ဤမှုခင်းဖော်ပြသည့် မှတ်တမ်းလွှာသည် ဒူးပလာယာခရိုင်၊ ကော်တရီ (ကော့ကရိတ်) မြို့နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ် ရပ်များကို ဖော်ပြထားပါသည်။ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ကော်တရီမြို့နယ်၊ နိုဖိုးကျေးရွာအုပ်စု၊ ဂ---ကျေးရွာအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် ရွာသား (၁) ဦးသေဆုံးပြီး (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ လေယာဉ်တစ်စင်း ဂ---ကျေးရွာအပေါ် ဝဲပျံနေချိန်တွင် စောအ--- သည် ၎င်း၏ရင်သွေးငယ်လေးနှင့် ခရီးသွားနေခဲ့သည်။ ဒုတိယအကြိမ်လေယာဉ်သံကြားပြီးနောက် ၎င်း၏ဇနီးဖြစ်သူ နှင့်ကလေးအား လုံခြုံရာကတုတ်ကျင်းထဲသို့ ပို့ဆောင်ခဲ့သည်။ သို့သော်လည်း ၎င်းမှာမူ လေကြောင်းတိုက်ခိုက်မှု ကြောင့် သေလုမြောပါးဖြစ်ခဲ့သည်။ ဒေသခံအာဏာပိုင်များက စောအ--- အား ပလူးကျေးရွာအုပ်စု၊ ဘ--- ကျေးရွာရှိ ဒေသခံဆေးပေးခန်းတစ်ခုဆီ ပို့ဆောင်ပေးခဲ့သော်လည်း စောအ---သည် လမ်းခရီးတွင် သေဆုံးသွားခဲ့သည်။ စောအ--- သေဆုံးသွားပြီးနောက် ၎င်း၏ဇနီးနှင့် သားသမီး (၃) ဦး အသက်ရှင် ကျန်ရစ်နေသည်။ ထို့အပြင် လေကြောင်းတိုက်ခိုက် မှုကြောင့် အမျိုးသမီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၅) လုံး၊ မူလတန်းကျောင်း (၁) ကျောင်း၊ အလယ်တန်း ကျောင်း (၁) ကျောင်းနှင့် မိရိုးဖလာနတ်ကိုးကွယ်သောဗိမာန်တော် (၁) လုံးလည်း ပျက်စီးသွားခဲ့သည်။[1]

 

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ဂျက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု (အရပ်သားများ ထိခိုက်သေဆုံးမှု)

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ နိုဖိုးကျေးရွာအုပ်စု၊ ဂ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောအ---

နော်ဃ---

နော်ဟ---

နော်သ---

အသက်

၄၁ နှစ်

၄၂ နှစ်

မသိရှိရ

မသိရှိရ

ကျား/မ

ကျား

လူမျိုး

ကရင်

ကရင်

ကရင်

ကရင်

အိမ်ထောင် ရှိ/မရှိ   

ရှိ

ရှိ

မသိရှိရ

ရှိ

အလုပ်အကိုင်

လယ်သမား

စျေးရောင်းသူ

မသိရှိရ

မသိရှိရ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

မသိရှိရ

မသိရှိရ

ရာထူးအဆင့်

ရွာသား

ရွာသား

ရွာသား

ရွာသား

နေရပ် ရွာအမည်

ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ နိုဖိုးကျေးရွာအုပ်စု၊ ဂ---ကျေးရွာ

နိုဖိုးကျေးရွာအုပ်စု၊ ဂ---ကျေးရွာ

နိုဖိုးကျေးရွာအုပ်စု၊ ဂ---ကျေးရွာ

နိုဖိုးကျေးရွာအုပ်စု၊ ဂ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်          

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

မြန်မာ (နိုင်ငံတော်စီမံအုပ်ချုပ်

ရေးကောင်စီ (SAC)) ၏လေတပ်

မသိရှိရ

မြန်မာ (SAC) လေတပ်ဦးစီးချုပ်အ

ဖြစ်ဆောင်ရွက်သော ထွန်းအောင်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်သားတစ်ဦးမှ ဤဖြစ်ရပ်အား KHRG ကွင်းဆင်းလုပ်သား တစ်ဦးထံ အသိပေးခဲ့သည်။ KHRG ကွင်းဆင်းလုပ်သားသည် အခင်းဖြစ်ပွားရာ နေရာသို့သွား၍ ဂ--- ရွာသားများနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့သည်။ ထို့နောက် ကျေးရွာသူကြီးနှင့် တွေ့ဆုံခဲ့သည်။ ကျေးရွာသူကြီးသည် KHRG ကွင်းဆင်း လုပ်သားကို အိမ် (၅) လုံး၊ မူလတန်းကျောင်း (၁) ကျောင်းနှင့် အလယ်တန်းကျောင်း (၁) ကျောင်းအပါအဝင် လေ ကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေရာများကို လိုက်ပြပါသည်။ KHRG ကွင်းဆင်းလုပ်သားသည် ကျေးရွာ သူကြီး၊ သေဆုံးသွားသူ၏မိသားစုဝင်တစ်ဦး၊ ဤအဖြစ်အပျက်ကြောင့် ထိခိုက်ဒဏ်ရာသွားသူတစ်ဦးနှင့် အခြားဒေသ ခံရွာသူ၊ ရွာသားများနှင့် တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

KHRG ကွင်းဆင်းလုပ်သားသည် (၁) စောအ--- ၏ အစ်ကိုဖြစ်သူ စောဆ---၊ (၂) ဂ-- ကျေးရွာသူကြီး စောဒ--- နှင့် (၃) လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုံးအစအနများဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော နော်ဃ--- တို့နှင့် သီးခြားတွေ့ဆုံမေး မြန်းမှုများပြုလုပ်ခဲ့သည်။

 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့၊ ညနေပိုင်းတွင် ကော်တရီမြို့နယ်၊ နိုဖိုးကျေးရွာအုပ်စု၊ ဂ---ကျေးရွာ အတွင်း၌ လေ ကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ စောအ--- ရေချိုးပြီးသောအချိန်သည် ညနေ (၅) ခန့်ရှိပြီးဖြစ်သည်။ စောအ--- ၏ (၄) လသားအရွယ်သားလေးမှာ နေမကောင်းသောကြောင့် စောအ-- သည် ၎င်း၏အိမ်နှင့် မီတာ (၂၀၀) ခန့်ကွာဝေး သော  တစ်ရွာတည်းနေ ဒေသခံသူနာပြုဆရာမထံသို့ ၎င်း၏ကလေးကို ခေါ်ဆောင်သွားရန် ဆိုင်ကယ်စီးနင်းခဲ့သည်။ ၎င်း၏ဇနီးဖြစ်သူ နော်ဖ--- သည် (၄) လအလိုတွင် ကလေးမွေးခဲ့သောကြောင့် သူမ၏ ခင်ပွန်းနှင့်အတူ မလိုက်သွားခဲ့ပါ။ (မျက်မြင်တွေ့ခဲ့သောဒေသခံရွာသားတစ်ဦးဖြစ်သူ နော်ဃ---၏ ပြောကြားချက်အရ) စောအ--- သည် သူနာပြုဆရာမ အိမ်သို့သွားရာ လမ်းထက်ဝက်ရောက်သောအခါ ကောင်ကင်ပေါ်တွင် ပျံသန်းနေသော လေယာဉ်ပျံတစ်စင်း၏အသံကို ကြားခဲ့သည်။ ထို့ကြောင့် စောအ---သည် ဆိုင်ကယ်ကိုရပ်ကာ အကာအကွယ်ရှိသည့်နေရာတစ်နေရာတွင် ပုန်းနေပြီး ၎င်း၏အပေါ်မှ လေယာဉ်ဖြတ်သွားသည်ကို ကြည့်နေခဲ့သည်။

 

ထို့နောက် သူနာပြုဆရာမနှင့်တွေ့ဆုံကာ သားဖြစ်သူအားစစ်ဆေးမှုပြုလုပ်ခဲ့ပြီး စောအ--- သည်  သူနာပြုဆရာမ၏ အိမ်မှ မီတာ (၄၀) ဝန်းကျင်တွင်ရှိသော ဂ--ရွာသားဖြစ်သူ နော်ဃ--- ၏အိမ်သို့သွားလည်ခဲ့သည်။ ပထမအကြိမ် လေ ယာဉ်သံကြားပြီးနောက် (၁၅) မိနစ်ဝန်းကျင်တွင် စောအ--- သည် နော်ဃ--- ၏အိမ်၌ ကွမ်းစားနေစဉ် လေယာဉ်သံ နောက်ထပ်တစ်ကြိမ်ကြားခဲ့ပြန်သည်။ ဤအကြိမ်တွင် လေယာဉ်သည် အောက်ဆင်းလာသကဲ့သို့ အသံကြားရသည်။ စောအ--- သည် ကြောက်လန့်စွာဖြင့် ၎င်း၏သားကို ဇနီးဖြစ်သူနှင့်အတူ လုံခြုံရာသို့ ခေါ်ဆောင်သွားရန် အလျင်စလိုပြု လုပ်ခဲ့သည်။

 

၎င်း၏ဇနီးထံရောက်သည်နှင့်တစ်ပြိုင်နက် နော်ဖ---သည် မြေအောက်ကတုတ်ကျင်းထဲသို့  ဝင်သွားခဲ့သည်။ ၎င်းတို့ (အမေနှင့် ကလေးသုံးဦး)သည် ကတုတ်ကျင်းထဲတွင် ပုန်းခိုနေစဉ် စောအ---သည် လေယာဉ်ဘယ်မှာရှိနေသည်ကို ရှာဖွေရန် အပြင်ဘက်တွင်ရှိနေသည်။ စောအ---သည် SAC တိုက်လေယာဉ်မှ ဗုံးတစ်လုံးကြဲလိုက်သည်ကို မြင်သဖြင့် အကာအကွယ်ရှိသောနေရာသို့  ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း ၎င်းသည် အန္တရာယ်ကင်းသောနေရာကို မရောက် နိုင်ခဲ့ပါ။ ထိုဗုံးသည် စောအ---၏ဘေးနားတွင်ကျခဲ့ပြီး ပေါက်ကွဲမှုစွမ်းအားကြောင့် ၎င်း၏ခန္ဓာကိုယ်ကို အပြင်းအထန် တွန်းလှန်သွားစေခဲ့သည်။ ၎င်းကို အိမ်တစ်လုံးဘေးတွင် လဲလျောင်းနေသည်ကို တွေ့ရပြီး တစ်ကိုယ်လုံးထိခိုက်ဒဏ်ရာ ရရှိနေခဲ့သည်။ စောအ--- ကို ကော်ဘရာစစ်ကြောင်းလုံခြုံရေးတပ်ဖွဲ့များက ကော်တရီမြို့နယ်၊ ပလူးကျေးရွာအုပ်စု၊ ဘ--- ကျေးရွာရှိ KNLA စီမံခံ့ခွဲသော ဆေးပေးခန်းတစ်လုံး (ဘ--- ဆေးပေးခန်းဟုလည်းသိကြသည်) သို့ ပို့ဆောင်ခဲ့သော် လည်း လမ်းတစ်ဝက်တွင် သေဆုံးသွားခဲ့သည်။ ၎င်း၏ဇနီးသည် ကလေး (၃) ဦးနှင့် မုဆိုးမဖြစ်ခဲ့ရသည်။ အခင်းဖြစ်ပွား ခဲ့သည့်အချိန်တွင် စောအ--- ၏အကြီးဆုံးသားသည် (၉) နှစ်၊ အလတ်သည် (၅) နှစ်နှင့် အငယ်ဆုံးသည် (၄) လအရွယ် သာရှိသည်။

 

စောအ--- ၏အစ်ကိုဖြစ်သူ စောဆ--- မှ အဆိုပါဗုံးပေါက်ကွဲမှုကြောင့် စောအ--- သွားရောက်လည်ပတ်ခဲ့သည့် နော်ဃ--- အပါအဝင် အမျိုးသမီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်းပြောပြခဲ့ပါသည်။ နော်ဃ---သည် မျက်နှာတွင်အနည်း ငယ်ဒဏ်ရာရရှိခဲ့သည်။ အခြားထိခိုက်ဒဏ်ရာရရှိခဲ့သော သက်ကြီးအမျိုးသမီး နှစ်ဦးတို့မှာ ဝမ်းဗိုက်တွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သော နော်ဟ--- နှင့် နားတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော နော်သ--- တို့ ဖြစ်ကြသည်။ ထိုထိခိုက်ဒဏ် ရာရသူများကို စောအ--- နှင့်အတူ ဘ---ဆေးပေးခန်းသို့ ပို့ဆောင်ခဲ့သည်။

 

ဤလေကြောင်းတိုက်ခိုက်မှုကြောင့် ဂ---ကျေးရွာအတွင်းရှိ ရွာသူ၊ရွာသား၏အိမ် (၅) လုံး၊ ဘုရားကျောင်းဧရိယာဝန်း ထဲတွင်တည်ရှိသော မူလတန်းကျောင်း (၁) ကျောင်း၊ မိရိုးဖလာနတ်ကိုးကွယ်သော ဗိမာန်တော် (၁) လုံး၊ ဘောလုံးကွင်း နှင့်နီးသော အလယ်တန်းကျောင်း (၁) ကျောင်း၊ စပါးကျီ (၁) လုံး နှင့် အိမ်သာ (၁) လုံးတို့ပျက်စီးသွားခဲ့သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

KHRG မှ ဤအချက်အလက်များကို အသုံးပြုရန် တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့သူများ ခွင့်ပြုချက်ပေးခဲ့ပါသည်။

 

Fri, 30 Aug 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ မေလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား  ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

Related Readings