မူတြော်ခရိုင် - လက်နက်ကြီးပစ်ခတ်မှု

   

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မာထော စခန်းတွင်အခြေစိုက်နေသော ခမရ ၄၀၇ မှတပ်သားများသည် ၈၁ မမ လက်နက်ကြီးများပစ်ခတ်ခဲ့ပြီး မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာ အုပ်စု၊ ထီးဘယ်ခါထာကျေးရွာရှိ လယ်ကွင်းတစ်ခုထဲသို့ကျရောက်ခဲ့ပါသည်။ ထိုပစ်ခတ်မှုကြောင့် လယ်ထဲတွင်ကျွဲ ကျောင်းနေသောရွာသားတစ်ဦး၏ရင်ဘတ်၊ လည်ပင်းနှင့် ပေါင်တွင် လက်နက်ကြီးအပိုင်း အစထိမှန်ခဲ့ပြီးသေဆုံး သွားခဲ့ပါသည်။

Related Readings