ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလနှင့်ဒီဇင်ဘာလအတွင်း တောအူးခရိုင်၊ ဒေါ် ဖားခို (သံတောင်ကြီး) မြို့နယ်နှင့် ထောတထူ (ထန်းတပင်) မြို့နယ်များတွင် ဖြစ်ပွားခဲ့သော လက်နက်ကြီးပစ်ခတ်မှုအ ကြောင်းကို ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၉) မှ စစ်သားများသည် ဒေါ်ဖားခိုမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ရွာသားတစ်ဦးဒဏ်ရာရရှိခဲ့သည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့၌ (၁၃) မိုင်တွင်အခြေစိုက်သည့် SAC စစ်သားများသည် ဒေါ်ဖားခိုမြို့နယ်၊ ပရှောလိုကျေးရွာအုပ်စုအတွင်းသို့ လက်နက် ကြီးများ ပစ်ခတ်ခဲ့ပြီး ရွာသားလေးဦးဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ ထိုရွာသားလေးဦးထဲတွင် ကလေးနှစ်ဦးလည်း ပါဝင်သည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့၌ အခြား SAC တပ်ဖွဲ့တစ်ဖွဲ့သည် ထောတထူမြို့နယ်၊ ဒေးလို ကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးသုံးလုံးပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့သည်။ ထိုအမျိုးသမီးသည် သူမ၏သားသမီးသုံးဦးကို ပြုစုစောင့်ရှောက်ရသော မုဆိုးမတစ်ဦးဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၌ သံတောင်ကြီးလမ်း၊ (၁၆) မိုင်တွင် အခြေစိုက်သည့် SAC စစ်သားများသည် ပရှောလိုကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး အသက် (၈)နှစ်အရွယ် ကလေးတစ်ဦးဒဏ်ရာရရှိပြီး လူနေအိမ်သုံးလုံး ထိမှန်ပျက်စီးသွား သည်။ ဤလက်နက်ကြီးပစ်ခတ်မှု ဖြစ်စဉ်သုံးခုတွင် ဒေသခံရွာသားများပိုင်ဆိုင်သော စိုက်ပျိုးခြံများ၊ ဆိုက်ကယ်နှင့် အခြားပိုင်ဆိုင်မှုများ ပျက်စီးသွားခဲ့သည်။ [1]

 

 

ဒေါ်ဖားခိုမြို့နယ်တွင် SAC လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု

          ပထမဖြစ်စဉ် - ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ ညနေ (၆း၄၅) မိနစ်တွင် တောအူးခရိုင်၊ သံတောင်ကြီးလမ်း၊ အ--- ကျေးရွာ တွင် အခြေစိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၉) မှ စစ်သားများ သည် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ အ---ကျေးရွာအတွင်းသို့ လက်နက်ကြီးသုံးလုံး ပစ်ခတ်ခဲ့သည်။ ထိုကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းတစ်ခါမှမရှိခဲ့ပါ။ သို့သော် SAC သည် ကျေးရွာအတွင်း သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သည့်လက်နက်ကြီးတစ်လုံးသည် အ--- ကျေးရွာတွင်းရှိ စောဘ---၏အိမ်အနီး ရေတွင်းဘေးနားတွင်ရှိသော ကွမ်းသီးပင်များကြားတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက် ကြီးအစအနများသည် စောဘ---၏ကွမ်းသီးပင်များ၊ သရက်ပင်များ၊ ဆိုင်ကယ်၊ အိမ်နံရံနှင့်သွပ်ခေါင်မိုးများအား ထိမှန်၍ ပျက်စီးသွားခဲ့သည်။ လက်နက်ကြီးပစ်ခတ်သည့်အချိန်တွင် စောဘ--- (၄၇ နှစ်) အပါအဝင် အိမ်ထဲတွင် လူငါးဦးရှိနေခဲ့ သည်။ လက်နက်ကြီးအစတစ်ခုသည် စောဘ---၏ညာဖက်မျက်ခုံးအပေါ်ကို ထိမှန်ပြီး အရေပြား၌ စိုက်ကျန်နေခဲ့သည်။ စောဘ---၏မိသားစုသည် ၎င်း၏အရေပြားတွင်စိုက်ဝင်နေသည့်လက်နက်ကြီးအစကို လက်သည်းညှပ်နှင့်ညှပ်ပြီးဆွဲ ထုတ်၍ အိမ်ထဲမှာပင် ဆေးကုသမှုပေးခဲ့သည်။ စောဘ---သည် ဒဏ်ရာအရှိန်ကြောင့် အိပ်ယာပေါ်တွင်လှဲပြီး အဖျား တက်နေပါသည်။ (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရရှိသည့်သတင်းအရ စောဘ---သည် ဒဏ်ရာပျောက်ကင်းသွား၍ နေပြန်ကောင်းလာပြီးဖြစ်သည်။)  

          ဒုတိယဖြစ်စဉ် - ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ ည (ရး၄၇) မိနစ်ဝန်းကျင်တွင် ဒေါ်ဖားခိုမြို့နယ်၊ (၁၃)မိုင်တွင် အခြေစိုက် သော SAC စစ်သားများသည် ဒေါ်ဖားခိုမြို့နယ်၊ ပရှောလိုကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့ သည်။ (၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင်) ထိုဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ SAC စစ်သားများ သည် လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သည့်လက်နက်ကြီးတစ်လုံးသည် ပရှောလိုကျေးရွာ အုပ်စု၊ ဃ--- ကျေးရွာရှိ ရွာသားအိမ်နှစ်လုံးကြားတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါအိမ်နှစ်လုံး၏ပိုင်ရှင်များမှာ ဒေါ်ဒ--- (၂၅နှစ်) နှင့် ဦးဆ--- (၅၆နှစ်)တို့ဖြစ်ကြသည်။ ဦးဆ---သည် ဒေါ်ဒ---၏ဖခင်ဖြစ်သည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲသည့်အချိန်တွင် ဦးဆ---နှင့်သူ၏ဇနီးဖြစ်သူ ဒေါ်ဖ---သည် အိမ်ထဲတွင် ရှိနေပါသည်။ ထိုလက်နက်ကြီးပေါက်ကွဲမှုကြောင့် လက်နက်ကြီးအစတစ်ခုသည် ဦးဆ---၏ညာဖက်ဒူးခေါင်းကို ထိမှန်ပြီး ဒဏ်ရာရရှိ ခဲ့သည်။ ဦးဆ---သည် အိမ်ထဲတွင်ဆေးကုသမှုခံယူပြီး သူ၏မိသားစုက သူ၏ဒဏ်ရာကို ကုသပေးခဲ့သည်။ လက်နက် ကြီးကြောင့် ဦးဆ---၏အိမ်ခေါင်မိုး၊ အုတ်ဖြင့်တည်ဆောက်ထားသောအိမ်နံရံ၊ အိမ်ပျဉ်ပြား၊ ဗုဒ္ဓဘုရားစင်၊ အိမ်သာ၊ ဝက်ခြံ၊ ရေပုံးကြီး၊ ရေကန်အုတ်နံရံ၊ အိုးခွက်ပန်းကန်များနှင့် အခြားအိမ်အသုံးအဆောင်ပစ္စည်းများအား ထိမှန်ပျက်စီး သွားခဲ့သည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲသည့်အချိန်တွင် ဒေါ်ဒ---၏မိသားစုဝင်လေးဦးသည် သူမ၏အိမ်ထဲတွင် ရှိနေပါသည်။ လက်နက်ကြီးအစသည် ဒေါ်ဒ---၏ပေါင်ကိုရှပ်ထိ၍ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ ထို့အပြင် ဒေါ်ဒ---၏သားနှစ်ဦး လည်း လက်နက်ကြီးအစထိမှန်ပြီးဒဏ်ရာရရှိခဲ့သည်။ ဒေါ်ဒ---၏သားနှစ်ဦးမှာ ဂ--- (၆နှစ်) နှင့် ဟ--- (တစ်နှစ်ခွဲ) တို့ဖြစ် ကြသည်။ လက်နက်ကြီးအစတစ်ခုသည် ဂ---၏ဝမ်းဗိုက်ကိုရှပ်ထိပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ အခြားလက်နက် ကြီးအစတစ်ခုသည် ဟ---၏ဦးခေါင်းညာဖက်ကို ရှပ်ထိ၍ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ (၎င်းတို့သုံးဦးရရှိသည့်ဒဏ်ရာ သည် စိုးရိမ်ရသည့်အထိမရှိသောကြောင့် အိမ်ထဲမှာပင် ဆေးကုသမှုခံယူခဲ့သည်။) လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဒေါ်ဒ---၏အိမ်ခေါင်မိုး၊ အိမ်တံခါး၊ ကော်ဆီပါပုံး၊ အိမ်အုတ်နံရံ၊ ကြက်အိပ်တန်းနှစ်ခုနှင့်အခြားအိမ်အသုံးအဆောင် ပစ္စည်းများလည်း ထိမှန်ပျက်စီးသွားခဲ့သည်။

လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားပြီး နောက်တစ်မနက်တွင် ဒေါ်ဒ---၏မိသားစုသည် အခြားရွာမှာ (ပရှောလိုကျေးရွာအုပ် စု၊ ဧ--- ကျေးရွာ) ရှိသော သူမ၏ဆွေမျိုးအိမ်သို့သွား၍ ရွှေ့ပြောင်းနေထိုင်ခဲ့ပြီး သူမ၏မိသားစုသည် ဆွေမျိုးအိမ်တွင် ဒဏ်ရာများကိုကု၍ ဆေးကုသမှုခံယူခဲ့သည်။ ဒေါ်ဒ---၏ဖခင်ဖြစ်သူ ဦးဆ---နှင့် မိခင်ဖြစ်သူ ဒေါ်ဖ---တို့သည် ဘယ်မှ မသွားပဲ ဃ---ကျေးရွာရှိ ၎င်းတို့အိမ်တွင်သာ ကျန်ရစ်နေထိုင်ခဲ့သည်။

          တတိယဖြစ်စဉ် - ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက် (၈း၃၉) မိနစ်တွင် တောအူးခရိုင်၊ သံတောင်ကြီးလမ်း၊ ရေပူစမ်းကျေးရွာဟု ခေါ်သော (၁၆)မိုင်တွင် အခြေစိုက်သည့် SAC တပ်စခန်းတစ်ခုမှ စစ်သားများသည် ဒေါ်ဖားခိုမြို့နယ်၊ ပရှောလိုကျေး ရွာအုပ်စု၊ ဧ--- ကျေးရွာအတွင်းသို့ လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သည့်လက်နက်ကြီးတစ်လုံးသည် ကျေးရွာအတွင်းရှိ ရွာသားတစ်ဦး၏အိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ အိမ်ပိုင်ရှင်သည် ဦးသ---ဖြစ်သည်။ လက် နက်ကြီးပေါက်ကွဲမှုကြောင့် ဦးသ---၏အိမ်နှင့်အိမ်ထဲရှိအိမ်အသုံးအဆောင်ပစ္စည်းများဖြစ်သော ကုလားထိုင်၊ လျှပ်စစ် ပန်ကာ၊ အိုးခွက်များနှင့် ရေစုပ်စက်မော်တာတစ်လုံးပျက်စီးသွားခဲ့သည်။ SAC လက်နက်ကြီးပစ်ခတ်သည့်အချိန်တွင် ဦးသ---နှင့်သူ၏ဇနီးတို့သည် အိမ်ရှေ့အနီးနားတွင် ရှိနေသောကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ပေ။

လက်နက်ကြီးအစအနများသည် ဦးသ---၏အိမ်အနီးရှိ မက---၏အိမ်ပြတင်းပေါက်ကိုလည်း ထိမှန်၍ပျက်စီးသွားခဲ့ သည်။ မက---သည် ဦးသ---၏အကြီးဆုံးသမီးဖြစ်သည်။ ထို့အပြင် လက်နက်ကြီးအစအနသည် လ---၏အိမ်နံရံ၊ အိမ် ခေါင်မိုးနှင့် အိမ်ပြတင်းပေါက်ကိုလည်းထိမှန်ပြီး ပျက်စီးသွားခဲ့သည်။ လ---သည် ဦးသ---၏အငယ်ဆုံးသမီးဖြစ်သည်။ လက်နက်ကြီးပစ်ခတ်သည့်အချိန်တွင် လ---၏သားဖြစ်သူ မ--- (၈နှစ်) သည် အိမ်အနီးနားတွင် ရှိနေခဲ့ပြီး လက်နက်ကြီး အစတစ်ခုသည် ၎င်း၏ညာဖက်ပေါင်ကို ရှပ်ထိ၍ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ ဒဏ်ရာရရှိသည့်ကလေးသည် အိမ်ထဲ တွင် ဆေးကုသမှုခံယူခဲ့ပြီး သူ၏မိသားစုက ဒဏ်ရာကုပေး၍ ပျောက်ကင်းသွားပြီးဖြစ်သည်။

ဒေသခံရွာသားများသည် အခြားလက်နက်ကြီးတစ်လုံး၏ပေါက်ကွဲသံကို မကြားရသောကြောင့် မည်သည့်နေရာတွင် ကျရောက်ပေါက်ကွဲခဲ့သည်ကို မသိရှိခဲ့ရပါ။    

ထောတထူမြို့နယ်တွင် SAC လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးမှု

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ (၄) နာရီဝန်းကျင်တွင် တောအူးခရိုင်၊ သံတောင်ကြီးလမ်း၊ န--- ကျေးရွာအနီးတွင် တည်ရှိသော SAC တပ်စခန်းတစ်ခုမှ စစ်သားများသည် ထောတထူမြို့နယ်၊ ဒေးလို ကျေးရွာအုပ်စု၊ န--- ကျေးရွာအတွင်းသို့ လက်နက်ကြီးသုံးလုံးပစ်ခတ်ခဲ့သည်။ ထိုနေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမ ရှိဘဲ SAC သည် ကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်သည့်အချိန်တွင် အမျိုးသမီးတစ်ဦးဖြစ်သူ မဝ---သည် ကျေးရွာအလယ်နှင့်အနည်းငယ်ဝေးသော ရေတွင်းဘေးနားတွင် ရေချိုးနေပါသည်။ မဝ---ကို ပ---ဟုလည်း သိရှိကြသည်။ ရေတွင်းသည် ကျေးရွာဘုန်းကြီးကျောင်းနှင့် အနည်းငယ်ဝေးသည်။ SAC ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံးသည် မဝ--- ရေချိုးနေသည့်နေရာနှင့် (၅)ကိုက်အ ကွာတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးအစအနများသည် မဝ---၏လည်ပင်း၊ ခြေထောက်နှင့်တစ် ကိုယ်လုံးကိုထိမှန်၍ ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ မဝ---သည် အသက် (၃၀) ရှိပြီး ကလေးသုံး ဦး၏မိခင်ဖြစ်သည်။ (သူမ၏ကလေးသုံးဦးသည် သားယောင်္ကျားလေးများဖြစ်ကြပြီး အသက် (၈)နှစ်အောက်က လေးများဖြစ်သည်။) သူမ၏ခင်ပွန်းသည် အခင်းမဖြစ် ပွားမီလွန်ခဲ့သည့် (၁၉) ရက်က ရောဂါဖြင့်သေဆုံးသွားခဲ့ ပြီးဖြစ်သည်။ သူမ၏ခင်ပွန်းသေဆုံးပြီး ရက် (၂၀) မြောက်နေ့တွင် သူမလည်း လက်နက်ကြီးထိမှန်ပြီး သေဆုံး သွားခဲ့သည်။ မဝ---၏အခြားသောမိသားစုဝင်များသည် သူမ၏ကလေးသုံးဦးကို စောင့်ရှောက်ပေးခဲ့သည်။

အခြားလက်နက်ကြီးနှစ်လုံးသည် ကျေးရွာနှင့်အနည်းငယ်ဝေးသော ကျွန်းစိုက်ခင်းထဲတွင် ကျရောက်ပေါက်ကွဲ ခဲ့သည်။ ထိုကျွန်းစိုက်ခင်းသည် မြန်မာအစိုးရပိုင်သော ကျွန်းစိုက်ခင်းဖြစ်သည်။ (ထိုလက်နက်ကြီးပေါက်ကွဲမှု ကြောင့် တစ်ချို့ကျွန်းပင်များ ထိခိုက်ပျက်စီးသွားခဲ့သည်။)

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် လက်ခံရရှိသည့်သတင်း -

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း လက်ခံရရှိသည့်သတင်းအရ SAC သည် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက် စီးသွားသည့်အိုးအိမ်ပစ္စည်းများ သို့မဟုတ် သေဆုံး၊ ဒဏ်ရာရရှိခဲ့သောရွာသားများအတွက် လျော်ကြေးငွေပေး ခြင်းမရှိ ပါ။ ထို့အပြင် SAC သည် ၎င်းတို့လုပ်ရပ်အတွက် ရွာသားများကိုလည်း တောင်းပန်ခြင်းလည်းမရှိပါ။ ဒေသခံရွာသားများ သည် ဤလက်နက်ကြီးဖြစ်စဉ်အတွက် တရားမျှတမှုကို လိုချင်ကြသည်။ SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများအနေဖြင့် ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်မှုများရှိကြသည်။ ဤအခြေအနေကို တာဝန်ရှိသူများအားတင်ပြ ပြီး SAC သည် ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများမလုပ်ကြရန်အတွက် ရွာသားများက KHRG အား တောင်းဆိုခဲ့သည်။  

Thu, 13 Feb 2025

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလနှင့်ဒီဇင်ဘာလအတွင်းတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့် အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေ အား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစ ကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤနောက်ဆုံးရဒေ သတွင်းသတင်းတိုသည် ကွင်းထဲမှ အစီရင်ခံစာ (၄) ခုကို အခြေခံ၍ ရေးသားပြုစုထားပါသည်။ အစီရင်ခံစာ (၄) ခု၏စာအမှတ်မှာ 24-410-D1၊ 24-411-D1၊ 24-431-D1 နှင့် 24-473-D1 တို့ဖြစ်သည်။

Related Readings