ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၄ ခုနှစ်၊ မေလ အတွင်း ဒူးပလာယာခရိုင်၊ ကော်တရီ (ကော့ကရိတ်) မြို့နယ် တွင်ဖြစ်ပွားခဲ့သောအကြောင်းအရာများကို ဖော်ပြထားပါသည်။ ၂၀၂၄ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ကော်တရီ မြို့နယ်၊ ထောဝါးလော်အုပ်စု၊ ဖိုးချိမှု့ကျေးရွာ  ဖိုးချိမှု့တပ်စခန်းမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၅၉၊ ၃၃၉ နှင့် ၃၁၁)  စစ်သားများသည် ထိုင်း-မြန်မာ နယ်စပ် သို့ဦးတည်လာခဲ့သည်။ စစ်သားများသည် ကော်တရီမြို့နယ်၊ ထောဝါးလော်အုပ်စု၊ လားကလော် ကျေးရွာသို့ရောက် သောအခါ  ရွာသားသုံးဦးနှင့်တွေ့ခဲ့သည်။ ထို့နောက် ရွာသားတစ်ဦးသည် ထွက်ပြေးသောကြောင့် သူ့အား သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ အခြားနှစ်ဦးကို ၎င်းတို့နှင့် နယ်စပ်သို့အတူလိုက်ရန် ခေါ်ဆောင်သွားခဲ့သည်။ SAC စစ်သားများသည် လမ်းတွင် အခြားသောရွာသားနှစ်ဦးကို လည်းညှဉ်းပန်းနှိပ်စက်ပြီး သတ်ခဲ့သည်။ ၎င်းတို့ သည် ကော်တရီမြို့နယ်၊ ထောဝါးလော်အုပ်စု၊ လေးဖိုးထကျေးရွာသို့ရောက်သောအခါ ထောဝါးလော်အုပ်စု၊ ထ--- ဆေးရုံသို့သွားနေသောအခြား ရွာသားနှစ်ဦးဖြစ်သည့် ကိုယ်ဝန်ခုနှစ်လရှိ အမျိုးသမီးတစ်ဦးနှင့် ဆိုင်ကယ် မောင်းသော ယောက်ျားတစ်ဦးတို့ကိုတွေ့ပြီး ဖမ်းခဲ့သည်။ စစ်သားများသည် ကိုယ်ဝန်ဆောင်အမျိုးသမီးအား မုဒိမ်းကျင့်ခဲ့သည်။ ထို့နောက်မကြာမီ  ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်မတော် (PDF)သည် (ခမရ) စစ်သားများကို တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်နေစဉ် ဖမ်းဆီးထားသောရွာသား နှစ်ဦးသည်လွတ်သွားခဲ့သည်။ သို့သော် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် အခြားသောရွာသားမှာ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။ မေလ ၂၀ ရက်နေ့၌ KNLA စစ်သားများသည် ဖိုးချိမှု့နယ်မြေအနီးရှိ မူချိုမူတပ်စခန်းမှ SAC ၏ စစ်သား ၅၂ ဦးအား  ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခြင်းများပြုလုပ်ခဲ့သည်။ SAC စစ်သားများသည် ထိုင်း-မြန်မာနယ်စပ်သို့သွားနေစဉ် နောက်ထပ်ရွာသား နှစ်ဦးကိုလည်းသတ်ဖြတ်ခဲ့ကြောင်း ဝန်ခံဖြေဆိုခဲ့သည်။[1]

 

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

(သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု နှင့် ညှဉ်းပန်နှိပ်စက်မှု) SAC စစ်သားများမှ ရွာသားငါးဦးအား သတ်ဖြတ်မှု နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၄ ခုနှစ်၊ မေလ ၁၉ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

  • ထောဝါးလော်အုပ်စု၊ လားကလော် ကျေးရွာအနီး
  • ထောဝါးလော်အုပ်စု၊ ကျော်ဖျားတောင်ယာဧရိယာ
  • တ--- ကျေးရွာနှင့် ဂ--- ကျေးရွာ တောင်ယာဧရိယာကြား
  • ထောဝါးလော်အုပ်စု၊ လေးဖိုးထဧရိယာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နောစ---

စောထူးလား

ဆ---

နားချို

ဖားကလားဖိုး

အသက်

၃၆ နှစ်

၂၀ နှစ်

၅၀ နှစ်

၅၂ နှစ်

၆၀ နှစ်

ကျား/မ

ကျား

ကျား

ကျား

ကျား

လူမျိုး

ကရင်

ကရင်

ကရင်

ကရင်

ကရင်

မိသားစုရှိ/မရှိ   

ရှိ

မသိရှိရ

ရှိ

ရှိ

ရှိ

အလုပ်အကိုင်

လယ်သမား

တောင်ယာသမား

တောင်ယာသမား

တောင်ယာသမား

တောင်ယာသမား

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

ရွာသား

ရွာသား

ရွာသား

ရွာသား

နေရပ် ရွာအမည်

ထောဝါးလော်အုပ်စု၊ င--- ကျေးရွာ

ထောဝါးလော်အုပ်စု၊ည--- ကျေးရွာ

ထောဝါးလော်အုပ် စု၊ ဂ--- ကျေးရွာ

ထောဝါးလော်အုပ်စု၊ င--- ကျေးရွာ

ထောဝါးလော်အုပ်စု၊ င---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်           

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) လက်အောက်ခံ ခြေမြန် တပ်ရင်း (ခမရ) အမှတ် (၅၅၇၊ ၃၃၇ နှင့် ၃၁၁)

ကော်တရီမြို့နယ်၊ ထောဝါးလော်အုပ်စု၊ ဖိုးချိမှု့တပ်စခန်း

မျိုးမင်းသူ ဦးစီးဌာန

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ထောဝါးလော်အုပ်စုမှ စစ်ဘေးရှောင်ရွာသားတစ်ဦးသည် KHRG ကွင်းဆင်းလုပ်သားတစ်ဦးအား ဤဖြစ်ရပ်အကြောင်း သတင်းပေးပို့ခဲ့ပါသည်။ ထို့နောက် ကွင်းဆင်းလုပ်သားသည် သတင်းကောက်ယူရန် ဃ--- ကျေးရွာအုပ်ချုပ်‌‌ရေးမှူး ကိုဆက်သွယ်ခဲ့သည်။ ဤဖြစ်ရပ်အကြောင်းကို သိသောသူ နော်စ--- ၏ခင်ပွန်း စောက---၊ ထောဝါးလော်အုပ်စု၊ ဂ--ကျေးရွာလူကြီးနောခ---၊ ဂ--- ကျေးရွာမှ ရွာသားတစ်ဦး နှင့် ဃ--- ကျေးရွာမှ ရွာသားတစ်ဦးတို့ကို အင်တာဗျူး ခဲ့ပါ သည်။ ထို့နောက် ဆ--- နှင့် နောစ--- တို့၏ရုပ်အလာင်းကို စစ်ဆေးပေးခဲ့သော KNLA ၏ရဲဘော်တစ်ဦး နှင့် SAC စစ်သားများ ဖမ်းဆီးချုပ်နှောင်ခံရစဥ် ဘာသာပြန် ပေးခဲ့သော ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး) မြို့နယ် ည--- အုပ်စု၊ ည--- ကျေးရွာလူကြီး ကိုလည်း တွေ့ဆုံးမေး မြန်း ခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

KHRG ကွင်းဆင်းလုပ်သားသည် (၁) နောစ--- ၏အသုဘကျင်းပရာတွင်ပါဝင်ခဲ့သော သူမ၏ ခင်ပွန်းဖြစ်သူ စောက--- (၂) ဂ--- ကျေးရွာလူကြီး နောခ--- (၃) စောဆ--- ၏သားနှင့် စကားပြောခဲ့သော ဂ--- ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ ဃ--- (၄) နောစ--- ၏အလောင်းကိုတွေ့ခဲ့သော င--- ကျေးရွာမှရွာသားတစ်ဦး (၅) ဆ--- နှင့်‌နောစ--- တို့၏ရုပ် အလောင်းကို စစ်ဆေးပေးခဲ့သော KNLA ၏ရဲဘော်တစ်ဦး နှင့် ထ--- ရွာလူ ကြီးတို့ကို အင်တာဗျူးနှင့် တွေ့ဆုံး‌မေးမြန်း ခြင်းများပြုလုပ်ခဲ့သောကြောင့် ဤသတင်းအကြောင်းအရာသည် မှန်ကန် ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၄ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ဒူးပလာယာခရိုင်၊ ကော်တရီ (ကော့ကရိတ်)မြို့နယ် အနီး၌အခြေစိုက်ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၅၇၊ ၃၃၉ နှင့် ၃၁၁) ဖိုးချိမှု့စစ်တပ်စခန်း မှ စစ်သားများသည် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးသောလမ်းတွင် ‌ဒေသခံနှစ်ဦးအား လူသားဒိုင်း ဓားစာခံအဖြင့် ခေါ်ဆောင်သွားခဲ့ခြင်းနှင့် ဒေသခံငါးဦးအားသတ်ခဲ့ရာတွင် ကိုယ်ဝန်ခုနှစ်လရှိ အမျိုးသမီးတစ်ဦး ပါဝင်သည်။ SAC စစ်သားများသည် ဖိုးချိမှု့တပ်စခန်းမှ ထွက်ပြေးရခြင်းအကြောင်းမှာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ များသည် ဖုးချိမှု့စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့်ဖြစ်သည်ဟု ယုံကြည်တပ်မှတ် ကြသည်။

 

၂၀၂၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်သားများသည် ဖိုးချိမှု့ရွာအနီး၌ ဖိုးချိမှု့စစ်သား ၅၂ ဦးအားဖမ်းဆီးခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ၎င်းတို့ပြုလုပ်ခဲ့သော မှုခင်းအကြောင်းစုံ ကို စစ်ဆေးမေးမြန်းခဲ့သည်။ KNLA စစ်သားများနှင့် အဖမ်းအဆီးခံရသော SAC ရဲဘော် ၅၂ ဦးတို့သည် ကော် တရီမြို့နယ်၊ ထောဝါးလော်အုပ်စု၊ င--- ကျေးရွာလမ်းမှဖြတ်သွားခဲ့သည်။ ထို့ကြောင့် င--- ကျေးရွာမှ ရွာသားများက KNLA စစ်သေားများသည် SAC ရဲဘော် ၅၂ ဦးဖမ်းဆီးခဲ့ကြောင်း မျက်မြင်တွေ့ခဲ့သည်။  ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များသည် နို့တကော (ကြာအင်းဆိပ်ကြီး)မြို့နယ်၊ ထ--- အုပ်စု၊ ထ---ကျေးရွာလူကြီးအား ဘာသာပြန်ပေးရန်ခေါ်သွားခဲ့ပါသည်။ အကြောင်းမှာ ထိုရွာလူကြီးသည် ဗမာစကားကျွမ်းကျင်စွာ ပြောဆိုတတ်သူ ဖြစ်သောကြောင့်ဖြစ်သည်။ ဖမ်းဆီးခံရသော SAC စစ်သားများကို ထောဝါးလောအုပ်စု၊ တ--- ကျေးရွာ၏ ဘုန်းကြီးကျောင်းအဟောင်းတစ်ခုတွင် စစ်ဆေးမေးမြန်းခြင်းပြုလုပ်ခဲ့ပါသည်။ KHRG ကွင်းဆင်းလုပ်သားမှ သတင်းအကြောင်းစုံကို ထိုရွာလူကြီးထံမှ တဆင့်လက်ခံရရှိခဲ့သည်။

 

ထောဝါးလော်အုပ်စု၊ လားကလော်ကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သောမှုခင်း

၁။ စောထူးလားသေဆုံးမှု

ဖိုးချိမှု့စခန်းရှိ SAC စစ်သားများသည် ထိုင်း-မြန်မာနယ်စပ်သို့သွားရန် ဖိုးချိမှု့စခန်းမှထွက်ခွာခဲ့သည်ဟု ကော်တရီ မြို့နယ်၊ ထောဝါးလော်အုပ်စု၊ ဂ--- ကျေးရွာလူကြီးနောခ---ကပြောပြခဲ့သည်။ စစ်သားများသည် နယ်စပ်သို့ဦးတည် သွားစဉ် ထောဝါးလော်အုပ်စု၊ လားကလော်ကျေးရွာသို့ရောက်သောအခါ လယ်တဲတစ်ခုတွင် အနားယူနေကြသော ရွာသားသုံးဦးကိုတွေ့ခဲ့သည်။ ထိုရွာသားများမှာ အသက်လေး ၅၀ အရွယ်ရှိ ဆ--- ၊ ဆ--- ၏သား (အမည်မသိရ) နှင့် အသက် ၂၀ အရွယ်ရှိသော စောထူးလား တို့ဖြစ်သည်။ စောထူးလားသည် ထောဝါးလော်အုပ်စု၊ တ--- ရွာသားဖြစ်ပြီး ဆ--- နှင့်၎င်း၏သားမှာ ထောဝါးလော်အုပ်စု၊ ဂ--- ရွာသားများဖြစ်ကြသည်။ ထိုရွာသားသုံးဦးသည် ၎င်းတို့၏ တောင်ယာလုပ် ငန်းများကိုလုပ်ဆောင်ပြီးနောက် လယ်တဲတွင် ငှက်ပျောသီးစားသုံးနေကြသည်။ စောထူးလားသည် ဗမာစစ်သားများ ၎င်းတို့ထံချဉ်းကပ်လာသည်ကိုမြင်လျှင် သူသည်ချက်ချင်းလယ်တဲမှ ခုန်ဆင်းပြီးထွက်ပြေးခဲ့သည်။ SAC စစ်သားများက ၎င်းထွက်ပြေးနေသည်ကိုမြင်သောအခါ ၎င်းအားသေနတ်ဖြင့်ပစ်ပြီး ၎င်းပြေးရာလမ်းသို့ လက်ပစ်ဗုံး နှစ်လုံးပစ်ခဲ့သည်။ သို့ရာတွင် ၎င်း၏ခြေထောက်တစ်ဖက်နှင့် ရင်ဘတ်ကို သေနတ်ထိမှန် ကာပွဲချင်းပြီး သေဆုံးခဲ့သည်။ ဂ--- ရွာသားများသည်  မပေါက်ကွဲသေးသော လက်ပစ်ဗုံးတစ်လုံးကို အခင်းဖြစ်ပွားခဲ့သောနေရာ၌ စောထူးလား၏ ရုပ်အလောင်းကို ကောက်ယူနေစဉ် တွေ့ရှိခဲ့သည်။ မပေါက်ကွဲသေးသော လက်ပစ်ဗုံးကို ရွာသားများက ဖယ်ရှားလိုက်ခြင်းရှိ၊မရှိ မသိရပါ။

 

ဆ--- နှင့် သူ၏သားသည် မထွက်ပြေးရဲသောကြောင့် လယ်တဲတွင်နေခဲ့သည်။ ထို့ကြောင့် SAC စစ်သားများက ထိုသားအဖအားဖမ်းဆီးကာ ၎င်းတို့နှင့်အတူ ထိုင်း-မြန်မာနယ်စပ်သို့ လိုက်ရန်ခေါ်ဆောင်သွားခဲ့သည်။ ထိုသို့သွားနေစဉ် SAC စစ်သားများက ဆ--- ၏သားအား သတ်မည်ဟုပြောခဲ့သည်။ (အဘယ်ကြောင့်ဆိုသော် ဆ--- ၏သားသည် ဗမာစကားနားမလည် သဖြင့် ၎င်းတို့ပြောဆိုခိုင်းရာတွင် အခက်အခဲရှိသောကြောင့် ဖြစ်သည်။) သို့သော် SAC စစ်သားများထဲမှ ရဲဘော် တစ်ဦးသည် သဘောမတူသဖြင့် ထိုသူသည်အသက်ချမ်းသားလွတ် မြောက်ခဲ့ရသည်။

 

ထောဝါးလော်အုပ်စု၊ ဂ--- ကျေးရွာ၏ တောင်ယာဧရိယာနှင့် တ--- ကျေးရွာကြား နှင့် ကျော်ဖျားတောင်ယာ ဧရိယာတွင် ဖြစ်ပွားခဲ့သောမှုခင်း

၁။ နားချို နှင့် ဖားကလားဖိုး တို့၏သေဆုံးမှုခင်း

ဆ--- ၏သားနှင့် စကားပြောဆိုခဲ့ပြီး ဖြစ်စဉ်ကိုသိသော ဂ--- ရွာလူကြီး နောခ---နှင့် ဂ--- ရွာသား ဃ---တို့၏ပြောကြား ချက်အရ SAC စစ်သားများသည် ထိုင်းနယ်စပ်သို့သွားနေစဉ် (၂၀၂၄ ခုနှစ်၊ မေလ ၁၉ ရက်နေ့၌) နောက်ထပ် ရွာသားနှစ်ဦးအား သေနတ်ဖြင့်ပစ်ခြင်း၊သတ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း များပြုလုပ်ခဲ့ သည်။ ဆ--- နှင့် ၎င်း၏သား တို့သည် SAC စစ်သားများနှင့်အတူ အတင်းနောက်လိုက်နေရစဉ် ဖြစ်သည်။ ကော်တရီမြို့နယ်၊ ထောဝါးလော် အုပ်စု၊ င--- ကျေးရွာတွင်နေထိုင်သော ထိုရွာသားနှစ်ဦး၏နာမည်မှာ နာချို နှင့် ဖားကလားဖိုး တို့ဖြစ်ကြသည်။

 

နားချိုသည် ထောဝါးလော်အုပ်စု၊ ကျော်ဖျားတောင်ယာဧရိယာ ရှိလမ်းတွင် အစားအသောက် သယ်ယူပို့ဆောင် နေစဉ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။ င--- ရွာမှ ဒေသခံရွာသားများသည် ၎င်း၏ရုပ်အလောင်းကိုတွေ့သောအခါ သေနတ်ဒဏ်ရာသာမက သူ့ခြေထောက်နှင့်လယ်ပင်းကျိုးနေသည်ကိုလည်း သတိပြုမိပါသည်။ ၎င်းကိုရွာတွင်း ဖြတ်သွားသော SAC စစ်သားများကသတ်ခဲ့သည်ဟု ရွာသားများကယုံကြည်ကြသည်။

 

ဖားကလားဖိုးသည် ထောဝါးလောအုပ်စု၊ ဂ---ကျေးရွာ၏ တောင်ယာဧရိယာ နှင့် တ---ကျေးရွာကြားရှိ လမ်းတွင် ရိုက်သတ်ခံရသည်။ ရက်အနည်းငယ်ကြာလွန်သော်(၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင်) ဖားကလားဖိုး၏ အလောင်းကို ထောဝါးလော်အုပ်စု၊ ဘောနထဧရိယာ၊ ထိုင်း-မြန်မာနယ်စပ် အနီးရှိလမ်း၌ င---ရွာမှ ဒေသခံများသည် ဂ--- ကျေးရွာ တောင်ယာဧရိယာသို့ အလုပ်လုပ်ရန်သွားစဉ် တွေ့ခဲ့သည်။ SAC စစ်သားများသည် ထိုလမ်းကိုဖြတ် ခဲ့သည် ဟုသတင်းကြားသိရသည်။ ထို့ကြောင့် အလောင်းကိုတွေ့ခဲ့သော ‌ဒေသခံများက ဖားကလားဖိုး သည် SAC လက်မှ လွန်ရန် ထွက်ပြေးခဲ့သောကြောင့် ရိုက်သတ်ခံရသည်ဟု ယုံကြည်သတ်မှတ်ကြသည်။ ထိုသတင်းကို ဖမ်းဆီးခံရသော SAC စစ်သားများမှ မေးမြန်းရာတွင် မှန်ကန်    ကြောင်းဝန်ခံအတည်ပြုခဲ့ပါသည်။ ဖားကလားဖိုး၏ အလောင်းကို ရွာသားများက ရှာတွေ့သောနေရာ၌ မီးရှို့ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ၂၀၂၄ ခုနှစ်၊ မေလ ၏ ပြင်းထန်သောအပူ ရှိန်ဖြင့် အလောင်းသည် ပုပ်နေခဲ့ပြီးဖြစ်သည်။

 

ထောဝါးလော်အုပ်စု၊ လေးဖိုးထဧရိယာ၏မှုခင်း

၁။ ဆ--- သေဆုံးမှု

SAC စစ်သားများသည် ၎င်းတို့အတင်းဖမ်းခေါ်ခဲ့သော ဆ--- သားဖ နှင့် အတူ လေးဖိုးထဧရိယာရှိ ရေမြောင်းနှင့် နီးသောလမ်းသို့ ရောက်သောခါ SAC နှင့် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ခဲ့သည် ဟု ဂ--- ကျေးရွာလူကြီး နောခ--- သည် ဆက်လက်ပြောပြခဲ့သည်။ KNLA နှင့် PDF တို့မှ စတင်ပစ်ခတ်သောအချိန်တွင် SAC စစ်သားများသည် လူစုခွဲကာ အကာအကွယ် ယူရန်ပြေးခဲ့ကြသည်။ ဆ--- ၏သားသည် မြေပေါ်တွင်ဝပ်လဲ၍ ရေးမြောင်းအနီးတွင် ပုန်းအောင်း နိုင်ခဲ့သည်။ သို့သော်ဖခင်မှာ အမြန်မပုန်းနိုင်သဖြင့် SAC စစ်သားများနှင့် အတူနေခဲ့ရသည်။ ဆ--- ၏သားသည် ပုန်းနေသောကြာင့် SAC စစ်သားများသည် ဆ--- ၏သားကိုမတွေ့တော့ပေ။ သို့သော် ဆ--- သည် မပုန်းနိုင်သဖြင့် သူ့အားပစ်သတ်ခဲ့ပြီး ၎င်းတို့ ထိုနေရာမှ ထွက်ခွာခဲ့သည်။

 

ဆ--- ၏သားသည် တိုက်ပွဲပြီးသွားသော်လည်း မြေကြီးပေါ်တွင်ပြားပြားလဲနေခဲ့သည်။ ထိုသို့လဲနေစဉ် KNLA နှင့် PDF စစ်သားတို့သည် ၎င်းကို စစ်သား သို့မဟုတ် အရပ်သားလား ဟုမေးခဲ့သည်။ သူသည် အရပ်သားသာဖြစ်ကြောင်း ဖြေဆိုခဲ့သည်။ ထို့ကြောင့် ၎င်းကို  KNLA နှင့် PDF စစ်သားများကလည်း ၎င်းကို မသတ်ခဲ့ပါ။

 

၂။ နောစ--- ၏သေဆုံးမှု

စောက--- နှင့် ၎င်း၏ဇနီးဖြစ်သူ နောစ---တို့၏ ဇာတိမှာဖားအံဖြစ်သည်။ သို့သော် ၎င်းတို့သည် လွန်ခဲ့သော သုံးနှစ် (၂၀၂၂ ခုနှစ်) က ၎င်းတို့၏စိုက်ပျိုးရေးကြောင့် ထောဝါးလော်အုပ်စု၊ င--- ကျေးရွာသို့ ရွှေ့ပြောင်းခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းတို့သည် လယ်ယာစိုက်ပျိုး‌ရေးများကိုလုပ်ကိုင်စားသောက်ကြသည်။ စောက---၏ပြောကြားချက်အရ ၎င်းသည် ပီလောပီနံကို လယ်၌ စိုက်ပျိုးမပြီးခင် နေမကောင်းဖြစ်သွားခဲ့သည်။ အဖျားရှိပြီးသုံးရက်အကြာ (မေလ ၁၆ ရက် ဝန်းကျင်) တွင် ၎င်း၏ ကိုယ်ဝန်ခုနှစ်လရှိသောဇနီးအား “ငါမခံစားနိုင်တော့ဘူး။ ထ--- အုပ်စုတွင် တည်ရှိသော ဆေးရုံသို့ ငါသွားမှဖြစ်မယ်။ မဟုတ်ရင် ငါသေသွားလိမ့်မယ်။” ဟုပြောသည်။ သူအရင်သွားနှင့်ပြီး မိန်းမကနောက် မှလိုက်ရန် နှစ်ဦးသဘောတူခဲ့သည်။ သူသည် အဖျာကြီးရှိ၍ ဆိုင်ကယ်မမောင်းနိုင်သောကြောင့် သူ့အစ်ကိုက ဆေးရုံသို့ ဆိုင်ကယ်ဖြင့်လိုက်မောင်းပို့ပေးခဲ့သည်။ ၎င်းသည် ဆေးရုံသို့ရောက်သောအခါ မိန်းမကိုပြန်ကြိုပေးရန် သူ့အစ်ကိုထံမှ အကူအညီတောင်းခဲ့သည်။ ထို့ကြောင့် အစ်ကိုဖြစ်သူသည် င--- ကျေးရွာသို့ပြန်လာခဲ့သည်။

 

စောက--- ၏အိမ်သို့ သူ့အစ်ကိုရောက်သောအခါ စောက--- ၏သားသည် သူတို့၏မိခင်သည် ဖခင်နောက်လိုက်ရန် သူမ၏ သူငယ်ချင်း (ဆိုင်ကယ်မောင်းသမား)နှင့် အိမ်ကထွက်သွားခဲ့ပြီဟု ပြောပြသည်။ ထို့ကြောင့် စောက---၏အစ်ကိုသည် ဆေးရုံသို့ပြန်သွားခဲ့ပြီး သူ့အိမ်သို့ရောက်သောအခါ သူ့မရီးကအရင် ထွက်သွားနှင့်သဖြင့် မတွေ့ ခဲ့ကြောင်းပြောပြသည်။ သို့သော် နောစ---သည် ဆေးရုံသို့ဘယ်တော့ကမှမရောက်ခဲ့ပါ။ စောက--- သည် ၎င်း၏ ဇနီးပျောက်နေကြောင်း ကြားလိုက်ရသောအခါ ၎င်း၏သွေးပေါင်းချိန်သည် ၈၀/၄၀ သို့ကျသွားခဲ့သည်။ သူသည် ဆေးဆရာမ မေးသောမေးခွန်းများကို မဖြေဆိုနိုင်တော့ပါ။ “ကျွန်တော်ကအဖျားတော်တော်ကြီးပြီး ဆေးရုံကုတင်ပေါ် မှာလဲနေတယ်။ ကျွန်တော့မိန်းမကပျောက်နေ ပြီးတော့ အိမ်မှာကျန်နေခဲ့တဲ့ ကျွန်တော့ကလေးတွေနဲ့တူလေးနှစ် ယောက်အတွက် စိုးရိမ်နေခဲ့တယ်။ ဘာ့ကြောင့်လဲဆိုတော့ အိမ်မှာကသူတို့ကိုပြုစုမဲ့သူမရှိဘူး”။ စောက--- သည် ‌ဆေးပုလင်းကြီး တစ်လုံးနှင့်တစ်ဝက်ကို သွင်းပြီးသောအခါ ၎င်း၏မိန်းမကိုလိုက်ရှာမှဖြစ်မည်ဟု သူနာပြုတစ်ဦးအား ပြောပြီးဆေးရုံမှ ဆင်းခဲ့သည်။ KNU ခေါင်းဆောင်များမှ လမ်းပိတ်လိုက်ကြောင်း ထ---ကျေးရွာက ရွာသားတစ်ဦးထံမှ ကြားသိရသည်။ ၎င်းသည် ထ--- ကျေးရွာတွင်းရှိ ၎င်းနှင့်အသင်းတော်တွင်အတူတွေ့နေကြဖြစ်သော သင်းအုပ်ဆရာ တစ်ပါး၏အိမ်သို့သွားပြီး ၎င်း၏အဖြစ်ပျက်များကိုပြောပြခဲ့သည်။ သူသည်နောက်နေ့မနက်တွင် နောစ---ကိုဆက် လက်ရှာနိုင်ရန်အတွက် သင်အုပ်ဆရာကလည်း သူ့အားနွေးထွေးစွာတစ်ညဧည့်ခံခဲ့သည်။ ထိုအချိန်တွင် ၎င်း၏အစ်ကို သည် လမ်းမပိတ်မီ သူ့မိသားစုထံသို့ ပြန်သွားနိုင်ခဲ့သည်။ သူသည် စိုးရိမ်စိတ်၊ ပူပင်သောက၊ ဖိစီးမှုများနှင့် ပြည့်နေကြောင်း တစ်ညလုံးအိပ်မပျော်ခဲ့ပါ။

 

နောက်နေ့မနက်တွင် စောက--- သည် ဆေးရုံသို့ပြန်သွားခဲ့ပြီးသူနာပြုတစ်ဦးသည် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား ဗမာစစ်သားများသတ်ခဲ့ကြောင်းသိရသည်ဟုပြောပြသည်။ စောက--- သည် ၎င်း၏မိန်းမမဟုတ်ရန် မျှော်လင့်ခဲ့မိသည်။  လမ်းဖွင့်သောအခါ ၎င်းသည် င--- ကျေးရွာသို့ ထ--- ရွာသူတစ်ဦး၏အကူအညီဖြင့် ပြန်လာခဲ့သည်။ အိမ်နီးနားချင်း (အမည်နှင့်အသက်မသိရ) တစ်ဦးအား တွေ့သောအခါ “ကျွန်တော့မိန်းမအဘယ်မာနည်း” ဟုမေးခဲ့ သည်။ သူမကလည်း “မင်းကိုဤအကြောင်းတွေပြောပြဖို့စောင့်နေခဲ့တာကြာလပြီ” ဟု ပြန်ဖြေခဲ့သည်။ ထို့နောက် သူ့မိန်းမ‌၌ဖြစ်ပျက်ခဲ့သောအကြောင်းစုံကိုပြောပြခဲ့သည်။

 

မေလ ၁၉ ရက်နေ့၌ နောစ--- သည် သူမ၏ယောင်္ကျားနောက် ဆေးရုံသို့လိုက်ရန် ပြင်ဆင်နေချိန်တွင် ထိုင်းနယ်စပ်သို့ ဆိုင်ကယ်ဖြင့် ဒူးရင်းသီးများ သွားပို့မည့် ဇ--- ရွာမှ သူမ၏ သူငယ်ချင်းတစ်ဦးနှင့် တွေ့ခဲ့သည်ဟု စောက--- ၏အိမ်နီးနား ချင်းကပြန်ပြောပြသည်။ ဇ--- ကျေးရွာသည် ထ--- ဆေးရုံနှင့်နီးသောကြောင့် နောစ--- အားလိုက်စီးခိုင်းပြီး သူမသည် သူနှင့်အတူလိုက်စီးသွားခဲ့သည်။ လမ်း၌ ဆ--- တို့သားအဖနှင့်အတူရှိနေသော SAC စစ်သားများမှ တားခြင်းကိုခံခဲ့ရ သည်။ နောခ--- ၏ ပြောကြားချက်အရ SAC စစ်သားများသည် တိုက်ပွဲဖြစ်စဉ်တွင် ဆ--- အား သေနတ်ဖြင့်ပစ်သတ်ခဲ့ သည်။ သို့သော် သူ့သားသည် ပုန်းရှောင်နိုင်ခဲ့သောကြောင့် အသက်လွတ်ခဲ့ရသည်။ သို့ရာတွင် နောစ--- ကိုလည်း သေနတ်ဖြင့်ပစ်သတ်ခဲ့သည်။ သို့သော် ဆိုင်ကယ်မောင်းသမားမှာမူ အသက်လွတ်မြောက်ခဲ့သည် ဟုစောက--- ၏အိမ်နီးချင်းကပြောပြခဲ့သည်။

 

SAC များက နောစ--- ဗိုက်ကိုသေနတ်ဖြင့် သုံးကြိမ်ပစ်ခဲ့ သောကြောင့်သူမသေဆုံးရသည်ဟု င--- ရွာမှ အခြားသော ရွာသူတစ်ဦး (အမည်နှင့်အသက် မသိရ) ကပြောပြခဲ့သည်။ သူမသည် ကိုယ်ဝန်ခုနှစ်လရှိသည်။ “သူမကို မြေစိုသော နေရာ တိုက်ပွဲဖြစ်ခဲ့သောရေမြောင်းနှင့် မနီးမဝေးတွင် တွေ့ရှိခဲ့ပြီး သူမတွင် သေနတ်ကျီအပေါက်များစွာကို တွေ့ရှိခဲ့သည်” ဟု ထိုရွာသူကရှင်းပြခဲ့သည်။

 

ဆ--- နှင့် နောစ--- တို့၏ရုပ်အလောင်းကို စစ်သော KNLA စစ်သားတစ်ဦး က တိုက်ပွဲမတိုင်ခင် နောစ--- ကို SAC စစ်သားများက အဓ္ဓမပြုခဲ့ကြောင်း ရှင်းပြခဲ့သည်။ ထို့နောက် ဖမ်းဆီးခံခဲ့ရသော SAC စစ်သားက ၎င်းသည် ဖြစ်မှု ကိုမြင်တွေ့ခဲ့ကြောင်း ဝန်ခံခဲ့သည်ကို ဘာသာပြန်ပေးခဲ့သော ည--- ရွာလူကြီးမှ KHRG ကွင်းဆင်းလုပ်သားကိုရှင်းပြ ခဲ့သည်။ တိုက်ပွဲဖြစ်နေစဉ်တွင် သူမ၏ဝမ်းဗိုက်အား သေနတ်ဖြင့် သုံးကြိမ်ပစ်ပြီးသတ်ခဲ့သည်။ ထို့နောက် SAC စစ်သားများသည် ထွက်မပြေးခင် လက်ကိုင်ဗုံးနှစ်လုံး ကို သူမ၏အ‌လောင်းနှင့်နီရာသို့ ပစ်ခဲ့သည်။ သို့သော် ဗုံးတစ်လုံး သည် သူမနှင့်ဝေးရာတွင်ကျပြီး နောက်တစ်လုံးမှာ မပေါက်ကွဲခဲ့သောကြောင့် သူမ၏ရုပ်အလောင်းကို မထိခိုက်ခဲ့ပါ။ နောခ--- နှင့် စောက--- ၏ အိမ်နီးချင်းတို့၏ရှင်းပြချက်အရ ဆ--- သည် အသတ်ခံခဲ့ရပြီး သူ့သားနှင့် နောစ--- ၏ သူငယ်ချင်းသည် ထွက်ပြေးလွတ်မြောက်ခဲ့သည်။

 

နောစ--- သည် သူမ၏ခင်ပွန်းနှင့် သားသမီးလေးဦးတို့မှ အောင့်မေ့ခြင်းကိုခံရသည်။ စောက--- သည်လည်း ဇနီးကို ဆုံးရှုံးခဲ့ရပြီးနောက် ဆင်းရဲခက်ခဲမှုများနှင့် ကြုံတွေ့ရင်ဆိုင်ခဲ့ရသည်။ သူသည် ဖျားနာခြင်းမှ ပြန်လည်ကောင်း မွန်လာစသူဖြစ်ပြီး ဖြစ်ပျက်ခဲ့သောအရာတွေကြောင့်လည်း အလွန်စိတ်ထိခိုက်ခဲ့ရသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ တွင်  သူသည်ပြင်းပြင်းထန်ထန်ခံစားနေရဆဲဖြစ်သည်။ သူသည် မကြာသေးခင်ကပင် စိတ်ဆင်းရဲမှု တို့ကိုဖြတ်ကြော်ခဲ့ ရသဖြင့် KHRGကွင်းဆင်းလုပ်သားမှ အင်တာဗျူးရာတွင် အဆုံးတိုင်အောင် မဖြေဆိုနိုင်ခဲ့ပါ။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

အင်တာဗျူး ကိုဖြေဆိုခဲ့သော စ--- ၏ခင်ပွန်း စောက--- ၊ ထောဝါးလော်အုပ်စု၊ ဂ--- ကျေးရွာ လူကြီးနောခ--- နှင့် အမှုကိုသိသော ထောဝါးလော်အုပ်စု၊ ဇ--- ကျေးရွာမှ ‌ဒေသခံတစ်ဦး ဃ--- တို့မှ ဤကြောင်းအရာများကို KHRG အသုံး ပြုရန် ခွင့်ပြုထားသည်။                                                        

 

Thu, 28 Nov 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ မေလ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအားဖေါ်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

Related Readings