တိုက်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံက လူဦးရေ (၆) သိန်းကျော် အိုးအိမ်စွန့်ခွာနေထိုင်နေရ

Thu, 23 May 2019

    

ရုပ်ရှင်မှတ်တမ်း ကြည့်ရှုု့ရန်

အချိန်ကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်ပွဲတွေကြောင့် ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသက ဒုက္ခသည်စခန်းတွေမှာ နေရပ်မပြန်နိုင်ကြသေးတဲ့ ရာချီတဲ့မိသားစုဝင်တွေအနေနဲ့ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ထံကသိရပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချူပ် (NCA) လက်မှတ်ရေးထိုးထားပေမဲ့လည်း မြန်မာပြည်အရှေ့တောင်ပိုင်းက တိုင်းရင်းသားဒေသခံတွေကတော့ အကြမ်းဖက်ပဋိပက္ခတွေ၊ ပြင်းထန်တဲ့စစ်ဘက်ဆိုင်ရာလှုပ်ရှားမှုတွေနဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေကို မကြာခဏဆိုသလိုကြုံတွေ့နေကြရပါတယ်။

ပြည်တွင်းရွှေ့ပြောင်းနေထိုင်ခြင်းကို စောင့်ကြည့်လေ့လာနေတဲ့ (IDMC) အဖွဲ့ရဲ့ခန့်မှန်းချက်အရ တိုက်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံက ပြည်သူ (၆၃၅,၀၀၀) ဦးဟာ သူတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာပြီး တခြားနေရပ်တွေဆီကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။

Related Readings

There is no data.