ယနေ့ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးနေ့တွင် ကရင်လူ့အခွင့်အ ရေးအဖွဲ့ (KHRG) မှ မြန်မာပြည်အရှေ့တောင်ပိုင်းအတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ ကျူးလွန်သည့် ပဋိပက္ခ နှင့်ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ (CRSV) ၏ ဆိုးရွားသည့်သက်ရောက်မှုများနှင့် ဒေသခံလူမှု အသိုက်အဝန်းအပေါ်သက်ရောက်မှုများကို မီးမောင်းထိုးပြလိုပါသည်။ ယနေ့တွင် KHRG မှ နိုင်ငံတကာအသိုင်းအ ဝိုင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား မြန်မာပြည်အတွင်းဆိုးရွားသော လူ့အခွင့်အရေးအကြပ်အတည်းများကို ရှုံ့ချပြီး၊ အရပ်သားများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများမှ ကာကွယ်ပေးခြင်းအပါအဝင် အရပ်သားများအ ပေါ် ကျူးလွန်သည့်ချိုးဖောက်မှုများကို ပြတ်သားသောလုပ်ဆောင်ချက်များလုပ်ဆောင်ရန်၊ ကျူးလွန်ခံခဲ့ရသူများ၊ ၎င်းတို့၏မိသားစုဝင်များနှင့် ပံ့ပိုးကူညီသူများအတွက်ရပ်တည်ပေးရန် တောင်းဆိုလိုပါသည်။

ပဋိပက္ခနှင့်ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများသည် စစ်ပွဲနှင့် ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ နည်းဗျူ ဟာအဖြစ် တိုက်ပွဲများဖြစ်ပွားရာနေရာများတွင်သာမက စစ်ပွဲနှင့်ဆက်စပ်သည့်နေရာများတွင်အသုံးပြုပြီး ဤကျူး လွန်မှုများသည် လူသားမဆန်သည့်အပြင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့် လူ့အခွင့်အရေးဥပဒေများကို ဆိုးရွားစွာချိုးဖောက်နေပါသည်။ ဤချိုးဖောက်မှုများသည် ကျူးလွန်ခံခဲ့ရသူများအ ပေါ် ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ မျိုးပွားမှုနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ဆိုးရွားသည့်သက်ရောက်မှုများဖြစ်စေ ပြီး လူမှုအသိုင်းအဝိုင်းများ၏ လူမှုဆက်ဆံရေးကိုလည်း ပျက်စီးစေပါသည်။ ဖြစ်စဉ်အများစုတွင် ကျူးလွန်ခံခဲ့ရသူ များသည် အမျိုးသမီးနှင့် မိန်းကလေးငယ်များဖြစ်ကြပါသည်။ ကြောက်ရွံ့မှု၊ ခွဲခြားဆက်ဆံခံရမည်ကို စိုးရိမ်မှုနှင့် မ လုံခြုံမှုများကြောင့် ၎င်းတို့ကြုံတွေ့ရသည့် ဖြစ်စဉ်အား တင်ပြရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုရယူရန် မဝံ့ရဲကြ ပါ။ ကျူးလွန် ခံရသူများနှင့် ၎င်းတို့၏မိသားစုဝင်များသည် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ ဆေးဝါးကုသမှု ကုန်ကျစရိတ်များပြားမှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေကြရသည်။[1] မြန်မာ ပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများသည် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်မှ ကျူးလွန်သောပဋိပက္ခနှင့် ဆက် နွှယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ အပါအဝင် အကြမ်းဖက်တိုက်ခိုက်မှု များစွာကို ဆယ်စုနှစ်နှင့်ချီ၍ ရင် ဆိုင်လာခဲ့ရပါသည်။[2] ကျူးလွန်သူများသည် အပြစ်ဒဏ်ကင်းလွတ်ခွင့် အပြည့်အဝရရှိနေပြီး ၎င်းတို့၏ပြစ်မှုများအ တွက် တာဝန်ခံမှု တစ်စုံတစ်ရာမရှိခဲ့ဖူးပါ။ ထို့ကြောင့် ကျေးရွာများအတွင်းနှင့် အနီးပတ်ဝန်းကျင်တွင် မြန်မာစစ် တပ်ရှိနေပါက အမျိုးသမီးရွာသားများအတွက် မလုံခြုံမှုများ ဖြစ်စေပြီး အဆိုပါအမျိုး သမီးများအနေဖြင့် စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရန်မှ ပုန်းရှောင်နေကြရပါသည်။[3]

ပဋိပက္ခနှင့်ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းသည့်အချိန်မှ စ၍ ချိုးဖောက်မှုများလည်းဆက်လက်ဖြစ်ပွားလျက်ရှိနေပါသည်။ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း စစ်ကောင်စီ၏ ခြေ မြန်တပ်ရင်း အမှတ် (၃၄၀) မှ တပ်ကြပ်ကြီးတစ်ဦးသည် ၎င်း၏ အသက် (၇) နှစ်အရွယ် မယားပါသမီးအား မူတြော် ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စုအတွင်းရှိ စစ်စခန်းတစ်ခုတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူး လွန်ခဲ့ပါသည်။ ထိုမိန်း ကလေးငယ်သည် ၎င်း၏မိခင်၊ ပထွေးနှင့်အတူ စစ်စခန်းအတွင်း အတူနေထိုင်ပြီး ၎င်း၏မိခင် မရှိသည့်အချိန်များတွင် ၎င်း၏ပထွေးမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြောင်း တင်ပြခဲ့ သည်။ သမီးဖြစ် သူမှ အကြမ်းဖက်မှုများကို မပြောပြသည့်အချိန်တွင် မိခင်ဖြစ်သူသည် ၎င်း၏ ခင်ပွန်းကျူးလွန် သည့် အကြမ်းဖက်မှုနှင့်ပတ်သက်၍ သတိမထားခဲ့မိပါ။ ၎င်းတို့မှ စစ်တပ်စခန်းအတွင်း နေရသည့်အချိန်တွင် လက် နက်ကြီးပစ်ခတ်မှုများကြောင့် ကြောက်ရွံ့ရခြင်း၊ အစားအစာရရှိရန် အခက်အခဲများ ရှိခြင်းအပြင် ထိုကျူးလွန်မှုကို စစ်ကောင်စီ ၏ အထက်အရာရှိများထံတင်ပြရန် စိုးရိမ်ခဲ့ရသည်။ နောက်ဆုံးတွင် ဒေသတွင်း ကရင်အမျိုးသားအ စည်းအရုံး (KNU) တာဝန်ရှိသူများ၏ အကူအညီဖြင့် မိခင်ဖြစ်သူနှင့် သမီးနှစ်ဦးသည် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် စစ် တပ်စခန်းမှထွက်ခွာ၍ ၎င်းတို့၏ရပ်ရွာသို့ပြန်ရောက်နိုင်ခဲ့သည်။ ကျူးလွန်သူအပေါ် ပြစ်ဒဏ်ပေးခြင်းတစ်စုံတစ်ရာ မရှိသည့်အပြင် ဤဖြစ်စဉ်ကို စစ်ကောင်စီ၏ အထက်အရာရှိများထံ တင်ပြခြင်းမရှိသေးပါ။[4]

မြန်မာစစ်တပ် စစ်သားများမှ မုဒိန်းမှုနှင့် အခြားသောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ကျူးလွန်ကြသော် လည်း ပြစ်ဒဏ်ခံရမည် မဟုတ်ကြောင်း သိသောကြောင့် ဤချိုးဖောက်မှုများကို ပိုမိုဆိုးရွားများပြားလာစေပါသည်။ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ် စားလှယ်ရုံး (OSRSG-SVC) ၏အချက်အလက်အရ ပဋိပက္ခနှင့်ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ နှင့်ဆက်စပ်သော စိုးရိမ်စရာများနှင့် အဖြစ်များသောဖြစ်ရပ်များတွင် ကျူးလွန်သူများသည် သားကောင်များကို စနစ်တစ်ကျရွေးချယ်ခြင်းလည်းပါဝင်ပါသည်။[5] မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ခံရနိုင်ခြင်းသည် ရွာသားများထွက်ပြေးတိမ်းရှောင်ရသည့် အကြောင်းအရင်းတစ်ခုဖြစ်သည့်အပြင် အထူးသဖြင့် ကျူးလွန်သူများအပေါ် အပြစ်ပေးအရေးယူခြင်းမရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်ရသူများအနေဖြင့် နေရပ် ပြန်ရန် မဝံ့မရဲဖြစ်နေကြပါသည်။[6] ပဋိပက္ခနှင့်ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအား တင်ပြမှု နည်းနေသေးပြီး ရေရှည်တွင် စိတ်ဒဏ်ရာများအားကုစားပေးရန် ကူညီထောက်ပံ့မှုများလည်း အားနည်းနေပါ သည်။[7] စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ လွတ်မြောက် လာသူများအတွက် စိတ်ပိုင်းဆိုင်ရာကျန်းမာ‌ရေးကိုကာကွယ်ရန် သို့မဟုတ် မြှင့်တင်ရန် ပြည့်စုံသောစောင့်ရှောက် မှုသည် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းများဖြစ်သည်။[8] ယနေ့တွင် ဤကဲ့သို့သောအကူအညီများပေးနေသည့် ‌ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO) အပါအဝင် ဒေသတွင်းလူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အ စည်းများအား KHRG မှဂုဏ်ပြုလိုသည့်အပြင် ဤဝန်ဆောင်မှုများအား ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်ရန်အတွက် ဤအဖွဲ့အစည်းများအား နိုင်ငံတကာမှ‌ထောက်ပံ့မှုများပိုပေးရန် တောင်းဆိုလိုပါသည်။

ယနေ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် KHRG မှ ရွာသားများ၏ လုံခြုံရေး၊ ဂုဏ်သိက္ခာနှင့် ရှင်သန်မှုများ ကိုခြိမ်း ခြောက်နေသည့် မြန်မာစစ်တပ်မှကျူးလွန်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကိုရှုံ့ချထားပါသည်။ ကျွန်ုပ်တို့ မှ အခွင့်အရေးငြင်းပယ်ခံရသည့် လွတ်မြောက်လာသူများနှင့်အတူရပ်တည်သည့် ကတိကဝတ်ကိုထပ်မံအတည်ပြု လိုပါသည်။ ထို့ကြောင့် KHRG မှအောက်ပါအတိုင်းတိုက်တွန်းလှုံ့ဆော်မှုပြုလိုပါသည်။

  • တရားမျှတမှုရှိစေရန်အတွက် ပဋိပက္ခနှင့်ဆက်စပ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို အမိန့်ပေး ခြင်း၊ လှုံ့ဆော်ခြင်း၊ ခွင့်ပြုခြင်း သို့မဟုတ် ခွင့်လွှတ်ပေးခဲ့သော မြန်မာနိုင်ငံရှိ စစ်ခေါင်းဆောင်များအား နိုင် ငံတကာတရားရုံးများနှင့် ခုံရုံးများတွင် သက်ဆိုင်ရာဒေသတွင်းနှင့် နိုင်ငံတကာပါဝင်ပတ်သက်သူများအား လုံးမှ ချက်ချင်းအရေးယူဆောင်ရွက်ရန်။
  • ဒေသခံသတာဝန်ရှိသူများသည် လွတ်မြောက်လာသူများနှင့် ၎င်းတို့၏အသိုင်းအဝိုင်းများ၏အကျိုးအတွက် ဆေးဝါးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများပေးခြင်းဖြင့်၊ ဒေသခံအသိုင်းအဝိုင်းအ တွင်း ဖြစ်ပေါ် လာနိုင်သည့် စိုးရိမ်စရာများနှင့် ခွဲခြားဆက်ဆံမှုများကို ဝိုင်းဝန်းဖြေရှင်းပေးရန်။
  • နိုင်ငံတကာအသိုက်အဝန်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ရှိသူများသည် ဒေသခံအ ရပ်ဘက်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုကို ပိုမိုအားကောင်းလာစေရန်နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခံရသူများနှင့် ၎င်းတို့၏မိသားစုများအတွက် သင့်လျော်ပြီးထိရောက်သောရေရှည် ထောက်ပံ့ရေးဝန် ဆောင်မှုများကို အကောင်အထည်ဖော်ရာတွင် ပိုမိုအားကောင်းလာစေရန် ၎င်းတို့အားပံ့ပိုးကူညီရန်။

 

 

ဆက်သွယ်ရန် -

စောနန္ဒဆူး - စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ - hsue@khrg.org
နော်ဖောလား - စည်းရုံးလှုံ့ဆော်ရေးအရာရှိ - nawpawlah@khrg.org

 
Wed, 19 Jun 2024

Footnotes: 

Related Readings