Karen Human Rights Group
Published on Karen Human Rights Group (https://khrg.org)
Home > ကရင်နှစ်သစ်ကူးနေ့ကို ကရင်တိုင်းရင်းသားတွေ ငြိမ်းချမ်းစွာ မဖြတ်သန်းနိုင်ခဲ့


ကရင်နှစ်သစ်ကူးနေ့ကို ကရင်တိုင်းရင်းသားတွေ ငြိမ်းချမ်းစွာ မဖြတ်သန်းနိုင်ခဲ့ [1]

Friday, December 23, 2022

ဒီဇင်ဘာ ၂၂ ရက်နေ့ဟာ ကရင်လူမျိုးတွေရဲ့ နှစ်သစ်ကူးအခါသမယဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ်မှာတော့ ဒေသခံတွေ နှစ်သစ်ကူးမှာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

ကော့ကရိတ်မြို့နယ်ထဲက နှစ်သစ်ကူးနေတဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြေင့် ဒေသခံရာနဲ့ချီ ထွက်ပြေးနေကြရတယ်လို့ ကော့ကရိတ်မြို့က စစ်ဘေးဒုက္ခသည် လူငယ်တစ်ဦးက ပြောပါတယ်။

“စစ်ရေးအခြေအနေကတော့ နေ့တိုင်းလိုလို လက်နက်ကြီးကျတာပဲ။ ပြည်သူတွေကတော့ နှစ်သစ်ကူးနေ့မှာ မဖြစ်စေချင်ဘူးပေါ့။ အရင်ကတော့ ပျော်ပျော်ရွှင်ရွှင်ပဲ အိမ်တိုင်းလိုလို ရွာတိုင်းလိုလို နှစ်သစ်ကူးကျင်းပကြတယ်။ ဒီနှစ်ကတော့ အဲ့လိုမျိုးမရှိတော့ဘူး၊ ဘာမှခံစားမှု မရှိတော့ဘူး။”


Links
[1] https://khrg.org/kar/node/3354 [2] https://www.youtube.com/embed/vSKU_pVcAI4?wmode=opaque