press x to close
Karen Human Rights Group
Published on Karen Human Rights Group (https://khrg.org)
Home > တော်လှန်ရေးကို ထောက်မတ်ထားတဲ့ ရန်ပုံငွေ


တော်လှန်ရေးကို ထောက်မတ်ထားတဲ့ ရန်ပုံငွေ [1]

Saturday, December 24, 2022

မြန်မာပြည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အုပ်စုတွေဟာ Crowdfunding model လို့ ခေါ်တဲ့ လူအများရဲ့ ဝိုင်းဝန်းထောက်ပံ့မှုကို ရယူတဲ့ နည်းလမ်းကို သုံးပြီး ဒေါ်လာ သန်းရာနဲ့ချီလို့ တော်လှန်ရေး ရန်ပုံငွေတွေ ထူထောင် ထားနိုင်တဲ့ အကြောင်း ဘရပ်ဆဲလ်စ် မြို့ အခြေစိုက် နိုင်ငံတကာ ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာတဲ့ International Crisis Group (ICG) က အစီရင်ခံစာ တစ်စောင် ဒီရက်ပိုင်းမှာပဲ ထုတ်ပြန်ပါတယ်။

အင်တာနက် အွန်လိုင်းကို အသုံးချပြီး၊ ဆန်းသစ်တဲ့ နည်းနာတွေနဲ့ ရန်ပုံငွေတွေ ဘယ်လို ထူထောင် နိုင်ခဲ့သလဲ ဆိုတာကို ICG က အသေးစိတ် ဆန်းစစ်ထားတာ ဖြစ်ပါတယ်။

ဒီလို ရန်ပုံငွေ ထူထောင်တဲ့ နည်းလမ်းဟာ ရေရှည်မှီခိုနိုင်မလား ... စစ်တပ်ရဲ့ တုန့်ပြန်ကိုင်တွယ်မှုတွေ၊ ထိန်းချုပ် တင်းကျပ်မှုတွေကြောင့် စာနာမှုဆိုင်ရာ အကူအညီပေးရေးတွေ အပေါ် ဘယ်လို သက်ရောက်ခံနေရလဲ ... စာနာမှု ဆိုင်ရာ ကိစ္စတွေမှာရော ရန်ပုံငွေ လုံလောက်အောင်ရှိနေလား ... စတာတွေကို ဒီတစ်ပတ် အာရုံစိုက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီတစ်ပတ် ပါဝင်ဆွေးနွေးကြသူတွေကတော့ အစီရင်ခံစာထုတ်ပြန်တဲ့ International Crisis Group (ICG) က မြန်မာ့အရေး အကြီးတန်း အတိုင်ပင်ခံ တွမ်ကီးန်နဲ့ ကရင်ပြည်သူတွေ အတွက် စာနာမှုဆိုင်ရာ အကူအညီပေးရေးတွေမှာ ပါဝင်နေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က စည်းရုံးလှုပ်ရှားရေး တာဝန်ခံ စောနန္ဒဆူးတို့ ဖြစ်ပါတယ်။

ကိုဝေဖြိုး စီစဥ် တင်ဆက်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း [3] #သတင်းမြင်ကွင်း [4]


Links
[1] https://khrg.org/my/%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%BE%E1%80%94%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%91%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%99%E1%80%90%E1%80%BA%E1%80%91%E1%80%AC%E1%80%B8%E1%80%90%E1%80%B2%E1%80%B7-%E1%80%9B%E1%80%94%E1%80%BA%E1%80%95%E1%80%AF%E1%80%B6%E1%80%84%E1%80%BD%E1%80%B1 [2] https://www.youtube.com/embed/GbSIBtSKiO8?wmode=opaque [3] https://www.facebook.com/watch/hashtag/%E1%80%98%E1%80%AE%E1%80%98%E1%80%AE%E1%80%85%E1%80%AE%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8?__eep__=6%2F&__tn__=*NK [4] https://www.facebook.com/watch/hashtag/%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%80%E1%80%BD%E1%80%84%E1%80%BA%E1%80%B8?__eep__=6%2F&__tn__=*NK