ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ် တွင်ဖြစ်ပွားခဲ့သော အကြောင်းအရာများကို ဖော်ပြထားသည်။ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၅၅၉) နှင့် ခြေမြန် တပ်ရင်း (ခမရ) အမှတ် (၅၆၀) မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများသည် လယ်ကဆောမြို့နယ်၊ စတိန် ကျေးရွာအုပ်စုအတွင်းသို့ လာရောက်စစ်ကြောင်းထိုးပြီး ကင်းပုန်းချ၍ ခရီးသွားလာသော ဒေသခံရွာသားများအား ခေါ်ယူစစ်ဆေးနေကြောင်း သိရှိရသည်။ အဆိုပါ SAC စစ်သားများသည် လ---ဒေသသို့ မရောက်မီတွင် ကော်သူးလေ တပ်မတော် (KTLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များနှင့်ထိပ်တိုက်တိုး၍ တိုက်ပွဲဖြစ် ပွားခဲ့သေးသည်။ ကျေးရွာပတ်ဝန်းကျင်တွင် လက်နက်ကိုင်ပဋိပက္ခများ ရုတ်တရက်ဖြစ်ပွားခဲ့သည့်အတွက်ကြောင့် ရွာသားများသည် ပြင်ဆင်မှုမရဘဲ ထွက်ပြေးပုန်းရှောင်ရာတွင် အခက်အခဲများကြုံတွေ့ရသည်။ ထို့အပြင် ရွာသားများ သည် နေ့စားအလုပ်သမားနှင့် လယ်သမားများသာဖြစ်သည့်အတွက် စားဝတ်နေရေးအခက်အခဲများလည်း ကြုံတွေ့ရ သည်။ ထို့ကြောင့် ရွာသားများသည် စိုးရိမ်ကြောက်ရွံ့နေရသည့်အခြေအနေတွင် ရှိနေပါသည်။ [1]

 

 

စစ်လှုပ်ရှားမှုနှင့် ရွာသားများအား အဓမ္မစစ်ဆေးမေးမြန်းမှုများ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့၌ ဘိတ်ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ စတိန် ကျေးရွာအုပ်စု၊ ဆ--- ကျေးရွာ တွင် အခြေစိုက်သော ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၅၅၉) နှင့် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၆၀) မှ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သား (၂၀) ဦးသည် စတိန် ကျေးရွာအုပ်စု၊ ဟ--- ကျေးရွာသို့ တက်ရောက် လာခဲ့သည်။ ဒေသခံရွာသားများ၏ပြောပြချက်အရ အဆိုပါ SAC စစ်သားများသည် ဆ--- (ကျေးရွာ)မှ စထွက်လာပြီး ဟ--- ကျေးရွာသို့မရောက်မီအချိန်တွင်း မနက် (၈း၃၀)မိနစ်ဝန်းကျင်တွင် ဟ--- ကျေးရွာအနီးရှိ အမှတ် (၉)နေရာရှိ လမ်းဘေးနားတွင် ကင်းပုန်းဝပ်၍ ခရီးသွားလာသည့်ရွာသားများအား ခေါ်ယူစစ်ဆေးမေးမြန်းကြသည်။ ဤအကြောင်း နှင့်ပတ်သက်၍ စတိန် ကျေးရွာအုပ်စု၊ ဟ--- ကျေးရွာတွင် နေထိုင်သော စောပ---က "၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက် နေ့မှာ စစ်ကောင်စီက ဆ---ရွာမှာရှိတဲ့သူတို့တပ်စခန်းကနေ ဟ---ရွာကိုသွားနေတယ်။ ပြီးတော့ လမ်းဘေးနားမှာ ယာယီကင်းပုန်းချပြီး နေရာယူတယ်။ (…) ဒါနဲ့ ပတ်သက်ပြီး (စစ်ဆေးမေးမြန်းမှု) မြန်မာစစ်တပ်က ရွာထဲကိုဝင်လာမှ ဖြစ်နေတာမဟုတ်ဘူး။ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ KNLA တွေ၊ PDF တွေနဲ့ပကဖအဖွဲ့တွေလည်း ရွာထဲကို ဝင်လာရင်လည်း စစ်ဆေးမေးမြန်းတာတွေ လုပ်တာပဲ။ (…) တစ်လအတွင်းဆိုရင် နေ့တိုင်းလိုလို စစ်ဆေးမေးမြန်း ကြတယ်။ ပြီးတော့ သူတို့က ကျွန်တော်တို့ရွာအနားမှာလည်း စစ်ဆေးရေးဂိတ်တွေချထားတယ်။ အဲဒါအပြင် သူတို့က ကျွန်တော်တို့ရွာထဲကိုဝင်လာပြီး စားစရာတွေလာဝယ်ကြတယ်။ အဲဒါကြောင့် ရွာသားတွေအနေနဲ့ နေ့ရောညပါ အချိန် တိုင်းစိုးရိမ်ပူပန်မှုတွေနဲ့ အသက်ရှင်နေရတယ်။" ဟု ရှင်းပြသည်။ ဒေသခံပြောပြချက်အရ SAC စစ်သားများအနေဖြင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ ရွာထဲတွင်သွားလာလှုပ်ရှားနေသည်ဟု သတင်းရရှိပါက လက်နက်ကြီးများ ပစ်ခတ် လေ့ရှိသည်။ (ထို့ကြောင့် ရွာသားများသည် အမြဲတမ်းကြောက်ရွံ့နေရသည်။) ရွာသားများအနေဖြင့် (ရွာထဲတွင် ကရင် စစ်သားများရှိနေကြောင်း) မည်သူက SAC စစ်သားများအား သတင်းပေးခဲ့သည်ကို မသိရှိရပေ။

(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့၌ SAC မှ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ပြီးနောက်) မနက် (၉)နာရီတွင် ၎င်းတို့ သည် (SAC) ဟ--- ကျေးရွာအနီးရှိ အမှတ် (၉)နေရာမှ လ--- ကျေးရွာသို့ ခရီးဆက်ခဲ့သည်။ အမှတ် (၉) နေရာမှ လ--- ကျေးရွာသို့ ဆိုင်ကယ်ဖြင့် မိနစ် (၂၀)ခန့်မောင်းရသည်။ SAC စစ်သားများသည် လ--- ကျေးရွာနှင့်မနီးမဝေးတစ်နေရာ အရောက်တွင် ကော်သူးလေတပ်မတော် (KTLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များနှင့် ထိပ်တိုက်တိုး၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မနက် (၉)နာရီတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မနက် (၁၀)နာရီတွင် တိုက်ပွဲ ရပ်တန့်ခဲ့သည်။ အဆိုပါတိုက်ပွဲသည် တစ်နာရီကြာဖြစ်ပွားပြီးနောက် (ရွာသားများ၏ထင်မြင်ချက်အရ) ကရင် (KTLA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသားများအား ထိခိုက်သွားမည်ကို စိုးရိမ်သောကြောင့်  တိုက်ပွဲဖြစ်ပွားသည့်နေရာမှ ဆုတ်ခွာလာခဲ့သည်။ ဤတိုက်ပွဲသည် ရုတ်တရက်ဖြစ်ပွားခဲ့သောကြောင့် ရွာသားများ သည် ထွက်ပြေးတိမ်းရှောင်ရန်အတွက် ကြိုတင်ပြင်ဆင်ချိန်မရရှိခဲ့ပေ။ ထိုပစ်ခတ်တိုက်ခိုက်မှုတွင် မည်သည့်ရွာသားမှ ထိခိုက်ဒဏ်ရာရရှိခြင်းလည်း မရှိခဲ့ပေ။ သို့သော်လည်း ရွာသားများပိုင်ဆိုင်သော ခြံထဲရှိကွမ်းသီးပင်များ ပျက်စီးသွား ခဲ့သည်။ ဒေသခံရွာသားတစ်ဦးဖြစ်သော စောပ---က "၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကတည်းကစပြီး စက်တင်ဘာလအထိ ကျွန်တော်တို့ရွာသားတွေဟာ နေ့နေ့ညည စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ အသက်ရှင်နေထိုင်နေရတယ်။ ညအမှောင်ထဲမှာ ထွက်ပြေးပုန်းရှောင်နေရတယ်။ ပြီးတော့ လက်နက်ကိုင်စစ်သားတွေ ရွာထဲကိုဝင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ရင် အခြေအ နေက ပိုဆိုးလာတယ်။ တခါတလေပြေးနေရတဲ့အချိန်မှာ တစ်ကိုယ်လုံးစိုကုန်တယ်။ တခါတလေလည်း မြေကြီးပေါ် မှာပဲ အိပ်ရတယ်။" ဟု ရှင်းပြသည်။

ထွက်ပြေးတိမ်းရှောင်ရသောအခြေအနေနှင့်စိန်ခေါ်မှုများ

ပုံမှန်အားဖြင့် SAC စစ်သားများသည် နေ့အချိန်အတွင်း ၎င်းတို့တပ်စခန်းမှ ထွက်လာ၍ ရွာထဲသို့သွားလာခြင်းမရှိပေ။ အများအားဖြင့် SAC စစ်သားများသည် ညအချိန်တွင်သာ ထွက်လာလေ့ရှိသည်။ ထို့ကြောင့် ရွာသားများသည် အခြားရွာ သားများဆီမှ SAC စစ်သားများသွားလာလှုပ်ရှားမှုနှင့်ပတ်သက်၍ သတင်းရရှိသည့်အခါတွင် မိုးချုပ်နေပြီးဖြစ်သည့် အတွက် ထွက်ပြေးပုန်းရှောင်ရာတွင် အခက်အခဲများဖြစ်စေသည်။ ဤသို့သောအခြေအနေကို ရွာသားများက မကြာ ခဏကြုံတွေ့ရလေ့ရှိသည်။ မြန်မာစစ်သားများသည် ရွာထဲကို နေ့အချိန်မဟုတ်ဘဲ ညအချိန်အတွင်း ဝင်ရောက်သွား လာသည့်အခြေအနေကြောင့် ရွာသားများအနေဖြင့် လိုအပ်သည့်အရာများထုပ်ပိုးပြင်ဆင်ရန် အချိန်မရရှိဘဲ ထွက်ပြေး ပုန်းရှောင်နေရသည်။ တခါတလေတွင် ရွာသားများသည် မြန်မာစစ်သားများက ရွာထဲကိုဝင်လာပြီးဟု ကြားရသည်နှင့် ဓာတ်မီးကိုတောင် ယူဆောင်ရန်အချိန်မရရှိဘဲ တိမ်းရှောင်ခဲ့ရသည်။

ထို့အပြင် နေ့အချိန်တွင်လည်း ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပါက လမ်းများပိတ်စို့ထားသည့်အတွက် ရွာသားများသည် ထွက်ပြေးတိမ်းရှောင်ရန်အခက်အခဲများ ကြုံတွေ့နေရသည်။ ထွက်ပြေးတိမ်းရှောင်ရသည့်အခြေအနေအောက်တွင် စား ဝတ်နေရေးအခက်အခဲများလည်း ကြုံတွေ့နေရကြောင်း ရွာသားများက တင်ပြသည်။ စောပ--- က "ကျွန်တော်တို့ရွာ သားတွေအနေနဲ့ တိမ်းရှောင်ရပြီးဆိုရင် ဘာပြင်ဆင်မှုမရှိဘူး။ ပြင်ဆင်မှုလုပ်ဖို့လည်း ပိုက်ဆံမရှိဘူး။ အဲဒါကြောင့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ကျွန်တော်တို့လိုအလုပ်သမားတွေအတွက် အခက်အခဲဖြစ်စေတယ်။ တိုက်ပွဲမဖြစ်ဘူးဆို ရင် ပိုကောင်းတာပေ့ါ။ တိုက်ပွဲဖြစ်လာရင်လည်း ရွာနဲ့အဝေးမှာ ပစ်ခတ်ကြပါလို့ (လက်နက်ကိုင်စစ်သားများကို) မေတ္တာ ရပ်ခံချင်ပါတယ်။ ဒီနေ့လိုမျိုးပဲ (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ) ရွာအနားမှာပဲ တိုက်ပွဲထပ်ဖြစ်ပွားမယ်ဆိုရင် ကျွန်တော်တို့ လည်း ပြေးဖို့လမ်းပေါက်မရှိတော့ဘူး။ အဲဒါကြောင့် ရွာနဲ့အဝေးမှာ ပစ်ခတ်တိုက်ခိုက်ကြပါလို့ ထပ်ပြီးတောင်းဆိုချင် ပါတယ်။" ဟု ရှင်းပြသည်။

ယခုလက်ရှိအခြေအနေတွင် ရွာသားများသည် မည်သည့်အချိန်မှာ တိုက်ပွဲထပ်ဖြစ်ပွားလာမည်ကို စောင့်ကြည့်နေကြ သည်။ ရွာသားများအနေဖြင့် အခြေအနေကို အမြဲတမ်းအကဲခတ်လေ့လာပြီး သတိဖြင့်သွားလာနေထိုင်ကြသည်။ 

Mon, 30 Sep 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှင့် စက်တင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဘိတ်ထားဝယ်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား  ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်း ပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

Related Readings