ဝမ်းမြောက်ခြင်းများစွာဖြင့် (၂၂) ကြိမ်မြောက်သတင်းလွှာကို KHRG မှ တစ်ဖန် ထုတ်ဝေနိုင်ခဲ့ပြီဖြစ်ပါသည်။ ဤသတင်းလွှာကို တစ်နှစ်တွင်နှစ်ကြိမ် ထုတ်ဝေလျှက်ရှိပါသည်။ ယခုအကြိမ်ထုတ်ဝေသည့် ဤသတင်းလွှာကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ မှ ၂၀၂၄ ခုနှစ်၊ ဖေ‌ဖော်ဝါရီလအထိ KHRG မှလက်ခံရရှိခဲ့သည့် သတင်းအချက်အလက်များနှင့် ၎င်းမတိုင်မီအချိန်မှ သတင်းဖြစ်ရပ်များလည်း ထည့်သွင်းရေးသားထားပါသည်။

ဤသတင်းလွှာအား ဖြန့်ဝေရသည့်ရည်ရွယ်ချက်မှာ KHRG မှ လက်ခံရရှိခဲ့သော အချက်အလက်များကို ခရိုင်(၇)ခုအတွင်းရှိ ပြည်သူလူထုများအကြား မျှဝေပေးလိုခြင်းကြောင့်ဖြစ်သည်။ စာဖတ်သူများသည် ခရိုင်တစ်ခုချင်းစီမှ ဖြစ်ပွားခဲ့သည့် အမျိုးမျိုးသောလူ့အခွင့်အရေးချိုးဖောက်မှုများကို ဖတ်ရှုနိုင်ရန်၊ ကရင်ပြည်နယ်ရှိ ခရိုင်အားလုံးမှ လူ့အခွင့်အရေးအခြေအနေများကို သိရှိရန်နှင့် မျက်စိပွင့်နားပွင့်လာရန်ရည်ရွယ်၍ ထုတ်ဝေခြင်းဖြစ်ပါသည်။

ဤ KHRG သတင်းလွှာတွင် ပါရှိသောအချက်အလက်များကို ကရင်ပြည်နယ် ၏ ခရိုင်(၇)ခုဖြစ်သော ဒူးသထူ (သထုံ)ခရိုင်၊ တောအူး(တောင်ငူ)ခရိုင်၊ ခလယ် လွီထူ(ညောင်လေးပင်)ခရိုင်၊ ဘိတ်-ထားဝယ်ခရိုင်၊ မူတြော်(ဖာပွန်)ခရိုင်၊ ဒူးပလာယာခရိုင်နှင့် ဘားအံခရိုင်တို့မှ ကောက်ယူ၍ ရေးသားတင်ဆက်ထားပါ သည်။ ဤသတင်းလွှာထဲမှ လူ့အခွင့်အရေးချိုး ဖောက်မှုပြဿနာတစ်ခုချင်းစီသည် ခရိုင်အားလုံးတွင်ဖြစ်ပွားခဲ့ပြီး အချို့နေရာတွင် ချိုးဖောက်မှုပုံစံတူညီမှုရှိကြပြီး အချို့တွင် ကွဲပြားမှုများရှိနေသည်ကို စာဖတ်သူများအနေဖြင့် သိရှိနိုင်မည်ဖြစ်သည်။

ဤဖော်ပြပါသတင်းစာစောင်ထဲ၌ လေကြောင်းတိုက်ခိုက်မှုများ၊ အရပ်သားပြည်သူများအား မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ညဉ်းပမ်းနှိပ်စက်ခြင်း၊ ၂၀၁၀ ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသုံးပြုမည့် စစ်ကောင်စီ၏ ကြေ ညာချက်၊ ပညာရေးနှင့်ကျန်းမာရေးအခြေအနေ၊ အရပ်သားပြည်သူများအား သတ်ဖြတ်ခြင်း၊ မြေမြှုပ်မိုင်းအသုံးပြုခြင်း၊ စစ်ရေးလှုပ်ရှားမှုများကြောင့် လုယက်ခိုးယူခံရခြင်း နေအိမ်မီးရှို့ဖျက်ဆီးခံရခြင်းနှင့် သွားလာမှုများအားကန့်သတ်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း စသည့်အကြောင်းအရာများ ပါဝင်ပါသည်။၊

နောက်ဆုံးအနေဖြင့် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသအတွင်း ဖြစ်ပွားခဲ့ သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စာဖတ်သူများမှ သိရှိနားလည်ပြီး ရွာသားများရင်ဆိုင်ကြုံတွေ့ရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ၎င်းတို့၏ခံစားချက်များကို စာဖတ်သူများအနေဖြင့် ရှုမြင်ခံစားနိုင်မည်ဟု KHRG မှ ယုံကြည်ပါသည်။ ထို့အပြင် ဖြစ်နိုင်မည်ဆိုလျှင် ရွာသားများကြုံတွေ့ ခံစားရသည့် ပြဿနာရပ်များအား ရှေ့ဆက်၍ အနာဂတ်တွင် အတူတကွကိုင် တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများရှာဖွေရန်ဖြစ်ပါသည်။

၂၀၂၄ ခုနှစ်၊ မေလတွင်ထုတ်ဝေသော ကရင်လူ့အခွင့်အရေးအဖွဲ့၏ ၂၂ ကြိမ်မြောက် သတင်းလွှာစာစောင်အပြည့်စုံကို PDF ဖိုင်ဖြင့် ဒေါင်းလုတ်ဖတ်ရှုနိုင်ပြီဖြစ်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။ 

Fri, 28 Jun 2024

ဖးအါထီၣ်တၢ်ဂ့ၢ်ဘၣ်ထွဲတဖၣ်