ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ် တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တစ်ခုကို ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကော်သူးလေတပ်မတော် (KTLA) ဆာကဆောတပ်မ၊ တပ်ခွဲ (၃)မှ စစ်သားများသည် ကိုတ---ဟုခေါ်သော ရွာသားတစ်ဦးအား ဖမ်းဆီးခဲ့သည်။ KTLA တပ်ခွဲ (၃) သည် လယ်ကဆောမြို့နယ်၊ စတိန်ကျေးရွာအုပ်စု၊ ဟ--- ကျေးရွာ တွင် အခြေစိုက်သည်။ ကိုတ---၏ယောက်ဖဖြစ်သူတစ်ဦးသည် ၎င်းအား မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်သည်ဟု စွပ်စွဲ၍ KTLA အား တိုင်ကြားခဲ့သည်။ ထို့နောက် KTLA စစ်သားများသည် ရွာသားတစ်ဦးနှင့်ပူးပေါင်းဆောင်ရွက်၍ ကိုတ--- အား သွားရောက်ဖမ်းဆီးခဲ့သည်။ ထိုနေ့ညနေပိုင်းအချိန်တွင် ကိုတ---ဖမ်းဆီးခံရပြီးနောက် အသတ်ခံခဲ့ရသည်။ ၎င်း၏အလောင်းကို ကျေးရွာအနားရှိ ချောင်းဘေးနားတွင် ပစ်ထားခဲ့သည်။ ဇန်နဝါရီလ ၃၁ ရက်နေ့ဝန်းကျင်တွင် ကိုတ---၏ဇနီးဖြစ်သူသည် သူမ၏အမျိုးသား အသတ်ခံရသည့်အကြောင်းကို အခြားရွာသားတစ်ဦးထံမှ သိရှိခဲ့ရသည်။ သို့သော်လည်း ကိုတ---၏ရုပ်အလောင်းကို ယခုအချိန်ထိ ရှာမတွေ့သေးပါ။ ကိုတ---သည် အိမ်ထောင်ဦးစီးတစ်ဦးဖြစ် သည့်အတွက် ဤသို့အသတ်ခံရခြင်းကြောင့် ၎င်း၏မိသားစုမှာ စားဝတ်နေရေးအခက်အခဲများနှင့်ကြုံတွေ့နေရသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

သတ်ဖြတ်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာ)  

ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ စတိန်ကျေးရွာအုပ်စု၊ ဟ--- ကျေးရွာ၊ လ--- နေရာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ကိုတ---

အသက်

၄၂ နှစ်

ကျား/မ

ကျား

လူမျိုး

ဗမာ

အိမ်ထောင် ရှိ/မရှိ   

ရှိ

အလုပ်အကိုင်

ဥယျာဉ်ခြံ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ်ရွာအမည်

ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ စတိန်ကျေးရွာအုပ်စု၊ ဟ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

ကော်သူးလေတပ်မတော် (KTLA) ဆာက ဆောတပ်မ၊ တပ်ခွဲ (၃)

[ကရင်အမျိုးသားအစည်းအ ရုံး (KNU) ထိန်းချုပ်သည့် နေရာဒေသရှိ] စတိန်ကျေး ရွာအုပ်စု၊ ဟ--- ကျေးရွာ၊ ထိန်မန်းနေရာ

တပ်ခွဲ (၃) မှ ဗိုလ်ကြီးစပီ

စောဆန်းမြင့်အောင်

(KTLA နှင့်ပူးပေါင်း ဆောင်ရွက်သည့်ရွာသားတစ်ဦး)

-

-

-

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG ကွင်းဆင်းလုပ်သားတစ်ဦးသည် ကိုတ---၏ယောက်ဖဖြစ်သူ ကိုဈ---နှင့်အင်တာဗျူးပြုလုပ်၍ သတင်းအချက်အ လက်များကို အသေးစိတ်မှတ်တမ်းပြုစုခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာနှင့်ပတ်သက်၍ အသတ်ခံရသည့်ကိုတ---၏ယောက်ဖဖြစ်သူ ကိုဈ--- သည် KHRG ကွင်း ဆင်းလုပ်သားအား ပြောပြခဲ့သည်။ KHRG ကွင်းဆင်းလုပ်သားသည် ကိုဈ---၏ဇနီးဖြစ်သူ ဒေါ်ပ---နှင့်ကိုတ---၏ဇနီး ဖြစ်သူ ဒေါ်အ---တို့အား တွေ့ဆုံမေးမြန်း၍ ဤသတင်းအချက်အလက်များ မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ (၆)နာရီအချိန်၌ ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ စတိန်ကျေး ရွာအုပ်စု၊ ဟ--- ကျေးရွာအနီးရှိ ထိန်မန်းနေရာတွင် အခြေစိုက်သော ဆာကဆောတပ်မ၊ တပ်ခွဲ (၃)မှ KTLA စစ်သား (၇)ဦးသည် (ရွာသားတစ်ဦးဖြစ်သည့် ဆန်းမြင့်အောင်နှင့်ပူးပေါင်းဆောင်ရွက်၍) ဟ--- ရွာသားတစ်ဦးဖြစ်သော ကိုတ---အား သွားရောက်ဖမ်းဆီးခဲ့သည်။ ကိုတ---အဖမ်းခံရမှုနှင့်ပတ်သက်ပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်အ---က ယခုလိုပြောပြ သည်။ “ဆန်းမြင့်အောင်ဆိုတဲ့ရွာသားတစ်ဦးက KTLA စစ်သားခုနှစ်ဦးနဲ့ပူးပေါင်းပြီး ကျွန်မရဲ့အမျိုးသားကို လာဖမ်းသွား တယ်။ ပြီးတော့ သူ့ကိုစစ်ဆေးမေးမြန်းဖို့ သူ့ကို (သူတို့၏စခန်းသို့) ခေါ်သွားတယ်။ သူ့ကို မူးယစ်ဆေးဝါးအရောင်း အဝယ်လုပ်တယ်လို့စွပ်စွဲပြီး KTLA ကို တိုင်ကြားထားတယ်တဲ့။ အဲဒါကြောင့် KTLA က သူ့ကိုလာဖမ်းသွားတာပဲ။ ကျွန်မရဲ့အမျိုးသားကို ဘာမှမလုပ်ဘူး၊ သူ့ကို မေးမြန်းစစ်ဆေးပြီးရင် ပြန်လွှတ်ပေးမယ်လို့ သူတို့က ကျွန်မကို ပြောခဲ့ တယ်။”  (စောဆန်းမြင့်အောင်သည် ရွာသားတစ်ဦးဖြစ်ပြီး KTLA စစ်သားများအတွက် စစ်ရေးလှုပ်ရှားမှုများတွင် မကြာ ခဏ ပါဝင်ကူညီပေးလေ့ရှိသည်။)

 

ကိုတ---သည် ကျဘမ်းအလုပ်ကိုလုပ်၍ မိသားစုကို ထောက်ပံ့နေရသည့်အိမ်ထောင်ဦးစီးတစ်ဦးဖြစ်သည်။ (၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအချိန်မှစ၍) နိုင်ငံရေးအခြေအနေကြောင့် (စီးပွားရေးတည်မြဲမှုမရှိသည့်အတွက်) ကိုတ---သည် မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရသည်။ ထို့ကြောင့် ကိုတ---သည် မိသားစုစားဝတ်နေရေးအတွက် အခြားသူများ ဆီမှာ အငှားခလိုက်၍ အလုပ်လုပ်ပေးခြင်းဖြင့် ဝင်ငွေရှာရသည်။ တစ်နေ့တွင် ကိုတ---၏ယောက်ဖဖြစ်သူ စောယ---သည် ကိုတ---ကို မြင်းဆေးအရောင်းအဝယ်လုပ်သည်ဟုစွပ်စွဲ၍ KTLA တပ်ခွဲ (၃) အား တိုင်ကြားခဲ့သည်။ (ကိုတ---၏အခြားယောက်ဖတစ်ဦးမှာ စောယ---ဖြစ်သည်။ သို့သော် KHRG အင်တာဗျူးခဲ့သော ကိုဈ---သည်လည်း ကိုတ---၏ယောက်ဖဖြစ်သည်။) ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေအချိန်တွင် KTLA စစ်သားခုနှစ်ဦးသည် ဆန်းမြင့်အောင်နှင့်ပူးပေါင်းဆောင်ရွက်၍ ကိုတ---အား သွားရောက်ဖမ်းဆီးခဲ့သည်။

 

ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကိုတ---သည် လွတ်မြောက်လာခြင်းမရှိခဲ့ပါ။ ဒေါ်အ---သည် သူမ၏အမျိုးသားအိမ်ပြန် လာမည့်နေ့ကို စောင့်နေခဲ့သည်။ အကြောင်းမှာ ကိုတ---အဖမ်းခံရသည့်နေ့တွင် ၎င်းအား စစ်ဆေးမေးမြန်းမှာဖြစ်ပြီး သတ်ဖြတ်မှာ မဟုတ်ကြောင်း  ဆန်းမြင့်အောင်မှ ဒေါ်အ---ကို ပြောခဲ့ခြင်းဖြစ်သည်။ ဤဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေါ်အ---က သူမ၏မောင်လေးဖြစ်သူ ကိုဈ---အား ပြန်လည်ပြောပြခဲ့သည်။ (ဇန်နဝါရီလ ၃၁ ရက်နေ့ဝန်းကျင်တွင် ကိုတ---နှင့် ပတ်သက်ပြီး သတင်းအစအနမရသောကြောင့်) ဒေါ်အ---သည် ဟ--- ကျေးရွာပတ်ဝန်းကျင်အနားတွင် သူမ၏အမျိုး သားအကြောင်းကို လိုက်လံစုံစမ်းခဲ့သည်။ ဒေါ်အ---သည် ဟ---ကျေးရွာအနီးရှိ လ---နေရာသို့ရောက်သောအခါ ဥယျာဉ် ခြံလုပ်သားတစ်ဦးနှင့်တွေ့ဆုံ၍ သူမ၏အမျိုးသားသတင်းကို မေးမြန်းခဲ့သည်။ ဥယျာဉ်ခြံလုပ်သားတစ်ဦးက သူမအား “မင်းရဲ့အမျိုးသားက သေဆုံးသွားပြီး။ သူတို့က (KTLA စစ်သား) သူ့ကိုဖမ်းသွားတဲ့နေ့မှာဘဲ သတ်ခဲ့တာလေ။ သူ့ကို သေနတ်နဲ့ပစ်သတ်သွားတာ။ ပြီးတော့ သူ့အလောင်းကို (ထိန်မန်းနေရာတွင် တည်ရှိသော KTLA တပ်စခန်းအနီးနား) မြောင်းထဲမှာ ပစ်ထားခဲ့တာ။ (သူ့အလောင်းကို ပစ်ထားခဲ့တာကို) ငါကိုယ်တိုင်မြင်တွေ့ခဲ့တယ်” ဟု ပြောပြခဲ့သည်။ ဥယျာဉ်ခြံလုပ်သားတစ်ဦးက ဆက်လက်၍ရှင်းပြခဲ့သည်မှာ “သူအသတ်ခံရတဲ့အချိန်က ည (၇)နာရီဝန်းကျင်လောက်ရှိ မယ်။”

 

(၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ရရှိသည့်သတင်းအရ) ကိုတ---၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ပါ။ (ကိုတ---သည် ယခုလို အသတ်ခံရပြီးပျောက်ဆုံးသွားသည့်အတွက် ၎င်း၏မိသားစုသည် စားဝတ်နေရေးအခက်အခဲများနှင့်ကြုံ တွေ့နေရသည်။)

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ကိုဈ--- (ကိုတ---၏ယောက်ဖ)နှင့် ဒေါ်အ---(ကိုတ---၏ဇနီး)တို့သည် ဤသတင်းအကြောင်းအရာကို ရေးသားဖြန့်ဝေ ရန် ခွင့်ပြုချက်ပေးထားပါသည်။

Thu, 28 Nov 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ ကျင့်သင်ကြားပေးထားသော ဘိတ်ထားဝယ်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

Related Readings