ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ၌ ဒူးပလာယာခရိုင်၊ ကရူတူး (ကျုံဒိုး) မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ကို ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှပူးပေါင်းတပ်ဖွဲ့တို့သည် ကရူတူးမြို့နယ်၊ တောင်ကြာအင်းကျေးရွာအုပ်စုရှိ တောင်ကြာအင်းတံတားဒေသတွင် အခြေစိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်ကို တိုက်ခိုက်ခဲ့ပါသည်။ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးသည့်နောက် SAC မှ ကရူတူးမြို့နယ်၊ ရောကဲကျေးရွာအုပ်စု၊ အ--- ကျေးရွာသို့လက်နက်ကြီးများပစ်ခတ်ခဲ့ရာ အသက် (၁၁) နှစ်အရွယ်ရှိ ယောကျ်ားလေးတစ်ဦး သေဆုံးခဲ့ပြီး အသက် (၁၃) နှစ်အရွယ်ရှိမိန်ကလေးတစ်ဦးအပါအဝင် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုနေ့နောက်ပိုင်း အဆိုပါ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့မှ တောင်ကြာအင်းကျေးရွာအုပ်စု၊ ဘ--- ကျေးရွာတွင် အခြေစိုက်သည့် SAC ရဲစခန်းကိုတိုက်ခိုက်ခဲ့ပါသည်။ SACသည် တိုက်ပွဲဆက်လက်ဖြစ်ပွားနေစဥ်တွင် ဘ--- ကျေးရွာ၌ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် နေအိမ် (၂၂) လုံးနှင့် စာသင်ကျောင်းနှစ်လုံးပျက်စီးသွားခဲ့ပါသည်။ ထိုနေ့ညနေပိုင်း (၉) နာရီခန့်အချိန်တွင် SAC ခြေမြန်တပ်ရင်း (ခမရ)  အမှတ် (၅၄၅) မှ ရောကဲကျေးရွာအုပ်စု၊ ဆ--- ကျေးရွာနှင့် အနီးအ နားတဝိုက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပါသည်။ အဆိုပါလက်နက်ကြီးများသည် ဘ--- ကျေးရွာရှိ မိသားစုများ သွားရောက်ခိုလှုံသည့် ဘုန်းကြီး‌ကျောင်းသို့ကျရောက်ခဲ့ပါသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီး တစ်ပါးနှင့်ကျောင်းတကာတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါသည်။ ဤကဲ့သို့ဖြစ်ပွားပြီးသည့်နောက် နေရပ်ရွှေ့ပြောင်း နေထိုင်ရသည့် မိသားစုဝင်များသည် အခြားသောနေရာများသို့ ထပ်မံထွက်ပြေးတိမ်း‌ရှောင်ခဲ့ရပါသည်။[1]

 

 

SAC မှ အ--- ကျေးရွာတွင်းသို့လက်နက်ကြီးပစ်ခတ်သဖြင့် ကလေးများ ထိခိုက်ဒဏ်ရာရသေဆုံးခြင်း

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ ကာကွယ် ရေးတပ် (PDF) မှ ပူးပေါင်းတပ်ဖွဲ့တို့သည် ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ တောင်ကြာအင်း ကျေးရွာအုပ်စုရှိတောင် ကြာအင်းတံတားဒေသတွင် အခြေစိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများကို တိုက်ခိုက်ခဲ့ပါ သည်။ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးသည့်နောက် SAC မှ ကရူတူးမြို့နယ်၊ ရောကဲကျေးရွာအုပ်စု၊ အ--- ကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပါသည်။ ထိုနေ့ညနေပိုင်း (၉) နာရီအချိန်တွင် လက်နက်ကြီးတစ်လုံးသည် ရွာသားတစ်ဦး ၏မီးဖိုချောင်သို့ ကျရောက်ခဲ့သဖြင့် အသက် (၁၁) နှစ် အရွယ် (၃) တန်းကျောင်းသားတစ်ဦးဖြစ်သူ စောဒ--- သေလုနီး ပါးဒဏ်ရာရရှိခဲ့ပြီး အသက် (၁၃) နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးဖြစ်သည့် နန်းဃ--- နှင့် အသက် (၁၉) နှစ်အရွယ်ရှိ သည့်စောန--- တို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါသည်။ အဆိုပါလက်နက်ကြီးသည် ၎င်းတို့အိပ်နေစဥ်တွင် ကျရောက် ပေါက်ကွဲခဲ့ပါသည်။ လက်နက်ကြီးအပိုင်းအစထိမှန်သဖြင့် နန်းဃ--- သည်သူမ၏ ဘယ်ဖက်ခြေထောက်နှင့် ကျောဖက် တွင်ဒဏ်ရာရရှိခဲ့ပြီး စောန--- မှာမူ ၎င်း၏လက်တွင် ဒဏ်ရာရရှိခဲ့ပါသည်။ ပေါက်ကွဲသွားသည့် လက်နက်ကြီးအပိုင်း အစများကြောင့်  စောဒ--- ၏ဘယ်ဖက်ခြေထောက် အစိတ်စိတ်အမွာမွာကွဲထွက်ခဲ့ပြီး ၎င်း၏အူများသည် ဝမ်းဗိုက်မှထွက်ကျလာခဲ့ကာ မျက်နှာတွင်လည်းပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့ပါသည်။

ဤကဲ့သို့ဖြစ်ပွားပြီးသည့်နောက် လက်နက်ကြီးထိမှန်သူများ၏ မိသားစုဝင်တစ်ဦးဖြစ်သူ ဒေါ်ဂ--- မှ ထိခိုက်ဒဏ်ရာရ သူများကို ဆေးခန်းသို့ပို့ဆောင်ရန်အတွက် ကားသမားတစ်ဦးအား အကူအညီတောင်းခဲ့ပါသည်။ အစပိုင်းတွင် ၎င်းတို့ ဆေးဝါးကုသမှုခံယူရန်အတွက် ကရူတူးမြို့နယ်၊ ဝါ့ခါကျေးရွာအုပ်စုရှိ ဟ--- ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့ကြပါသည်။ စောဒ--- သည် ဟ--- ဆေးခန်းသို့ ရောက်ရှိပြီးနောက် (၃၀) မိနစ်ခန့်တွင် သေဆုံးသွားခဲ့ပါသည်။ ထို့နောက် အဆိုပါ ကားသမားမှ ၎င်း၏အလောင်းကို ကျေးရွာသို့ ပြန်သယ်ဆောင်သွားခဲ့ပါသည်။ နန်းဃ--- နှင့် စော န--- တို့သည် ပြင်းထန်စွာဒဏ်ရာရရှိသောကြောင့် ထိုဆေးခန်းတွင် ဆေးကုသရန်မတတ်နိုင်သဖြင့် ဖားအံဆေးရုံသို့ ၎င်းတို့အားဆက် လက်ပို့ဆောင်ရန်အတွက် ကားသမားသည် ၎င်း၏ကျေးရွာမှ ဟ--- ဆေးခန်းသို့ပြန်လာခဲ့ပါသည်။ ဒေါ်ဂ--- မှ KHRG အား “တခြား [ရွာသား] ကလေးတစ်ယောက် ကျမကိုခေါ်ပြီး ‘အ‌‌ဒေါ်၊ အဒေါ်’ ‘အဒေါ့်ရဲ့မြေးနဲ့တူလေးတွေ လက်နက်ကြီးထိသွားပြီး’ လို့ပြောတယ်။ သူတို့ကို ဝါ့ခါကျေးရွာအုပ်စုမှာရှိတဲ့ ဟ--- ဆေးခန်းကိုပို့ပေးဖို့အတွက် ကျမ ကနေ ကားသမားကို အကူအညီတောင်းလိုက်တယ်။ ကျမတို့တွေ ဆေးခန်းကိုရောက်သွားတဲ့အချိန်မှာ ကျန်းမရေးသူ နာပြုတစ်ယောက်က ကျမကိုပြောလိုက်တယ်။ ‘ဒီကောင်လေး [စောဒ---] က ကုလို့မရတော့ဘူး။ သူက (၁၁) နှစ်ပဲရှိ သေးပြီး ဘယ်ဖက်ခြေထောက်၊ ဗိုက်နဲ့ မျက်နှာမှာ ဒဏ်ရာရသွားတယ်။ သူ စကားလုံးဝမပြောနိုင်တော့ဘူး။’ သူ့ကိုကျမ ဘာပဲမေးမေး ခေါင်းပဲညိတ်နေတယ်။ ညမနက်ခင်မှာပဲ သူဆုံးသွားတယ်။ ကျန်းမာရေးသူနာပြုတစ်ယောက်ကနေ ဒဏ်ရာပြင်းထန်စွာရရှိတဲ့လူနာတွေကိုလည်း ဒီမှာကုသလို့မရဘူးလို့ပြောပြီး ဘုရားသုံးဆူမြို့မှာရှိတဲ့ဆေးရုံကို ပို့သင့်တယ် လို့ပြောတယ်။ စောဒ--- က သူ့အ‌ဒေါ် ရွာမှာအဝတ်ပြန်သွားယူတဲ့အချိန်မှာပဲ ဟ--- ဆေးရုံမှာဆုံးသွားတယ်။ ကားသမား က သူ့ရဲ့အလောင်းကို ရွာပြန်သယ်သွားတယ်။ ပြီးတဲ့နောက်မှာ ကားသမားက နန်း ဃ--- နဲ့ စောန--- ကို ဟ--- ဆေး ခန်းမှာသွားကြိုပြီး (ဒေါ်ဂ--- မှ ကောင်းမွန်တဲ့ပစ္စည်းကိရိယာရှိတယ်လို့ထင် တဲ့အတွက်) ဖားအံးဆေးရုံကိုပို့ပေးခဲ့ တယ်။” ပြောပြခဲ့ပါသည်။

နန်းဃ--- သည် သူမ၏ခြေထောက်နှင့်ကျောဖက်တွင် ရရှိသွားသောဒဏ်ရာများအတွက် ခွဲစိတ်ကုသမှုခံယူရန်လိုအပ် ခဲ့ပြီး စောန-- အနေဖြင့် ခွဲစိတ်ကုသမှုခံယူရန်မလိုအပ်ခဲ့ပါ။ ၎င်းတို့မှ ဆေးရုံဆင်းသွားပြီးဖြစ်သော်လည်း ဖားအံဆေး ရုံတွင် ဆေးဖက်ဆိုင်ရာချိန်းဆိုမှုအတွက် နောက်ထပ်ပြန်သွားရန်လိုအပ်နေပါသေးသည်။ ထိခိုက်ဒဏ်ရာရရှိသူများ သည် ၎င်းတို့၏မိဘများဘန်ကောက်တွင် အလုပ်လုပ်ကြသဖြင့် [နန်းဃ--- နှင့် စော ဒ---] အဖွားဖြစ်ပြီး [စောန---] ၏ အဒေါ်လည်းဖြစ်သည့် ဒေါ်ဂ--- နှင့်အတူနေထိုင်ကြပါသည်။ လွန်ခဲ့သည့်လများအတွင်း မိုးရွာသွန်းခြင်းနှင့်ရေးကြီး ခြင်းတို့ကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသွားသူတို့၏ အဖွား [အဒေါ်] အနေဖြင့် အသက်မွေးဝမ်းကြောင်းအခက်အခဲဖြင့် ကြုံတွေ့နေရပါသည်။ [၎င်းတို့၏မိသားစုမှ ‌‌ဆေးဝါးကုန်ကျမှုစရိတ် သို့မဟုတ် အသက်မွေးဝမ်းကြောင်းအတွက် အ ထောက်အပံ့အား အဖွဲ့အစည်းတစ်ဖွဲ့ဖွဲ့မှ ထောက်ပံ့မှုပေးခဲ့သည်၊ မပေးခဲ့သည်နှင့်ပတ်သက်၍မသိရှိရပါ။

ပစ်ခတ်တိုက်ခိုက်မှုနှင့် SAC ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘ--- ကျေးရွာတွင်း ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ရခြင်း

ထိုနေ့တွင် အဆိုပါ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့မှ ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ တောင်ကြာအင်းကျေးရွာ အုပ်စု၊ ဘ--- ကျေးရွာရှိ SAC ရဲစခန်းကိုတိုက်ခိုက်ခဲ့ပါသည်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားနေ ချိန်အတောအတွင်း SAC မှ ကရူတူးမြို့နယ်၊ တောင်ကြာအင်းကျေးရွာအုပ်စု၊ ဘ--- ကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် (၂၂) လုံးနှင့် စာသင်ကျောင်းအဆောက်အဦးတစ်လုံး မီးလောင်သွားခဲ့ပြီး အခြားအနီးအနားရှိ နှစ်ထပ်ကျောင်းတစ်လုံးပျက်စီးသွားခဲ့ပါသည်။

SAC မှ ဆ--- ကျေးရွာသို့လက်နက်ကြီးပစ်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်း

KNLA မှ ရဲစခန်းအားသိမ်းပိုက်ပြီးသည့်နောက် ည (၉) နာရီခန့်တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) အမှတ် (၁၂) လက်‌အောက်ရှိ ကော်တရီမြို့အနီးတွင် အခြေစိုက်သော SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၄၅) မှ ကရူတူးမြို့ နယ်၊ ရောကဲကျေးရွာအုပ်စု၊ ဆ--- ကျေးရွာသို့ လက်နက်ကြီးပစ်ခတ်ခဲ့ပါသည် [ခန့်မှန်းခြေအားဖြင့် ဆိုက်ကယ်နှင့် နာရီဝက်ကြာအကွာအဝေးတွင် တည်ရှိပါသည်]။ ဆ--- ကျေးရွာနှင့်အနီးအနားတဝိုက်တွင် လက်နက်ကြီးစုစုပေါင်း (၁၀) လုံးကျရောက်သွားခဲ့ပါသည်။ ထိုသို့ပစ်ခတ်လိုက်သောလက်နက်ကြီးများသည် ကျေးရွာတွင်းသို့လေးလုံး၊ ဘုန်း ကြီးကျောင်းအပြင်ဖက်သို့တစ်လုံးနှင့် ဘုန်းကြီးကျောင်းဝင်းထဲသို့ ငါးလုံးကျရောက်သွားခဲ့ပါသည်။ မယ်သီလရှင် ကျောင်းရှေ့သို့ ကျရောက်ပေါက်ကွဲသွားသော လက်နက်ကြီးတစ်လုံးကြောင့် မယ်သီလရှင်တို့၏ ဘော်ဒါဆောင်တစ် ဆောင်နှင့် မယ်သီလရှင်ကျောင်းပျက်စီးသွားပါသည်။ အစောပိုင်းတွင်ဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘ--- ကျေးရွာမှ လူအယောက် (၆၀) ဝန်းကျင်ခန့် ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံမှုရှာဖွေခဲ့ကြပါသည်။ ထိုကဲ့သို့ ထွက်ပြေးတိမ်းရှောင်ကြသူများထဲတွင် အထူးအကူအညီလိုအပ်နေသောရွာသားများဖြစ်သည့် လေဖြတ်ထားသူများနှင့် ဆီချို၊သွေးချိုဝေဒနာရှင်များပါဝင်ပါသည်။ ထွက်ပြေးတိမ်းရှောက်လာကြသူများကို ဆ--- ကျေးရွာရှိ ဘုန်းကြီးများနှင့် ရွာသားများမှ အစားအစာနှင့်တစ်ကိုယ်ရေသန့်ရှင်းမှုပစ္စည်းများဖြင့် ထောက်ပံ့ပေးခဲ့ကြပါသည်။

ဦးဧ--- အမည်ရှိဘုန်းကြီးတစ်ပါးမှ “ဦးဇင်းကြားတာကတော့ SAC တွေက ဦးဇင်းတို့ဘုန်းကြီးကျောင်းကို ပစ်မှတ်မထား ဘူးလို့ ပြောတယ်။ ဒါပေမဲ့ သူတို့က ဦးဇင်းတို့ကိုပစ်မှတ်ထားတယ်လို့ ဦးဇင်းမြင်တယ်။ သူတို့ကထွက်ပြေးတိမ်းရှောင် တဲ့နေရာဖြစ်တဲ့ ဘုန်းကြီးကျောင်းထဲကို နှစ်လုံးပစ်ချတယ်။ ဒါကြောင့် ဦးဇင်းအနေနဲ့ သူတို့ရဲ့ရည်ရွယ်ချက်ကို သံသယ ဝင်မိတယ်။ သူတို့က ဘုန်းကြီးကျောင်းကို စုစုပေါင်း ငါလုံးပစ်ချတယ်။” ဟု KHRG ကို ပြောပြခဲ့ပါသည်။ အဆိုပါဘုန်း ကြီးမှထပ်မံပြောပြသည်မှာ “လက်နက်ကြီးပစ်ခတ်လိုက်တဲ့အချိန်အတွင်းမှာ ဘုန်းကြီးကျောင်းကို လာရောက်ခိုလှုံမှုရှာ ကြတဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ မသန်စွမ်းသူတွေအပါအဝင် ထွက်ပြေးတိမ်း‌ရှောင်တဲ့သူတွေက ခြေတံရှည်အ‌ဆောက်အ ဦးတွေအောက်ကို ဝင်ရောက်ပုန်းနေလို့ လုံခြုံသွားကြတယ်။ ဒါမှမဟုတ်ဘူးဆိုရင်တော့ အနည်းဆုံး လူခြောက်ယောက် ဒါမှမဟုတ် ခုနှစ်ယောက်လောက် သေသွားနိုင်လောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကြီးတစ်လုံးက သူတို့ တွေအိပ်တဲ့နေတဲ့နေရာမှာကျသွားတယ်။”  ကျရောက်ပေါက်ကွဲသွားသည့် လက်နက်ကြီးအစအနထိမှန်သဖြင့် အသက် (၃၄) နှစ်အရွယ်ရှိ ဘုန်းကြီးဖြစ်သူ ဦးသ--- ၏ ညာဖက်လက်၊ အသက် (၅၃) နှစ်အရွယ်ရှိဘုန်းကြီးကျောင်း ကျောင်း တကာတစ်ဦးဖြစ်သည့် ဦးက--- ၏ဘယ်ဖက်တင်ပါး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြပါသည်။ ထိုနေ့ တစ်ညထဲ၌ ဆ--- ရွာ သားတစ်ဦးမှ အဆိုပါဒဏ်ရာရရှိသူနှစ်ဦးအား ကရူတူးမြို့နယ်၊ ဝါ့ခါကျေးရွာအုပ်စုရှိ ဟ--- ဆေးခန်းသို့ ပို့ဆောင် ပေးခဲ့ပါသည်။  ထိုကဲ့သို့ လက်နက်ကြီးအပိုင်းအစများ ၎င်းတို့၏ခန္ဓာကိုယ်တွင်ကျန်ခဲ့သဖြင့် နောက်နေ့မနက်တွင် ၎င်းတို့အား နောက်ထပ်ဆေးဝါးကုသမှုခံယူရန် ဖားအံဆေးရုံသို့လွှဲပြောင်းပို့ဆောင်ခဲ့ကြပါသည်။ အဆိုပါထိခိုက်ဒဏ်ရာ ရရှိသူများသည် ဆေးရုံမှဆင်းခဲ့ပြီး ကောင်းမွန်စွာသက်သာလာပြီးဖြစ်ပါသည်။ [၎င်းတို့အနေဖြင့် ‌‌ဆေးဝါးကုန်မှုစရိတ် အတွက် အထောက်အပံ့အားအဖွဲ့အစည်းတစ်ဖွဲ့ဖွဲ့မှ ထောက်ပံ့မှုပေးခဲ့သည်၊ မပေးခဲ့သည်နှင့် ပတ်သက်၍ မသိရှိရပါ။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ လက်နက်ကြီးပစ်ခတ်ပြီးသည့်နောက်တွင် ဆ--- ကျေးရွာရှိဘုန်းကြီးကျောင်းတွင် သွားရောက်နေထိုင်ကြသော ဘ--- ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ကြသည့် မိသားစုများသည် ကြောက်ရွံ့ကြသဖြင့် အခြားသောနေရာများသို့ ထပ်မံ၍ထွက်ပြေးတိမ်းရှောင်ကြရပါသည်။ အချို့ရွာသားများသည် ၎င်းတို့၏ဆွေမျိုးများရှိရာ ကျေးရွာများသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး အခြားသူများမှာမူ အနီးအနားရှိအခြားသောနေရာများသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြပါသည်။ ထို့အပြင် လက်နက်ကြီးပစ်ခတ်ပြီးသည့်နောက် ဆ--- ဘုန်းကြီးကျောင်းတွင်နေထိုင်သည့် ဘုန်း ကြီးအချို့တို့သည်လည်း ဘုန်းကြီးကျောင်းတွင်နေထိုင်ရန် ကြောက်ရွံ့ကြသဖြင့် အခြားနေရာများသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြပါသည်။ ဘုန်းကြီးတစ်ပါးဖြစ်သည့် ဦးဧ---မှ “ရွာတွေနဲ့ ဘာသာရေးအဆောက်အဦးတွေကို လက်နက်ကြီးနဲ့ ပစ်တာဟာ ကောင်းတဲ့အရာမဟုတ်ဘူးလို့ ဦးဇင်းပြောချင်တယ်။ အရပ်သားတွေနဲ့ ဘာသာရေးအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာက ကောင်းတဲ့အရာမဟုတ်ဘူး။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ဒါနဲ့ပတ်သက်ပြီး အသိပေးပြောလိုပါတယ်။” ဟုပြောပြခဲ့ပါသည်။

Fri, 30 Aug 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးပလာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

Related Readings