မြန်မာအာဏာသိမ်းစစ်တပ်မှ ၂၀၁၀ ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြ ဌာန်းထုတ်ပြန်ကြေညာခဲ့သည်။ ထိုဥပဒေတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားရှိ အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများအား မြန်မာ့တပ်မတော်တွင် ၂၄ လကြာ စစ်မှုထမ်းရမည်ဟု တောင်းဆိုထားပါ သည်။ ထိုဥပဒေတွင် နည်းပညာပိုင်း သို့မဟုတ် နယ်ပယ်တစ်ခုခုတွင် ကျွမ်းကျင်မှုရှိသူ အမျိုးသားများသည် အ သက် ၄၅ နှစ်အရွယ်အထိ နှင့် အမျိုးသမီးများသည် အသက် ၃၅ နှစ်အထိ အကျုံးဝင်ပြီး ၃၆ လအထိစစ်မှုထမ်းရ မည်ဟု သက်တမ်းတိုးမြှင့်သတ်မှတ်ထားပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ သတ်မှတ်ထား ချက်နှင့် ပြည့်မီသူယောက်စီ အယောက်တိုင်းကို စစ်မှုထမ်းမိန့်ပေးခဲ့ပြီး တစ်နှစ်လျှင် အမျိုးသားနှင့်အမျိုးသမီးလူ ငယ်လူရွယ် ၆၀,၀၀၀ အထိ စစ်မှုထမ်းရန်အတွက်တောင်းဆိုထားပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ ဤလုပ်ရပ်အား ပြတ်သားစွာရှုတ်ချထားပြီး ဗမာပြည်ရှိအရပ်သားများအား ကာကွယ်ရန် နိုင်ငံတကာအသိုင်းအ ဝိုင်းများထံ တောင်းဆိုလိုက်ပါသည်။
SAC မှ စစ်မှုထမ်းခြင်းကို နိုင်ငံတော်၏ ရိုးရာနှစ်သစ်ကူးဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ဧပြီလ သင်္ကြန်ပွဲတော်ပြီးမှသာလျင် စတင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်နေ့ သီးခြားထုတ်ပြန်ကြေညာချက်တွင် ကြေညာခဲ့ပါ သည်။ သို့သော် လည်း ဤကြေညာချက်သည် ဒေသတွင်းရှိ လက်တွေ့အခြေအနေနှင့် ကွဲပြားခြားနားနေပါသည်။ မြန်မာပြည်အ ရှေ့တောင်ပိုင်းရှိ ရွာသားများသည် SAC စစ်သားများမှ အရပ်သားများအား အတင်းအဓမ္မစစ်သားစု ဆောင်းခြင်း ဖြစ်ရပ်ကို အစီရင်ခံပြီးဖြစ်ပါသည်။ ဥပမာအားဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက် ၇ ဝန်းကျင်ခန့် တွင် SAC ခြေမြန်တပ်ရင်း (LIB) အမှတ် (၄၀၁) စစ်သားများသည် စစ်သားစုဆောင်းရန်အတွက် မြိတ်-ထားဝယ်ခ ရိုင်၊ လယ်ကဆောမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာသို့ဝင်ရောက်ခဲ့ကြောင်း ဒေသခံရွာသားများမှ တင်ပြကြပါ သည်။ ရွာသားအများအပြား ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ကြသော်လည်း SAC ၏ အိမ်ထောင်စုစာရင်း တွင်နာမည်ရှိ နေသည့် အခြားသူများမည်သည့်နေရာတွင်ရှိကြကြောင်းကို ကျန်ရှိနေသောရွာသားများအား မေး မြန်းခဲ့ကြပါ သည်။ အဆိုပါ စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး၏ခြေထောက် ထိမှန်ဒဏ်ရာရရှိခဲ့ သည်။ ဤပစ် ခတ်မှုပြီးနောက် ရွာသားများအားလုံး မြစ်ချောင်း၊ လယ်တဲ သို့မဟုတ် ထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက် ပြေးတိမ်း ရှောင်ခဲ့ကြပြီး အနီးအနားရှိကျေးရွာများမှ ရွာသားများမှာလည်း SAC တိုက်ခိုက်မှုကိုကြောက်ရွံ့သဖြင့် ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါသည်။ ဒေသခံရွာသားတစ်ဦးမှ ရွာသားများသည် “မျှော်လင့်ချက်မဲ့သည်ဟုခံစားရ ခြင်းနှင့် လွတ်လပ်မှုမရှိသောလှောင်အိမ်ထဲ၌ ပိတ်မိနေသည်ဟုခံစားရ” ကြောင်းရှင်းပြခဲ့ပါသည်။
SAC တပ်ဖွဲ့များမှ အဓမ္မစစ်သားစုဆောင်းခြင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်မှုမထမ်းမနေရဥပဒေမပြ ဌာန်းမီ အချိန်ကပင် ပြုလုပ်ကြကြောင်း ရွာသားများတင်ပြခဲ့ကြပါသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပြည်ထဲရေးဝန် ကြီး ဌာနမှ စစ်ကောင်စီအာဏာပိုင်များသည် တောအူး (တောင်ငူ) ခရိုင်၊ ထောတထူ (ထန်းတစ်ပင်) မြို့နယ်၊ ဒေးလိုမူနူ ကျေးရွာအုပ်စုအတွင်းရှိ စစ်ကောင်စီမှခန့်အပ်ထားသော ကျေးရွာလူကြီးများ၊ အခြားကျေးရွာအာဏာ ပိုင်များနှင့် စည်းဝေးတွေ့ဆုံခဲ့ပြီး မြန်မာ့တပ်မတော်တွင် စစ်မှုထမ်းရန်အတွက် ၎င်းတို့အား အိမ်ထောင်စုဆယ်စုလျှင် ရွာ သားတစ်ဦးစီနှင့် အရပ်သား ၁၂၀ ဦးအထိ စုဆောင်းစစ်မှုထမ်းဆောင်ရန် အမိန့်ပေးခဲ့သည်။ အနည်းဆုံး ကျေးရွာ ၄ ရွာမှ ရွာသားများအားလုံးကို ဘုန်းကြီးကျောင်းများတွင် စုဝေးစေခဲ့ပြီး မဲနှိုက်နာမည်ပါသောသူများကို ၎င်းတို့၏ စစ် ကားများဖြင့် ခေါ်ဆောင်သွားခဲ့ပါသည်။ စစ်သားစုဆောင်းရာတွင် မပါဝင်သေးသည့် ကျန်ရှိနေသေး သောအိမ် ထောင်စုများအနေဖြစ် စစ်မှုထမ်းဆောင်ရန်အစား ငွေကြေးပေးဆောင်ခဲ့ရပါသည်။ ဤအခြေအနေကို ရှောင်ရှား ရန်အတွက် အနီးအနားရှိအခြားကျေးရွာမှ ရွာသားများအားလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါသည်။[1]
တရား၀င်မှုမရှိသောလုပ်ရပ်များနှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်မှု
စစ်မှုထမ်းခြင်းဆိုသည်မှာ တစ်ဦးတစ်ယောက်ခြင်းစီအနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်ရန်အတွက် လက် နက်ကိုင်တပ်ဖွဲ့တစ်ခုတွင် မဖြစ်မနေပါဝင်ထမ်းဆောင်ရခြင်းဖြစ်ပါသည်။ အထူးသဖြင့် လိုအပ်ချက်များ၊ ပြည်သူ့ လုံခြုံရေး၊ နိုင်ငံသားနှင့်အချုပ်အခြာအာဏာတို့ကြား သစ္စာစောင့်သိမှုအပေါ်အခြေခံ၍ နိုင်ငံတော်မှခန့်အပ်ထား သောစစ်သားစုဆောင်းမှုမှာ တရားမျှတမှုရှိပါသည်။ အဓိကအားဖြင့် ဤကဲ့သို့သောစစ်သားစုဆောင်းမှုသည် ရပ်ရွာ နှင့်နိုင်ငံကို ပြင်ပခြိမ်းခြောက်မှုများမှကာကွယ်ရန်၊ အသက်အိုးအိမ်စည်းစိမ်၊ ဂုဏ်သိက္ခာနှင့် အနာဂတ်ကို ထိန်း သိမ်းစောင့်ရှောက်ရန်အတွက် မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် လက်နက်များကိုင်ဆောင်ထားသော လူဦးရေ နှင့် ပတ်သက်ဆက်နွယ်နေပါသည်။ အာဏာသိမ်းစစ်တပ်သည် ၂၀၂၀ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းခြင်းအပါအ ဝင် နိုင်ငံတော်ဥပဒေဖော်ဆောင်ရန်နှင့် တရားဝင်အုပ်ချုပ်ရန်အတွက် ၎င်းတွင် တရားရေးရာဆိုင်ရာအခွင့်အာဏာ၊ ပြည်သူလူထု၏ထောက်ခံမှုနှင့် နယ်မြေစိုးမိုးမှု[2] အလုံအလောက်မရှိပါ။ ထိုအပြင်၊ အာဆီယံအဖွဲ့ဝင်များနှင့် နိုင်ငံတ ကာအစည်းအဝေးများ[3] မှ SAC ၏ကိုယ်စားလှယ်များအား ပါဝင်ရန် ငြင်းဆိုခြင်းနှင့် UN လူ့အခွင့်အရေး ကောင်စီ၊ လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတို့မှ စစ်ကောင်စီ၏ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ရှုတ်ချခြင်း သည် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏အချုပ်အခြာအာဏာအပေါ် ဆန့်ကျင်ခြင်း သို့မဟုတ် မေးခွန်းထုတ် ခြင်းဖြင့် သာဓကပြနေပါသည်။
ထို့အပြင် SAC စစ်ရေးလှုပ်ရှားမှုများသည် လူသားမျိုးနွယ်၏အခြေခံမူများကို လွန်စွာဆန့်ကျင်ဖက်ပြုနေသည့်အ ပြင် အခြေခံအားဖြင့် တရားမျှတမှုမရှိခြင်းနှင့် ဥပဒေမဲ့လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း KHRG ၏အစီရင်ခံစာ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှကျယ်ပြန့်စွာရှုပ်ချခြင်းအရဖော်ပြနေပါသည်။[4] မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ အ ရပ်သားများအား စစ်မှုထမ်းစေခြင်းသည် အာဏာသိမ်းစစ်တပ်၏ ရာဇဝတ်မှုဆိုင်ရာမူဝါဒကိုကျုးလွန်ရန် ရွာသား များ ကိုအသုံးချခြင်းပင်ဖြစ်ပြီး ဤစစ်မှုထမ်းခြင်းဖြင့် ၎င်းတို့၏ နိုင်ငံသားများအပေါ် ကြီးလေးသောရာဇဝတ်မှုများ နှင့် ပြင်းထန်သောလူ့အခွင့်အရေးချိုးဖောက်မှုကြီးများ ကျူးလွန်ရန် တွန်းပို့နေခြင်းဖြစ်ပါသည်။ ဤစစ်မှုမထမ်းမ နေရဥပဒေကိုပြဌာန်းပြီးသည့်နောက် ကရင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းရှိ ရာနှင့်ချီသောလူငယ်များသည် စစ် ကောင်စီ၏ ဖမ်းဆီးထိန်းချုပ်ခံရမည်ကိုကြောက်ရွံခြင်းနှင့် စစ်မှုထမ်းရန်မလိုလားကြသဖြင့် ၎င်းတို့၏ကျေးရွာများမှ ထိုင်းနိုင်ငံနယ်စပ်များသို့ထွက်ပြေးတိမ်းရှောင်လာခဲ့ကြပါသည်။[5] UNHCR ၏ လက်စွဲစာအုပ်၌ တစ်ဦးတစ် ယောက်သည် စစ်မှုထမ်းဆောင်ရန်ထွက်ပြေးခြင်း သို့မဟုတ် တိမ်းရှောင်ခြင်းပြုပြီး ဒုက္ခသည်အဖြစ်ခံယူရန် တောင်းဆိုနိုင်သည်ဟု ဖော်ပြထားပါသည်။ “စစ်တပ်၏လုပ်ရပ်များသည် လူသားကျင့်ဝတ်ဆိုင်ရာ အခြေခံစည်း မျဉ်းများနှင့်ဆန့်ကျင်ခြင်း၊ တပ်ပြေးများကိုအပြစ်ပေးခြင်းနှင့် စစ်မှုထမ်းခြင်းမှထွက်ပြေးခြင်းတို့ကြောင့် ၎င်းနှင့် ပတ်သက်ဆက်နွယ်မှုမပြုလိုသူတစ်ဦးတစ်ယောက်ကို နှိပ်စက်ညှဥ်းပမ်းခြင်း[6]အဖြစ် နိုင်ငံတကာအသိုင်းအဝန်းမှ သတ်မှတ်ထားပါသည်။” ၎င်းသည် မြန်မာနိုင်ငံနှင့်လည်းသက်ဆိုင်ပါသည်။
ထို့အပြင် လူတစ်ဦးတစ်ယောက်အားသတ်ဖြတ်ရန်နှင့် အခြားသောအကြမ်းဖက်မှုများကို ကျူးလွန်ရန်၊ ပြင်းထန် သောဒဏ်ရာရသေဆုံးစေနိုင်သည့်အန္တရာယ်များကြုံတွေ့ရန် သို့မဟုတ် ၎င်းတို့ ဆန့်ကျင့်မှုပြုသော စစ်ပွဲတွင်ပါ ဝင်ရန် အဓမ္မခိုင်းစေခြင်းသည် အရှက်ရစေခြင်းနှင့် ဂုဏ်သိက္ခာကျခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ SAC စစ်သား များ၏ အကြမ်းဖက်သောလုပ်ရပ်များနှင့် စစ်မှုထမ်းခြင်းမှ လုပ်ဆောင်ရမည်လုပ်ရပ်များမှ ပြည်သူလူထုထောက်ခံ အားပေးမှုမှုကင်းမဲ့ခြင်းသည် စိတ်မသက်သာမှု၊ အရှက်ရစေမှု၊ နှင့် ‘ဂုဏ်သိက္ခာကျစေမှု’ တို့ကိုပိုမိုဖြစ်ပေါ်စေပြီး ၎င်းတို့သည် ၁၉၄၉ ခုနှစ် ဂျီနီဗာ သဘောတူညီချက် လေးခုမှ အပိုဒ် ၃(၁)(ဂ) နှင့်လုံးဝဆန့်ကျင်နေပါသည်။
ထိရောက်အရေးပါသော နိုင်ငံတကာအရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုခြင်း
ဗမာစစ်ခေါင်းဆောင်များသည် အရပ်သားများအားအဓမ္မစစ်သားစုဆောင်းပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကျူး လွန်စေခြင်းဖြင့် နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို သိလျက်နှင့် ချိုး ဖောက်နေပါသည်။ လက်ရှိအခြေအနေတွင် စစ်မှုထမ်းစေခြင်းသည် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့်/သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှုများကိုကျူးလွန်ရန် အစီအစဉ်၊ ပြင်ဆင်ခြင်း နှင့် ကျူးလွန်ခြင်းတွင် ပါဝင်စေခြင်းဖြစ်ပါသည်။ SAC စစ်သားများမှကျူးလွန်သော ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု နှင့် ခြိမ်းခြောက်မှုများသည် စစ်မှုထမ်းရန်စေခိုင်းခံရသည့်အရပ်သားများ၏ ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာကိုထိပါသော ကြောင့် ရာဇဝတ်မှုကျူးလွန်ရန်အတွက် စစ်မှုထမ်းစေသည့်အရပ်သားများ၏ အမျက်ဒေါသကိုသာပိုမိုဖြစ်ပေါ် စေ ပါသည်။ ဤထိခိုက်နစ်နာမှုတစ်ခုတည်းသည်ပင်လျှင် ဂျီနီဗာသဘောတူညီချက်များကို ပြင်းထန်စွာချိုးဖောက် မှု များကို စီစဉ်ရန်၊ ပြင်ဆင်ရန်နှင့် လုပ်ဆောင်ရန် အဓမ္မစစ်မှုထမ်းခြင်းကိုပြဌာန်းသည့် စစ်ဦးစီးချုပ်မင်းအောင်လှိုင် နှင့် ၎င်း၏လက်အောက်ရှိဗိုလ်မှုးများကို တရားဆွဲဆိုနိုင်ပါသည်။
ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းစစ် နှင့် ၂၀၂၁ ခုနှစ် တရားမဝင်အာဏာသိမ်းမှုတို့ကြောင့် အာဏာသိမ်း စစ် တပ်သည် နိုင်ငံအတွင်းစစ်သားစုဆောင်းခြင်းများကို လုပ်ဆောင်ရန်အတွက် တရားဝင်မှုမရှိပါ။ ထို့ကြောင့် KHRG အနေဖြင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာမှုအပေါ် အလွန်အမင်းစိုးရိမ်နေပြီး ရာဇဝတ်မှုကျူးလွန်ရန် အရပ်သားအ များအပြားစုဆောင်းနေခြင်းကို ပြင်းထန်စွာရှုတ်ချပါသည်။
စစ်ကောင်စီမှကျူးလွန်သော ကျယ်ပြန့်စွာဖြစ်ပေါ်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန်၊ နိုင်ငံတွင်းရှိ အရပ်သားများကိုကာကွယ်ရန်နှင့် သက်ဆိုင်ရာနိုင်ငံတကာဥပဒေများတွင် ပြဋ္ဌာန်းထားသော လူ့အခွင့်အရေးစံ နှုန်းများကိုလိုက်နာရန် နိုင်ငံတကာအသိုင်းအဝိုင်းမှ ထိရောက်သောအရေးယူမှုများ ပြုလုပ်ရာတွင် အောက်ပါအ ချက်များ ပါဝင်သင့်ပါသည်။
- စစ်ကောင်စီနှင့် ၎င်းတို့၏ ဥပဒေများကိုတရားဝင်မှုပေးခြင်းအား ရှောင်ကြဉ်ရန်။
- အရပ်သားများအပေါ် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်လုပ်ဆောင်ရန် အထောက်အကူဖြစ်စေသော စစ်တပ်၊ စီးပွားရေး သို့မဟုတ် လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သည့် မည် သည့်ပုံစံဖြင့်မဆိုတွင် ပါဝင်ခြင်းမှ ရှောင်ကြဉ်မှုပြုရန်။
- ဆက်လက်ဖြစ်ပေါ်နေသော စုံစမ်းစစ်ဆေးမှုများနှင့် တရားရေးလုပ်ဆောင်မှုများကို ပံ့ပိုးကူညီခြင်းနှင့် စစ် ခေါင်းဆောင်များအား ၎င်းတို့၏ များပြားလှသောရာဇဝတ်မှုများအတွက် တာ၀န်ယူရန် နောက်ထပ်နည်း လမ်းများ ရှာဖွေမှုပြုရန်။
- အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံခွင့်တောင်းနေသော နယ်စပ်ဖြတ်ကျော်သူများကို ၎င်းတို့၏အာဏာပိုင်များ မှ ငြင်းပယ်ခြင်းမပြုရန်တိုက်တွန်းခြင်း နှင့် ခိုလှုံလိုသူများအတွက်အထောက်အပံ့နှင့်အကာအကွယ်ပေး ရေးဝန်ဆောင်မှုများ အားကောင်းလာစေရန် နယ်စပ်ဖြတ်ကျော်အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင် ရန်အတွက် ၎င်းတို့ကို အားပေးတိုက်တွန်းခြင်းပြုရန်။
- အရပ်သားများကိုကူညီဆောင်ရွက်ပေးရန်အတွက် မြေပြင်နှင့် နယ်စပ်တစ်လျှောက်တွင်လှုပ်ရှားနေသည့် ဒေသခံအဖွဲ့အစည်းများအတွက် ငွေကြေးထောက်ပံ့မှုတိုးမြှင့်ပေးရန်။
ဆက်သွယ်ရန်
စောနန္ဒဆူး၊ KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ - hsue@khrg.org
နော်ဖောလား၊ KHRG စည်းရုံးလှုံ့ဆော်ရေးအရာရှိ - nawpawlah@khrg.org
Footnotes:
[1] ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင် တောအူးခရိုင်မှ လက်ခံရရှိပြီး မထုတ်ပြန်သေးရသော အစီရင်ခံစာ (#24-42-D1)
[2] Special Advisory Council for Myanmar (SAC-M), “SAC-M Briefing Paper: Effective Control in Myanmar”, ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ။
[3]The Irrawaddy, “Coup Opponent Continues as Myanmar’s Ambassador to the United Nations”, ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ; Reuters, “Conflict-riven Myanmar cedes upcoming ASEAN chair to Philippines”, ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ။
[4] UN General Assembly, “A/HRC/52/66: Situation of human rights in Myanmar - Report of the Special Rapporteur on the situation of human rights in Myanmar, Thomas H. Andrews”, ၂၀၂၃ ခုနှစ်၊ မတ်လ။
[5] BBC, “Myanmar: Young people attempt to flee ahead of conscription order”, ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ The Irrawaddy, “Conscription Law Adds to Concerns Over Forced Migration From Myanmar to Thailand”, ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ။
[6] UNHCR လက်စွဲစာအုပ်၊ စာမျက်နှာ ၄၀၊ စာပိုဒ် ၁၇၁။