ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ဒူးသထူ (သထုံ) ခရိုင်၊ ဘားအံမြို့နယ်၌ ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကိုဖော်ပြထားပါသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ ညနေ ၉ နာရီမတိုင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ လေကြောင်းတိုက်ခိုက်မှုကို မဲသနကျေးရွာအုပ်စု နှင့် ဟတ္တလိုက်ကျေးရွာအုပ်စုတို့တွင်ပြု လုပ်ရာ၌ ဗုံးအနည်းဆုံး (၁၈) လုံးကြဲချခဲ့ပါသည်။ အဆိုပါ SAC ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကြောင်းနှစ်လုံး၊ အနီးအနားရှိလယ်ယာများနှင့် လမ်းတစ်လမ်းလည်းပျက်စီးသွားခဲ့ပါသည်။ SAC မှ ဟတ္တလိုက်ကျေးရွာအုပ်စုရှိ ဘ--- တောင်ခြေတွင်ရှိသော အ--- ဘုန်းကြီးကြောင်းပေါ်သို့ ဗုံးနှစ်လုံးကြဲချခဲ့သဖြင့် ဘုန်းကြီးကျောင်း၏ခေါင်မိုးများ ပျက်စီးသွားခဲ့ပါသည်။ SAC မှ အနီးအနားတွင်ရှိသောလယ်ယာတွင် ဗုံးတစ်လုံးကိုကြဲချခဲ့ပြီး အနီးအနား၌ရှိသည် လယ်ယာနှစ်ခုကြားတွင် ဗုံးတစ်လုံးကြဲချခဲ့ပါသည်။ မဲသနကျေးရွာအုပ်စု၊ မ--- ကျေးရွာတောင်ခြေတွင်ရှိသော ဆ--- ဘုန်း ကြီးကျောင်းဝင်းထဲသို့ ဗုံးနှစ်လုံး ကြဲချလိုက်သည့်အချိန်တွင် မဲသနကျေးရွာအုပ်စု၊ ဆ--- ကျေးရွာရှိ အသက်ကြီးသည့် အမျိုးသမီးတစ်ဦးနှင့် အသက် (၁၂) နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးဒဏ်ရာရရှိသွားခဲ့ကြပါသည်။ အဆိုပါ အမျိုးသမီးငယ်သည် လက်တွင်ဒဏ်ရာရရှိခဲ့ပြီး အဖွားဖြစ်သူမှာ လည်ပင်းနှင့်ခြေဖမိုးတို့တွင်ဒဏ်ရာရရှိသွားခဲ့ပါသည်။ ထို့နောက် SAC မှ လေယာဥ်ဖြင့် မဲသနကျေးရွာအုပ်စု၊ ဆ--- ကျေးရွာရှိရွာသားတစ်ဦး၏နေအိမ်သို့ ဗုံးတစ်လုံးကြဲချခဲ့ပြီး ဆ--- ဘုန်းကြီးကျောင်းအနီးတွင်ရှိသည့် ရွာသားတစ်ဦး၏လယ်ယာတွင် ဗုံးလေးလုံးနှင့် ဆ--- ကျေးရွာအနီးတွင်ရှိသည့် လယ်ယာတစ်ခုတွင် ဗုံးခုနှစ်လုံးကြဲချခဲ့ပါသည်။ ရွာသားများအနေဖြင့် ပေါက်ကွဲသွားသည့်ဗုံးအပိုင်းအစများအားလုံးကို မရှင်းထုတ်နိုင်ကြသဖြင့် လယ်ယာထဲထွန်ယက်စိုက်ပျိုးသည့်အချိန်တွင် ဗုံးအပိုင်းအစများထိ၍ ဒဏ်ရာရရှိမည်ကို စိုးရိမ်ပူပန်နေကြပါသည်။[1]
အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
အခင်းဖြစ်ပွားမှုအမျိုးအစား |
တိုက်လေယာဥ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြင်း |
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ |
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |
|
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||
အမည် |
နော်ဒ--- |
နော်ဃ--- |
အသက် |
၈၅ နှစ် |
၁၂ နှစ် |
ကျား/မ |
အမျိုးသမီး |
အမျိုးသမီးငယ် |
လူမျိုး |
ကရင် |
ကရင် |
အိမ်ထောင် ရှိ/မရှိ |
အိမ်ထောင်ရှိ |
- |
အလုပ်အကိုင် |
မှီခို |
မှီခို |
ကိုးကွယ်သည့် ဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
ရာထူးအဆင့် |
ရွာသား |
ရွာသား |
နေရပ် ရွာအမည် |
ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ မဲသနကျေးရွာအုပ်စု၊ ဆ--- ကျေးရွာ |
ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ မဲသနကျေးရွာအုပ်စု၊ ဆ--- ကျေးရွာ |
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
အမည် |
ရာထူး |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ |
အခြေစိုက်သည့်နေရာ ဒေသ |
အထက်အရာရှိ အမည် |
- |
- |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တိုက်လေယာဥ် |
- |
- |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
ဒေသခံခေါင်းဆောင်တစ်ဦး (လုံခြုံရေးအရရာထူးအားဆင်ဆာဖြတ်ထား) မှ ပထမဦးစွာKHRG ကွင်းဆင်းလုပ်သားတစ် ဦးကို ဒဏ်ရာရရှိခဲ့သူနှစ်ဦးနှင့် ပျက်စီးသွားခဲ့သည့်နေရာများအကြောင်းအား ပြောပြခဲ့ပါသည်။ KHRG ကွင်းဆင်းလုပ်သားမှ သတင်းမှတ်တမ်းပြုစုရန်အတွက် ထိုနေရာများသို့သွားခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့်နော်ဒ--- နှင့်လယ်သမားတစ်ဦးဖြစ်သည့် စောလ--- တို့အားတွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ကာ ဒဏ်ရာရရှိသူနှစ်ဦးနှင့် ပျက်စီးသွားသည့်နေရာများကိုလည်း ဓာတ်ပုံရိုက်ခဲ့ပါသည်။ အဆိုပါ KHRG ကွင်းဆင်းလုပ်သားမှ လေကြောင်းတိုက်ခိုက်မှုအတွင်း မှုခင်းဖြစ်ပွားခဲ့သည်နေရာ တွင်ရှိနေခဲ့သော ဆ--- ဘုန်းကြီးကျောင်းရှိ ဘုန်းကြီးတစ်ပါးနှင့်စကားစမြည်ပြောခဲ့ပါသည်။ |
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
ဤသတင်းအချက်အလက်ကို ဒဏ်ရာရှိခဲ့သည့်နော်ဒ--- နှင့်ဂ--- ကျေးရွာရှိ လယ်သမားတစ်ဦးဖြစ်သည့် စောလ--- တို့ အားတွေ့ဆုံမေးမြန်းမှုအသံဖိုင်အားနားဆင်ခြင်း၊ KHRG ကွင်းဆင်းလုပ်သားမှ ရိုက်ထားသည့်ဒဏ်ရာရှိခဲ့သည့် ရွာသား များ၏ဓာတ်ပုံနှင့် ပျက်စီးသွားသည့်ပိုင်ဆိုင်မှုဓာတ်ပုံများကို ကြည့်ခြင်းအားဖြင့် မှန်ကန်ကြောင်းအတည်ပြုနိုင်ပါသည်။ |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ဒူးသထူ (သထုံ) ခရိုင်၊ ဘားအံမြို့နယ်၊ မဲသနကျေးရွာအုပ်စု မ--- တောင်ခြေရှိ ဆ--- ဘုန်းကြီးကျောင်းနှင့် ဟတ္တလိုက်ကျေးရွာအုပ်စုရှိဘ--- တောင်ခြေတွင်ရှိသော အ--- ဘုန်းကြီးကျောင်းပေါ်သို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ ညဘက် ၉ နာရီမတိုင်မီ SAC မှ တိုက်လေယာဥ်တစ်စီးဖြင့် ဟတ္တလိုက်ကျေးရွာအုပ်စုရှိ အ--- ဘုန်းကြီးကျောင်းပေါ်သို့ ဗုံးသီးငယ်နှစ်လုံးကြဲချခဲ့ပြီး ဗုံးသီးအစနှစ်စသည့် ဘုန်းကြီးကျောင်းခေါင်မိုးနှင့် စေတီကိုလည်းထိမှန်ခဲ့ပါသည်။ ထိုနည်းတူ ဗုံးသီးငယ်တစ်လုံးကို အ--- ဘုန်းကြီးကျောင်းအနီးရှိ စောဟ--- လယ်ထဲတွင်ကြဲချခဲ့ ပြီး အခြားဗုံးသီးငယ်တစ်လုံးကို စောဧ--- နှင့် စောသ--- လယ်ယာကြားတွင် ကြဲချခဲ့ပါသည်။
ထို့နောက် ညဘက် ၉ နာရီအချိန်တွင် မဲသနကျေးရွာအုပ်စု၊ မ--- ကျေးရွာတောင်ခြေတွင်ရှိသော ဆ--- ဘုန်းကြီး ကျောင်းဝင်းထဲသို့ ဗုံးနှစ်လုံးအား ကြဲချလိုက်သဖြင့် အသက် ၈၅ နှစ်အရွယ်ရှိအဖွားအိုတစ်ဦးနှင့် ၎င်း၏ အသက် ၁၂ နှစ်အရွယ်ရှိ မြေးမလေးတစ်ဦးဒဏ်ရာရရှိသွားခဲ့ပြီး နှစ်ခန်းတွဲအိမ်သာတစ်လုံးပျက်စီးသွားခဲ့ပါသည်။ ဘုန်းကြီးကျောင်းပေါ်သို့ တိုက်လေယာဥ်ပျံဝဲသည့်အသံကို ကြားရပြီးသည့်နောက် အဖွားဖြစ်သူမှ မြေးမလေးကိုခေါ်ပြီး အပြင်သို့ထွက်ရန် အတွက် ဘုန်းကြီးကျောင်းအောက်ထပ်သို့ဆင်းသွားခဲ့ပါသည်။ ၎င်းတို့သည် ဘုန်းကြီးကျောင်းဘေးရှိ မရမ်းပင်အောက် တွင် ပုန်းခိုနေစဥ် ၎င်းတို့ရှေ့တွင် (ခန့်မှန်းခြေ) အလယ်အလတ်ရှိသော ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲသွားခဲ့ပါ သည်။ ၎င်းတို့ပုန်းခိုသောနေရာနှင့် ဗုံးသီးကြဲချသည့်နေရသည် ပေ (၂၀) (၆ မီတာ) ခန့်သာကွာဝေးပါသည်။ ထို့ကြောင့်
မြေမဖြစ်သူ၏ညာဘက်လက်မောင်းကို ဗုံးစထိမှန်ပြီး အဖွားဖြစ်သူမှာ ညာဘက်ခြေဖမိုးအား ဗုံးစများထိမှန်ခဲ့ပါသည်။ မြေမလေးဖြစ်သူ၏အဖွားမှာ ခြေချောင်းအကြောသုံးချောင်း ပြတ်ရှခြင်းနှင့်အတူ ဘယ်ဘက်ခြေချောင်းအကြောနှစ် ချောင်းပါ ထိမှန်ဒဏ်ရာရှိသွားခဲ့ပါသည်။ ထို့အပြင် ၎င်း၏ ဘယ်ဘက်လည်ချောင်းကိုလည်း ဗုံးစထိမှန်ခဲ့ပါသည်။ ဆ--- ဘုန်းကြီးကျောင်းရှိ (အမည်မသိ) ကျောင်းထိုင်ဆရာတော်မှ အဖွားဖြစ်သူအား ဘယ်မှမသွားရန်နှင့် ဘုန်းကြီးကျောင်း ထဲတွင်သာနေရန် ပြောသော်လည်း အဖွားဖြစ်သူသည် မလုံခြုံသည်ဟုခံစားရသဖြင့် ကျောင်းအောက်သို့ဆင်းပြီး ပုန်းခို ရာမှ ထိုသို့ဗုံးစများနှင့် ထိမှန်ခဲ့ကြောင်း KHRG သို့ပြောပြခဲ့ပါသည်။ ဒုတိယဗုံးသီးတစ်လုံးသည် နှစ်ခန်းတွဲအိမ်သာရှေ့ သို့ကျရောက်ပေါက်ကွဲသွားခဲ့သဖြင့် ဗုံးအစအနများသည် အိမ်သာကိုထိမှန်ပြီး ပျက်စီးသွားခဲ့ပါသည်။
ထိုနည်းတူ ဆ--- ဘုန်းကြီးကျောင်းကို ဗုံးများထိမှန်ပြီးနောက် ဘားအံမြို့နယ်၊ မဲသနကျေးရွာအုပ်စု၊ ဆ--- ကျေးရွာရှိစောက--- ၏အိမ်ခြံဝန်းအနီးတွင် SAC ပစ်ခတ်လိုက်သော ဗုံးသီးငယ်တစ်လုံးကျရောက်ပေါက်ကွဲသွားခဲ့ပါသည်။ အဆို ပါဗုံးလေးလုံးအနက် တစ်လုံးသည် ကျွဲခြံဝန်းထဲကျရောက်ခဲ့သော်လည်း ကျွဲတစ်ကောင်မှ ဒဏ်ရာမရရှိခဲ့ပါ။
ထို့နောက် SAC မှ မဲသနကျေးရွာအုပ်စု၊ ဂ--- ကျေးရွာရှိ ဆ--- ဘုန်းကြီးကျောင်းအနီးတွင်ရှိသော အသက် ၆၀ နှစ်အ ရွယ်ရှိ ရွာသားတစ်ဦးဖြစ်သည့် စောလ--- ၏ လယ်ယာထဲသို့ ဗုံးလေးလုံးကြဲချခဲ့ပါသည်။ စောလ--- သည် ခြံထဲတွင် ကြံ၊ ကြက်မောက်ပင်နှင့် စပါးများစိုက်ပျိုးထားပါသည်။ စောလ--- မှ KHRG အားဤကဲ့သို့ပြောပြခဲ့ပါသည်။ “ကျွန်နော်ပြော ချင်တာကတော့ ကြဲချလိုက်တဲ့ဗုံးသီးတွေရဲ့အပိုင်းအစကို ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ။ လုံခြုံတဲ့နေရာတစ်နေရာ မှာ ဝှက်ထားရမလား။ ကျွန်တော်တို့ရဲ့လက်နဲ့ခြေထောက်တွေထိခိုက်ရှမိသွားနိုင်တယ်။ ဗုံးအစအနအားလုံးကို မစုသိမ်း နိုင်ဘူး။” ဗုံးများသည် စောလ--- ၏လယ်ထဲတွင် ကျရောက်ပေါက်ကွဲသွားသဖြင့် လယ်ယာထဲထွန်ယက်စိုက်ပျိုးနေစဥ် တွင် ၎င်း၏လက်နှင့်ခြေထောက်များ ဗုံးအပိုင်းအစထိမှန်ဒဏ်ရရှိမည်ကို စိုးရိမ်ပူပန်နေပါသည်။ ၎င်း၏လယ်ယာသည် မဲသနကျေးရွာအုပ်စု၊ ဆ--- ဘုန်းကြီးကျောင်းနည်းတူ မ--- တောင်ခြေတွင်တည်ရှိပါသည်။
ထို့အပြင် SAC တိုက်လေယာဥ်တစ်စီးမှ ဆ--- ကျေးရွာမှ စောန--- အမည်ရှိရွာသားတစ်ဦး၏ လယ်ထဲသို့ ဗုံးခုနှစ်လုံးကြဲ ချခဲ့ပါသည်။ အဆိုပါ ဗုံးခုနှစ်လုံးတွင် ဆ--- ကျေးရွာနှင့် ဂ--- ကျေးရွာသို့သွားရာလမ်းတစ်လျှောက်လမ်းနှင့် ပေ (၂၀) နှင့် ပေ (၃၀) (၆ မီတာမှ ၉ မီတာ) အကွာခန့်တွင်သာ ကျရောက်ပေါက်ကွဲခဲ့ပြီး မြေကြီးကျင်းပေါက်များဖြစ်သွားခဲ့ပါ သည်။ ထို ခုနှစ်လုံးထဲမှ တစ်လုံးသည် လမ်းအလယ်တည့်တည့်တွင် ကျရောက်ပေါက်ကွဲသွားခဲ့ပြီး လမ်းပျက်စီးသွားခဲ့ ပါသည်။ SAC တိုက်လေယာဥ်လာရောက်၍ နာရီဝက်ကျော်ကြာ ပျံဝဲဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
ဤသတင်းအချက်အလက်ကို [KHRG အား သတင်းအချက်အလက်ထုတ်ဝေရန်ခွင့်ပြုချက်ပေးခဲ့သော တွေ့ဆုံမေးမြန်း မှု ပြုလုပ်ခဲ့သည့် လယ်သမားတစ်ဦးနှင့် နော်ဒ--- တို့မှ] အသုံးပြုရန်ခွင့်ပြုချက်ပေးခဲ့ပါသည်။ |
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။