နယ်စပ်ဖြတ်ကျော်ခိုလှုံလာသူများအား ကူညီရန် အိမ်နီးချင်းနိုင်ငံများကို KHRG တောင်းဆို

Thu, 20 Jun 2024

   

 

အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ နယ်စပ်ဖြတ်ကျော်ခိုလှုံလာသူတွေကို ဝင်ခွင့်ပြုဖို့နဲ့ အထောက်အပံ့နဲ့ အကာအကွယ်‌ပေးရေးဝန်ဆောင်မှုတွေ ကောင်းမွန်စေဖို့အတွက် နယ်စပ်ဖြတ်ကျော် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ ဇွန် ၂၀ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ်အနေနဲ့ အခုလို တောင်းဆိုလိုက်တာဖြစ်သလို နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အေဂျင်စီတွေနဲ့ ဒေသအတွင်းလှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့အစည်း (CSO) တွေကနေတဆင့် အကူအညီတွေ  မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုဖို့လည်း ထုတ်ပြန်တောင်းဆိုပါတယ်။

ရန်ပုံငွေခွဲဝေမှုတွေမှာလည်း မှတ်ပုံတင်ခြင်း မတင်ခြင်းကိုအခြေမခံဘဲ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ အထူးသဖြင့် ဒေသခံတိုင်းရင်းသားဝန်ဆောင်မှုပေးသူတွေနဲ့  CSO တွေကိုပါ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုနဲ့ အကျပ်အတည်း ဖြေရှင်းရေးနည်းလမ်တွေအတွက် ဆုံးဖြတ်ချက်ချရာမှာ ဒေသခံလူထုတွေ ပါဝင်ခွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ  လက်ရှိ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းတွေကို ဖြစ်စေတဲ့ အဓိက တရာခံအဖြစ် အသိအမှတ်ပြုပြီး စစ်ကောင်စီနဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးတာ၊ ပူးပေါင်းလုပ်ဆောင်တာတွေ မလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။

အရပ်သားတွေအပေါ်ပစ်မှတ်ထား တိုက်ခိုက်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင်တွေကိုလည်း   နိုင်ငံတကာ တရားစီရင်ရေးတွေမှာ ချက်ချင်းအရေးယူပေးဖို့လည်း  KNRG က ထုတ်ပြန် တောင်းဆိုပါတယ်။

Related Readings

There is no data.