များကို ည--- ကျေးရွာသို့လည်း စေလွတ်ခဲ့သည်။ SAC သည် ၎င်းတို့၏ ခြေမြန်တပ်မ ၄၄၊ ၇၇ နှင့် ၆၆ တို့မှ စစ်သား ၁၅၀ ဦးခန့်ကို စေလွတ်ခဲ့သည်။ ညနေ ၄ နာရီဝန်းကျင်တွင် SAC သည် လက်နက်ကြီး ၂ လုံးကို ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့ပြန်သည်။

၂၀၂၃ ခုနစ်၊ မတ်လ ၈ ရက်နေ့၊ နံနက် ၅း၅၀ မိနစ်အချိန်တွင် တပ်မ ၇၇ နှင် ၈၈ တို့မှ SAC စစ်သားများသည် ဆောထိ မြို့နယ်၊ အင်းဝိုင်းကျေးရွာအုပ်စု၊ ကွင်းဒလကြီးကျေးရွာ၌ အခြေစိုက်သော ဒေသခံခြေမြန်တပ်ရင်း (ခမရ) အမှတ်-၂၀ တို့နှင့်ပူးပေါင်းကာ ပရယ်လို (စစ်တောင်း) မြစ်အရှေ့ဘက်ပိုင်းရှိ လယ်ယာမြေထဲသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။

လက်နက်ကြီးပေါက်ကွဲမှုကြောင့် စုစုပေါင်း ရွာသူ၊ရွာသား (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လယ်ယာမြေများလည်း ထိခိုက်ပျက်စီးခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူ (၃) ထဲမှ တစ်ဦးဖြစ်သော အသက် ၅၃ နှစ်အရွယ် ဦးဧ--- သည် ‌ဆောထိ မြို့နယ်၊ ပျဉ်ရေကျေးရွာအုပ်စု၊ ဈ--- ကျေးရွာသို့ လက်နက်ကြီးများကျ‌ရောက်ပေါက်ကွဲချိန်တွင် လက်နက်ကြီးအစအန ထိမှန်၍ ၎င်း၏ဦးခေါင်း၊ ဘယ်ဘက်လက်မောင်းနှင့် ညာဘက်ပေါင်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ၎င်း၏ ဒဏ်ရာများသည် အသက်အန္တရာယ်စိုးရိမ်ရသောကြောင့် KNU တာဝန်ရှိသူများက ၎င်းကို ကော်သူးလေ (KNU) စီမံ ခန့်ခွဲသော ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။

နံနက် ၁၀း၃၀ မိနစ်အချိန်တွင် ဆောထိမြို့နယ်၊ ပျဉ်ရေကျေးရွာအုပ်စု၊ ဂ--- ကျေးရွာသို့ လက်နက်ကြီးတစ်လုံး ကျ ရောက်ခဲ့ပြီး ရွာသား (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အသက် ၁၉ နှစ်အရွယ်ရှိသော မောင်ဆ--- သည် ၎င်း၏ ဘေးနှင့် လက်မောင်းတွင် ဒဏ်ရာများရရှိခဲ့ပြီး မောင်ဘ--- သည် ၎င်း၏ နောက်ကျောနှင့်ဘေးဘက်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုထိခိုက်ဒဏ်ရာရသူ (၂) ဦးကို ဒေသခံ KNU တာဝန်ရှိသူများက ကော်သူးလေ (KNU) အုပ်ချုပ်နယ်မြေ တွင်းရှိ ဆေးရုံသို့ပို့ဆောင်ခဲ့သည်။

Wed, 31 Jul 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ဖေဖော်ဝါရီလနှင့်မတ်လတွင် ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်း ဖြစ်သည်။

ဖးအါထီၣ်တၢ်ဂ့ၢ်ဘၣ်ထွဲတဖၣ်