ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ခလယ်လွီထူ (ညောင်လေး ပင်)ခရိုင်၊ ဆောထိ (ရွှေကျင်) မြို့နယ်တွင် ဖြစ်ပွားခဲ့သောအဖြစ်အပျက်များကို ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ခြေမြန်တပ်ရင်း (ခမရ) အမှတ်- ၂၀ သည် ပျဉ်ရေ ကျေးရွာအုပ်စုရှိ ကျေးရွာ (၅) ရွာ အတွင်းသို့ လက်နက်ကြီး (၃၁) လုံး ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ခ--- ကျေးရွာမှ ရွာသားတစ်ဦးသည် လက်နက်ကြီးအစအနထိမှန်၍သေဆုံးခဲ့ပြီး (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရသူ (၃) ဦးတွင် အဘွားအိုတစ်ဦးနှင့် အသက် (၁၇) နှစ်အရွယ်ကလေးတစ်ဦးတို့ပါဝင်သည်။ လ--- ကျေးရွာမှ ရွာသူ (၃) ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသူ၊ရွာသားများ၏ ပိုင်ဆိုင်မှုများလည်းပျက်စီးခဲ့ သည်။ SACသည် ၂၀၂၃ ခုနှစ်၊ မတ်လတွင် လက်နက်ကြီးဆက်လက်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး (၂၄) လုံးကို ဈ---ကျေး ရွာနှင့် ဂ--- ကျေးရွာအပါအဝင် ပရယ်လို (စစ်တောင်း) မြစ်၏ အရှေ့ဘက်ပိုင်းသို့ ပစ်ခတ်ခဲ့သည်။ ရွာသူ၊ရွာသား (၃) ဦး သည် လက်နက်ကြီးအစအနထိမှန်၍ ဒဏ်ရာရရှိခဲ့ပြီး နွား (၃)ကောင်သေဆုံးခဲ့သည်။ ယင်းကာလအတွင်း လက်နက် ကြီးပစ်ခတ်မှုများကြောင့် ဆောထိမြို့နယ်မှ အစုလိုက်အပြုံလိုက်ထွက်ပြေးတိမ်းရှောင်မှုကိုဖြစ်ပေါ်စေ သည်။[1]

 

 

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှစ၍ ညောင်လေးပင်မြို့နယ်၌အခြေစိုက်ပြီး သ‌ဒေါ်ကလိုး (ပုဇွန်မြောင်း) ကျေးရွာ၌ ယာယီစခန်းချနေထိုင်သော  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခလရ) အမှတ်-၂၀ သည် ဆောထိမြို့နယ်၊ ပျဉ်ရေကျေးရွာအုပ်စု၊ လ--- ကျေးရွာသို့လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော် ဝါရီလ ၉ ရက်နေ့တွင် SAC စစ်သားများသည် လက်နက်ကြီး (၈) လုံးပစ်ခတ်ခဲ့ပြီး ဆောထိမြို့နယ်၊ ပျဉ်ရေကျေးရွာ အုပ်စု၊ ဝ--- ကျေးရွာနှင့်နီးသော မြစ်ကမ်းတွင်ကျရောက်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် SAC စစ်သားများသည် လက်နက်ကြီး (၄) လုံးခန့်ပစ်ခတ်ခဲ့သည်။ လက်နက်ကြီး (၃) လုံးသည် ဃိုလိုက လိုး (ချင်းတွင်းမြစ်) ၏ အနောက်ဘက်၊ ဃ--- ကျေးရွာအပြင်ဘက်ရှိ လယ်ထဲတွင်ကျရောက်ပြီး ကျန်လက်နက်ကြီး တစ်လုံးသည် ဝ--- ကျေးရွာသို့ကျရောက်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထို SAC စစ်သားများသည် လက်နက်ကြီး (၉) လုံးကို ဝ--- ကျေးရွာ အနီးအနားသို့ ပစ်ခတ်ခဲ့သည်။ လက်နက်ကြီး (၈) လုံးမှာပေါက်ကွဲသွားခဲ့ပြီး (၁) လုံးမှာ မပေါက်ကွဲဘဲကျန်ရှိနေသေး သည်။ လက်နက်ကြီး (၃) လုံးမှာ လ--- ကျေးရွာအတွင်းသို့ ကျရောက်ခဲ့ပြီး ကျန်ရှိသောလက်နက်ကြီး (၆) လုံးမှာ ရွာဘေးတွင် ကျရောက်ခဲ့သည်။ လ--- ကျေးရွာအတွင်းသို့ကျရောက်ပေါက်ကွဲသော လက်နက်ကြီး (၃) လုံးသည် ရွာသူ၊ ရွာသား (၃) ကိုထိခိုက်ဒဏ်ရာရစေသည်။ ၎င်းတို့မှာ အသက် (၄၀) နှစ်အရွယ် နော်တ--- သည် လည်ပင်း၌ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သူမ၏သမီးဖြစ်သူ အသက် (၂၀) နှစ်အရွယ် နော်က--- သည် နံရိုးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက် (၃၆) နှစ်အရွယ် နော်မ--- သည် ဒူးခေါင်းနှင့် အောက်ပါပုံတွင်ဖော်ပြထားသည့်အတိုင်း သူမ၏ပေါင်တွင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၎င်းထိခိုက်ဒဏ်ရာရရှိသူများအားလုံးသည် ကရင်လူမျိုးများဖြစ်ကြသည်။ ၎င်းတို့အား ထိ ခိုက်ဒဏ်ရာရရှိပြီးသည်နှင့်တစ်ပြိုင်နက် (မြန်မာအစိုးရအုပ်ချုပ်နယ်မြေဖြစ်သော ပဲခူးတိုင်းဒေသကြီး) ညောင်လေးပင် မြို့ရှိ ဆေးရုံတစ်လုံးသို့ ချက်ချင်းပို့ဆောင်ခဲ့သည်။ နော်တ--- ၏ ဒဏ်ရာများမှာ အသက်အန္တရာယ်စိုးရိမ်ရသဖြင့် ပိုမို ကောင်းမွန်သော ပဲခူးတိုင်းဒေသကြီးရှိ ဆေးရုံသို့ဆက်လက်ပို့ဆောင်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြန်လည် ကောင်းမွန်လာပြီးနောက် နော်တ---နှင့် သူမ၏သမီးဖြစ်သူတို့သည် ၎င်းတို့၏ ရွာသို့ပြန်သွားရန်ကြောက်ရွံ့ကြသော ကြောင့် ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်၊ ကြူချောင်ကျေးရွာအုပ်စု၊ ည--- ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ နော်မ--- သည် ကုသမှုခံယူချိန် ပိုကြာမြင့်၍ နှစ်လခန့်ကြာသည်။

လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် စပါးကျီတစ်ခုနှင့် ရေကန်တစ်ခုပျက်စီးခဲ့ရသည်။ အိမ်တိုင်များနှင့် ရွာသူ၊ ရွာသားများ၏ အသက်မွေးဝမ်းကြောင်းအတွက် မရှိမဖြစ်လိုအပ်သောသစ်ပင်များလည်း ပျက်စီးခဲ့ရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် SAC စစ်သားများ၏လက်နက်ကြီးမ်းသမ်းပစ်ခတ်မှု ပိုမိုများပြားလာသောကြောင့် ခ--- ကျေးရွာမှ ရွာသား ၅၁၅ ယောက်နှင့်အထက်ပါဝင်သော အိမ်ထောင်စု ၁၁၅ စုနှင့် လ--- ကျေးရွာမှ ရွာသား ၃၅၈ ယောက် ပါဝင်သော အိမ်ထောင်စု ၆၉ စုတို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ရွာသားအချို့သည် ခလယ်လွီထူ (ညောင်လေးပင်) မြို့နှင့် အချို့မှာဆောထိမြို့သို့ရွှေ့ပြောင်းနေထိုင်ခဲ့ကြပြီး၊ အချို့မှာလည်း ၎င်းတို့၏ဆွေမျိုးများ နေထိုင်ရာကျေးရွာများ သို့ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် SAC စစ်သားများမှ လက်နက်ကြီးများထပ်မံပစ်ခတ်ခဲ့ရာ ဂ--- ကျေးရွာမှ ရွာသား ၃၇၀‌ ယောက်ပါဝင်သော အိမ်ထောင်စု ၈၅ စုတို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။ ထို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၂ ရက်နေ့တွင် SAC တို့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လယ်ထဲရှိ နွားငါးကောင်လည်း သေဆုံးခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ ညနေ ၃း၃၀ မိနစ်အချိန်တွင် သဒေါ်ကလိုး (ပုဇွန်မြောင်း) ကျေးရွာ၌ အခြေ စိုက်သော SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ်-၂၀ မှ ခ--- ကျေးရွာအတွင်းသို့ လက်နက်ကြီး (၂) လုံးပစ်ခတ်ခဲ့ရာ ရွာသား (၁) ဦးသေဆုံးပြီး (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် နော်န--- အိမ်ပေါ်သို့ကျရောက် ခဲ့ပြီး လက်နက်ကြီးအစအနသည် သူမ၏ခြေထောက်ကိုထိမှန်၍မီးလောင်ခဲ့ရာ ချက်ချင်းသေဆုံးခဲ့သည်။ သူမသည် အသက် (၃၅) နှစ်ရှိပြီး ကလေး (၂) ယောက်ရှိသည်။ သူမသေဆုံးသွားချိန်တွင် ၎င်း၏ယောက်ျားသည် မလေးရှားနိုင်ငံ တွင် အလုပ်လုပ်နေသည်။ အသက် ၂၂ နှစ်အရွယ်ရှိသော နော်ရ--- သည်လည်း ထိုလက်နက်ကြီး၏အစအနဖြင့်ပင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဝေထူး (ရွှေကျင်) မြို့ရှိ ဝေထူး (ရွှေကျင်) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

နောက်ထပ်လက်နက်ကြီးတစ်လုံးသည် ဦးဖ--- နှင့် ဒေါ်ဒ--- တို့၏အိမ်ပေါ်သို့ကျရောက်၍ မီးလောင်ခဲ့ပြီး ၎င်းတို့၏ စပါး ကြိတ်စက်တစ်ခုလည်း ပျက်စီးခဲ့ရသည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ်ရှိသော ၎င်းတို့၏သား သည်လည်း ဦးခေါင်း၊ မေးစေ့ နှင့် ‌ခြေထောက်တို့တွင် လက်နက်ကြီးအစအနထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ၎င်းသည် အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေရှိသောကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) စီမံခန့်ခွဲသော ဆေးရုံ သို့ပို့ဆောင်ခဲ့ပါသည်။ အသက် ၆၆ နှစ်အရွယ်ရှိသော အမျိုးသမီးတစ်ဦးဖြစ်သူ နော်ဟ---  သည် လက်နက်ကြီး ကျရောက်ပေါက်ကွဲချိန်တွင် ၎င်း၏အိမ်ထဲ၌ ရှိနေခဲ့ရာ ပေါက်ကွဲမှုကြောင့်မီးလောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် SAC စစ်သားများသည် ၁၂၀ မမ လက်နက်ကြီး ၆ ခုကို စ--- ကျေးရွာတွင် ချမှတ်ထား ခဲ့သည်။ ထိုနေ့ညနေပိုင်းတွင် SAC စစ်သားများသည် ဆောထိမြို့နယ်၊ အင်းဝိုင်းကျေးရွာအုပ်စုရှိ ယ--- ကျေးရွာ၊ ပ--- ကျေးရွာနှင့် ထ--- ကျေးရွာတို့တွင်လည်း လက်နက်ကြီးများ ချမှတ်ထားရှိခဲ့သည်။ SAC သည် ၎င်းတို့၏တပ်များကို ည--- ကျေးရွာသို့လည်း စေလွတ်ခဲ့သည်။ SAC သည် ၎င်းတို့၏ ခြေမြန်တပ်မ ၄၄၊ ၇၇ နှင့် ၆၆ တို့မှ စစ်သား ၁၅၀ ဦးခန့်ကို စေလွတ်ခဲ့သည်။ ညနေ ၄ နာရီဝန်းကျင်တွင် SAC သည် လက်နက်ကြီး ၂ လုံးကို ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့ပြန်သည်။

၂၀၂၃ ခုနစ်၊ မတ်လ ၈ ရက်နေ့၊ နံနက် ၅း၅၀ မိနစ်အချိန်တွင် တပ်မ ၇၇ နှင် ၈၈ တို့မှ SAC စစ်သားများသည် ဆောထိ မြို့နယ်၊ အင်းဝိုင်းကျေးရွာအုပ်စု၊ ကွင်းဒလကြီးကျေးရွာ၌ အခြေစိုက်သော ဒေသခံခြေမြန်တပ်ရင်း (ခမရ) အမှတ်-၂၀ တို့နှင့်ပူးပေါင်းကာ ပရယ်လို (စစ်တောင်း) မြစ်အရှေ့ဘက်ပိုင်းရှိ လယ်ယာမြေထဲသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။

လက်နက်ကြီးပေါက်ကွဲမှုကြောင့် စုစုပေါင်း ရွာသူ၊ရွာသား (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လယ်ယာမြေများလည်း ထိခိုက်ပျက်စီးခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူ (၃) ထဲမှ တစ်ဦးဖြစ်သော အသက် ၅၃ နှစ်အရွယ် ဦးဧ--- သည် ‌ဆောထိ မြို့နယ်၊ ပျဉ်ရေကျေးရွာအုပ်စု၊ ဈ--- ကျေးရွာသို့ လက်နက်ကြီးများကျ‌ရောက်ပေါက်ကွဲချိန်တွင် လက်နက်ကြီးအစအန ထိမှန်၍ ၎င်း၏ဦးခေါင်း၊ ဘယ်ဘက်လက်မောင်းနှင့် ညာဘက်ပေါင်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ၎င်း၏ ဒဏ်ရာများသည် အသက်အန္တရာယ်စိုးရိမ်ရသောကြောင့် KNU တာဝန်ရှိသူများက ၎င်းကို ကော်သူးလေ (KNU) စီမံ ခန့်ခွဲသော ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။

နံနက် ၁၀း၃၀ မိနစ်အချိန်တွင် ဆောထိမြို့နယ်၊ ပျဉ်ရေကျေးရွာအုပ်စု၊ ဂ--- ကျေးရွာသို့ လက်နက်ကြီးတစ်လုံး ကျ ရောက်ခဲ့ပြီး ရွာသား (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အသက် ၁၉ နှစ်အရွယ်ရှိသော မောင်ဆ--- သည် ၎င်း၏ ဘေးနှင့် လက်မောင်းတွင် ဒဏ်ရာများရရှိခဲ့ပြီး မောင်ဘ--- သည် ၎င်း၏ နောက်ကျောနှင့်ဘေးဘက်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုထိခိုက်ဒဏ်ရာရသူ (၂) ဦးကို ဒေသခံ KNU တာဝန်ရှိသူများက ကော်သူးလေ (KNU) အုပ်ချုပ်နယ်မြေ တွင်းရှိ ဆေးရုံသို့ပို့ဆောင်ခဲ့သည်။

Wed, 31 Jul 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ဖေဖော်ဝါရီလနှင့်မတ်လတွင် ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်း ဖြစ်သည်။

Related Readings