Fri, 25 Feb 2022

စစ်တပ်အာဏာသိမ်းခဲ့တဲ့တနှစ်ကျော်အတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူ ၄ သိန်းခွဲကျော်တိုး

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့တနှစ်ကျော်အတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူဦးရေ ၄၅၃,၀၀၀ကျော်အထိ အသစ်ထပ်တိုးလာတယ်လို့ UNHCR ကဖေဖော်ဝါရီ ၂၃ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေဒီနှစ် ဖေဖော်ဝါရီလ ၁၄ ရက် အထိ နိုင်ငံတစ်ဝှမ်းမှာ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူဦးရေ ၄ သိန်းခွဲကျော်နေပြီး အများစုဟာ အနီးအနားကတောတောင်တွေနဲ့သစ်တောနေရာတွေမှာ ယာယီပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ UNHCR ကဆိုပါတယ်။ UNHCR ကတော့ရခိုင်ပြည်နယ်အတွင်းက မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်တွေက နေရပ်စွန့်ခွာသူတွေ နေထိုင်ရာ စခန်းတွေမှာ သန့်ရှင်းတဲ့ရေမရတာကြောင့် ကလေးငယ်တွေ ကာလဝမ်းရောဂါကူးစက်ခံရမှုတွေရှိပြီး ကယားပြည်နယ် လွိုင်ကော်မြို့မှာရှိတဲ့ နေရပ်စွန့်ခွာနေထိုင်ရသူတွေအပါအဝင်ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်နေရသူ အများအပြား COVID-19 ကူးစက်ခံနေရတယ်လို့ထုတ်ပြန်ထားပါတယ်။

ဆက်စပ်ရုပ်သံ