၂၀၂၃ ခုနှစ်၊ မေလ (၂၃) ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် စစ်ကောင်စီမှ ဒူးပလာယာခရိုင်၊ ကော့တရီ(ကော့ကရိတ်)မြို့နယ်၊ မောခီးကျေးရွာအုပ်စု၊ ပနွဲ့ဖိုးကလိုးကျေးရွာအတွင်းကို တိုက်လေယဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသည်။ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ရွာအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် ကျောင်းဘော်ဒါဆောင်တစ်ဆောင် လုံးဝပျက်စီးသွားခဲ့ပြီး ရွာသားများ၏အိမ်နှစ်လုံးလည်း ထိခိုက်ပျက်စီးခံခဲ့ပါသည်။ ရွာသားများထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း ရွာသား (၂၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် စားနပ်ရိက္ခာများနှင့် အမိုးအကာကဲ့သို့သော အရေးပေါ်ထောက်ပံ့မှုများလိုအပ်လျက်ရှိနေသည်။
Gallery: