ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း တောအူး (တောင်ငူ) ခရိုင်၊ ဒေါ်ဖားခို (သံ တောင်ကြီး) မြို့နယ်တွင်ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ်တစ်ခုကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့၌ ဒေါ်ဖားခိုမြို့နယ်၊ ထီးဒေး ကျေးရွာအုပ်စု၊ အ--- ကျေးရွာအနီးတွင် SAC တပ်ဖွဲ့နှင့်ဒေသခံ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း SAC စစ်သားတစ်ဦးသည် အသက် (၉၀) နှစ်အရွယ်ရှိသော အမျိုးသမီးတစ်ဦးကို နှိပ်စက်၍ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့သောကြောင့် ထိုအ မျိုးသမီးမှာ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာပြဿနာများ ကြုံတွေ့ခံစားနေရသည်။ ထိုအမျိုးသမီးအနေဖြင့် ဆေးဝါးကုသမှု မရရှိသည့်အပြင် ဤအမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားဥပဒေနှင့်အညီ တိုင်ကြားနိုင်ခွင့်မရှိခဲ့ပေ။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

(ပဋိပက္ခအတွင်း) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ထီးဒေး ကျေးရွာအုပ်စု၊ အ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ဒေါ်ဘ---

အသက်

၉၀ နှစ်

ကျား/မ

လူမျိုး

ဗမာ

အိမ်ထောင် ရှိ/မရှိ   

မုဆိုးမ

အလုပ်အကိုင်

မှီခို

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ထီးဒေး ကျေးရွာအုပ်စု၊ အ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်          

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိ အမည်

မသိရှိရ

စစ်သား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်ရင်း အမှတ်မသိရသောတပ်ဖွဲ့

နေပြည်တော်ကောင်စီနယ်မြေ           

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG သတင်းစုဆောင်းသူတစ်ဦးသည် အ--- ကျေးရွာတွင်ဖြစ်ပွားခဲ့သည့်ဤဖြစ်စဉ်ကို ကြားသိရှိရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အ--- ကျေးရွာသားများအား သွားရောက်တွေ့ဆုံပြီး သတင်းမေးမြန်းခဲ့သည်။ ဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် ၂၀၂၄ ခုနှစ်၊ မေလတွင် KHRG သတင်းစုဆောင်းသူသည် ယာယီစစ်ရှောင်စခန်းတစ်ခု တွင် စစ်ရှောင်နေရသော ရွာသူတစ်ဦးကို သွားရောက်မေးမြန်းခဲ့ပြန်သည်။ ထိုရွာသူတစ်ဦးသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူအမျိုးသမီး၏သမီးဖြစ်သူ၏သူငယ်ချင်းတစ်ဦးဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် KHRG သတင်းစု ဆောင်းသူသည် အ--- ကျေးရွာသို့ သွားရောက်နိုင်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့်အမျိုးသမီးဖြစ်သူ ဒေါ်ဘ---အား လူတွေ့မေးမြန်း၍ သတင်းရယူခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာများကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူ ဒေါ်ဘ---နှင့်သူ့သမီး၏သူငယ်ချင်းတစ်ဦးမှ မျှဝေ ပြောပြခဲ့ခြင်းဖြစ်သည်။ (ဒေါ်ဘ---၏သမီးသည် ဤဖြစ်စဉ်ကိုလည်း မြင်တွေ့ခဲ့သူတစ်ဦးဖြစ်သည်။)

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့၌ အ---ကျေးရွာအနီးတွင် (တပ်ရင်းအမှတ်မသိရှိရသော) SAC တပ်ဖွဲ့နှင့် ဒေသခံ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ - KNLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် - PDF ပူးပေါင်းတပ်ဖွဲ့)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း SAC တပ်သား တစ်ချို့သည် ရွာ သားများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ (SAC တပ်သားများသည် ရွာသားများနေအိမ်မှ အဖိုးတန်ပစ္စည်းများနှင့် ရွာသားတစ်ဦးပိုင်ဆိုင်သည့်ဆိုင်တစ်ဆိုင်မှ စားစရာများကိုလည်း လုယက်ခိုးယူခဲ့သည်။ ထို့အပြင် ရွာသားတစ်ဦး၏ နွားတစ်ကောင်ကိုလည်း ပစ်သတ်ခဲ့သည်။ ရွာသားများသည် PDF တပ်ဖွဲ့ဝင်များနှင့် ဆက်နွယ်ပတ်သက်မှုရှိသည် ဟုစွပ်စွဲ၍ SAC အနေဖြင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးရခြင်းဖြစ်ကြောင်း ဒေသခံများက တင်ပြကြသည်။)

 

ရွာသားအိမ်များ မီးရှို့ဖျက်ဆီးခံရသည့်အချိန်တွင် SAC စစ်သားတစ်ဦးသည် အသက် (၉၀) နှစ်အရွယ်ရှိသော အမျိုးသမီး ကို နှိပ်စက်၍ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခဲ့သည်။ ထိုအမျိုးသမီး၏နာမည်သည် ဒေါ်ဘ---ဖြစ်ပြီး သူသည် အသက်ကြီး ပြီးဖြစ်သောကြောင့် တိုက်ပွဲဖြစ်ပွားစဉ်တွင် မပြေးနိုင်သဖြင့် ရွာထဲတွင်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ (အဆိုပါ SAC စစ်သား တစ်ဦးသည် အသားမဲပြီး မုတ်ဆိတ်မွှေးရှိသည်ဟု ဒေါ်ဘ---က ပြောသည်။) ဖြစ်ပုံမှာ ထိုစစ်သားသည် (အိမ်ရှေ့လှေ ကားပေါ်တွင်) ထိုင်နေသော ဒေါ်ဘ---ကို မြင်တွေ့ခဲ့သည်။ သူသည် ဒေါ်ဘ---အား တစ်ယောက်ထဲဘဲရှိနေလားဟု မေးမြန်းခဲ့သည်။ ဒေါ်ဘ---လည်း တစ်ယောက်ထဲဘဲရှိနေပါတယ်ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် သူသည် ဒေါ်ဘ---၏လက်ကိုဆွဲ၍ အိမ်ထဲသို့ခေါ်ဆောင်သွားသည်။ သူသည် ဒေါ်ဘ---၏အင်္ကျီနှင့်ထမိန်ကိုချွတ်ရန် ကြိုးစားခဲ့ သည်။ ထိုအချိန်တွင် ဒေါ်ဘ---က သူ့အား “ငါက မင်းရဲ့အမေအရွယ်လောက်ရှိတယ်။ ငါ့ကိုအဲလိုမလုပ်နဲ့” ဟုပြောခဲ့ သည်။ ထို့နောက် သူသည် ဒေါ်ဘ---၏လည်ပင်းကိုညှစ်၍ ဓားဖြင့်ချိန်ရွယ်ပြီး ခြိမ်းခြောက်ခဲ့သည်။ ဒေါ်ဘ---အား ခြိမ်း ခြောက်ပြီး ဒေါ်ဘ---၏အင်္ကျီနှင့်ထမိန်ကို ချွတ်ခဲ့သည်။ သူသည် ဒေါ်ဘ---အား “အဖွားကြီးက ပိန်လှီနေတာပဲ” ဟုပြော သည်။ သူသည် လိမ်းဆေးတစ်ခုကို (မည်သည့်လိမ်းဆေးမသိရှိရ)ယူပြီး သူ၏ယောင်္ကျားအင်္ဂါနှင့် ဒေါ်ဘ---၏မိန်းမ အင်္ဂါကို သုတ်လိမ်းခဲ့သည်။ သူသည် ဒေါ်ဘ---အား သူ၏အင်္ဂါကို ကိုင်ခိုင်းပြီး ဒေါ်ဘ---၏ရင်သားကိုလည်း လက်ဖြင့် ပွတ်ကိုင်ခဲ့သည်။ နာရီဝက်ကြာပြီးနောက် သူ၏အင်္ဂါသည် မထဘဲဖြစ်နေသည့်အတွက် ဒေါ်ဘ---ကို မုဒိမ်းပြုကျင့် ရန်ဆက်မလုပ်တော့ဘဲ ဒေါ်ဘ---အား အောက်ခံဘောင်းဘီ၊ အင်္ကျီနှင့်ထမိန်ကို ပြန်ဝတ်ပေးခဲ့သည်။ ထို့နောက် သူသည် အိမ်ထဲမှ ပြန်ထွက်လာခဲ့သည်။

 

ဤဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေါ်ဘ---က KHRG အား ယခုလိုပြောသည်။ “ဒီဖြစ်စဉ်ကိုပြန်လည်စဉ်းစားမိတိုင်း ကျွန်မ အရမ်းကြောက်နေတုန်းပဲ။ အဲဒီအကြောင်းကို စဉ်းစားတိုင်း သူ့ရဲ့မျက်နှာကို အမြဲတမ်းကျွန်မမြင်ယောင်မိတယ်။ သူက ကလားတစ်ဦးပဲ။ သူက အသားမဲတယ်။ ကျွန်မကြောက်ကြောက်နဲ့အော်တဲ့အချိန်မှာ သူက ကျွန်မရဲ့လည်ပင်းကို ဒီလို ညစ်တယ်။ ကျွန်မရဲ့လည်ပင်းက အခုထိနာနေတုန်းပဲ။ ဒီအကြောင်းကိုပြောဖို့ ကျွန်မမရှက်ဘူး။ အမှန်တိုင်းပြောရရင် သူ့ဟာက (ယောင်္ကျားအင်္ဂါ) ထတောင်မထဘူး။ အဲဒါကြောင့် ကျွန်မကို သူမုဒိမ်းမပြုကျင့်ခဲ့ဘူး။ သူသာ ကျွန်မကို မုဒိမ်း ကျင့်ဖြစ်မယ်ဆိုရင် ကျွန်မသေသွားနိုင်တယ်။”

 

အဆိုပါဖြစ်စဉ်ဖြစ်ပွားနေစဉ်အတွင်း ဒေါ်ဘ---၏သမီး (၅၀နှစ်ကျော်)၊ မြေးနှစ်ဦး (၄၀နှစ်ကျော်)နှင့် အခြားအမျိုးသမီး တစ်ဦး (အသက်မသိရှိရ) တို့သည် အိမ်အောက်တွင် ပုန်းနေခဲ့သည်။ ဒေါ်ဘ---သမီး၏သူငယ်ချင်းတစ်ဦးက KHRG အား ယခုလို ရှင်းပြသည်။ “သူ့သမီး ကျွန်မကိုပြောပြတာက အဲဒီစစ်သားတစ်ယောက်က သူ့ရဲ့အိမ်ကိုလာတယ်။ ပြီးတော့ အိမ်ထဲကိုဝင်သွားတယ်။ ဖိနပ်မချွတ်ဘဲနဲ့အိမ်ထဲကိုဝင်သွားတယ်။ ပြီးတော့ သူ့ရဲ့အမေကို အခန်းထဲခေါ်သွားတယ်။ သူ့သေနတ်ကိုဘေးမှာထားပြီးတော့ သူ့အမေရဲ့အင်္ကျီကိုချွတ်တယ်။ အဲဒီစစ်သားက သူ့အမေကို ဘယ်လိုလုပ်လဲဆို တာကို သူမြင်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်အောက်မှာ ပုန်းနေခဲ့တာလေ။ အိမ်ခန်းထဲမှာ ဘာတွေဖြစ်ပျက် သွားလဲဆိုတာ သူက (ဒေါ်ဘ---၏သမီး) ကြမ်းပြင်မှာရှိတဲ့ အပေါက်ကနေ မြင်တွေ့ခဲ့တယ်။ ကြမ်းပြင်က သစ်သားနဲ့ ဆောက်ထားတာလေ။ သူ့သမီးအပါ အိမ်အောက်မှာ လူလေးယောက်ပုန်းနေခဲ့တယ်။ အိမ်ခန်းထဲမှာ ဘာဖြစ်သွားလဲဆို တာ သူတို့အားလုံးမြင်ခဲ့တယ်။ သူတို့မြင်တဲ့အတိုင်း ကျွန်မကိုပြောပြခဲ့တယ်။ သူတို့ကျွန်မကို ရှင်းပြတဲ့အချိန်မှာ သူတို့ငို နေတယ်။ အခြား (စစ်ကောင်စီ) စစ်သားတွေ လူနေအိမ်တွေကို မီးရှို့နေတဲ့အချိန်မှာ ဒီဖြစ်စဉ်ဖြစ်ပွားသွားခဲ့တာ။ အဲဒီစစ်သားက ထွက်သွားတဲ့ နောက်မှာ (အိမ်အောက်မှာပုန်းနေတဲ့) သူတို့က အိမ်ပေါ်ကိုပြန်တက်သွားတယ်။ သူက (ဒေါ်ဘ---) ဒဏ်ရာတွေနဲ့နှိပ်စက်ခံခဲ့ရတာကို သူတို့တွေ့ခဲ့တယ်။ သူ့ရဲ့ခြေသလုံးဟာ ညိုမဲနေတာပဲ။ သူ့ကို သံတုတ်နဲ့ ရိုက်နက်ထားပုံရတယ်။ သူနှိပ်စက်ခံခဲ့ရတယ်လို့ သူ့သမီးက ကျွန်မကိုပြောတယ်။ အဲဒီစစ်သားက ဘာပြောခဲ့လဲဆိုတာ သူ့သမီးက ကျွန်မကိုဒီလိုပြောပြတယ်။ ‘ဒီအဖွားကြီးက ပိန်လှီနေတာပဲ’လို့ပြောပြီး သူ့အမေရဲ့ခြေသလုံးကိုရိုက်တယ်။”

 

(၂၀၂၄ ခုနှစ်၊ မေလတွင် ကြားသိရှိရသည့်သတင်းအရ) ဒေါ်ဘ---အနေဖြင့် ထိုနှိပ်စက်မှုဒဏ်ကိုကြုံတွေ့ခဲ့ပြီးနောက် သူ၏လည်ပင်းမှာနာကျင်စွာခံစားနေရဆဲဖြစ်သည်။ ထို့အပြင်ဤဖြစ်စဉ်ကိုပြန်ပြောသည့်အချိန်တိုင်း ဒေါ်ဘ---ကြောက် ရွံ့နေသည်။ ဒေါ်ဘ---၏ကျေးရွာသည် ရောယှက်နယ်မြေအတွင်းတွင်တည်ရှိ၍ လက်နက်ကိုင်ပဋိပက္ခများ၊ လက်နက် ကြီးပစ်ခတ်မှုများနှင့်လေကြောင်းတိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။ ဤသို့သောအခြေအနေများကြောင့် ရွာသားများအနေဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုင်ကြားရန်နှင့် တရားမျှတမှုရရှိရန်အတွက် အခက်အခဲများရှိနေသည်။

 

ဒေါ်ဘ---သည် အသက် (၉၀)နှစ်ရှိသည်။ ဗမာလူမျိုးဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တစ်ဦးလည်းဖြစ်သည်။ ယခင်က ဒေါ်ဘ---သည် လယ်ယာအလုပ်လုပ်ခဲ့သည်။ သူ့မှာ မိသားစုဝင်ခုနှစ်ဦးရှိသည်။ ယခုအချိန်တွင် ဒေါ်ဘ---သည် (အ---ကျေးရွာရှိ) သူ့အိမ်တွင် သူ၏အငယ်ဆုံးသမီး၊ အငယ်ဆုံးသမီး၏အမျိုးသားနှင့် သူ၏မြေးတစ်ဦးနှင့်အတူ နေထိုင်နေပါသည်။ ဒေါ်ဘ---အငယ်ဆုံးသမီး၏အမျိုးသားသည် အပြင်သို့အလုပ်ထွက်လုပ်လေ့ရှိသည်။ ဒေါ်ဘ---သည် စားဝတ်နေရေးအ တွက် သူ၏အငယ်ဆုံးသမီးမိသားစုကို မှီခိုနေရသည်။ ဒေါ်ဘ---သည် ကျန်းမာရေးမကောင်းပါ။ သူ၏အသံတုန်နေပြီး အမြင်တွေလည်း မုန်ဝါးနေသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဒေါ်ဘ---အနေဖြင့် ဤသတင်းအကြောင်းအရာကို ရေးသားဖြန့်ဝေရန် KHRG အား ခွင့်ပြုချက်ပေးပါသည်။

Mon, 30 Sep 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဇွန်လအတွင်းတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖော်ပြ ထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

Related Readings