ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) သည် ၎င်း၏ နောက်ဆုံးရေးသားထုတ်ဝေသော အကြောင်းအရာအအလိုက် အနှစ်ချုပ်အစီရင်ခံစာဖြစ်သည့် “ခိုးယူခံရသော ကလေးဘဝများ - မြန်မာပြည်အရှေ့တောင်ပိုင်းကျေး လက်ဒေသများတွင် ပဋိပက္ခအတွင်း ကလေးသူငယ်အခွင့်အရေးများ ချိုးဖောက်ခံရမှု၊ အရေးပေါ်လိုအပ်ချက်များ နှင့် ရပ်ရွာလူထု၏ကာကွယ်ရေးနည်းလမ်းများ” ကို ဝမ်းမြောက်စွာကြေညာအပ်ပါသည်။ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်သည် မြန်မာပြည်အရှေ့တောင်ပိုင်းတစ်ဝှမ်းတွင် စစ်ရေးတင်းမာ မှုများနှင့် အကြမ်းဖက်မှုများကို တိုးမြှင့်ဆောင်ရွက်လာခဲ့ပါသည်။ ဒေသတွင်းသတ်မှတ် ထားသည့် ကရင်ပြည်နယ် ရှိ ကလေးသူငယ်များသည် တိုက်ခိုက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်နစ်နာမှု အများဆုံးကြုံတွေ့ နေကြရပြီး သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ နေရာရွှေ့ပြောင်းနေ ထိုင်ရခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများ မှ စစ်သားစုဆောင်ခေါ်ယူခြင်းနှင့် စာသင်ကျောင်းများနှင့် ဆေးခန်းများ ဖျက်စီးခြင်းတို့ကို ကြုံတွေ့ခံစားခဲ့ကြ ရပါသည်။ ဤကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု အပြင် ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးစနစ်များ၏ ချွတ်ယွင်းမှုသည် ကလေးများကိုစိတ်ဒဏ်ရာ ရရှိစေပြီး၊ အာဟာရချို့တဲ့မှုနှင့် အခြေခံအခွင့်အရေးများလည်း ဆုံးရှံးခဲ့ရပါသည်။ ၎င်းသည် လူ့အဖွဲ့အစည်းများ၏ အခြေခံအုတ်မြစ်များကိုဖျက်ဆီးပြီး နောင်လာမျိုးဆက်များ အတွက် အန္တရာယ်ဖြစ်စေပါ သည်။
ဤသက်ရောက်မှုများကို ပိုမိုနားလည်နိုင်ရန်အတွက် KHRG သည် မိဘများ၊ ကလေးများနှင့် လူမှုအသိုက် အဝန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံမေးမြန်းမှု ၉၃ ခု ပြုလုပ်ခဲ့ပြီး၊ အုပ်စုဖွဲ့ဆွေးနွေးမှုတစ်ချို့ကိုလည်း ပြုလုပ် ခဲ့ပါသည်။ ထို့အပြင်၊ ကလေးများအပေါ် ပဋိပက္ခနှင့်ဆက်နွယ်သော သက်ရောက်မှုများနှင့် ပတ်သက် သည့် ယခင်မှ မှတ်တမ်းတင်ထားသော တွေ့ဆုံမေးမြန်းမှုများနှင့် ကွင်းဆင်းအစီရင်ခံစာ (၂၃၃) ခုကိုလည်း လေ့လာသုံးသပ်ခဲ့ပါ သည်။ ကလေးများနှင့် ၎င်းတို့၏ လူမှုအသိုက်အဝန်းမှ ဖွင့်ဟပြောဆိုသံများကို မြှင့်တင်ခြင်းအားဖြင့် ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှ ၂၀၂၅ ခုနှစ်၊ ဇွန်အထိ ၎င်းတို့ကြုံ တွေ့ခဲ့ရသော ထိခိုက်မှုများကို မှတ်တမ်းတင်ထားပြီး လုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာချမ်းသာသုခအ ပေါ် ၎င်းတို့၏မျှော်လင့်ချက်များကိုလည်း ထင်ဟပ်ပြသထားပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကလေးသူငယ်များကိုကာကွယ်ခြင်းသည် ပဋိပက္ခ ဖြေရှင်းမှုအတွက် ဒုတိယအရေးကြီးရာမဟုတ်ပဲ ထာဝ စဥ်ငြိမ်းချမ်းရေးတစ်ရပ်အတွက် မရှိမဖြစ်လိုအပ်သောအရာ ဖြစ်သည်။
KHRG ၏ လေ့လာရှာဖွေတွေ့ရှိချက်များအရ ဒေသခံတွင်းသတ်မှတ်ထားသော ကရင်ပြည်နယ်အတွင်းရှိ ကလေးသူငယ်များသည် မြန်မာစစ်တပ်၏ အရပ်သားနေရာဒေသများအပေါ် တိုက်ရိုက်နှင့် ခွဲခြားသတ်မှတ်မှုမရှိသည့် လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် အမြဲတစေကြောက်ရွံ့မှုဖြင့် နေထိုင်ကြရပါသည်။ အခြားလက်နက်ကိုင်အဖွဲ့များပြုလုပ်သော တိုက်ခိုက်မှုများမှာလည်း အန္တရာယ်ကိုပို၍ထပ်လောင်းဖြစ်ပေါ်စေပါ သည်။ ထိုတိုက်ခိုက်မှုများသည် ကလေးများ၏အခွင့်အရေးများကို တိုက်ရိုက်ချိုးဖောက်နေခြင်းဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကို ကြာရှည်စွာဖြစ်ပေါ်စေပါသည်။ သို့သော် အကြမ်းဖက်မှုများနှင့် ချို့တဲ့မှုများကို ရင်ဆိုင်နေကြရင်း ဒေသခံလူမှုသိုက်အဝန်းများသည် ထူးခြားပေါ်လွင်သော ရဲရင့်မှုနှင့် ကြံ့ကြံခံနိုင်စွမ်းကိုပြသ ကြပြီး အတည်တကျမရှိကျောင်းများ၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့် ကလေးကာကွယ်ရေးကွန်ယက်များကို ဆက်လက်ထိန်းသိမ်းကြကာ ကလေးများ၏ အသက်ရှင်မှု၊ ကျန်းမာချမ်သာသုခနှင့် ဂုဏ်သိက္ခာကို ကာကွယ်လျှက် ရှိနေကြသည်။ မြန်မာနိုင်ငံအတွင်းပဋိပက္ခကိုဖြေရှင်းရန် ယုံကြည်စိတ်ချရသော ကြိုးပမ်းမှုမဆိုသည့် ကလေးများနှင့် ၎င်းတို့၏ဘဝနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုထောက်ပံ့ပေးသော အရေးကြီးသောစနစ်များကို အရေးပေါ် ဦးစားပေးကာကွယ်ရန် မရှိမဖြစ်လိုအပ်နေပါသည်။
KHRG အနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ဆောင်သူများ၊ သက်ဆိုင်ရာတာဝန်ခံမှုများနှင့် အိမ်နီးချင်းနိုင်ငံများအား ဒေသဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုများကို ပံ့ပိုးပေးရန် အတွက် ချက်ခြင်းညှိနှိုင်းလုပ်ဆောင်ရန် တိုက်တွန်းထားပါသည်။ ဤအစီရင်ခံစာတွင် ကလေးသူငယ်များအား ကာကွယ်ရန်နှင့် ကြင်နာမှုကင်းမဲ့သောအကြမ်းဖက်မှုများကို ကြံ့ကြံ့ခံကာ ရပ်ရွာလူထု များ၏ အခွင့်အရေးများကို မြှင့်တင်ရန် လိုအပ်သောအရေးကြီးအဆင့်များကို ဖော်ပြထားပါသည်။
သတင်းမီဒီယာမှ ဆက်သွယ်ရန် -
- နော်ကော်ကတယ်, KHRG ပရိုဂရမ်ညွန်ကြားရေးမှူး, kawkter@khrg.org (ကရင်၊ အင်္ဂလိပ်)
- နော်ဖောလား, KHRG စည်းရုံးလုပ်ဆောင်ရေးအရာရှိ, nawpawlah@khrg.org (ကရင်၊ အင်္ဂလိပ်)
- စောသရှီး, KHRG အစီရင်ခံစာရေးသူ, sawthashee@khrg.org (မြန်မာ)
