ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ဒူးပလာယာခရိုင်၊ ကရူတူး (ကျုံဒိုး) မြို့နယ်တွင် ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့၌ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) တပ်ရင်းအမှတ် (၇၇၆)မှ စစ်သားတစ်ဦးသည် ဆ--- ကျေးရွာအနီးတွင် အသက် (၁၆) နှစ် အရွယ်ရှိသော မိန်းကလေးငယ်တစ်ဦးဖြစ်သူ နော်အ---ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန်ကြိုးပမ်းခဲ့သည်။ အဆိုပါ စစ်သား၏နာမည်မှာ စောသားစိုးဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၌ စောသားစိုးသည် ၎င်း၏အိမ် အတွင်းတွင် အသက် (၁၆) နှစ်အရွယ်ရှိသော မိန်းကလေးငယ်တစ်ဦးဖြစ်သူ နော်ဘ---ကို မုဒိမ်းပြုကျင့်ခဲ့သည်။ ထိုမိန်း ကလေးငယ်နှစ်ဦးသည် ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှတဆင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) အား အမှု တိုင်ကြားခဲ့သည်။ သို့သော်လည်း ပြစ်မှုကျူးလွန်သူ၏တပ်ရင်းမှူးဇာတိမာသည် ၎င်းအား ဖမ်းဆီးရန်တားမြစ်ခဲ့သည်။ ပြစ်မှုကျူးလွန်သူသည် အဖမ်းဆီးမခံရသည့်အပြင် အဆိုပါမိန်းကလေးငယ်နှစ်ဦး၏ကျေးရွာအနီးတွင် ဆက်လက်နေ ထိုင်နေသောကြောင့် မိန်းကလေးငယ်နှစ်ဦးသည် လုံခြုံမှုမရှိကြောင်းခံစားရသည်။ ထို့ကြောင့် KWO တာဝန်ရှိသူတစ်ဦး သည် အဆိုပါမိန်းကလေးများအတွက် လုံခြုံစိတ်ချသည့်နေရာနှင့်လိုအပ်သောအကူအညီများကို စီစဉ်ပံ့ပိုးပေးခဲ့သည်။ နောက်ပိုင်းတွင် ပြစ်မှုကျူးလွန်သူသည် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ပြီးနောက် ၎င်းအား အရေးယူဆောင်ရွက် ခြင်းများ မရှိတော့ပေ။ [1]
အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
အခင်းဖြစ်ပွားမှုအမျိုးအစား |
KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) စစ်သားတစ်ဦးက အသက် မပြည့်သေးသော မိန်းကလေးငယ်နှစ်ဦးအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း |
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နှင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် |
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |
ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ မဲသယ်ကျေးရွာအုပ်စု၊ ဆ--- ကျေးရွာ |
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||
အမည် |
နော်ဘ--- |
နော်အ--- |
အသက် |
၁၆ နှစ် |
၁၆ နှစ် |
ကျား/မ |
မ |
မ |
လူမျိုး |
ကရင် |
ကရင် |
အိမ်ထောင် ရှိ/မရှိ |
ရှိ |
မရှိ |
အလုပ်အကိုင် |
ကျဘမ်း |
ကျဘမ်း |
ကိုးကွယ်သည့် ဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
ရာထူးအဆင့် |
ရွာသား |
ရွာသား |
နေရပ် ရွာအမည် |
မဲသယ်ကျေးရွာအုပ်စု၊ ဆ--- ကျေးရွာ |
မဲသယ်ကျေးရွာအုပ်စု၊ ဆ--- ကျေးရွာ |
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
အမည် |
ရာထူး |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ |
အခြေစိုက်သည့်နေရာ ဒေသ |
အထက်အရာရှိ အမည် |
စောသားစိုး |
တပ်သား |
KNU/KNLA-PC တပ်ရင်းအမှတ် (၇၇၆) |
ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ဝေါ်ခီး တုကျေးရွာအုပ်စု၊ လာအေးသာကျေးရွာ |
တပ်ရင်းမှူးဇာတိမာ |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
ဤဖြစ်စဉ်ကို ကရူတူးမြို့နယ်မှ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဝန်ထမ်းတစ်ဦးသည် KHRG အား အကြောင်း ကြားခဲ့သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် KHRG ကွင်းဆင်းလုပ်သားတစ်ဦးသည် KWO ဝန်ထမ်း တစ်ဦးအား အင်တာဗျူးခဲ့သည်။ ထို့အပြင် KHRG ကွင်းဆင်းလုပ်သားသည် နော်ဘ---နှင့်နော်အ--- တို့ကိုလည်း မေး မြန်းခဲ့သည်။ နော်ဘ---နှင့်နော်အ---တို့သည် KWO စီစဉ်နေရာချထားပေးသော လုံခြုံသည့်နေရာတွင်ရှိနေစဉ်တွင် ၎င်းတို့အား မေးမြန်းခဲ့ခြင်းဖြစ်သည်။ (၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် KHRG ကွင်းဆင်းလုပ်သားသည် ယခင်က အင်တာ ဗျူးခဲ့သော KWO ဝန်ထမ်းတစ်ဦးအား နောက်တစ်ကြိမ် အင်တာဗျူးခဲ့ပြန်သည်။) |
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
ဤသတင်းအကြောင်းအရာကို အတည်ပြု၍ပြောပြခဲ့သောသူများမှာ နော်ဘ---နှင့် KWO ဝန်ထမ်းတစ်ဦးဖြစ်သည်။ အဆိုပါ KWO ဝန်ထမ်းတစ်ဦးသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် နစ်နာသူမိန်းကလေးငယ် နှစ်ဦးအား ကူညီပေးခဲ့သူလည်းဖြစ်သည်။ |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၌ ည (၁၂)နာရီဝန်းကျင်တွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) စစ်သားတစ်ဦးဖြစ်သော စောသားစိုးသည် အသက် (၁၆) နှစ်အရွယ်ရှိသော မိန်းကလေးငယ်တစ်ဦးဖြစ်သည့် နော်ဘ---အား မုဒိမ်းပြုကျင့်ခဲ့သည်။ ထိုနေ့တွင် နော်ဘ---သည် ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း ပြစ်မှုကျူးလွန်သူ သည် သူမအား မုဒိမ်းပြုကျင့်ခဲ့သည်ဟု နော်ဘ---က KWO အား ပြောပြခဲ့သည်။ (ဖြစ်ပုံမှာ နော်ဘ---သည် အင်တာနက် အသုံးပြုရန်အတွက် စောသားစိုး၏အိမ်သို့ သွားခဲ့ခြင်းဖြစ်သည်။) အခင်းဖြစ်ပွားသည့်နေရာတွင် အခြားမည်သူမှ မရှိ သောကြောင့် ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူလည်း မရှိပေ။
စောသားစိုးသည် နော်ဘ---အား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမကျူးလွန်မီ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့၌ ည (၁၁) နာရီခန့်တွင် နော်ဘ---၏သူငယ်ချင်းဖြစ်သူ နော်အ---ကိုလည်း (ကျေးရွာအနီး လမ်းမပေါ်တွင်) လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန်ကြိုးပမ်းခဲ့သည်။ စောသားစိုးသည် နော်အ---ကို မုဒိမ်းပြုကျင့်ရန်မလုပ်နိုင်ခဲ့သော်လည်း သူမအား အတင်းဖက်နမ်း၍ သူမ၏ရင်သားကို ညှစ်ကိုင်ခဲ့သည်။ နော်အ---က ဤဖြစ်စဉ်ကို တိုင်ကြားရန်ကြောက်ရွံ့နေခဲ့သည့် အတွက်ကြောင့် ဤဖြစ်စဉ်ကို (၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့အထိ) မည်သူမှ မသိရှိခဲ့ရပါ။ (သို့သော် နော်ဘ---က စောသားစိုးမှ သူမအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့ကြောင်း တင်ပြခဲ့သည်ကို ကြားသိရှိရပြီးနောက် နော်အ---လည်း သူမ၏ကြုံတွေ့ခဲ့သည့်အရာကို နော်ဘ---အား မျှဝေပြောပြခဲ့သည်။)
စောသားစိုးသည် နော်ဘ---အား မုဒိမ်းပြုကျင့်ပြီးနောက် (စောသားစိုးသည် နော်အ---ကိုလည်း မုဒိမ်းပြုကျင့်ရန်ကြိုး ပမ်းခဲ့ကြောင်း သိရှိခဲ့သည့်အတွက်ကြောင့်) နော်ဘ---သည် ဤအမှုကို အရှုံးမပေးဘဲ (တရားမျှတမှုကို ရရှိရန် ကြိုးစား ခဲ့သည်။) (၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင်) နော်ဘ---သည် ဤအမှုကို KNU/KNLA-PC တပ်ရင်းအမှတ် (၇၇၆)၏တပ်ရင်းမှူးဖြစ်သော ဇာတိမာအား တိုင်ကြားရန်ကြိုးစားခဲ့သည်။ သို့သော် တပ်ရင်းမှူးဇာတိမာသည် ထိုနေ့ တွင် ရှိမနေခဲ့ပေ။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် နော်ဘ---နှင့်နော်အ---နှစ်ဦးစလုံးသည် KWO အား တင်ပြခဲ့ပြီးနောက် ထိုမှတဆင့် KWO သည် ကရူတူးမြို့နယ်ရဲစခန်းသို့ (ကရင်အမျိုးသားရဲတပ်ဖွဲ့ - KNPF) သွားရောက် ပြီး အမှုကိုတိုင်ကြားခဲ့သည်။
ဤဖြစ်စဉ်နှင့်ပတ်သက်၍ ကရူတူးမြို့နယ်၊ ထီဟူးသံကျေးရွာအုပ်စု၊ ဒ--- ကျေးရွာတွင်နေထိုင်သော ဒေသခံ KWO ဝန်ထမ်းတစ်ဦးဖြစ်သူ နော်ဃ---က ယခုလိုရှင်းပြသည်။ "အစပိုင်းမှာ (KNPF) ရဲအရာရှိက ပြစ်မှုကျူးလွန်တဲ့ စောသားစိုး ကို သွားပြီးဖမ်းဆီးမလို့ဘဲ။ ဒါပေမဲ့ သူ့ရဲ့တပ်ရင်းမှူးဇာတိမာက (KNU/KNLA-PC) ဒီလိုပြန်ပြောတယ်။ 'သူက ငါ့ရဲ့ စစ်သားတဲ့'။ အဲဒါကြောင့် (KNPF) ရဲအရာရှိက (သူ့ကိုမဖမ်းဘဲ) ပြန်လာခဲ့တယ်။ (KNU/KNLA-PC တပ်ရင်းမှူး) သူပြောတာက သူဟာ (ပြစ်မှုကျူးလွန်သူ) သူ့အမိန့်အောက်မှာနေတဲ့စစ်သားတစ်ဦးဖြစ်တယ်တဲ့။ အဲဒီနောက် ကျွန်မတို့က (KWO နှင့်နစ်နာသူမိန်းကလေးနှစ်ဦး) အခြေအနေစောင့်ကြည့်နေခဲ့တယ်။ ဒါပေမဲ့ သူက (ဇာတိမာ) ဘာမှပြန်မပြောတော့ဘူး။ လူတွေက (ရွာသားတွေ) ပြစ်မှုကျူးလွန်သူကို ဘာလုပ်မလဲလို့ သူ့ကိုမေးကြ တယ်။ ဒါပေမဲ့သူက ဘာမှပြန် မပြောဘူးလေ။ အဲဒီနောက် ပြစ်မှုကျူးလွန်သူလည်းပျောက်သွားတယ်။ သူ့အကြောင်း ကိုလိုက်စုံစမ်းကြည့်တော့ (နောက်ဆုံးမှာ) ကျွန်မတို့ကြားတာက သူက ထိုင်းနိုင်ငံကိုထွက်ပြေးသွားပြီးတဲ့။" ကရူတူးမြို့နယ် (KNPF) ရဲတပ်ဖွဲ့ အနေဖြင့် စောသားစိုးကို ဖမ်းဆီးလို့မရဲဘူးဖြစ်နေသည်ဟု KWO ဝန်ထမ်းနှင့်နစ်နာသူ မိန်းကလေးနှစ်ဦး၏မိသားစုဝင်များက ထင်မြင်ကြသည်။ အကြောင်းမှာ စောသားစိုးသည် KNU/KNLA-PC စစ်သား တစ်ဦးဖြစ်သောကြောင့်ဖြစ်သည်။ (ဆိုလိုသည်မှာ သူသည် ကရင်အမျိုးသားအစည်းအရုံး - KNU ၏အမိန့်အောက်တွင် မရှိဘဲ KNU/KNLA-PC ၏အမိန့် အောက်တွင်ရှိနေသောကြောင့်ဖြစ်သည်။) KNPF ရဲတပ်ဖွဲ့က ဤအမှုနှင့်ပတ်သက်ပြီး သတင်းကောက်ယူစုဆောင်း သော်လည်း အရေးယူဆောင်ရွက်ခြင်းများ မရှိခဲ့ပေ။
အဆိုပါဖြစ်စဉ်များဖြစ်ပွားနေစဉ်အတွင်း စောသားစိုးသည် ထိုမိန်းကလေးငယ်နှစ်ဦးအနေဖြင့် အကယ်၍ ဤဖြစ်စဉ်ကို တိုင်ကြားခဲ့ပါက ၎င်းတို့အား သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ မိန်းကလေးငယ်နှစ်ဦးသည် ၎င်းတို့ကြုံတွေ့ခံစား ရသည့်အရာကို ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ပြီးနောက်တွင် ၎င်းတို့အိမ်ထဲတွင် နေထိုင်ရန်ပင် ကြောက်ရွံ့နေခဲ့သည်။ (အကြောင်းမှာ ပြစ်မှုကျူးလွန်သူသည် ၎င်းတို့အနီးနားပတ်ဝန်းကျင်တွင် နေထိုင်နေသောကြောင့်ဖြစ်သည်။) ထို့ ကြောင့် KWO သည် နစ်နာသူမိန်းကလေးနှစ်ဦးကို ကူညီပေးခဲ့ပြီး ၎င်းတို့လုံခြုံရေးအတွက် KWO ထားရှိသည့်လုံခြုံ သောနေရာသို့ (လုံခြုံရေးအတွက် လိပ်စာဖော်ပြ၍မရပါ) သွားရောက်နေထိုင်ခိုင်းခဲ့သည်။
ပြစ်မှုကျူးလွန်သူသည် ဖမ်းဆီးမခံရသည့်အတွက်ကြောင့် နစ်နာသူမိန်းကလေးနှစ်ဦးနှင့်၎င်းတို့မိသားစုဝင်များသည် ၎င်းတို့နှစ်ဦး၏လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေခဲ့သည်။ ဒေသခံအာဏာပိုင်များအနေဖြင့် ပြစ်မှုကျူးလွန်သူကို အရေး ယူပေးရန် KWO ဝန်ထမ်းက တောင်းဆိုခဲ့သည်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် ထပ်မံရရှိသောသတင်းအချက်အလက် -
ပြစ်မှုကျူးလွန်သူသည် ထိုင်းနိုင်ငံသို့ (အချိန်အတိအကျမသိရှိရ) ထွက်ပြေးသွားပြီးဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့တွင် KWO ဝန်ထမ်းတစ်ဦးက KHRG အား အတည်ပြုခဲ့သည်။ ထို့ကြောင့် (KNPF ရဲတပ်ဖွဲ့အနေဖြင့်) ဤအမှု ကို ဆက်လက်ဆောင်ရွက်ရန်မရနိုင်တော့ကြောင်း သိရှိရသည်။ အဆိုပါမိန်းကလေးငယ်နှစ်ဦးသည် KWO စီစဉ်ချထား ပေးသောနေရာတွင် နှစ်လ၊ သုံးလကြာနေထိုင်ခဲ့ပြီးနောက် ၎င်းတို့ဆွေမျိုးသားချင်း၏ရွာတွင် သွားရောက်နေထိုင်ခဲ့ သည်။ KWO ဝန်ထမ်းတစ်ဦးဖြစ်သူ နော်ဃ---သည် မိမိငွေကြေးဖြင့် ထိုမိန်းကလေးငယ်နှစ်ဦးအား စားစရာများ ကူညီပေးခဲ့သည်။ ထို့အပြင် ဒေသခံခေါင်းဆောင်များ သို့မဟုတ် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ထိုမိန်းကလေး နှစ်ဦး၏စားဝတ်နေရေးအတွက် တစ်ချို့ကူညီထောက်ပံ့မှုများရရှိအောင် စီစဉ်ဆောင်ရွက်ပေးရန် နော်ဃ---က တောင်း ဆိုခဲ့သည်။ အဆိုပါမိန်းကလေးနှစ်ဦးသည် KWO ဝန်ထမ်းတစ်ဦးက ပေးသောအကူအညီများမှလွဲ၍ မည်သည့်အခြား အကူအညီများ မရရှိခဲ့ပေ။ နော်အ--- သည် မွေးကတည်းက စိတ်ပိုင်းဆိုင်ရာချို့တဲ့မှုကို (အသေးစိတ်မသိရှိရ) ခံစားခဲ့ ရသည်။ ထိုမိန်းကလေးငယ်နှစ်ဦးစလုံးသည် နေ့စားကျဘမ်းအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
ဤသတင်းအကြောင်းအရာကို ပြောပြခဲ့သော KWO ဝန်ထမ်းတစ်ဦးသည် သတင်းအား အသုံးပြုရန်အတွက် KHRG အား ခွင့်ပြုချက်ပေးခဲ့သည်။ (ထို့အပြင် KHRG ကွင်းဆင်းလုပ်သားသည် နစ်နာသူမိန်းကလေးငယ်နှစ်ဦးကို မေးမြန်းပြီး ဤသတင်းကို ရေးသားဖြန့်ဝေရန်အတွက် ခွင့်ပြုချက်တောင်းခဲ့သည်။) |
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလနှင့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အ ရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေ အား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစ ကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။