Fri, 29 Nov 2024
တောအူးခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - SAC စစ်သားများသည် ထောတထူမြို့နယ်တွင်နေထိုင်သော ရွာသား (၃) ဦးကို မတရားဖမ်းဆီးခြင်းနှင့် အတင်းအဓ္ဓမအစဖျောက်ခြင်း (၂၀၂၃ ခုနှစ်၊ ဧပြီလနှင့် ဩဂုတ်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၃ ခုနှစ်၊ ဧပြီလနှင့် ဩဂုတ်လတွင် တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ မြို့နယ်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်နှစ်ခုကို ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ဇနီးမောင်နှံ ဖြစ်ကြသော မောင်အ--- နှင့် မဘ--- တို့သည် မြို့ထဲ၌ကုန်ပစ္စည်းများဝယ်ယူပြီးနောက်ပြန်လာချိန်တွင် ထောတထူ မြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စုရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ) အမှတ် - ၇၃ ၏ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့၏ မိသားစုဝင်များကို ဖမ်းဆီးခံရသည့် အကြောင်းရင်း နှင့်ပတ်သက်၍ မည်သည့်အကြောင်းကြားခြင်းမျှမရှိပါ။ သို့သော်လည်း SAC စစ်သားများသည်  ထိုဇနီးမောင်နှံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်နွှယ်နေသည်ဟု ယူဆသောကြောင့် ဖမ်းဆီးထားသည်ဟု  ၎င်းတို့၏ မိသားစုဝင်များက ယုံကြည်ကြသည်။ ဖမ်းဆီးခံရပြီးချိန်မှစ၍ ဇနီးမောင်နှံနှစ်ဦးမှာ ပျောက်ဆုံးသွားကြသည်။ အလားတူ စွာပင် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင်လည်း မိသားစုဝင်များနှင့်အတူ စစ်ဘေးရှောင်စခန်းသို့ခိုလှုံရန် သွားနေကြသော ကိုဆ--- ကို  ထို SAC (ခလရ) အမှတ် - ၇၃ စစ်သားများက ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု၊ ရွှေကျောင်းကုန်း ကွက်သစ်ကျေးရွာတွင် ဖမ်းဆီးခဲ့သည်။ ထိုအချိန်မှစ၍ ကိုဆ--- သည် ပျောက်ဆုံးနေခဲ့သည်။ မည့်သည့်အကြောင်း အရင်းကြောင့် အဖမ်းခံရသည်ကိုလည်း မည်သူမှမသိပါ။ သို့ရာတွင် ကိုဆ--- ၏ အစ်ကိုဖြစ်သူ ဦးဒ--- သည် တော်လှန် ရေးတပ်ဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး SAC က  ဦးဒ--- ကို မဖမ်းနိုင်သောကြောင့်  ကိုဆ--- ကို ဖမ်းသည်ဟု ယုံကြည်ကြ သည်။[1]

 

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မတရားဖမ်းဆီးခြင်းနှင့် အတင်းအဓ္ဓမအစဖျောက်ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (ရက်အတိအကျ မသိရှိရ)

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စုရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ) အမှတ် - ၇၃ ၏ စစ်ဆေးရေးဂိတ်

တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု၊ ရွှေကျောင်းကုန်းကွက်သစ်ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

မောင်အ---

မဘ---

ကိုဆ---

အသက်

၃၄ နှစ်

၃၄ နှစ်

မသိရှိရ

ကျား/မ

ကျား

ကျား

လူမျိုး

ဗမာ

ဗမာ

ဗမာ

အိမ်ထောင် ရှိ/မရှိ   

ရှိ

ရှိ

ရှိ

အလုပ်အကိုင်

ဈေးရောင်း

ဈေးရောင်း

လယ်သမား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

ရွာသား

ရွာသား

နေရပ် ရွာအမည်

ဇရပ်ကြီးတောင်ခြမ်းကျေးရွာ အုပ်စု၊ ဃ--- ကျေးရွာ

ဇရပ်ကြီးတောင်ခြမ်းကျေးရွာ အုပ်စု၊ ဃ--- ကျေးရွာ

ဇရပ်ကြီးတောင်ခြမ်းကျေးရွာ အုပ်စု၊ ဃ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ           

အထက်အရာရှိ အမည်

ဆရာသက်ခိုင်

တပ်ကြပ်ကြီး

ခြေလျင်တပ်ရင်း (ခလရ) အမှတ် - ၇၃

ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု

မသိရှိရ

မြင့်ထူးဇော်

တပ်ကြပ်ကြီး

ခြေလျင်တပ်ရင်း (ခလရ) အမှတ် - ၇၃

ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု

မသိရှိရ

အောင်ကိုဝင်း

ဒုနယ်မြေတာဝန်ခံ နယ်ထိန်း

ဇရပ်ကြီးရဲစခန်း

ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG သတင်းစုဆောင်းသူတစ်ဦးသည် မတရားဖမ်းဆီးခံရခြင်းအဖြစ်အပျက်နှင့် ပတ်သက်၍ ကိုဆ--- ၏ အစ်ကို ဖြစ်သူ ထောတထူမြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု၊ ဃ--- ကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးဒ--- ကိုဆက်သွယ် မေးမြန်းခဲ့သည်။ မောင်အ--- ၏မိခင်နှင့် မဘ--- ၏ ယောက္ခမဖြစ်သူ ဒေါ်ဟ--- ကိုလည်း ဆက်သွယ်မေးမြန်းခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ကိုဆ--- ၏အစ်ကိုဖြစ်သူ ဃ--- ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒ--- နှင့် ပစ်မှုကျူးလွန်ခံရသူများ၏ မိခင်နှင့်ယောက္ခမ ဖြစ်သူ ဒေါ်ဟ-- တို့က ဤသတင်းအချက်အလက်များကို ပေးခဲ့ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

 

၂၀၂၃ ခုနှစ်၊ ဧပြီလတွင်ဖြစ်ပွားသော မောင်အ--- နှင့် မဘ--- တို့၏ ဖမ်းဆီးခံရခြင်း

၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ထောတထူမြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု၊ ဃ--- ကျေးရွာ၏ ရွာသားဖြစ်သူ အသက် (၃၄) နှစ်အရွယ် မောင်အ--- နှင့် သူ၏ဇနီးဖြစ်သူ အသက် (၃၄) နှစ်အရွယ် မဘ--- တို့သည် စျေးရောင်းရန်ကုန်ပစ္စည်းအချို့ကို ဇရပ်ကြီးမြို့သို့ သွားရောက်ဝယ်ယူခဲ့သည်။ ၎င်းတို့၏အပြန်လမ်းတွင် ဇရပ်ကြီး တောင်ခြမ်းကျေးရွာအုပ်စုရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ) အမှတ် - ၇၃ ၏ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံရ၍ ဖမ်းဆီးခံခဲ့ရသည်။ (အင်တာဗျူးဖြေဆိုသူများ၏ရှင်းပြချက်အရ) ဇနီးမောင်နှံ နှစ်ဦးကို ဖမ်းဆီးသူမှာ (ခလရ) အမှတ် - ၇၃ မှ တပ်ကြပ်ကြီး သက်ခိုင်၊ တပ်ကြပ်ကြီး မြင့်ထူးဇော်နှင့် ဇရပ်ကြီးရဲစခန်း မှ ဒုနယ်မြေတာဝန်ခံနယ်ထိန်း အောင်ကိုဝင်း တို့ဖြစ်သည်ဟုယုံကြည်ကြသည်။ (အဘယ်ကြောင့်ဆိုသော် ပြစ်မှုကျူး လွန်သူ (၃) ဦးသည် ယခင်ကတည်းကပင် ရွာသားများကို ဖမ်းဆီးလေ့ရှိပြီး (ခလရ) အမှတ် - ၇၃ သည်လည်း ထိုနယ် မြေတွင်လှုပ်ရှားသည့် တစ်ခုတည်းသော တပ်ရင်းဖြစ်သည်။)

 

ရွာသားများ၏အဆိုအရ ၎င်းတို့ ဇနီးမောင်နှံကို SAC မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ချိတ်ဆက်မှုရှိသည်ဟု စွပ်စွဲပြီး SAC စစ်သားများ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ ၎င်းတို့ရောင်းချရန်အတွက် ကုန်ပစ္စည်းများကိုသာ ဝယ်ယူခဲ့ သော်လည်း PDF များထံ ရိက္ခာများ ထောက်ပံ့ပေးသည်ဟု စွပ်စွဲခံခဲ့ရသည်။ (ခလရ) အမှတ် - ၇၃ ၏  စစ်ဆေးရေးဂိတ် မှ ဖြတ်သွားဖြတ်လာသူများသည် စစ်ဆေးရေးဂိတ်ရှေ့တွင် မောင်အ--- ၏ ဆိုင်ကယ်ကိုတွေ့ခဲ့သည်။ ထို့ကြောင့် ရွာသားများက မောင်အ--- နှင့် မဘ--- တို့ ဇနီးမောင်နှံအဖမ်းခံရကြောင်း သေချာသိသွားသည်။ (အကြောင်းမူကား ထိုအဖြစ်အပျက်ဖြစ်ပွားပြီးချိန်မှစ၍ မောင်အ--- နှင့် မဘ--- တို့ ဇနီးမောင်နှံမှာ ပျောက်သွားကြသည်။) ဖမ်းဆီးခံရ ပြီးသည့်အချိန်မှစ၍ SAC မှ ၎င်းတို့နှစ်ဦးနှင့်ပတ်သက်သည့် သတင်းအချက်အလက်တစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိပေ။ KHRG သတင်းစုဆောင်းသူမှ ဇနီးမောင်နှံနှစ်ဦး၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ဃ-- ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဒ--- ကို မေးမြန်းသောအခါ ဇနီးမောင်နှံနှစ်ဦးအား ဖမ်းဆီးခံရပြီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း ခံရသည်ဟု ယူဆကြောင်း ဦးဒ--- က ပြန်လည်ဖြေကြားခဲ့သည်။ (အဘယ်ကြောင့်ဆိုသော် ဦးဒ--- က ၎င်းတို့ဇနီးမောင်နှံနှစ်ဦးသည်  ကုန်သည်များဖြစ်သည့်အားလျော်စွာ PDF စစ်သားများထံ ကုန်ပစ္စည်းများရောင်းချနေသည်ဟု SAC က ယုံကြည်ကြသည်ဟု ထင်မြင်သည်။ SAC အတွက် ၎င်းတို့ကို ဖမ်းဆီးရန်၊ ညှဉ်းပန်းနှိပ်စက်ရန်နှင့် သတ်ဖြတ်ရန်အတွက် အကြောင်းပြချက်တစ်ခု ဖြစ်နိုင်ကြောင်း ဦးဒ--- က ဆက်လက်ပြောပြခဲ့သည်။)

 

အခင်းဖြစ်ပြီးနောက် မောင်အ--- ၏ မိခင်မှာ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်ရသည်။ အဖမ်းခံရသည့်အချိန်မှစ၍  သူ၏သားနှင့် ချွေးမကို ဆက်သွယ်၍မရသောကြောင့် စိတ်ပူနေခဲ့ရသည်။

 

၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင်ဖြစ်ပွားသော ကိုဆ--- ၏ ဖမ်းဆီးခံရခြင်း

၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် (ရက်အတိအကျမသိရှိရ) ဃ--- ကျေးရွာ၏ရွာသားဖြစ်သူ ကိုဆ--- သည် ၎င်း၏ မိသားစုဝင် များနှင့်အတူ ပြည်တွင်းစစ်ပြေးဒုက္ခသည်များ (IDPs) စခန်းသို့ သွားနေချိန်တွင် SAC စစ်သားများက ၎င်းကို   ထောတထူမြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု၊ ရွှေကျောင်းကုန်းကွက်သစ်ကျေးရွာတွင် ဖမ်းဆီးခဲ့သည်။ (ဖမ်းဆီးခံရချိန်တွင် ကိုဆ--- သည် ၎င်း၏ဇနီးဖြစ်သူ မဂ--- အပါအဝင် အခြားမိသားစုဝင်များနှင့် ကွဲသွားကြသည်။) ကိုဆ--- သည် မဂ--- ၏ခင်ပွန်းဖြစ်၍  ဃ--- ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒ--- ၏ အငယ်ဆုံးညီလေးလည်းဖြစ်သည်။ (မျက်မြင်သက်သေကြုံတွေ့ရသော မဂ--- မှ ဦးဒ--- ထံတင်ပြချက်အရ) ကိုဆ--- ကို ဖမ်းဆီးသူများမှာ SAC (ခလရ) အမှတ် - ၇၃ မှ တပ်ကြပ်ကြီး သက်ခိုင်၊ တပ်ကြပ်ကြီး မြင့်ထူးဇော်နှင့် ဇရပ်ကြီးရဲစခန်းမှ ဒုနယ်မြေတာဝန်ခံနယ်ထိန်း အောင်ကိုဝင်း တို့ဖြစ်သည်။ (တင်ပြချက်များအရ) SAC သည် ကိုဆ--- ကို PDF များနှင့် အချိတ်အဆက်ရှိသည်ဟု စွပ်စွဲ၍ ဖမ်းဆီးသတ်ဖြတ်ကြသည်။ (ဦးဒ--- က ၎င်းသည် (အမည်မဖော်ပြသော) တော်လှန်ရေးတပ်ဖွဲ့၏ အဖွဲ့ဝင် ဖြစ်ကာ SAC တို့၏ နာမည်ပျက်စာရင်းတွင်ပါဝင်နေသောကြောင့် SAC  က ၎င်း၏ညီလေးကို သတ်သည်ဟု ယုံကြည် သည်။ SAC များက ၎င်းကို မဖမ်းဆီးနိုင်သောကြောင့် ၎င်း၏ညီလေးကို ဖမ်းဆီးခဲ့သည်ဟု ယုံကြည်သည်။ ထို့အပြင် ၎င်း၏ညီလေး သေဆုံးသွားပြီးဟု ယူဆသည်။ အဘယ်ကြောင့်ဆိုသော် SAC သည် ယခင်ကတည်းကပင် ရွာသားများ ကို ဖမ်းဆီးလေ့ရှိပြီး ဖမ်းဆီးခံရသောရွာသားများကို နောက်ထပ်တစ်ကြိမ် မြင်တွေ့ရခြင်းမရှိတော့ပါ။)

 

(ကိုဆ--- ဖမ်းဆီးခံရချိန်တွင်) ကိုဆ--- ၏ ဇနီးဖြစ်သူ မဂ--- သည် ရှစ်လကိုယ်ဝန်လွယ်ထားရပြီး စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ရသည်။ မဂ--- သည် သူ၏ ကလေး (၅) ယောက်ကို မပံ့ပိုးနိုင်သောကြောင့်  သူ၏ဆွေမျိုး များထံမှ ကူညီပံ့ပိုးမှု ရရှိသည်။ ကိုဆ--- ဖမ်းဆီးခံရသည့်နေ့မှစ၍ သူ၏မိသားစုများက ကိုဆ--- သေဆုံးသွားပြီး ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ကိုဆ--- ၏အစ်ကိုဖြစ်သူ ဃ--- ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒ---၊ မောင်အ--- ၏မိခင်နှင့် မဘ--- ၏ ယောက္ခမဖြစ်သူ ဒေါ်ဟ--- တို့သည် ဤအချက်အလက်များကို အသုံးပြုရန် ခွင့်ပြုခဲ့သည်။

Fri, 29 Nov 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်