ဤဓာတ်ပုံသတင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိ မြေမြှုပ်မိုင်းကြောင့် သေဆုံးရသည့် ဓာတ်ပုံအထောက်အထားများကို ဖော်ပြထားပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ KHRG သည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ရွာသူရွာသားများကို ထိခိုက်စေသည့် မြေမြုပ်မိုင်းဖြစ်ရပ်အစီရင်ခံစာ (၆၉) ခုကို လက်ခံရရှိထားပြီး ကလေးအပါအဝင် လူ (၂၁) ဦးနှင့်အထက်သေဆုံးပြီး (၆၈) ဦး ဒဏ်ရာရရှိခဲ့သည်။ ဤဓာတ်ပုံသတင်းတွင် ကလေးနှစ်ဦးအပါအဝင် ရွာသား (၁၅) ဦး ထိခိုက်ဒဏ်ရာရစေသည့် ဖြစ်ရပ် (၁၇) ခုမှ ဓာတ်ပုံ (၂၇) ပုံ၊ ကလေးတစ်ဦးအပါအဝင် ရွာသား (၆) ဦးသေဆုံးသွားသော အထောက်အထားများပါဝင်သည်။ ထိခိုက်ဒဏ်ရာရသူ (၁၄) ဦးအနက် (၈) ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် ခြေထောက်ဖြတ်တောက်ခံခဲ့ရသည်။ မြေမြှုပ်မိုင်း ပေါက်ကွဲမှုများသည် အရပ်သားများနှင့်နီးသောဒေသများတွင် မကြာခဏဖြစ်ပွားလေ့ရှိပြီး ကျေးရွာအတွင်းနှင့် ကျေးရွာများအနီးတွင် ဖြစ်ပွားလေ့ရှိသည်။ အရပ်ဘက်ဒေသများတွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ မြေမြှုပ်မိုင်းအသုံးပြုမှုသည် ရွာသူရွာသားများ၏လုံခြုံရေးနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများကို ဆိုးရွားစွာထိခိုက်စေပြီး ရွာသူ၊ရွာသားများသည် မြေမြှုပ်မိုင်းအန္တရာယ်ကို ပိုမိုစိုးရိမ်လာကြသောကြောင့် ၎င်းတို့၏လုံခြုံရေး၊ လွတ်လပ်စွာသွားလာခွင့်နှင့် လယ်ယာမြေလုပ်ကိုင်ခွင့်တို့ကို ထိခိုက်စေ သည်။

 

ဓာတ်ပုံသတင်း | ‌ဒေသခံများမှ ကရင်ပြည်နယ်ဟု သတ်မှတ်ထားသော ခရိုင်(၇)ခုအတွင်းရှိ မြေမြှုပ်မိုင်းဖြစ်ပွားမှုများ (၂၀၂၁ ခုနှစ်၊ မတ်လမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ)

၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးသည့်အချိန်မှစ၍ မြန်မာပြည်အရှ့တောင်ပိုင်းတွင်ဆက်လက်ဖြစ်ပွားနေသော လက်နက် ကိုင် ပဋိပက္ခများကြားတွင် မြေမြှုပ်မိုင်းအသုံးပြုမှုသည်လည်းတိုးများလာသည်။ မြေမြှုပ်မိုင်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)များသာမက မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးသည်လည်း ၎င်းတို့၏နယ်မြေကိုကာကွယ်ရန်နှင့် ရန်သူများကိုတိုက်ခိုက်ရန် အသုံးပြုကြသည်။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတစ်ဝှမ်းတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများမရှိခြင်းကြောင့် မိုင်းအဟောင်းအပါအဝင် အသစ်များပါ  အများအပြားကျန်ရှိနေသည်။ ထို့အပြင် SAC သည် ခွဲခြားဆက်ဆံမှုမရှိဘဲ လက်နက်ကြီးများဖြင့် အရပ်သားများအား တိုက်ရိုက်ပစ်မှတ်ထားပစ်ခတ်လေ့ရှိပါသည်။ ထိုကဲ့သို့ မြေမြှုပ်မိုင်းအသုံးပြုမှုနှင့် ဒေသအနှံ့မြေမြှုပ်မိုင်းများရှိနေခြင်းသည် အရပ်သားများသေဆုံးခြင်းနှင့် ဒဏ်ရာရရှိခြင်းများဖြစ်ပေါ်စေပြီး ရွာသားများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် အသက် မွေးဝမ်းကျောင်း လုပ်ငန်းများကို ထိခိုက်စေသည်။

အောက်ဖော်ပြပါ ဓာတ်ပုံ (၂၇) ပုံကို ဒေသအတွင်း လူ့အခွင့်အရေးအခြေအနေများကို စောင့်ကြည့်လေ့လာရန် KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ကရင်ပြည်နယ်အတွင်းရှိ ခရိုင် (၇) ခရိုင်မှ ရပ်ရွာလူထုများကရိုက်ယူခဲ့ပြီး အခြားဒေသခံရွာသားများကလည်း ၎င်းတို့၏ဓာတ်ပုံများကို KHRG အား ပေးပို့ခဲ့ကြခြင်းဖြစ်သည်။ ခရိုင်များမှာ ဒူးသထူး (သထုံ)၊ တောအူး (တောင်ငူ)၊ ခလယ် လွီထူ (ညောင်လေးပင်)၊ ဘိတ်-ထားဝယ်၊ မူတြော် (ဖာပွန်)၊ ဒူးပလာယာနှင့် ဘာအံတို့ဖြစ်ကြသည်။ ဓာတ်ပုံအထောက်အထားများကို အောက်တွင်ဖော်ပြထားပြီး လုံခြုံရေးအရ လိုအပ်သည့်  နေရာများကို ဖုံး၍တည်းဖြတ်ထားပါသည်။

Thu, 11 Apr 2024

ဖးအါထီၣ်တၢ်ဂ့ၢ်ဘၣ်ထွဲတဖၣ်