ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း မူတြော် (ဖာပွန်) ခရိုင်၊ ဘူးသိုမြို့နယ်တွင် ဖြစ်ပွား ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့၌ ကူးဆိတ်တပ်စခန်းတွင် အခြေစိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၃၄)မှ စစ်သားများ (၂၀၀) ကျော်သည် ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ဇ---ကျေးရွာမှ ရွာသား (၁၁) ဦးကို ဖမ်းဆီးခဲ့သည်။ SAC စစ် သားများသည် ဖမ်းဆီးထားသည့်ရွာသား (၇)ဦးကို ပြန်လွတ်ပေးခဲ့ပြီး ကျန်ရှိသည့်ရွာသားလေးဦးကို ၎င်းတို့အတွက် လမ်းပြအဖြစ်လုပ်ဆောင်ပေးရန် ခိုင်းစေခဲ့သည်။ ထို့အပြင် SAC စစ်သားများသည် ခမရ (၄၃၄) တပ်စခန်းသို့ သွားနေ သည့်အချိန်တွင် အဆိုပါရွာသားလေးဦးကို လူသားဒိုင်းသဖွယ်အသုံးပြု၍ ခိုင်းစေခဲ့သည်။ လမ်းခရီးတွင် SAC စစ်သား များသည် KNLA စစ်သားများနှင့်ထိပ်တိုက်တွေ့ဆုံပြီးနောက် SAC စစ်သားများသည် ဖမ်းဆီးထားသည့်ရွာသားတစ်ဦး ကို ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်၍ ၎င်းအား သတ်ပစ်ရန်ခြိမ်းခြောက်ခဲ့သည်။ အဆိုပါရွာသားလေးဦးသည် SAC စစ်သား များအတွက် လမ်းပြအဖြစ်တစ်နေကုန်လုပ်ဆောင်ပေးခဲ့သော်လည်း စားစရာများရရှိခြင်း သို့မဟုတ် အစာစားခွင့်ရရှိ ခြင်းမရှိခဲ့ပေ။ ထိုရွာသားလေးဦးသည် ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း ၎င်းတို့နှင့်၎င်းတို့မိသားစုဝင်များအနေ ဖြင့် စိတ်မကောင်းစရာအခြေအနေနှင့်ကြုံတွေ့ရပြန်သည်။ ထို့အပြင် SAC စစ်သားများသည် ဇ---ကျေးရွာအနီးရှိ တော ထဲတွင် ဖမ်းဆီးခဲ့သည့်ရွာသား (၁၁) ဦးဆီမှ နားကပ်လေးစုံ၊ လက်စွပ်တစ်ကွင်းနှင့် ငွေကြေးများကို လုယက်ခဲ့သည်။ ထိုမျှမက SAC စစ်သားများသည် ဇ--- ကျေးရွာထဲရှိ ရွာသားတစ်ဦး၏နေအိမ်ကို ဖောက်ထွင်း၍ ပစ္စည်းဥစ္စာများသိမ်း ဆည်းထားသည့်သေတ္တာတစ်လုံးကို ဖျက်ဆီးခဲ့ပြီး အင်္ကျီသုံးထည်နှင့်အဆောင်ကြိုးတစ်ခုကို ခိုးယူခဲ့သည်။ [1]
အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
အခင်းဖြစ်ပွားမှုအမျိုးအစား |
အခင်းဖြစ်ပွားမှုအမျိုးအစား |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ရွာသားများကို အဓမ္မဖမ်းဆီးခြင်း၊ လမ်းပြနှင့်လူသားဒိုင်းအဖြစ် အသုံးပြုခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း |

အခင်းဖြစ်ပွားသည့်နေ့ရက် |

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ |
အခင်းဖြစ်ပွားမှုအမျိုးအစား |
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ဇ--- ကျေးရွာ |

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |

အမည် |
စောဟ--- | |
(စောဟ---၏) အငယ် ဆုံးညီ (အမည်မသိရ) | |
(စောဟ---၏) တူလေး (အမည်မသိရ) | |
ဝ--- |
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
အသက် |
၄၂ နှစ် | |
မသိရှိရ | |
မသိရှိရ | |
မသိရှိရ |
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
ကျား/မ |
ကျား | |
ကျား | |
ကျား | |
ကျား |
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
လူမျိုး |
ကရင် | |
ကရင် | |
ကရင် | |
ကရင် |
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
အိမ်ထောင် ရှိ/မရှိ |
ရှိ | |
မသိရှိရ | |
မသိရှိရ | |
မသိရှိရ |
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
အလုပ်အကိုင် |
လယ်ယာ(တောင်ယာ) | |
မသိရှိရ | |
မသိရှိရ | |
မသိရှိရ |
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
ကိုးကွယ်သည့် ဘာသာ |
မိရိုးဖလာနတ် ကိုးကွယ်သူ | |
မသိရှိရ | |
မသိရှိရ | |
မသိရှိရ |
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
ရာထူးအဆင့် |
ရွာလူကြီး | |
ရွာသား | |
ရွာသား | |
ရွာသား |
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
နေရပ် ရွာအမည် |
မယ်ကလောကျေးရွာအုပ်စု၊ ဇ--- ကျေးရွာ | |
မယ်ကလောကျေးရွာအုပ်စု၊ ဇ--- ကျေးရွာ | |
မယ်ကလောကျေးရွာ အုပ်စု၊ ဇ--- ကျေးရွာ | |
မယ်ကလောကျေးရွာအုပ်စု၊ ဇ--- ကျေးရွာ |
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
အမည် |
စောဟ--- |
(စောဟ---၏) အငယ် ဆုံးညီ (အမည်မသိရ) |
(စောဟ---၏) တူလေး (အမည်မသိရ) |
ဝ--- |
အသက် |
၄၂ နှစ် |
မသိရှိရ |
မသိရှိရ |
မသိရှိရ |
ကျား/မ |
ကျား |
ကျား |
ကျား |
ကျား |
လူမျိုး |
ကရင် |
ကရင် |
ကရင် |
ကရင် |
အိမ်ထောင် ရှိ/မရှိ |
ရှိ |
မသိရှိရ |
မသိရှိရ |
မသိရှိရ |
အလုပ်အကိုင် |
လယ်ယာ(တောင်ယာ) |
မသိရှိရ |
မသိရှိရ |
မသိရှိရ |
ကိုးကွယ်သည့် ဘာသာ |
မိရိုးဖလာနတ် ကိုးကွယ်သူ |
မသိရှိရ |
မသိရှိရ |
မသိရှိရ |
ရာထူးအဆင့် |
ရွာလူကြီး |
ရွာသား |
ရွာသား |
ရွာသား |
နေရပ် ရွာအမည် |
မယ်ကလောကျေးရွာအုပ်စု၊ ဇ--- ကျေးရွာ |
မယ်ကလောကျေးရွာအုပ်စု၊ ဇ--- ကျေးရွာ |
မယ်ကလောကျေးရွာ အုပ်စု၊ ဇ--- ကျေးရွာ |
မယ်ကလောကျေးရွာအုပ်စု၊ ဇ--- ကျေးရွာ |
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |

ရာထူး | |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ | |
အခြေစိုက်သည့်နေရာဒေသ | |
အထက်အရာရှိ အမည် |
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
ဘလေး |
ဗိုလ်ကြီး | |
SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၃၄) | |
မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စုရှိ ကူးဆိတ်တပ်စခန်း | |
မသိရှိရ |
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
အမည် |
ရာထူး |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ |
အခြေစိုက်သည့်နေရာဒေသ |
အထက်အရာရှိ အမည် |
ဘလေး |
ဗိုလ်ကြီး |
SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၃၄) |
မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စုရှိ ကူးဆိတ်တပ်စခန်း |
မသိရှိရ |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |

ဤဖြစ်စဉ်နှင့်ပတ်သက်၍ မူတြော်ခရိုင်၊ လူသောမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) မြို့နယ်ရုံးမှ ဝန်ထမ်း တစ်ဦးသည် KHRG ကွင်းဆင်းလုပ်သားတစ်ဦးအား ကြေးနန်းပို့၍ အကြောင်းကြားခဲ့သည်။ ၂၀၂၄ ခု နှစ်၊ ဧပြီလ ၂ ရက် နေ့တွင် အခင်းဖြစ်ပွားပြီးနောက်တွင် KHRG ကွင်းဆင်းလုပ်သားသည် ဒေသခံခေါင်းဆောင်တစ်ဦးအား (လုံခြုံရေး အတွက် ရာထူးအရင်းကိုဆင်ဆာဖြတ်ထားပါသည်) သွားရောက်တွေ့ဆုံ၍ အင်တာဗျူးခဲ့သည်။ ထို့အပြင် (ဇ--- ကျေး ရွာလူကြီးတစ်ဦးဖြစ်သော) ဖမ်းဆီးခံရသည့်သူကိုလည်း အင်တာဗျူးခဲ့သည်။ |

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |

(ဇ--- ကျေးရွာလူကြီးဖြစ်ပြီး ဖမ်းဆီးခံရသူတစ်ဦးဖြစ်သည့်) စောဟ---သည် ၎င်း၏အတွေ့အကြုံကိုမျှဝေပြောပြခဲ့ပါ သည်။ |

အဆင့် ၃- အခင်းဖြစ်ပွားပုံ
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့၌ (ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စုရှိ) ကူးဆိတ်တပ်စခန်းတွင် အခြေစိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၃၄)မှ စစ်သားများ (၂၀၀) ကျော်သည် ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ နာကိုနားကျေးရွာသို့ ချီတက်လာခဲ့ပြီးနောက် မယ်ကလောကျေးရွာအုပ်စု၊ ဝေးရှကျေးရွာသို့ တက်ရောက်လာခဲ့သည်။ (၎င်းတို့သွားသည့်လမ်းခရီးတစ်လျှောက်မှာ) မယ်ကလောကျေးရွာအုပ်စု၊ ဇ--- ကျေးရွာသို့ရောက်ရှိခါနီးတွင် SAC စစ်သားများသည် ဇ--- ကျေးရွာအနီးရှိ လမ်းမပေါ်တွင် တွေ့ရှိခဲ့သော ရွာသား (၁၁) ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသည့်ရွာသား (၁၁) ဦးမှာ ဇ--- ကျေးရွာလူကြီးဖြစ်သူ စောဟ---၊ သူ၏သားသမီး သုံးဦး (အသက်မပြည့်သေးသော်လည်း အတိအကျမသိရှိရ)၊ သူ၏ဦးလေးနှင့်အဒေါ်၊ သူ၏ယောက္ခမနှင့်ယောက္ခထီး၊ သူ၏တူလေး၊ သူ၏အငယ်ဆုံးညီလေးနှင့် (ဇ---ကျေးရွာမှ အခြားရွာသားတစ်ဦးဖြစ်သူ) ဝ---တို့ဖြစ်ကြသည်။ (ထိုဒေသ အတွင်း SAC မှ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့်တိုက်ခိုက်ခြင်းအပါအဝင် ၎င်းတို့စစ်ရေးလှုပ်ရှားမှုများ ကြောင့် အဆိုပါရွာသားများသည် တောထဲတွင် တိမ်းရှောင်၍နေထိုင်ခဲ့သည်မှာ တစ်နှစ်ခန့်ရှိပြီးဖြစ်သည်။ ၎င်းတို့သည် တောထဲမှ ရွာသို့မကြာခဏသွားလာ၍ ၎င်းတို့အိုးအိမ်ပိုင်ဆိုင်မှုများကို ပြန်ကြည့်လေ့ရှိသည်။ ၎င်းတို့ခရီးသွားလာ နေသည့်အချိန်တွင် SAC စစ်သားများသည် ၎င်းတို့အားတွေ့ရှိ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။) အဆိုပါရွာသားများအား မည်သည့်အတွက်ကြောင့်ဖမ်းဆီးရသည်ကို SAC စစ်သားများမှ ၎င်းတို့အား ရှင်းပြခြင်းမရှိခဲ့ပေ။
ထိုနေ့တွင် အခင်းဖြစ်ပွားနေစဉ်အတွင်း ကျေးရွာလူကြီးစောဟ---၊ သူ၏အငယ်ဆုံးညီလေး၊ သူ၏တူလေးနှင့် အခြားရွာ သားတစ်ဦးဖြစ်သူ ဝ---တို့သည် (အခြားဖမ်းဆီးခံရသည့်ရွာသားများနှင့်ကွဲကွာပြီး) SAC စစ်သားများက ခမရ (၄၃၄) တပ်စခန်းသို့သွားရာတွင် ၎င်းတို့အား လမ်းပြအဖြစ်လုပ်ဆောင်ရန် အဓမ္မခိုင်းစေခဲ့သည်။ (တစ်ချိန်ထဲတွင် SAC စစ်သား များက အခြားဖမ်းဆီးခံရသည့်ရွာသားခုနှစ်ဦးအား လွတ်ပေးခဲ့သည်။) ရွာသားများအား လမ်းပြအဖြစ်လုပ်ဆောင်ရန် အဓမ္မခိုင်းစေခြင်း၏ရည်ရွယ်ချက်မှာ လမ်းခရီးတစ်လျှောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ဆုံမှုမဖြစ်အောင် ရွာသားများကို လူသားဒိုင်းသဖွယ်အသုံးပြုနေခြင်း ဖြစ်သည်။ SAC စစ်သားများသည် စောဟ---၏သားသမီးသုံးဦး၊ သူ၏ဦးလေးနှင့်အဒေါ် သို့မဟုတ် သူ၏ယောက္ခထီးနှင့် ယောက္ခမတို့ကို (လူသားဒိုင်းသဖွယ်အသုံးပြုရန်) ၎င်းတို့နှင့်အတူ ခေါ်ဆောင်သွားခြင်းမရှိခဲ့ပေ။ စောဟ---မှ ယခုလို ရှင်းပြသည်။ “သူတို့က (SAC စစ်သားများ) ကျွန်တော့်ကိုလမ်းပြအဖြစ်လုပ်ပေးဖို့ခိုင်းတယ်။ အမှန်တော့လမ်းပြခိုင်း တယ်ဆိုတာက လူတွေ (ဒေသခံတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များ) မရှိတဲ့နေရာကိုလမ်းပြခိုင်းတာပဲ။ SAC စစ်သားတွေက ကျွန် တော့်ကို ဒီလိုပြောတယ်။ ‘ငါတို့က (ကူးဆိတ်တပ်စခန်းဆီကို) တောလမ်းကနေသွားမယ်။ မင်းက ဦးဆောင်ပြီးလမ်းပြပေးရမယ်။ ငါတို့သွားချင်တဲ့နေရာကိုရောက်ရင် (လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့မတိုးရင်) အဆင်ပြေ ပြီး။’ ပြီးတော့ ကျွန်တော်က သူတို့အတွက် လမ်းပြလုပ်ပေးခဲ့ရတယ်။”
SAC စစ်သားများနှင့် ထိုရွာသားလေးဦးသည် လယ်ယာနှင့်နီးသော ရေမြောင်းတစ်ခုတွင်ရောက်ရှိသောအခါ (နေရာ အတိအကျမသိရှိရ) SAC စစ်သားများနှင့် KNLA စစ်သားများတို့ကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ် ပွားပြီးနောက် SAC ခမရ (၄၃၄) မှ ဗိုလ်ကြီးဘလေးသည် လမ်းခရီးတွင် အကယ်၍တိုက်ပွဲထပ်မံဖြစ်ပွားပါက စောဟ---အနေဖြင့် ထွက်ပြေးလွတ်မြောက်နိုင်မယ်မရှိဘဲ ချက်ချင်းသတ်ပစ်မည်ဟု ၎င်းအား ခြိမ်းခြောက်ပြောခဲ့သည်။ ထို့ နောက် ဗိုလ်ကြီးဖြစ်သူသည် စောဟ---အား တစ်ချက်ကန်ကြောက်ပြီး သူ၏မျက်နှာကိုလည်း တစ်ချက်ထိုးနက်ခဲ့သည်။ ထိုသို့ကန်ကြောက်ပြီးထိုးနက်ခြင်းကြောင့် စောဟ---သည် မြေပြင်သို့လှဲကျပြီး သူ၏ဒူးခေါင်းမှာ တစ်စုံတစ်ခုနှင့်ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။
စောဟ---နှင့်အခြားရွာသားသုံးဦးသည် SAC စစ်သားများအတွက် လမ်းခရီးတစ်လျှောက်တွင် လမ်းပြအဖြစ် တစ်နေ ကုန်လုပ်ဆောင်ပေးခဲ့ရသည်။ လမ်းခရီးတစ်လျှောက်တွင် SAC စစ်သားများအတွက် လမ်းပြအဖြစ်လုပ်ပေးခဲ့သော် လည်း ရွာသားများသည် စားစရာများရရှိခြင်း သို့မဟုတ် အစာစားခွင့်ရရှိခြင်းမရှိခဲ့ပေ။ စောဟ---မှ ဤသို့ရှင်းပြသည်။ “ကျွန်တော့်ကိုမဖမ်းဆီးခင် မနက်ပိုင်းမှာ အစာစားခဲ့တယ်။ ကျွန်တော်ဖမ်းဆီးခံရပြီးနောက်မှာ တစ်နေကုန်ဘာမှ မစား ရတော့ဘူး။ တစ်ညလုံးဘာမှမစားရဘူး။ နောက်တစ်နေ့မနက်အထိ ဘာမှမစားရသေးဘူး။”
၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် လမ်းပြနှင့်လူသားဒိုင်းအဖြစ်ခိုင်းစေခံရသည့်အဆိုပါရွာသားလေးဦးသည် ခမရ (၄၃၄) တပ်စခန်းအနီးရှိ သစ်တုံးများထားရှိရာနေရာသို့ရောက်ရှိသောအခါ စောဟ---၊ သူ၏အငယ်ဆုံးညီလေးနှင့်သူ၏ တူလေးတို့သည် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ၎င်းတို့ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း အခြားရွာသားတစ်ဦးဖြစ် သည့် ဝ---သည် မထွက်ပြေးနိုင်ဘဲ SAC စစ်သားများက ၎င်းအား ခမရ (၄၃၄) တပ်စခန်းသို့ လမ်းပြအဖြစ် ခေါ်ဆောင် သွားခဲ့သည်။ SAC စစ်သားများသည် ၎င်းတို့တပ်စခန်းသို့ ရောက်ရှိသောအခါ ဝ---အား ညှဉ်းပမ်းနှိပ်စက်ခြင်းမရှိဘဲ လွတ်ပေးခဲ့သည်။
စောဟ---သည် ထွက်ပြေးလွတ်မြောက်ပြီးနောက် ၎င်းအိမ်သို့ပြန်ရောက်ရှိသည့်အခါတွင် ၎င်းဇနီးဖြစ်သူက စစ်သား များသည် ၎င်းတို့ငွေကြေးပိုင်ဆိုင်မှုများကို လုယက်ခဲ့ကြောင်း ၎င်းအား ပြောပြခဲ့သည်။ (စောဟ---တို့ထွက်ပြေးလွတ် မြောက်၍ အခြားရွာသားနှင့်ကွဲကွာသွားပြီးနောက်တွင်) ခမရ (၄၃၄) မှ SAC စစ်သားများသည် ဇ--- ကျေးရွာအနီးရှိ တောထဲတွင်နေထိုင်ကြသည့်စောဟ---၏ဇနီးနှင့်သားသမီးများထံမှ နားကပ်လေးစုံ၊ လက်စွပ်တစ်ကွင်း၊ ဘတ်ငွေ (၁၀၀၀၀) နှင့် မြန်မာငွေ (၅၀၀၀၀) ကျပ်ကို လုယက်ခဲ့ပါသည်။ ခမရ (၄၃၄) မှ တစ်ချို့သော SAC စစ်သားများသည် ဇ--- ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကျေးရွာတွင်းရှိ စောဟ---၏မိသားစုနေအိမ်ကို ဖောက်ထွင်းခဲ့သည်။ ထို့နောက် SAC စစ်သားများသည် အိမ်ထဲရှိ သေတ္တာတစ်လုံးကို ဖျက်ဆီးခဲ့သည်။ စောဟ---နှင့်၎င်း၏မိသားစုအနေဖြင့် ထိုသေတ္တာ ထဲတွင် ၎င်းတို့ပိုင်ဆိုင်မှုပစ္စည်းများကို သိမ်းဆည်းထားလေ့ရှိသည်။ ထိုသို့သေတ္တာကိုဖျက်ဆီးပြီး အင်္ကျီသုံးထည်နှင့် အဆောင်ကြိုးတစ်ကွင်းကို ခိုးယူခဲ့သည်။ စောဟ---သည် ထွက်ပြေးလွတ်မြောက်ပြီး ၎င်းမိသားစုထံသို့ ပြန်လာသည့် အခါမှာ ၎င်းက ယခုလိုရှင်းပြသည်။ “ကျွန်တော့်မိန်းမက ကျွန်တော်ကိုဒီလိုပြောတယ်။ ‘ရှင့်မှာသားသမီးသုံးယောက် ရှိတယ်။ ကျွန်မက သူတို့အတွက် နားကပ်နှစ်ရံဝယ်ပေးခဲ့တယ်။ အဲဒါကို ယူသွားတယ်။ သူတို့ရဲ့အဖွားက ကျွန်မကို ပေးခဲ့ တဲ့နားကပ်နှစ်ရံနဲ့လက်စွပ်တစ်ကွင်းလည်း ယူသွားတာပဲ။ သူတို့က (SAC စစ်သားများ) ကျွန်မတို့စုထားတဲ့ ဘတ်ငွေ (၁၀၀၀၀) ကိုလည်းယူသွားတယ်။ ကျွန်မစီစဉ်ထားတာက အဲဒီပိုက်ဆံနဲ့ ရှစ်တန်းမှာ ကျောင်းတက်ရမဲ့ကျွန်မ တို့ကလေးကို ကျောင်းစရိတ်နဲ့ဘော်ဒါဆောင်စရိတ်အတွက် အသုံးပြုဖို့ထင်ထားခဲ့တာ။ အခုတော့ပါသွားပြီးလေ။” စောဟ---မှ ဆက်လက်၍ပြောသည်။ “ကျွန်တော့်မိန်းမက ဒီလိုမေးတယ်။ ‘ကျွန်မတို့သားသမီးတွေကို ဘယ်လိုလုပ်ပြီး ကျောင်း ထားနိုင်တော့မလဲ’တဲ့။”
စောဟ---နှင့်၎င်းတို့မိသားစုသည် ၎င်းကြုံတွေ့ခဲ့ရသည့်အရာများနှင့် ၎င်းသားသမီးများ၏အနာဂတ်ပညာရေးအပေါ် သက်ရောက်မှုများရှိစေသည့်အခြေအနေကို ကြုံတွေ့နေရသောကြောင့် အလွန်တရာ ဝမ်းနည်းခံစားနေရသည်။ စော ဟ---သည် ၎င်း၏လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရသည်ဟု ခံစားနေရသည်။ စောဟ---အနေဖြင့် SAC စစ်သား များကို ထိုဒေသအတွင်းမှ ထွက်ခွာစေပြီး ၎င်းတို့လုပ်ရပ်များသည် တရားနည်းလမ်းမကျကြောင်း အသိအမှတ်ပြုစေ ရန်အတွက် KHRG အား တင်ပြခဲ့သည်။ စောဟ---သည် ဆက်လက်၍ယခုလို ပြောပြသည်။ “အနာဂတ်မှာ ငြိမ်းချမ်းရေး ရရှိဖို့ မျှော်လင့်ပါတယ်။” |

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |

ဤသတင်းအကြောင်းအရာများကို ရေးသားဖြန့်ဝေရန်အတွက် စောဟ---ကိုယ်တိုင် KHRG အား ခွင့်ပြုချက်ပေးထား ပါသည်။ ဤကဲ့သို့ဖြစ်စဉ်များကို နိုင်ငံတကာတာဝန်ရှိသူများအနေဖြင့် သိရှိသင့်သည်ဟု ၎င်းက ပြောပြခဲ့သည်။ |

Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ မေလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင် ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံ ရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။