ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၂ခုနှစ်၊ ဧပြီလနှင့် မေလအတွင်း မူတြော် (ဖာပွန်)ခရိုင်၊ လူသောမြို့ နယ်တွင် ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်များကို ဖော်ပြထားသည်။ ၂၀၂၂ခုနှစ်၊ ဧပြီလနှင့် မေလအတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (SAC) သည် လူသောမြို့နယ်၊ ဒေးပူနို့ဒေသတွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ ခြင်းကြောင့်ဒေသခံရွာသားအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ပထမအကြိမ်လေကြောင်းတိုက်ခိုက်မှုတွင် ပေကေကျေးရွာအုပ်စုမှ ယောင်္ကျားလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုတွင် ရွာသားတစ်ဦး၏နေအိမ်တစ်လုံးအပါအဝင် ကျေးရွာအဆောက်အဦးတော်တော်များများ ပျက်စီးခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ဘူးသိုမြို့နယ်၊ မယ်နူထကျေးရွာအနီးအနားတစ်ဝိုက်တွင်လည်း လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ သို့သော်လည်း မည်သူမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ ရွာအဆောက်အဦးလည်း ပျက်စီးခဲ့ခြင်းမရှိခဲ့ပေ။ လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ်စု၊ ပနာအေပယ်ခိုဒေသတွင် ရက်အနည်းငယ် အထိ SAC မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်မှုကြောင့် ထိုဒေသတွင် နေထိုင်ကြသည့် ရွာသားများသည် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ရွာသားများသည် ၎င်းတို့အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများအား လုပ်ဆောင်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့နေခြင်း ကြောင်းဖြစ်သည်။ ရွာသားများ နေမကောင်းဖြစ်ပါက တစ်ချို့ကျေးရွာများတွင်ရှိသည့် ကရင် ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန(KDHW)မှ တည်ဆောက်ထားသော ကျန်းမာရေးစောင့်ရှောက်မှုစင်တာများသို့ သွား၍ ဆေးကုသမှုများ ရရှိခဲ့သည်။ သို့သော်လည်း ထိုကျန်းမာရေးစောင့်ရှောက်မှုစင်တာများတွင် ဆေးဝါးပစ္စည်း များ လုံလောက်မှုမရှိသည့်အတွက်ကြောင့် တစ်ချို့ရွာသားများသည် လိုအပ်သည့်ဆေးဝါးများကို ဆေးဆိုင်များတွင် ဝယ်ယူခဲ့ရသည်။ [1]
လေကြောင်းတိုက်ခိုက်မှုနှင့် နေရပ်စွန့်ခွာရခြင်း
၂၀၂၂ခုနှစ်၊ ဧပြီလ ၂၈ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သည် ဘူးသိုမြို့နယ်၊ ပါဟဲကျေးရွာ အုပ်စု၊ မယ်နူထကျေးရွာဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ (SAC မှ ဗုံးဘယ်နှစ်လုံးကြဲခဲ့သည် ကို မသိခဲ့ရပါ။) SAC မှ ဤကဲ့သို့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရသည့်အကြောင်းရင်းမှာ (ဧပြီလ ၂၈ရက်နေ့တွင်) သံလွင်မြစ်တစ်လျှောက်ရှိ ၎င်းတို့၏တပ်စခန်းတစ်လုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA)စစ်သား များမှ တိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် လက်တုန့်ပြန်သည့်အနေဖြင့် လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ ထိုလေ ကြောင်းတိုက်ခိုက်မှုတွင် ကျေးရွာအပြင်ဖက်တွင် ဗုံးများကျရောက်ပေါက်ကွဲသွားသည့်အတွက်ကြောင့် ကျေးရွာအ ဆောက်အဦးများ ပျက်စီးသွားခဲ့ခြင်းမရှိပေ။ ရွာသားများလည်း တစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ပါ။ အဘယ် ကြောင့်ဆိုသော် KNLA စစ်သားများမှ လေကြောင်းတိုက်ခိုက်မှုမဖြစ်ပွားမှီတွင် SAC မှ လေကြောင်းတိုက်ခိုက်မှု လုပ်နိုင်ချေရှိကြောင်း ရွာသားများအား ကြိုတင်အသိပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ (ထို့ကြောင့်ရွာသားများသည် အချိန်မှီ ရွာမှ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ခြင်းဖြစ်သည်။)
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ ညနေ(၄)နာရီတွင် SAC ဂျက်လေယာဉ်နှစ်စီးသည် လူသောမြို့နယ်၊ ပေကေကျေး ရွာအုပ်စု၊ ဒေးဘူနို့ဒေသတွင် လာရောက်ဗုံးကြဲခဲ့သည်။ (ဗုံးဘယ်နှစ်လုံးကြဲခဲ့သည်ကို မသိရှိခဲ့ရပါ။) ထိုလေကြောင်း တိုက်ခိုက်မှုတွင် (ပေကေကျေးရွာအုပ်စု)၊ ဘ---ကျေးရွာတွင်နေထိုင်သည့်ယောင်္ကျားလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ (သူ၏အသက်ဘယ်လောက်ရှိသည်ကို မသိရှိရပါ။) ထိုယောင်္ကျားလေး၏နံရိုးတွင် ဒဏ်ရာရရှိခဲ့ပြီး ၎င်း ကို ဒေးဘူနို့ကျေးရွာရှိ ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန (KDHW)မှဆောက်လုပ်သော ဆေးပေးခန်းသို့ သွားရောက်ပို့ဆောင်ခဲ့သည်။ တဖန် ၂၀၂၂ ခုနှစ်၊ မေလ ၁ရက်နေ့ ညနေ ၄း၃၀မိနစ်တွင် SAC သည် ဂျက်လေ ယာဉ်နှစ်စီးဖြင့် ဒေးဘူနို့ဒေသတွင် ရောက်လာ၍ ဗုံး(၁၀)လုံးကြဲကျခဲ့သည်။ ဤတစ်ကြိမ်လေကြောင်း တိုက်ခိုက် မှုတွင် မည်သူမျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိပါ။ သို့သော်လည်း KNLA ၏ခန်းမဆောင်တစ်ခုနှင့် စက်ချုပ်ရန်အသုံး ပြုသော အဆောက်အဦးတစ်လုံးမှာ လုံးဝပျက်စီးသွားခဲ့သည်။ ရွာသားတစ်ဦး၏နေအိမ်တစ်လုံးလည်း SAC ကြဲချ ခဲ့သည့်ဗုံးများ ပေါက်ကွဲမှုကြောင့် ခေါင်းမိုးတွင်အပေါက်များဖြစ်သွား၍ ပျက်စီးသွားခဲ့သည်။
ဒေးဘူနို့ဒေသတွင် ယခင်က ၂၀၂၁ခုနှစ်၊ မတ်လတွင် ပထမဆုံးအကြိမ်လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး[2] ထွက် ပြေးတိမ်းရှောင်ရသည့်ရွာသားအများအပြားသည် ယခုအချိန်ထိ ၎င်းတို့ကျေးရွာသို့ မပြန်နိုင်ဘဲ ရှိနေသေး သည်။ (၂၀၂၁ခုနှစ်၊ မတ်လမှစပြီး) ဒေးပူနို့ဒေသတွင် လေကြောင်းတိုက်ခိုက်မှုလေးကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကျေးရွာသို့ပြန်လာနေထိုင်သည့်ရွာသားများသည် အမြဲတမ်းသတိနှင့်နေထိုင်နေရပါသည်။ ဆိုလိုသည် မှာ တစ်ချို့ရွာသားများသည် ကျေးရွာသို့ပြန်လာနေထိုင်ကြသော်လည်း ထိုဒေသတွင် လေကြောင်းတိုက်ခိုက်မှုဖြစ် ပွားနိုင်ချေရှိကြောင်း KNLA မှ ၎င်းတို့အား သတိပေးအကြောင်းကြားသည့်အခါတိုင်း ရွာမှထွက်ပြေး တိမ်းရှောင်နေ ရခြင်းဖြစ်သည်။ ရွာသားများတိမ်းရှောင်နေရပါက တောထဲတွင်သာ သွားရောက်ပုန်းရှောင်နေကြပြီး ရက်အနည်း ငယ်ကြာမှ ရွာသို့ပြန်လာနေထိုင်ရခြင်းဖြစ်သည်။
လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ်စု၊ ပနာအေပယ်ခိုဒေသတွင် လေကြောင်းတိုက်ခိုက်မှု မဖြစ်ပွားသော် လည်း SAC ဂျက်လေယာဉ်များသည် ထိုဒေသတွင် နေ့ရောညပါ ဝေဟင်ကင်းထောက်လှမ်းမှုများ ပြုလုပ်လျှက်ရှိ သည်။ ထိုလုပ်ရပ်များကြောင့် ထိုဒေသရှိရွာသားများသည် အကြောက်တရားနှင့်အသက်ရှင်နေထိုင်ရပြီး အမြဲတမ်း တိမ်းရှောင်နေရပါသည်။ လူသောမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်ရသည့်ရွာသားများဦးရေ (၁၀၀၀၀) ခန့်ရှိ ကြောင်း ခန့်မှန်းရသည်။ တစ်ချို့သောတိမ်းရှောင်ရသည့်ရွာသားများသည် (တောထဲတွင် အမိုးအကာများအတွက်) တာလာ ပတ်များ မရှိကြသည့်အတွက် မိုးရွာသည့်အခါတွင် အခက်အခဲများနှင့် ကြုံနေရပါသည်။
လက်နက်ကြီးများပစ်ခတ်မှု
လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ်စု၊ ပနာအေပယ်ခိုဒေသတွင်ရှိသည့် (တပ်ရင်းအမှတ်မသိရသော) SAC တပ်ဖွဲ့များသည် (၁၅မိနစ်မှ နာရီဝက်အတွင်း) လက်နက်ကြီးများ အဆက်မပြတ် ရမ်းသန်းပစ်ခတ်ခဲ့သည်။ SAC သည် (၂၀၂၂ခုနှစ်၊ ဧပြီလနှင့်မေလအတွင်း) နှစ်ရက် သို့မဟုတ် သုံးရက်ခြားတစ်ကြိမ် လက်နက်ကြီးများ အစဉ် မပြတ် ရမ်းသန်းပစ်ခတ်လျှက်ရှိခဲ့သည်။ သို့သော်လည်း SAC မှ ပစ်ခတ်သည့်လက်နက်ကြီးပေါက်ကွဲမှုကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်း သို့မဟုတ် ပိုင်ဆိုင်မှုများပျက်စီးခြင်း မရှိခဲ့ပေ။ (တစ်ချို့လက်နက်ကြီးကျည်ဆံများသည် ရွာထဲတွင်ကျပြီး တစ်ချို့လက်နက်ကြီးလည်း ရွာအပြင်ဘက်တွင် ကျပြီး ပေါက်ကွဲခဲ့သည်။) ပနာအေပယ်ခိုဒေသတွင် SAC မှ ပစ်ခတ်ခဲ့သည့်လက်နက်ကြီးများသည် ၁၂၀မမ လက်နက်ကြီး အမျိုးအစား ဖြစ်ကြောင်း ဒေသခံများ ယူဆကြသည်။
စားနပ်ရိက္ခာပြတ်လပ်မှု
(ပနာအေပယ်ခိုဒေသတွင် နေထိုင်ကြသည့်) ရွာသားများသည် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေ ရသည်။ အကြောင်းရင်းမှာ ထိုဒေသတွင် SAC မှ စစ်လှုပ်ရှားများပြုလုပ်ခြင်းကြောင့် ရွာသားများသည် ၎င်းတို့စား ဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ရန်အခက်အခဲများ ကြုံတွေ့ခဲ့သည်မှာ လပေါင်းများစွာရှိနေပြီးဖြစ်သော ကြောင့်ဖြစ်သည်။ ဤအခြေအနေကိုကျော်ဖြတ်နိုင်ရန်အတွက် ရွာသားများသည် အချင်းချင်းကူညီပေးကြပြီး ၎င်း တို့မှာရှိသည့်စားနပ်ရိက္ခာများကို အချင်းချင်းဝေငှစားသုံးနေရပါသည်။ စားနပ်ရိက္ခာများပိုရှိကြသည့် အခြားသော ရွာသားများသည် စစ်ပုန်းရှောင်နေရသည့်ရွာသားများကို စားစရာများထောက်ပံ့ပေး၍ ကူညီပေးနေကြသည်။ ခေါခီးဒမ်း၊ ဖောခေါခီး၊ ကနယ်မူဒမ်းနှင့် ခို့သလို့ဒမ်းကျေးရွာများတွင်ရှိသည့် မိသားဝင်များအားလုံးနီးပါးသည် (၎င်းတို့ရိတ်သိမ်းပြီးရရှိခဲ့သည့်) ဆန်စပါးများ ကုန်သွားခဲ့ပြီးဖြစ်သည်။ ထိုအတွက်ကြောင့် ဆန်ကို အပြင်မှာဝယ် ယူနေရပါသည်။ သို့သော်လည်း ယနေ့အချိန်တွင် စားသောက်ကုန်ပစ္စည်းများ အလွန်ဈေးတက်နေပါသည်။ ထို့ကြောင့်ရွာသားများသည် ငွေကြေးဆိုင်ရာအခက်အခဲများရှိနေသည်။ သို့ဖြစ်၍ ရွာသားများသည် စားစရာများ ဝယ်ယူနိုင်ရန်အတွက် (နေ့စားအလုပ်အစရှိသည့်)အလုပ်များကိုရှာပြီး အလုပ်လုပ်နေရသည်။ တစ်ချို့ရွာသားများ သည်လည်း ဝင်ငွေရရှိရန်အတွက် ခြင်းတောင်းနှင့်ဖျာများကို ယက်လုပ်ခြင်းအစရှိသည့် လက်မှုလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြသည်။ တစ်ချို့ရွာသားများသည် ၎င်းတို့ပိုင်ဆိုင်သည့်ကျွဲနွားတိရိစ္ဆာန်များကို ရောင်းချရပြီး ရရှိလာ သည့်ငွေကိုသုံး၍ စားနပ်ရိက္ခာများ ဝယ်ယူခဲ့ရသည်။
(မူတြော်ခရိုင်၊ လူသောမြို့နယ်) ကျောထမှတဆင့် (ခလယ်လွီထူးခရိုင်) လယ်ဒိုမြို့မှ တပ်မဟာ (၂) (တောအူး ခရိုင်)အထိ ဆက်သွယ်ထားသည့်လမ်းမတစ်လျှောက်တွင်တည်ရှိသည့် ရွာများအားလုံးနီးပါးတွင် နေထိုင်ကြသည့် ရွာသားများသည် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် အခက်အခဲများ ကြုံတွေ့နေရသည်။ (ရွာသားများသည် အခြားနေရာ သို့ သွားလာရန်အတွက် ဤကားလမ်းမကို ဖြတ်၍သွားရသည်။) SAC တပ်ဖွဲ့များသည် ၎င်းတို့စားနပ်ရိက္ခာများနှင့် လက်နက်ခဲယမ်းများကို ရှေ့တန်းတပ်စခန်းသို့သယ်ယူပို့ဆောင်ရာတွင် (ဤကားလမ်းမကို) အသုံးပြုကြသည်။ (ထိုကဲ့သို့စားနပ်ရိက္ခာများနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်ရာတွင် ကားလမ်းမအနီးတစ်ဝိုက်တွင် လက်နက် ကြီးများပစ်ခတ်၍ ဒေသခံရွာသားများနှင့် KNLA အား ခြိမ်းခြောက်ခဲ့သည်။) ထိုဒေသတွင် ခရီးသွားလာရာတွင် အခက်အခဲ များရှိနေခြင်းနှင့် ခရီးသွားလာမှုတွင် ပိတ်ပင်ကန့်သတ်ထားမှုကြောင့် လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများအတွက် အကူအညီလိုအပ်နေသည့်ဒေသခံများကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ လာရောက်ပေးရန် မလွယ်ကူပေ။ တစ်ခါတစ်ရံတွင် ရွာသားများသည် ထိုင်းနိုင်ငံအပါအဝင် အခြားနိုင်ငံများမှ ပြန်လာသည့်အလှူရှင်များ (ကရင်လူမျိုး)မှတစ်ဆင့် ကူညီထောက်ပံ့မှုများရရှိကြသည်။ ရွာသားများသည် ဌာနေမဲ့ ပြည်တွင်းကရင် ဒုက္ခသည်များဆိုင်ရာကော်မတီ(CIDKP)နှင့် ကရင်ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးရုံး (KORD) အစရှိ သည့်အဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့မှုများ ပုံမှန်ရရှိကြသည်။ တစ်ခါတစ်ရံတွင် ရွာသားများသည် ကရင် အမျိုးသမီးအစည်းအရုံး(KWO)နှင့် ကရင်ကျောင်း ဆရာများအဖွဲ့ (KTWG) အစရှိသည့် အဖွဲ့အစည်းများထံမှလည်း ကူညီထောက်ပံ့မှုများ ရရှိကြသည်။ KORD အဖွဲ့အစည်းသည် စားနပ်ရိက္ခာများဝယ်ယူရန်အတွက် ရွာသားများအား ငွေကြေးထောက်ပံ့ခဲ့သည်။ CIDKP အဖွဲ့အစည်းမှလည်း ဆေးဝါးပစ္စည်းများ၊ အဝတ်အစားများနှင့် တာလပတ် အစရှိသည့် ထောက်ပံ့မှုများကို ကူညီပေးခဲ့သည်။ ထိုဒေသတွင် လှုပ်ရှားနေသည့် Free Burma Rangers (FBR) အဖွဲ့အစည်းလည်းရှိပြီး ၎င်းတို့သည် တစ်ခါတစ်ရံတွင် ရွာသားများအား ဆေးဝါးပစ္စည်းများနှင့် အဝတ်အစားများ အစရှိသည့်အရာများ ကူညီထောက်ပံ့ပေးခဲ့သည်။
ကျန်းမာရေးစောင့်ရှောက်မှု(ပနာအေပယ်ခိုဒေသတွင်းရှိ) ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကိုကြည့်မည်ဆိုပါက တစ်ချို့ရွာများတွင် KDHW မှ တည်ဆောက်ထားသော ကျန်းမာရေးစောင့်ရှောင်မှုစင်တာများရှိသည်။ ထို့ကြောင့် ရွာသားများသည် နေမကောင်းဖြစ်ပါက ထိုသို့သောကျန်းမာရေးစောင့်ရှောက်မှုစင်တာများသို့သွား၍ ဆေးကုသမှုများ ရရှိကြသည်။ တောထဲတွင်ထွက်ပြေးတိမ်းရှောင်ရသည့်ရွာသားများ နေမကောင်းဖြစ်ပါက ၎င်းတို့မိသားစုဝင်များ သို့မဟုတ် ဆွေမျိုးသားချင်းများသည် နီးစပ်ရာကျန်းမာရေးစောင့်ရှောက်မှုစင်တာသို့သွား၍ ဆေးဝါးများ သွားယူပေးရသည်။ သို့သော်လည်း ထိုကျန်းမာရေးစောင့်ရှောက်မှုစင်တာများတွင် ဆေးဝါးပစ္စည်းများ အလုံအလောက်မရှိသောကြောင့် တစ်ချို့ရွာသားများသည် ဒေသတွင်းရှိဆေးဆိုင်များတွင်သွား၍ ဆေးသွားဝယ်ယူရသည်။ ပိုက်ဆံမရှိသည့်တစ်ချို့ ရွာသားများသည် ဆေးဝါးများကို အကြွေးဖြင့်ဝယ်ယူပြီး ပိုက်ဆံရှိသည့်အချိန်မှသာ ဆေးဆိုင်ပိုင်ရှင်ကို ပြန်ပေး ရသည်။ ထိုဒေသတွင်အဖြစ်များဆုံးရောဂါများမှာ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး၊ နာရည်ယိုခြင်းနှင့် ဝမ်း လျှောခြင်းများဖြစ်ကြသည်။ လူငယ်တွေရော၊ လူကြီးတွေပါ ဒူးခေါင်းတွင် အရိုးအဆစ်နာကျင်မှုများကို ခံစားနေရ ပါသည်။
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ မေလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ခလယ်လွီထူး (ညောင်လေးပင်)ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစ ကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။
[2] ကရင်လူ့အခွင့်အရေးအဖွဲ့မှ ၂၀၂၁ခုနှစ်၊ မေလတွင် ထုတ်ဝေသော “ပိုမိုမြင့်မားလာသော စိုးရိမ်ပူပန်မှုများ - ၂၀၂၁ခုနှစ်၊ မတ်လအတွင်း မူတြော်ခရိုင်နှင့် ခလယ်လွီထူးခရိုင်တို့တွင် တပ်မတော်၏လေကြောင်းတိုက်ခိုက်မှုမှ ရွာသား ၁၃ဦးသေဆုံးခဲ့ပြီး ထောင်နှင်ချီသော ရွာသားများ နေရပ်ရွှေ့ပြောင်းနေထိုင်ရခြင်း” နှင့် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ဝေသော “စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည်သူများ၏ ခုခံတော်လှန်မှု - ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းအတွင်း ဖြစ်ပွားခဲ့သောမတရားမှု၊ မလုံခြုံမှု၊ အကြမ်း ဖက်မှုများနှင့်ပတ်သတ်သော သက်သေခံချက်များ” အစီရင်ခံစာများကို ကြည့်ပါ။