ဤစာမျက်နှာတွင် KHRG ၏ ကရင်ပြည်နယ်ရှိ မြေပုံအသေးစိတ်များကို ခရိုင်အလိုက်ဖော်ပြထားပြီး ၎င်းမြေပုံ များကို ကျွန်ုပ်တို့၏အစီရင်ခံစာများ၌လည်း အသုံးပြုထားပါသည်။ ယင်းမြေပုံများကို အချိန်နှင့်တစ်ပြေးညီ အသစ်ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ပါသည်။ မြေပုံများကို ပိုကြီးစွာကြည့်ရှု့ရန် အောက်ဖော်ပြပါ မြေပုံခေါင်းစဉ် ကိုနှိပ်ပါ။ လူ့အခွင့်အရေးချိုးဖောက်မှုပြမြေပုံကို အောက်တွင်ဖော်ပြထားသည့် အသေးစိတ်အချက်အလက်များ တွင် ကြည့်ရှု့နိုင်ပါသည်။
KHRG ၏လှုပ်ရှားရာနယ်မြေ
ဒေသတွင်းသတ်မှတ်ထားသည့်ကရင်ပြည်နယ်တွင် အောက်ပါနေရာဒေသများဖြစ်သည့် မြန်မာပြည်အရှေ့တောင်ပိုင်းမှ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး၏အစိတ်အပိုင်းများပါဝင်သည်။ ကရင်ပြည်နယ်သည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး တိုင်းရင်းသားကရင်လူမျိုး များမှအဓိကအားဖြင့်မှီတင်းနေထိုင်ကြသည်။ ကရင်လူမျိုးအများစုသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်ဒေသအများစုတွင် အခြားတိုင်းရင်းသားများဖြစ်သည့် ဗမာ၊ ရှမ်း၊ မွန်၊ ပအို့ဝ်အပါအဝင် တိုင်းရင်းသားလူမျိုးစုများနှင့်အတူနေထိုင်ခဲ့ကြသည်။
ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) သည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း နယ်မြေ (၇) ခု ဖြစ်သော ဒူးသထူ (သထုံ)၊ တောအူး (တောင်ငူ)၊ ခလယ်လွီထူ (ညောင်လေးပင်) ၊ မြိတ်-ထားဝယ်၊ မူတြော် (ဖာပွန်)၊ ဒူးပလာယာ နှင့် ဘားအံ စသည့်နေရာများတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။ KHRG မှ ကွင်းပိုင်းမှ သတင်းအချက်အလက်များရရှိသည့်အခါတွင် ၎င်း၏သတင်းအချက်အလက်များကို ဒေသအလိုက်စုစည်းသည်။ ထိုဒေသများကို ခရိုင်များအဖြစ်သတ်မှတ်ထားပြီး ၎င်းအား ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ - KNU) အပါအဝင် ၎င်းနှင့်သက်ဆိုင်သည်ဖြစ်စေ မသက်ဆိုင်သည်ဖြစ်စေ ထိုသို့ အသုံးပြုကြသည်။ KHRG ၏ ကျွန်ုပ်တို့၏သုတေသနပြုလုပ်သည့်ဒေသများအား ခရိုင်အမည်များအသုံးပြုခြင်းသည် နိုင်ငံရေးအရ ပတ်သက်ဆက်နွယ်ခြင်းကြောင့်မဟုတ်ပဲ ကျေးလက်ဒေသရှိပြည်သူများမှ ဤအမည်များကို အသုံးပြုလျက် ရှိသောကြောင့်ဖြစ်သည်။ ရှင်းလင်းချက်အနေဖြင့် ဤခရိုင်များအတွက် မြန်မာအသုံးအနှုန်းများကို ကွင်းထဲတွင် ထည့်သွင်းထားသော်လည်း မြန်မာအစိုးရ၏စီမံအုပ်ချုပ်မှု နယ်မြေများနှင့် ဆက်စပ်ခြင်းမရှိပါ။

