ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း တောအူး (တောင်ငူ) ခရိုင်၊ ဒေါ်ဖားခို (သံ တောင်ကြီး) မြို့နယ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် ဒေါ်ဖားခိုမြို့နယ်၊ ဝေထူးကျေးရွာအုပ်စုအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) မှ တပ်ရင်းအမှတ်မသိရသောတပ်ဖွဲ့တစ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပုဝါနီစစ် ကြောင်းတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် SAC စစ်သားများသည် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးကို သတ်ဖြတ်ပြီး ရွာသားခြောက်ဦးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် ဖမ်းဆီးရမိသောရွာသားလေးဦးကို သတ်ဖြတ် ခဲ့သည်။ ထို့အပြင် SAC စစ်သားများသည် PDF စစ်သားခုနှစ်ဦးကို ဖမ်းဆီးရမိပြီးနောက် သတ်ဖြတ်ခဲ့သည်။ ဇန်နဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တွင် SAC စစ်သားများသည် ဝေထူးကျေးရွာအုပ်စုရှိ လူနေအိမ်အလုံး (၃၀) ကျော်ကို မီးရှို့ဖျက် ဆီးခဲ့သည်။ ဤသို့အကြမ်းဖက်လုပ်ရပ်များကြောင့် ရွာသားများ (၁၀၀၀) ကျော်သည် နေရပ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ ရသည်။ အဆိုပါစစ်ရှောင်ရွာသားများသည် ယခုအချိန်တွင် အရေးပေါ်ကူညီထောက်ပံ့မှုများ လိုအပ်နေပါသည်။ [1]
ဝေထူးကျေးရွာအုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားခြင်း၊ ရွာသားများအား သတ်ဖြတ်ခြင်းနှင့် အဓမ္မဖမ်းဆီးခြင်း
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် တပ်ရင်းအမှတ်မသိရသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်ဖွဲ့ တစ်ဖွဲ့မှ စစ်သားအင်အား (၈၀) ခန့်သည် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ဝေထူးကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်း ထိုးလာခဲ့သည်။ အဆိုပါ SAC စစ်သားများသည် ဒေါ်ဖားခိုမြို့နယ်တွင် အခြေစိုက်သည့်တပ်ရင်းများ စုပေါင်းဖွဲ့စည်း ထားသောတပ်ဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း ဒေသခံရွာသားများက ဆိုသည်။ SAC စစ်သားများသည် ဝေထူးကျေးရွာအုပ်စု အတွင်း စစ်ကြောင်းထိုးသွားလာနေသည့်အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပုဝါနီစစ်ကြောင်းအဖွဲ့ သားများနှင့်ထိပ်တိုက်တွေ့ဆုံ၍ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ဝေထူးကျေးရွာအုပ်စု၊ အ--- ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ PDF ပုဝါနီစစ်ကြောင်းသည် တောအူးခရိုင်အတွင်း တပ်မဟာ (၂) ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်တွင် လှုပ်ရှားနေသောတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည်။ အဆိုပါတိုက်ပွဲသည် အချိန်တိုအတွင်း (မိနစ်သုံးဆယ်ခန့်) ဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် SAC စစ်သားများသည် အ--- ကျေးရွာသို့သွား၍ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဘ---ကို ၎င်းအိမ်တွင် သွားရောက် ဖမ်းဆီးခဲ့သည်။ SAC စစ်သားများသည် ဦးဘ---ကို အိမ်အပြင်သို့ခေါ်ထုတ်ပြီး သတ်ဖြတ်ခဲ့သည်။ ထို့နောက် ဦးဘ---၏ အလောင်းကို ၎င်းအိမ်ထဲသို့ ပြန်ပစ်ထားခဲ့သည်။ SAC စစ်သားများမှ ဦးဘ---အား သတ်ဖြတ်သည့်ဖြစ်စဉ်ကို ကျေးရွာရှိ ရွာသားများက မြင်တွေ့ခဲ့သည်။ ထို့အပြင် SAC စစ်သားများသည် အ--- ကျေးရွာမှ ရွာသားအချို့ကိုဖမ်းဆီးခဲ့သည်။ သို့သော်လည်း KHRG အနေဖြင့် ဖမ်းဆီးခံရသည့်ရွာသားများ၏နာမည်များကို မသိရှိခဲ့ရပါ။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့၌ ဝေထူးကျေးရွာအုပ်စု၊ ဆ--- ကျေးရွာအနီးတွင် အဆိုပါ SAC တပ်ဖွဲ့နှင့် PDF ပုဝါနီ စစ်ကြောင်းတို့ကြား တဖန်တိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။ အဆိုပါတိုက်ပွဲသည် အချိန်အတော်ကြာ (နာရီအနည်းငယ်) ဖြစ် ပွားခဲ့သည်။ ထို့ကြောင့် တစ်ချို့ PDF တပ်သားများသည် ကျည်ဆံကုန်သွားခဲ့သည်။ ထို့နောက် PDF တပ်သား (၇) ဦးသည် အ--- ကျေးရွာအနီးရှိ အ---တံတားသို့ ထွက်ပြေးပုန်းရှောင်ခဲ့သည်။ SAC စစ်သားများသည် အ---တံတားတွင် ပုန်းနေသည့် PDF တပ်သား (၇) ဦးကိုဖမ်းဆီး၍ သတ်ပစ်ခဲ့သည်။ တိုက်ပွဲအတွင်း အခြား PDF တပ်သားတစ်ချို့လည်း ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် SAC စစ်သားများသည် ဆ--- ကျေးရွာမှ ရွာသားအချို့ကိုလည်း ဖမ်းဆီးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့နှင့် ၃ ရက်နေ့အတွင်း SAC စစ်သားများသည် ဆ--- ကျေးရွာနှင့်အ--- ကျေးရွာတို့မှ စုစုပေါင်းရွာသား (၆) ဦးဖမ်း ဆီးမိခဲ့သည်။ ဒေသခံရွာသားများပြောပြချက်အရ SAC စစ်သားများသည် ၎င်းတို့ဖမ်းဆီးမိသည့်ရွာသား (၄) ဦးကို သတ် ဖြတ်ခဲ့သည်။ (KHRG သည် အဆိုပါရွာသားများ အသတ်ခံရသည့်အခြေအနေနှင့်ပတ်သက်၍ သတင်းအသေးစိတ်ရယူ နိုင်ခြင်းမရှိခဲ့ပေ။) ဒေသခံရွာသားတစ်ချို့သည် SAC စစ်သားများအနေဖြင့် PDF တပ်သားများနှင့်ဖမ်းဆီးခံရသည့်ရွာ သားများကို ဘယ်လိုသတ်ဖြတ်ခဲ့သည့်အခြေအနေကို ၎င်းတို့လူမှုကွန်ယက်ဖေ့စ်ဘွတ်တွင် တင်ထားသည့်ဗီဒီယိုတစ်ခု အား မြင်တွေ့ခဲ့ကြောင်း တင်ပြခဲ့သည်။ အဆိုပါဗီဒီယိုတွင် SAC စစ်သားများသည် တစ်ချို့ PDF တပ်သားနှင့်ရွာသား များကို လည်လှီး၍သတ်ဖြတ်ခြင်းရှိသလို တစ်ချို့ PDF တပ်သားနှင့်ရွာသားများကို သေနတ်ဖြင့်ပစ်သတ်သည့်အခြေအ နေကို မြင်တွေ့ခဲ့ကြောင်း ရွာသားများက ဆိုသည်။
ဝေထူးကျေးရွာအုပ်စုတွင်ဖြစ်ပွားခဲ့သည့် လူနေအိမ်မီးရှို့ခြင်းနှင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်ရခြင်း
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တွင် SAC စစ်သားများသည် ဆ--- ကျေးရွာရှိ လူနေအိမ် အလုံး (၃၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် SAC သည် စစ်ကား (၁၀) စီးဖြင့် ၎င်းတို့စစ်သား အင်အားများကိုဖြည့်တင်လာပြီး ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှ ဝေထူးကျေးရွာအုပ်စုရှိ အ---၊ ဆ---၊ ဒ---နှင့် ဃ--- ကျေးရွာများသို့ ပို့ဆောင်ခဲ့သည်။ လက်ရှိအချိန်တွင် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း) ဝေထူးကျေးရွာအုပ်စုတွင် SAC စစ်သားအင်အား (၅၀၀) အထက်မှာရှိသည်ဟု သိရှိရသည်။
SAC ၏စစ်ကြောင်းထိုးမှု၊ စစ်သားအင်အားဖြည့်စွက်မှု၊ လူနေအိမ်များ မီးရှို့ဖျက်ဆီးမှုနှင့် ရွာသားများအား သတ်ဖြတ်မှု များတို့ကြောင့် တစ်ချို့ရွာသားများသည် မြို့သို့ထွက်ပြေးတိမ်းရှောင်ကြသည်။ တစ်ချို့လည်း တောထဲသို့ ထွက်ပြေးကြ သည်။ တစ်ချို့လည်း အခြားရွာများသို့ ထွက်ပြေးပုန်းရှောင်ကြသည်။ ရွာသားများသည် ထွက်ပြေးတိမ်းရှောင်ရသည့်အ ခြေအနေတွင် (စားစရာ၊ အဝတ်အစား သို့မဟုတ် အိမ်အသုံးအဆောင်ကဲ့သို့သောပစ္စည်းများ) ဘာတစ်ခုမှ သယ်ယူ ဆောင်နိုင်ခြင်းမရှိခဲ့ပေ။ ဝေထူးကျေးရွာအုပ်စုရှိ ကျေးရွာ (၇) ရွာမှ ရွာသားများသည် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။ ထိုကျေးရွာ (၇) ရွာမှာ အ---၊ ဆ---၊ ဃ---၊ ဒ---၊ ဂ---၊ ဟ--- နှင့် အမည်မသိရသောအခြားရွာတစ်ရွာဖြစ်ကြ သည်။ အဆိုပါရွာ (၇) ရွာမှ ရွာသားတော်တော်များများသည် ဝေထူးကျေးရွာအုပ်စုရှိ ဧ--- ကျေးရွာ၊ သ--- ကျေးရွာနှင့် အမည်မသိရသောအခြားရွာများသို့ ထွက်ပြေးပုန်းရှောင်ခဲ့သည်။ ဧ--- ကျေးရွာတွင် စစ်ပြေးရှောင်ရွာသားများဦးရေ (၁၀၀၀)ခန့်ရှိသည်။ မြို့များ၊ တောတောင်များနှင့် အခြားရွာများသို့ ထွက်ပြေးပုန်းရှောင်ကြသည့်ရွာသားများဦးရေ အရေ အတွက်ကို မသိရှိရပါ။ စစ်ပြေးရှောင်ရွာသားများအား ပြုစုစောင့်ရှောက်သည့် ဒေသခံရွာသားတစ်ဦးဖြစ်သူ စောက---၏ပြောပြချက်အရ စစ်ပြေးရှောင်ရွာသားများအတွက် စားနပ်ရိက္ခာနှင့်အဝတ်အစားများ အရေးပေါ်လိုအပ်နေပါသည်။ စစ်ပြေးရှောင်ရွာသားများသည် လူသားချင်းစာနာထောက်ထားမှုပေးသည့်အဖွဲ့အစည်းထံမှ အရေးပေါ်အကူအညီများ ရရှိရန် တောင်းဆိုကြသည်။ (စောက---၏ပြောပြချက်အရ) ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း လုံခြုံရေးအခြေအနေ ကြောင့် အဆိုပါစစ်ပြေးရှောင်ရွာသားများသည် ၎င်းတို့ရွာသို့ပြန်လာနေထိုင်နိုင်ရန်အတွက် အချိန်ကြာအုန်းမည်ဖြစ် ကြောင်းဆိုသည်။ လက်ရှိအခြေအနေတွင် ဝေထူးကျေးရွာအုပ်စုရှိ အခြားရွာသားများသည် ပို၍ထွက်ပြေးပုန်းရှောင်ရ မည့်အခြေအနေရှိလာနိုင်ဖွယ်ရှိကြောင်း စောက---က ပြောသည်။
ဤသတင်းအကြောင်းအရာများကို ဝေထူးကျေးရွာအုပ်စုမှ ရွာသားနှစ်ဦး၊ ပရှောလိုကျေးရွာအုပ်စုမှ ရွာသားနှစ်ဦးနှင့် စစ်ပြေးရှောင်ရွာသားများကိုပြုစုစောင့်ရှောက်သည့်ဒေသခံရွာသားတစ်ဦးတို့မှ ပေးပို့ပြောပြ၍သိရှိရခြင်းဖြစ်သည်။ (ထို့ အပြင် တိုက်ပွဲဖြစ်ပွားသည့်တစ်ချို့အကြောင်းအရာများနှင့်ပတ်သက်၍ KHRG ကွင်းဆင်းလုပ်သားသည် တောအူးခရိုင် အတွင်းလှုပ်ရှားနေသော တပ်ရင်းအမှတ်မသိရသည့်အခြား PDF တပ်ရင်းတစ်ရင်းမှ PDF ခေါင်းဆောင်တစ်ဦးပေးပို့ ပြောပြသောသတင်းကို လက်ခံရရှိခဲ့သည်။)
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။