၁။ နိဒါန်း 

“သူတို့က ကျွန်တော်တို့ကိုဖမ်းပြီး သူတို့ကြား မှာ အတင်းပဲလမ်းလျှောက်ခိုင်းတယ်။ (KNLA စစ်သားတွေက သူတို့ကိုပစ်ခတ်တိုက်ခိုက်မယ်ဆိုရင်) ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက် ဒါတွေကိုသူတို့လုပ်တာဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တိုက်ပွဲဖြစ်မယ်ဆိုရင် ကျွန်တော်တို့ (ရွာသားတွေ) လည်းအပစ်ခံရနိုင်တယ်လေ။ သူတို့က ကျွန်တော်တို့ကို သူတို့အရှေ့မှာ လမ်း မလျှောက်ခိုင်းဘူး။ ဒါပေမဲ့ သူတို့ကြားထဲမှာဘဲ လမ်းလျှောက်ခိုင်းတယ်။” 

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် မြန်မာစစ်တပ်၏လူသားဒိုင်းအဖြစ် အဓမ္မခိုင်းစေခံခဲ့ရသော ဒူးပလာယာခရိုင်၊ ဘီး လင်းမြို့နယ်ရှိ ရွာသားတစ်ဦးဖြစ်သူ စောလ--- ၏ သက်သေခံပြောပြချက် 

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားပြီးက တည်းက ဒေသအတွင်းအသိအမှတ်ပြုထားသော ကရင် ပြည်နယ်တွင် တဖန်လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်း ထန်လာခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက် လက်ဖြစ်ပွားနေသည့်အတွက် ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးနှင့် လုံခြုံရေးအခြေအနေလည်း ပို၍ဆိုးရွားလာခဲ့ပါသည်။ SAC မှ ကျူးလွန်သည့် လူ့အခွင့်အရေးချိုး ဖောက်မှုလုပ်ရပ်များတွင် လေကြောင်းတိုက်ခိုက်မှု၊ လက် နက်ကြီးပစ်ခတ်မှု၊ အရပ်သားများ၏အိုးအိမ်ပိုင်ဆိုင်မှုများ မီးရှို့ဖျက်ဆီးမှု၊ အဓမ္မနေရပ်ရွှေ့ပြောင်းစေမှု၊ အရပ်သားများအားသတ်ဖြတ်မှု၊ ဖမ်းဆီးချုပ်နှောင်မှုနှင့် ညှဥ်းပမ်းနှိပ် စက်မှုများ ပါဝင်ပါသည်။ ထိုအထဲတွင် SAC မှ ကရင်ပြည် နယ်ရှိခရိုင် (၇) ခုအတွင်း အရပ်သားများအား လူသားဒိုင်းအဖြစ် အသုံးပြုသည့်ဖြစ်စဉ်များနှင့်ပတ်သက်သော အစီ ရင်ခံစာများကို ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ ပုံမှန်လက်ခံရရှိခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ SAC စစ်သားများမှ ဒေသခံရွာသား (၅၆၄) ဦးကျော်အား လူသားဒိုင်းအဖြစ်အသုံးပြုသော သက်သေအထောက်အထားများအပါအဝင် အစီရင်ခံစာ (၂၂) စောင်ကို KHRG မှ လက်ခံရရှိခဲ့သည်။ အမှန်တကယ်တွင် SAC မှ ရွာသားများအား လမ်း ပြအဖြစ် သော်လည်းကောင်း၊ ပေါ်တာအဖြစ် သော်လည်း ကောင်း ဖမ်းဆီးခေါ်ဆောင်သည့်ဖြစ်စဉ် များကိုရေတွက်ကြည့်မည်ဆိုပါက အထက်ပါဖော်ပြသည့်ပမာဏထက် ပို ၍များနိုင်ချေရှိသည်။ SAC မှ ရွာသားများအား ပေါ်တာအ ဖြစ်ခိုင်းစေခြင်းနှင့် လမ်းပြအဖြစ် အသုံးပြုခြင်းသည့်လုပ် ရပ်များသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များ၏ ပစ်ခတ်တိုက်ခိုက်ခြင်းကို ရှောင်ရှားနိုင်ရန်အတွက် လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ယူဆ၍ရနိုင်သည်။

ဤအနှစ်ချုပ်စာတမ်းတွင် SAC မှ မြန်မာပြည်အရှေ့ တောင်ပိုင်းရှိ ရွာသားများအား လူသားဒိုင်းသဖွယ် အသုံးပြုသည့် ဖြစ်စဉ်များကို လေ့လာဆန်းစစ်ထားပြီး ကောက် ကျစ်ယုတ်မာသော ၎င်းတို့၏လုပ်ရပ်များကြောင့် ကိုယ်တိုင်ခံစားရသည့်ရွာသားများနှင့် ဒေသခံပြည်သူလူထုအပေါ် မည်မျှထိခိုက်စေကြောင်း ထည့်သွင်းဖော်ပြထားပါသည်။ ဤအနှစ် ချုပ်စာတမ်း၏ပထမအခန်းတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသအခြေအနေကို နားလည်စေရန်အတွက်အကျဉ်းချုပ်ရှင်းပြထားပါသည်။ ဒုတိယအခန်းတွင် ရွာသားများအနေဖြင့် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရချိန်တွင် သတ်ဖြတ်ခံရခြင်းနှင့် ရက်စက်ပြီးလူမဆန်သည့်လုပ်ရပ်များကို ကြုံတွေ့ခံစားရခြင်းအပါအဝင် အလွန်အန္တရာယ်များသည့် အခြေအနေကို မည်သို့ဖြတ် သန်းခဲ့ရကြောင်း သက်သေသာဓက နှင့်တကွရေးသားတင်ပြထားသည်။ တတိယအခန်းတွင် SAC မှကျူးလွန်သည့်ရာဇဝတ်မှုများကို လေ့လာသုံးသပ်ထားပြီး ထိုကဲ့သို့လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ နိုင်ငံတ ကာလူ့အခွင့်အရေး ဥပဒေဆိုင်ရာရှုထောင့်များကိုလည်းမီးမောင်းထိုးပြထားပါသည်။ ဤအနှစ်ချုပ်စာတမ်း၏ နောက်ဆုံးအခန်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများအ တွက် လိုက်နာရမည့် အကြံပြုချက်အချို့ကိုလည်း ထည့် သွင်းဖော်ပြထားသည်။

၂။ ဒေသတွင်းအခြေအနေအား ခြုံငုံသုံးသပ်ခြင်း  

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်မှ ၎င်းတို့၏အတိုက် အခံများအားဖိနှိပ်၍ တိုင်းပြည်အုပ်ချုပ်ရန်အတွက် အာဏာသိမ်းကြိုးပမ်းမှုကြောင့် အကျိုးရလဒ်အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှု များဖြစ်ပွားခဲ့သည်။ ထိုအချိန်မှစ၍ SAC လုံခြုံရေးတပ်ဖွဲ့များသည် ငြိမ်းချမ်းစွာဆန္ဒပြသူများ၊ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အဖွဲ့ဝင်များနှင့် အာ ဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) တွင်ပါဝင်လာသည့် ပြည်သူ့ဝန်ထမ်းများအပါအဝင် အရပ်သားပြည်သူလူထုများအပေါ်ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် သတ်ဖြတ်ခြင်းများကို ဆက်လက်ကျူးလွန်နေခဲ့သည်။ ဤကဲ့သို့သော အ ကြမ်းဖက်မှုများကြောင့် အထူးသဖြင့် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြသည့်ရွာသားများနေ ထိုင်ကြသော တိုင်းရင်းသားဒေသများတွင် SAC တပ်ဖွဲ့များနှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ များကြား တင်းမာမှုများပို၍မြင့်မားလာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မတ်လမှစ၍ SAC သည် မြန်မာနိုင်ငံအနှံ့အပြားတွင် မြေပြင်တိုက် ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကိုအသုံးပြု၍ ၎င်းတို့၏အတိုက်အခံအဖွဲ့များကို ဖြိုခွင်းချေမှုန်းရန် ကြိုး ပမ်းလာခဲ့သည်။ ထိုလုပ်ရပ်များကြောင့် မြို့ပြဒေသတွင်ရှိသည့် အရပ်သားပြည်သူလူထုအများအပြားသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေဒေသအပါအဝင် ပို၍လုံခြုံသည့် နေရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။[1] ထိုအကြောင်းကြောင့် တိုင်းရင်းသားဒေသများတွင် စစ်အစိုးရကို ဆန့်ကျင်သည့် စစ်ရေးခုခံမှုများ များပြားလာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) လည်း ပေါ်ပေါက်လာခဲ့သည်။

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် မြန်မာစစ်တပ်မှ ကျူး လွန်နေသည့်အကြမ်းဖက်မှုများသည် အသစ်သောအရာမ ဟုတ်တော့ပါ။ ရွာသားများသည် မြန်မာစစ်တပ်မှ ကျူး လွန်ခဲ့သည့် လူ့အခွင်အရေးချိုးဖောက်မှုများကို နှစ်ပေါင်း (၇၀) ကျော်ကြုံတွေ့ခံစားလာခဲ့ရပြီးဖြစ်သည်။ ထိုလူ့အ ခွင့်အရေးချိုးဖောက်မှုများသည် ရွာသားများ၏အသက်မွေး ဝမ်းကျောင်းမှုများကိုတိုက်ခိုက်ခြင်း၊ အဓမ္မနေရပ်ရွှေ့ ပြောင်းစေခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက် ခြင်း၊ ပေါ်တာအဖြစ်ခိုင်းစေခြင်း၊ ညှဥ်း ပမ်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းစသည့်တို့ ဖြစ်ပါသည်။ အတိတ်တွင် ဤကဲ့သို့သော လူ့အ ခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည့် မြန်မာစစ် တပ်အပေါ် အပြစ်ပေးအ‌ရေးယူခြင်းမရှိပဲဖြစ်နေခဲ့ပါသည်။ အပစ်အခတ်ရပ်စဲရေးကာလတွင် မြန်မာပြည်အရှေ့ တောင်ပိုင်း၌ ဤကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းလာသော်လည်း အခြားသောလူ့အခွင့်အ ရေးချိုးဖောက်မှုပုံစံသစ်များကို ကရင်ပြည်သူလူထုများမှ ဆက်လက်ကြုံတွေ့ခံစားခဲ့ရပြန်သည်။[2] ၂၀၂၁ ခုနှစ်၊ ဖေ ဖော်ဝါရီလမှစ၍ SAC သည် အတိတ်ကကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြန်လည်အသက်သွင်း ခဲ့ပြီး ရွာသားများအားဖမ်းဆီး၍ လူသားဒိုင်းအဖြစ် အသုံး ပြုသည့်လုပ်ရပ်ကိုလည်း တဖန်စတင်လုပ်ဆောင်လာခဲ့သည်။ SAC စစ်သားများသည် KNU ထိန်းချုပ်နယ်မြေဒေ သအတွင်းသို့ ဝင်ရောက်ကျူးကျော်ရာတွင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင် အမျိုး သားကာကွယ်ရေးတပ်မတော် (KNDO) သို့မဟုတ် PDF တပ်ဖွဲ့များမှ ၎င်းတို့အား ပစ်ခတ်တိုက်ခိုက်လာမည်ဆိုပါ က မိမိကိုယ့်ကိုကာကွယ်ရန်အတွက် အမျိုးသား၊ အမျိုးသ မီး၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်း သူများအပါအဝင် ဒေသခံရွာသားများကိုဖမ်းဆီး၍ ၎င်းတို့ဘေးနားတွင်ဝန်းရံ၍ လမ်းလျှောက်ခိုင်းစေခဲ့သည်။ လူ သားဒိုင်းအဖြစ်အသုံးပြုရန်အတွက် SAC စစ်သားများမှ ရွာသားများအားဖမ်းဆီးခေါ်ဆောင်ရာတွင် ရွာသားများ သည် သတ်ဖြတ်ခံရခြင်း၊ ညှဥ်းပမ်းနှိပ်စက်ခံရခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းများနှင့် ခြိမ်းခြောက်ခံရခြင်းများကို ကြုံတွေ့ခဲ့ရသည်။

၃။ ဖြစ်စဉ်များအကျဉ်းချုပ် - ရွာသားများအား လူသားဒိုင်းအဖြစ်အသုံးပြုရာတွင် မြန်မာစစ်တပ်မှကျူးလွန် သော ချိုးဖောက်မှုပုံစံများ

ဤအခန်းတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် SAC မှ ရွာသားများအား လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်းဆီးခေါ်ဆောင်ရာတွင် ရွာသားများအနေ ဖြင့် ရက်စက်ပြီးလူမဆန်သည့်လုပ်ရပ်များ၊ အကြမ်းဖက်မှုများနှင့် အသက်အန္တရာယ်ရှိသည့်အခြေအနေကို မည်သို့ဖြတ်သန်းခဲ့ရကြောင်း သက်သေအထောက်အထားများနှင့်တကွ ဖော်ပြထားသည်။ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်တွင် ဒေသခံရွာသားများမှ လူသားဒိုင်းအဖြစ်ခိုင်းစေခံရခြင်းနှင့် ၎င်းလုပ်ရပ်၏ နောက်ဆက်တွဲအကျိုးဆက်များနှင့်ပတ်သက်သော အစီရင်ခံအများအပြားကို KHRG သို့ ရေးသားပေးပို့ခဲ့သည်။ SAC စစ်သားများအနေဖြင့် ၎င်းတို့၏တပ်စခန်းများသို့ ပြန်လည်နေရာယူရာတွင်သော် လည်းကောင်း၊ ယာယီအခြေစိုက်တပ်စခန်းအသစ်များ ချ ထားရာတွင်သော်လည်းကောင်း သို့မဟုတ် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများကို ရှေ့တန်းတပ်စခန်းသို့ သယ် ယူပို့ဆောင်ရသည့်အခါမျိုးတွင် ရွာသားများအားဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြု၍ ခိုင်းစေလေ့ရှိသည်။ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ရွာသားများအား လူသားဒိုင်းအဖြစ်အသုံးပြုခြင်းနှင့်ပတ်သက် ၍ KHRG မှ လက်ခံရရှိသည့်အစီရင်ခံစာအရေအတွက်မှာ ပို၍များပြားလာခဲ့ပြီး ရွာသားများအနေဖြင့် ဖမ်းဆီးခံရချိန်တွင် ဆိုးရွားလှသည့်အခြေအနေကို ပို၍ကြုံတွေ့ခံစားခဲ့ကြရသည်။ ရွာ သားများဖမ်းဆီးထိန်းသိမ်းခံရသည့် အချိန်ကာလလည်း ပို ၍ကြာရှည်လာခဲ့သည်။ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး အစဦးတွင်လက်ခံရရှိသည့်အစီရင်ခံစာများအရ SAC မှ ရွာသားများအား လူသားဒိုင်းအဖြစ်အသုံးပြုရာတွင် နာရီပိုင်းမှတစ်ရက်အထိဖမ်းဆီးခေါ်ဆောင်လေ့ရှိသည်။ သို့သော် လည်း နောက်ပိုင်းတွင်လက်ခံရရှိသည့်အစီရင်ခံစာများအ ရ တစ်ခါတစ်ရံတွင် ရွာသားများအား ရက်သတ္တပတ်ပေါင်း များစွာဖမ်းဆီးခေါ်ဆောင်ခဲ့သည်။ SAC မှ ရွာသားများအား ထိုကဲ့သို့အချိန်ကာလကြာမြင့်စွာ ဖမ်းဆီးခေါ်ဆောင်ခြင်းသည် ရွာသားအနေဖြင့် အကြမ်းဖက်မှုများနှင့်ညှဥ်းပမ်းနှိပ်စက်မှုများကို ပို၍ကြုံတွေ့နိုင်ချေများပါသည်။ ထိုမျှမက ဖမ်းဆီးခံသည့် ရွာသားများအတွက် အစားအစား၊ ရေ၊ နေရာထိုင်ခင်းနှင့် ကျန်းမာရေးဝန်ဆောင်မှုအစရှိသည့် လုံ လောက်သော အခြေခံလိုအပ်ချက်များ မရရှိနိုင်သည့်အ ချိန်ကာလလည်း ပို၍ကြာလာသည်။ ထိုသို့သောအခြေအ နေကို ပို၍သိရှိနားလည်စေရန်အတွက် အသက်ရှင်ကျန် ရစ်သူများ သို့မဟုတ် လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်း ဆီးခံရသည့် ရွာသားများ၏မိသားစုဝင်များနှင့် တိုက်ရိုက်တွေ့ဆုံမေးမြန်းမှုများ၊ မှုခင်းဖော်ပြသည့် မှတ်တမ်းလွှာများ၊ နောက်ဆုံးရ ဒေသတွင်းအစီရင်ခံစာများနှင့် ဓာတ်ပုံမှတ်တမ်းများအပါအဝင် မြေပြင်အစီရင်ခံစာ (၁၇) စောင်မှ သက်သေအထောက်အထားများကို ဤအခန်းတွင် ဖော် ပြထားသည်။ အဆိုပါမြေပြင်အစီရင်ခံစာ (၁၇) စောင်တွင် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားချိန်မှစ၍ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ရွာသားများအား လူသားဒိုင်းအဖြစ်အသုံးပြုသည့်ဖြစ်စဉ် (၁၀)ခု ပါဝင်ပါသည်။ 

(၁) လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်းဆီးခံရချိန်တွင်ရွာသားများကြုံတွေ့ရသော အန္တရာယ်များ

SAC  သည်  KNU  ထိန်းချုပ်နယ်မြေဒေသအတွင်း စစ်ဆင် ရေးများပြုလုပ်ခြင်း၊ တပ်ချိန်းခြင်း၊ ကင်းလှည့်လည်လှုပ် ရှား ခြင်းနှင့် စားနပ်ရိက္ခာများသယ်ယူပို့ဆောင်ခြင်းများပြု လုပ်ရာတွင် ရွာသားများကို လူသားဒိုင်းသဖွယ် အသုံးပြုခဲ့သည်။ တစ်ခါတစ်ရံ SAC သည် လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်းဆီးခေါ်ဆောင်သွားသည့်ရွာသားများကို ပေါ်တာနှင့်လမ်းပြ အဖြစ်ခိုင်းစေမှုများလည်း ပြုလုပ်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ မေလတွင် ထိုကဲ့သို့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။ SAC တပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ခွဲ အမှတ် (၂) တို့သည် ဘီးလင်းမြို့နယ်၊ လေးကေ့နှင့် တာပေါတပ်စ ခန်းများသို့သွား မည့်လမ်းတစ်လျှောက်တွင် ပေါ်တာအဖြစ်သော်လည်းကောင်း၊ လူသားဒိုင်းသဖွယ်အဖြစ်သော်လည်းကောင်း ခိုင်းစေရန်အတွက် ဘားအံမြို့နယ်၊ ဝဲပြာနှင့် တကောဖိုးကျေးရွာအုပ်စုတို့မှ ရွာသားအယောက် (၁၀၀) ကျော်ကိုဖမ်းဆီးခဲ့သည်။ အဖမ်းဆီးခံရသည့်တစ်ချို့ရွာသားများသည် ၎င်းတို့လွတ်မြောက်ရန်အတွက် SAC နှင့် BGF စစ်သားများကို ငွေတစ်သိန်းကျော်ပေးခဲ့ရပြီး တစ်ချို့ရွာသားများလည်း ငွေနှစ်သိန်းကျော်အထိ ပေးခဲ့ရသည်။ သို့သော်လည်း တစ်ချို့ ရွာသားများအားလွှတ်ပေးခဲ့သော်လည်း အဖမ်းဆီးခံရသည့်ရွာသား (၄၀) ကျော်ကို မလွှတ်ပေးခဲ့ပေ။ SAC နှင့် BGF စစ်သားများသည် ရွာသားအများစုဆီမှ လဘ်ထိုးလဘ်ယူငွေများကိုမယူတော့ဘူးဟုပြောကြားခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့သည် ငွေယူဖို့ထက် လူသားဒိုင်းအဖြစ် အသုံးပြုခိုင်းစေရန်အ တွက် ရွာသားများကို ပို၍အလိုရှိကြောင်း ရွာသားများမှ တင်ပြခဲ့သည်။ နောက်ဆုံးတွင် SAC နှင့် BGF စစ်သားများသည် ခရီးဝေးမနှင်မီ အမျိုးသမီးများနှင့် က လေးများအားလုံးကို လွတ်ပေးခဲ့သည်။ သို့သော်လည်း ၎င်းတို့သည် က---ရွာမှ အသက်မပြည့်သေးသည့် ယောင်္ကျား လေး (၄)ဦးအပါအဝင် အမျိုးသား (၂၂) ဦးကို ခေါ်ဆောင်သွား၍ လေးကေတပ်စခန်းသို့သွားမည့်လမ်းတွင် ပေါ်တာနှင့်လူ သားဒိုင်းအဖြစ်ခိုင်းစေခဲ့သည်။ SAC/BGF စစ်သားများ သည် ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကိုခံရမည်ဆိုပါက ၎င်းတို့ကိုပစ်ခတ်မည့်အစား ရွာသားများကိုပစ်ခတ်စေရန်ရည်ရွယ်၍ ရွာသားအချို့ကို BGF စစ်ယူနီဖောင်းများကို အဓမ္မ၀တ်ဆင်စေခဲ့ကြပါသည်။ ၂၀၂၂ ခုနှစ်၊ မေလ ၈ ရက် သို့မဟုတ် ၉ ရက်နေ့တွင် (ရက်အတိ အကျမသိရှိရ) လေးကေ့တပ်စခန်းသို့ ရွာသား (၂၂) ကျော်နှင့်အတူ SAC နှင့် BGF စစ်သားများရောက်ရှိလာခဲ့သည်။ လေးကေ့တပ်စခန်းသို့ ရောက်ရှိပြီးနောက်တွင် အဆိုပါရွာသားများကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ ထို့ နောက် SAC သည် အဆိုပါရွာသားများကို တစ်ဦးလျှင် ပိုက်ဆံ ၅၀၀၀ ကျပ်ပေး၍လွတ်ပေးခဲ့သည်။[3]   

SAC သည် ထိုရွာသားများကို ၎င်းတို့၏စားနပ်ရိက္ခာများနှင့် လက်နက်ခဲယမ်းများကို သယ်ဆောင်ပေးရန်လည်း အဓမ္မ ခိုင်းစေခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ အဖမ်းဆီးခံခဲ့ရသည့်ရွာသားတစ်ဦးမှ ဤသို့ပြောပြခဲ့သည်။ “သူတို့က ကျွန် တော်တို့ကိုဖမ်းပြီး သူတို့ကြားမှာ လမ်းလျှောက်ခိုင်းတယ်။ (KNLA စစ်သားတွေက သူတို့ကို ပစ်ခတ်တိုက်ခိုက်မယ်ဆိုရင်) ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက် ဒါတွေကိုလုပ်တာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲဖြစ်မယ်ဆိုရင် ကျွန်တော်တို့လည်း အပစ်ခံရနိုင်တယ်လေ။ ကျွန် တော်တို့ကို သူတို့အရှေ့မှာ လမ်းမလျှောက်ခိုင်းဘူး။ ဒါပေ မဲ့ သူတို့ကြားထဲမှာဘဲ လမ်းလျှောက်ခိုင်းတယ်။” အခြား ရွာသားတစ်ဦးဖြစ်သူ စောဇ---ကလည်း ၎င်း၏အတွေ့အ ကြုံကို ဤသို့ရှင်းပြခဲ့သည်။ 
 

“SAC စစ်သားတွေက ကျွန်တော်တို့အဝတ်အစားတွေကိုချွတ်ခိုင်းပြီး သူတို့ရဲ့ယူနီးဖောင်နဲ့လဲပြီးဝတ်ခိုင်းတယ်။ သူတို့က ကျွန်တော်တို့ကို BGF ယူနီဖောင်းကိုဝတ်ခိုင်းတယ်။ BGF စစ် သားတွေကိုတော့ ရွာသားတွေရဲ့ အဝတ်အစားပေးဝတ်တယ်။ အမှန်တကယ်ဆိုရင် ဒီလုပ်ရပ်ဟာရွာသားတွေကို လူသားဒိုင်းလိုသဘောထား ပြီးခိုင်းစေတဲ့အတွက် ရာဇဝတ်မှုမြောက်တယ်။ သူတို့က ရွာသားတွေကို လူသားဒိုင်းလို သဘောမထားဘူးဆိုရင် ကျွန်တော်တို့ကို စစ်သားတွေရဲ့ယူနီဖောင်းကိုဝတ်ခိုင်းမှာမဟုတ်ဘူး။ သူတို့ကဒီလိုဝတ်ခိုင်းတယ်ဆိုတာက KNLA စစ်သားတွေကကျွန်တော်တို့ကိုတွေ့ရင် ရွာသားလား၊ (BGF/SAC) စစ်သားလား ခွဲလို့မရအောင် ရည်ရွယ်ချက်နဲ့လုပ်တာဖြစ်တယ်။”    

အလားတူစွာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ထိုသို့သောဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြန်ခဲ့သည်။ ဖြစ်စဉ်မှာ SAC သည် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ နန့်သာကွင်းကျေးရွာ အုပ်စု၊ ပ---ကျေးရွာမှ ရွာသားတစ်စုကို ဖမ်းဆီး၍ ၎င်းတို့ စခန်းချ အိပ်သည့်နေရာကို အထင်မှားအောင် လုပ်ရန်အ တွက် ထိုရွာသားများကို အသုံးပြုခဲ့သည်။ SAC သည် ထိုရွာသားတစ်စုကို နန့်သာကွင်းကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာရှိ စာသင်ကျောင်းအခန်းတစ်ခန်းထဲတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့သည်။ SAC စစ်သားများသည် ရွာသားများဖမ်းဆီးထိန်းသိမ်းထားသည့် ထိုစာသင်ခန်း၏ အရှေ့တွင် ၎င်းတို့၏ယူနီဖောင်းဝတ်စုံများကို ချိတ်လှန်းထားခဲ့သည်။ ထိုလုပ်ရပ်သည် ရွာ သားများအား လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း ရွာ သားတစ်ဦးမှ ၎င်း၏ထင်မြင်ချက်ကိုပြောပြခဲ့သည်။ အကယ်၍ ဒေသခံလက်နက်ကိုင် တပ်ဖွဲ့များမှ ပစ်ခတ်တိုက် ခိုက်မည်ဆိုပါက ပထမဦးဆုံး စာသင်ခန်းထဲတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် ရွာသားများသည်သာ ပစ်မှတ်ထားခံရမည်ဖြစ်သည်။[4]  

တစ်ခါတစ်ရံတွင် လူသားဒိုင်းအဖြစ် အသုံးပြုခံရသည့်ရွာ သားများသည် မိုင်းရှင်းလင်းရေးသမားအဖြစ်လည်း အသုံး ပြုခံရတတ်သည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လက် နက်ကိုင်တပ်ဖွဲ့များအားလုံးသည် မြေမြှုပ်မိုင်းကို အသုံးပြုသောကြောင့် ဒေသတွင်းခရီးသွားလာရာတွင် ခြိမ်းခြောက်မှုတစ်ခုဖြစ်စေပါသည်။ ထို့ကြောင့် တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့များမှ ထောင်ထားသည့်မြေမြှုပ်မိုင်းများကိုရှောင်ရှားရန်အတွက် SAC စစ်သားများသည် ရွာသားများကိုဖမ်းဆီးပြီး ၎င်းတို့အရှေ့တွင်လမ်းလျှောက်ခိုင်းစေတတ်သည်။ ပေါ်တာအဖြစ်ခိုင်းစေခံရသည့် ရွာသားများ သည် မြေမြှုပ်မိုင်းရှိသည့်နေရာဒေသများတွင် သွားလာခိုင်းစေသောကြောင့် မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်။ ဥပမာဆိုလျှင် ၂၀၂၁ ခုနှစ်၊ မေလတွင် ကူးဆိပ်စစ်တပ်စခန်းတွင်အခြေစိုက်သည့် SAC စစ် သားများသည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စုမှ ရွာသားတစ်ဦးဖြစ်သူ စောမ---အား ဖမ်း ဆီးခဲ့သည်။ စောမ---သည် ဒူးရင်းသီးထွက်ရောင်းပြီး ၎င်းရွာသို့ပြန်လာသည့်အချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ မြေမြှုပ်မိုင်းကိုရှင်းလင်းပေးရန်အတွက် SAC စစ်သားများသည် စောမ---ကို ကြိုးတုတ်ပြီး ၎င်းတို့အရှေ့တွင်လမ်းလျှောက်ခိုင်းစေခဲ့ဟု ဒေသခံရွာသားတစ်ဦးမှတင်ပြခဲ့သည်။ တစ်လကြာပြီးနောက်တွင် ထိုဖမ်းဆီးခံရသည့်ရွာသားသည် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်ဟု SAC စစ်သားများမှ ဒေသခံရွာသားများအား အကြောင်းကြားခဲ့သည်။ စောမ---ဖမ်းဆီးခံရပြီးနောက်တွင် အချို့ဒေသခံရွာသားများသည် ထွက်ပြေးတိမ်းရှောင်နေရသည်။ ဒေသခံရွာသားများသည် စောမ----၏အလောင်းကို သွားကောက်ယူရန်ကြောက်ရွံ့နေကြသည်။[5]  

ကလေးများအပါအဝင် ရွာသားများအယောက် (၃၀၀)ခန့်အား ပေါ်တာနှင့်လူသားဒိုင်းအဖြစ် အဓမ္မစေခိုင်းခြင်း

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းတွင် BGF စစ်သားများသည် ယိုကလားစစ်တပ်စခန်းသို့ ဆက်လက်သွားရန်အတွက် ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ထီးဖာဒို့ထကျေးရွာအုပ်စု၊ ခ---၊ ဂ---နှင့် ယ---ကျေးရွာများတွင်နေထိုင်သည့် လူဦးရေ (၃၀၀) နီးပါးရှိသောရွာသားများကို စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်စေခဲ့ပါသည်။ ထိုရွာသား (၃၀၀) ဦးခန့်သည် အမျိုးသားများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများပါဝင်ပြီး ခန့်မှန်းချေအရ (၁၈၀)ဦးသည် ခ---ရွာတွင်နေထိုင်ကြပြီး (၁၀၀) ဦးသည် ဂ---ရွာတွင် နေထိုင်ကြသူများ ဖြစ်ကြပါသည်။ အဖမ်းဆီးခံရသည့်ရွာသားများသည် SAC စစ်သားများအတွက် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများကိုသယ်ယူခဲ့ရသည်။  ပေါ်တာအဖြစ်ခိုင်းစေခံရသူများထဲတွင် အမျိုးသမီးဦးရေပို၍များပြီး အခြား အသက်မပြည့်သေးသော ကလေး (၁၂) ဦး (မိန်းကလေး ၉ ဦးနှင့် ယောက်ျားလေး ၃ ဦး) ပါဝင်ပါသည်။ မနက်ပိုင်း ၁၀း၃၀ မိနစ်တွင် SAC စစ်သားများနှင့် ဖမ်းဆီးခံရွာသားများသည် ခ---ရွာမှ ထွက်ခွာလာပြီး နေ့လည် ၁၂း၃၀ မိနစ်တွင် ယိုကလား 
စစ်တပ်စခန်းသို့ ရောက်ရှိခဲ့သည်။ (နေပူကျဲကျဲထဲတွင် နှစ်နာရီမျှကြာ လမ်းလျှောက်ခဲ့ရသည်။) လမ်းတစ်လျှောက်တွင် ရွာသားများသည် မည်သည့်စားစရာ၊ သောက်စရာမျှမရရှိခဲ့ပေ။ တစ်ချို့ရွာသားများသည် ဆန်အိတ်များနှင့်ငါးသေတ္တာများကို သယ်ဆောင်ခဲ့ရပြီး တစ်ချို့ရွာသားများသည် လက်နက်ကြီးကျည်ဆံများကိုသယ်ဆောင်ခဲ့ရသည်။ ယိုကလားစစ်တပ်စခန်းသို့ သွားလာရာတွင် SAC နှင့် BGF စစ်သားများသည် ရွာသားများကြားတွင် လမ်း လျှောက်ခဲ့ကြသည်။ ဤခရီးစဉ်တစ်လျှောက်တွင် KNLA စစ်သားများမှ SAC နှင့် BGF စစ်သားများအား ပစ်ခတ်တိုက်ခိုက်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ရွာသားများသည် ၎င်းတို့အိမ်သို့လုံခြုံစွာပြန်လာနိုင်ခဲ့သည်။ ဒေသခံခေါင်းဆောင်များ၏ ပြောပြချက်အရ ဘီးလင်းမြို့ နယ်တွင်လှုပ်ရှားနေသည့် SAC တပ်ဖွဲ့များသည် ဒုတပ်ခွဲမှူး ဗိုလ်ကတုံးဦးဆောင်သည့် BGF တပ်ရင်းအမှတ် (၁၀၁၃) လက်အောက်ခံ တပ်ခွဲ အမှတ်(၃)နှင့် SAC စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၈) လက်အောက်ခံ ခြေမြန်တပ်ရင်းအမှတ် (၄၀၆)တို့ဖြစ်ကြသည်။[10]

(က) SAC စစ်သားများမှ ရွာသားများအား လူသားဒိုင်းအဖြစ်အသုံးပြုရန်ဖမ်းဆီးပြီး သတ်ဖြတ်ခြင်း

SAC နှင့် ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေစဉ်တွင် လူသားဒိုင်းအဖြစ်အသုံးပြုရန်အတွက် SAC စစ်သားများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသောရွာသားများသည် ပစ်သတ်ခံရနိုင်ချေရှိသည့်အခြေအနေကို ရင်ဆိုင်နေရသည်သာမက တစ်ခါတစ်ရံတွင် SAC စစ်သားများမှ ထိုရွာသားများအား သတ်ဖြတ်ခြင်းလည်း ရှိခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် SAC ခြေမြန် တပ်ရင်း (ခမရ) အမှတ် (၄၀၄)နှင့် (၄၀၅) သည် တနင်္သာ ရီတိုင်း၊ သရက် ချောင်းမြို့နယ်၊ တောင်ပြောက်ဒေသရှိ ဖ---ရွာနှင့် င---ရွာတွင်နေထိုင်သည့်ရွာသား (၃၀) ဦးကျော်ကို ဖမ်းဆီးခဲ့ သည်။ ထိုနေ့တွင် SAC စစ်သား (၁၅၀) ဦးကျော်သည် အဆိုပါဒေသတွင်စစ်ကြောင်းထိုးလာခဲ့သည်။ ၎င်းတို့စစ် ကြောင်း ထိုးလာသည့်လမ်းရှိ စိုက်ပျိုးခြံထဲတွင်အလုပ်လုပ်နေသောရွာသားများကိုသော်လည်းကောင်း၊ ခရီးသွားလာနေသောရွာသား များကိုသော်လည်းကောင်း ၎င်းတို့တွေ့သည့် ရွာသားများကိုလိုက်လံဖမ်းဆီးခဲ့သည်။ ထို့ကြောင့် စိုက်ပျိုးခြံ၊ ဥယာဉ်ခြံထဲတွင်နေထိုင်ကြသောရွာသားများသည် ၎င်းတို့ကျေးရွာမှထွက်ပြေးတိမ်းရှောင်ခဲ့သည်။ SAC စစ်သား များသည် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံး ပြုခဲ့သည်။ ထို့အပြင် ၎င်းတို့တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်ခံရလျှင် ရွာသားများကိုသတ်ပစ်မည်ဟုလည်းခြိမ်းခြောက်ခဲ့သည်။ SAC ဗိုလ်တစ် ဦးသည် င---ရွာကို ဖြတ်သန်းသွားသည့်အချိန်တွင် ကလေးများကို ၎င်း၏ရှေ့တွင်သွားခိုင်းပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့သည်။ ထိုမျှမက SAC စစ် သားများသည် ဖမ်းဆီးထားသည့်ရွာသားများကို ၎င်းတို့၏ အထုပ်အပိုးများနှင့် လက်နက်ခဲယမ်းများကို သယ်ဆောင်ခိုင်းပြီး ၎င်းတို့ဘေးတွင် လမ်းလျှောက်စေခဲ့ပါသည်။ SAC သည် ထိုဒေသတွင် ငါးရက်ကြာစစ်ကြောင်းထိုးပြီးနောက် တစ်ချို့သောကလေးများနှင့် အမျိုးသမီးများကိုပြန်လွတ်ပေးခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက် SAC သည် ကျန်ရှိသည့်ကလေးများနှင့် အမျိုးသမီးများအားလုံးကိုပြန်လွတ်ပေးခဲ့သည်။ သို့ သော်လည်း ဆယ်ကျော်သက်အရွယ်နှစ်ဦးအပါအဝင် အမျိုးသား (၁၆) ဦးကို ပြန်မလွတ်ခဲ့ပါ။[6]    

၂၀၂၃ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် SAC စစ် သားများသည် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပြောက်ဒေသရှိ န---၊ ဗ---နှင့် ဏ---ကျေးရွာသုံးရွာထဲသို့ ဝင်ရောက်လာခဲ့ပြီး လူနေအိမ် (၁၄) လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုဒေသရှိရွာသားတစ်ဦး၏ပြောပြချက်အရ SAC စစ်သားများသည် ရွာသားများ၏နေအိမ်များကို မီးရှို့ရခြင်းမှာ ထိုအိမ်များသည် PDF တပ်ဖွဲ့နှင့်ပတ်သက်နေကြောင်းယူဆ၍ မီးရှို့ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ လူ့အ ခွင့်အရေးလှုပ်ရှားသူ ဒေသခံတစ်ဦးဖြစ်သည့်ဒေါ်ဥ---သည် SAC မှ ရွာသားများအား လူသားဒိုင်းအဖြစ်အသုံးပြုခြင်းနှင့်ပတ်သက်၍ သူမ၏အမြင်သဘောထားကို ဤသို့ပြောပြခဲ့သည်။ 

“စစ်ကောင်စီစစ်သားတွေက လူနေအိမ်တွေကိုမီးမရှို့ခင် ရွာသားတွေကိုဖမ်းဆီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကရွာသားတွေကို လူ သားဒိုင်းအဖြစ်သုံးမှပဲ ရွာထဲကို ဝင်လာနိုင် တယ်လေ။ ရွာသားတွေကို ကာဗာအဖြစ်မသုံးဘူးဆိုရင် သူတို့ကရွာထဲကို ဝင်လာနိုင်မှာမ ဟုတ်ဘူး။ ဒီလိုမှမဟုတ်ရင်တော့ PDF တပ်ဖွဲ့တွေက သူတို့ကိုပစ်ခတ်တိုက်ခိုက်မှာလေ။ အဲဒါကြောင့် သူတို့က ရွာသားတွေကို လူသားဒိုင်းအဖြစ် သုံးနေတာ။ PDF တွေကတော့ သူတို့ကိုတိုက်ခိုက်ဖို့ မြေမြှုပ်မိုင်းမရှိဘူး။”  

၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် SAC စစ်သားများသည် လူသားဒိုင်းအဖြစ်အသုံးပြုရန်အတွက် ဖမ်းဆီးထားသည့် ရွာသားတစ်ဦးကို ပစ်သတ်ခဲ့ပါသည်။ ထိုရွာသားသည် PDF အတွက်အလုပ်လုပ်ပေးနေသည့် ဆေးမှူးတစ်ဦးဖြစ်ပါသည်။ ထိုဒေသရှိရွာသားတစ်ဦး၏ပြောပြချက်အရ အပစ်သတ်ခံရသည့်ရွာသား သေဆုံးသည့်အချိန်တွင် ၎င်း၏ လက်မှာ သံကွင်းခတ်ထားခံနေရဆဲဖြစ်ပါသည်။ အဆိုပါရွာသားတစ်ဦးသည် ထွက်ပြေးရန်ကြိုးစားသောကြောင့် အပစ်သတ်ခံခဲ့ရသည်ဟု အခြားရွာသားများကယူဆကြသည်။ SAC စစ်သားများမှ စစ်ကြောင်းထိုးပြီး ၎င်းတို့၏စ ခန်းသို့ပြန်ရောက်လာချိန် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် ဖမ်းဆီးထားသောရွာသားများကို ပြန်လွတ်ပေးခဲ့သည်။ 

ကရင်ပြည်နယ်ရှိရွာသားများသည် လူသားဒိုင်းအဖြစ်အ သုံးပြုရန် အဖမ်းဆီးခံရမည်ကို အမြဲတစေကြောက်ရွံ့နေကြရပါသည်။ SAC စစ်သားများသည် ရွာထဲကိုဝင်လာသည့်အချိန်တိုင်း ရွာသားတစ်ဦးဦး သို့မဟုတ် ရွာသားများအားလုံးကို ဖမ်းဆီးလေ့ရှိသည်။ ရွာသားများသည် လူသားဒိုင်းအဖြစ်အသုံးပြုရန် အဖမ်းဆီးခံရပါက တိုက်ပွဲဖြစ်ပွားနေသည့် အချိန်တွင် အသက်အန္တရာယ်ရှိသည့်အခြေအနေကဲ့သို့သော ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေခြင်းကို ရင်ဆိုင်နေရသည်။ ထို့အပြင် မြေမြှုပ်မိုင်းအန္တရာယ်နှင့် SAC စစ်သားများ၏ တိုက်ရိုက်အကြမ်းဖက်ခြင်းကိုလည်းခံစားရသည်။ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ ရွာသားတစ်ဦးဖြစ်သူ စောရ---မှ ယခုလိုပြောပြခဲ့သည်။ 

“နိုင်ငံတကာအဖွဲ့အ စည်းတွေဒါမှမဟုတ်လူ့အ ခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့  ကျွန်တော်တို့ပြည်သူတွေ ကြုံတွေ့နေရတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အများသိအောင် တင်ပြစေချင်တယ်။ ပြီးတော့ စစ်ကောင်စီကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေကို ခံစားနေရတဲ့သူအတွက် တရားမျှတမှုရဖို့ လုပ်ပေးစေချင်တယ်။”

(၂) ရွာသားများသည် ဖမ်းဆီးထိန်းသိမ်းခံရစဉ် လူသားမဆန်စွာဆက်ဆံခံရခြင်း 

လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်းဆီးခံရသည့် ရွာသားအများစုသည် ထိန်းသိမ်းခံရနေစဉ်အတွင်း ကိုယ်ထိလက် ရောက်အကြမ်းဖက်ခံရခြင်း၊ ဆေးဝါးကုသမှုများ မရရှိခြင်း၊ အစားအစာနှင့် တစ်ကိုယ်ရည်လိုအပ်ချက်များလုံလောက်စွာမရရှိခြင်းအပါအဝင် ရက်စက်ပြီးလူမဆန်သည့်လုပ်ရပ်များဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း တင်ပြခဲ့ကြသည်။ ထိုသို့သောအခြေအနေများကြောင့် တစ်ခါ တစ်ရံတွင် ရွာသားများ၏ကျန်းမာရေးအား ဆိုးရွားစွာထိ ခိုက်စေပြီး အသက်အန္တရာယ်ရှိသည့်အခြေအနေနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ဤကဲ့သို့လုပ်ရပ်များသည် အရပ်သားများ၏အခွင့်အရေးအားချိုးဖောက်ပြီး လူမဆန်သည့်လုပ် ရပ်မျိုးဟု သတ်မှတ်၍ရနိုင်ပါသည်။

(က) ထိခိုက်ဒဏ်ရာရသည့်ရွာသားများ ဆေးကုသမှုမရရှိခြင်း

လူသားဒိုင်းအဖြစ်အသုံးပြုပြီး ခိုင်းစေခံရသည့်ရွာသားများ သည် SAC စစ်သားများ၏အရှေ့တွင် သွားလာရန်ခိုင်းစေခံရသောကြောင့် အသက်အန္တရာယ်ရှိသည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့အပြင် တစ်ချို့ဖြစ်စဉ်အများစုတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာသားများထိခိုက်ဒဏ်ရာရရှိသည့်အချိန်တွင် SAC သည် ရွာသားများအား အရေးပေါ်ဆေးကုသမှုမပေးသည့်အပြင် စစ်မြေပြင်တွင် ဒဏ်ရာရရှိနေသည့် ရွာသားများကို လုံခြုံရေးအကာအကွယ်ပေးမှုလည်း မရှိခဲ့ပေ။ ဤကဲ့သို့အခြေအနေအောက်တွင် အပြစ်မဲ့ရွာသားများ အသက်ဆုံးရှုံးခဲ့ကြရပါသည်။ 

ဥပမာတစ်ခုဆိုလျှင် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ရက်နေ့တွင် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တာပလာ့ကျေးရွာ အုပ်စု၊ ကာလိခီးကျေးရွာသို့ဦးတည်သည့် လမ်းတစ်လျှောက်တွင် သွားလာလှုပ်ရှားနေသော SAC စစ်သားများ (၃၀) ဦးခန့်သည် လမ်းတွင်၎င်းတို့တွေ့ရှိသည့် ဌ--- ရွာ သားများ (၁၁) ဦးကို လူသားဒိုင်းအဖြစ်အသုံးပြုရန်အတွက် ဖမ်းဆီးခဲ့သည်။ အသက် (၁၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဖြစ်သူ နော်ဓ--- သည်လည်း သူမ၏ယာခင်းထဲရှိတဲအိမ်တွင် ရှိနေသည့်အချိန်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့အပြင် SAC သည် အသက် (၁၁) နှစ်အရွယ်ယောင်္ကျားလေးတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသည့်ရွာသားများသည် အမျိုးသမီးများနှင့်ကလေးများကိုလွတ်ပေးရန် SAC စစ်သားများအား တောင်းပန်ခဲ့သည်။ သို့သော်လည်း SAC သည် မလွတ်ပေးခဲ့ပါ။ SAC သည် လမ်းတစ်လျှောက်တွင် ၎င်းတို့တွေ့ရှိသည့် ရွာသားများအားလုံးကို ဖမ်းဆီးခဲ့သည်။ တစ်ချို့ရွာသားများသည် ခရီးသွားလာနေစဉ်ဖမ်းဆီးခံခဲ့ရသည်။ တစ်ချို့ရွာသားများသည် လယ်ယာထဲရှိတဲအိမ်တွင်နေထိုင်စဉ် ဖမ်းဆီးခံခဲ့ရသည်။ တစ်ချို့ရွာသားများလည်း ချောင်းနားတွင် ငါးရှာထွက်နေစဉ် ဖမ်းဆီးခံခဲ့ရသည်။ အဖမ်းဆီးခံရသည့် ယောင်္ကျား လေးတစ်ဦးသည် ချုံထူထပ်သော တောလမ်းတွင် လမ်းလျှောက်ခဲ့ရသောကြောင့် အလွန်ပင်ပန်းပြီး ငိုနေခဲ့ရှာသည်။ အဖမ်းဆီးခံရသည့် ရွာသားတစ်ဦးဖြစ်သူ စောဏ---မှ ယခုလို ပြောပြခဲ့သည်။

“သူတို့ (စစ်ကောင်စီ) က လမ်းကြောင်းကို ကောင်းကောင်းသိတယ်။ ဒါပေမဲ့သူတို့က ကျွန် တော်တို့ကိုဓားစာခံအဖြစ်အသုံးပြုပြီး သူတို့နောက်ကို လိုက်ခိုင်းခဲ့တယ်။ ဘယ်နေရာမှာရောက်ရင် KNLA စစ်သားတွေကသူတို့ကိုပစ်မှာကို သူတို့ကောင်းကောင်းသိတယ်။ အဲဒါကြောင့် သူတို့က KNLA စစ်သားတွေရှိနေတဲ့နေရာကိုမသွားဘဲ ရှောင်တယ်။ သူတို့မရှောင်နိုင်ဘဲ KNLA စစ်သားတွေနဲ့ ပက်ပင်တိုးတဲ့အခါကျတော့ တိုက်ပွဲဖြစ်သွားတာပဲ။” 

နောက်တစ်နေ့ မွန်းလွဲ (၂) နာရီဝန်းကျင်တွင် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့လာကလိုး ချောင်းနှင့် (၁၉)မိုင်ကြား တွင်ရှိသော လိုခီးနေရာတွင် KNLA နှင့် SAC တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုအချိန် တွင် SAC စစ်သားများသည် ဖမ်းဆီးထားသည့်ရွာသားများကို ၎င်းတို့နှင့်အတူ သွားလာစေခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေ စဉ်တွင် ရွာသားကိုးဦးထွက်ပြေးလွတ်မြောက်ခဲ့သည်။ နော်ဓ---သည် SAC စစ်သားများနှင့်အတူကျန်ရှိခဲ့ပြီး သူမ၏ဗိုက်တွင် ဒဏ်ရာရရှိခဲ့သည်။[7]  

သူမဒဏ်ရာရရှိပြီးသည်နှင့် SAC မှ သူမကိုချက်ချင်းဆေးထိုးပေးခဲ့ပါသည်။ သို့သော် ရွာသားများမှ သူမအားဆေးရုံသို့ပို့ ဆောင်ရန် SAC မှခွင့်ပြုချက်မပေးခဲ့ပါ။ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ရွာသားများမှ သူမအား ထိုင်းနိုင်ငံတွင်ရှိသောဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြပါသည်။ သူမသည် ဆေးရုံတွင်ဆေးကုမှုခံယူပြီး ရက်အနည်းငယ်အကြာတွင်ဆေးရုံမှပြန်ဆင်းလာခဲ့ပါသည်။ သူမအနေဖြင့် အဆုတ်တွင်ရရှိသောဒဏ်ရာအား ကုသရန်လိုအပ်နေပါသည်။ သို့သော် ဆရာဝန်မှ သူမ၏ အစာအိမ်ရှိသေနတ်ကျည်ဆံသည် နှလုံးနှင့်အလွန်နီးကပ်နေသဖြင့် ထိုကျည်ဆံကို ဖယ်ထုတ်ရန်အတွက် စွမ်းဆောင်နိုင်စွမ်းမရှိခဲ့ပါ။ သူမသည် မဖယ်ထုတ်ရသေးသည့် ကျည်ဆံကြောင့် နာကျင်စွာခံစားနေရပြီး မေ့မြောမှုကိုပါ ဖြစ်စေပါသည်။ လက်ရှိအချိန်တွင် သူမသည်ထိုင်းနိုင်ငံဆေးရုံရှိဆရာဝန်ဆီ၌ ရက်ချိန်းအမြဲသွားနေရပါသည်။ သူမသည် ရုပ်ပိုင်းဆိုင်ရာကျန်မာရေးပြဿနာကို ကြာရှည်စွာခံစားနေရသည်သာမက ကြောက်ရွံ့မှုစိတ်ဒဏ်ရာကိုပါခံစားနေရပါသည်။ သူမမှ 
 

“လတ်တလော ဒဏ်ရာရပြီးတဲ့နောက်မှာ ကျမအတွေးကကြောက်ရွံ့မှုတွေနဲ့ပဲ ပြည့်နှံ့နေတယ်။ ကျမခရီးသွားတဲ့အချိန်တိုင်း တိုက်ပွဲဟို မှာဖြစ်မှာ ဒီမှာဖြစ်မှာကိုစိုးရိမ်တယ်။ […] ကျမဘယ်တော့မှ အလုပ်လုပ်လို့မရတော့မှာကိုလည်း စိုးရိမ်မိတယ်။ ဘယ်လောက်ကြာကြာအသက်ရှင်ရမှာကိုကျမသိဘူး။ တခါတလေ ဒဏ်ရာကြောင့် ကျမနာကျင်မှုခံစားနေရတုန်းပဲ။”

ဟုပြောခဲ့ပါသည်။[8]

ဖြစ်စဥ်နောက်တစ်ခုသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် SAC တပ်သားများမှ ဒူးသထူနှင့် ခလယ်လွီထူခရိုင် အစပ်တွင်တည်ရှိသော ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ အဖ--- ကျေးရွာရှိ ရွာသားများကိုဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို စစ်တပ်စခန်းတွင် ချုပ်နှောင်ထားခဲ့ကြပါသည်။ နောက် နေ့မနက် (၁၁း၀၀) နာရီအချိန်တွင် SAC စစ်သားများမှ အမျိုးသားသုံးဦးအား ၎င်းတို့အနှင့်အတူ အတင်းအဓမ္မရှေ့ တန်းသို့သွားစေခဲ့ပါသည်။ ခြေလျင်ဖြင့်သွားပြီး (၂) မိုင်အကြာခန့်တွင် SAC နှင့် KNLA တပ်မဟာ (၁) နှင့် ပူပေါင်း PDF တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲဖြစ်ပွားသည့်အချိန်တွင် ဖမ်းဆီးထားခြင်းခံရသည့် ရွာ သားတစ်ဦးဖြစ်သူ စောဝ--- ၏ဝမ်းဗိုက်အား ကျည်ဆံတစ်တောင့်ထိမှန်ခဲ့ပြီး အခြားသောရွာသားတစ်ဦး၏ ညာဖက်ခြေထောက်ကိုလည်း ထိမှန်ခဲ့ပါသည်။ မည်သည့်ဒဏ်ရာမှမရရှိသည့် တတိယရွာသားတစ်ဦးဖြစ်သူ ရ--- မှ ၎င်း၏သူ ငယ်ချင်းများကို ဆေးရုံသို့ပို့ဆောင်နိုင်ရန်အတွက် ရွာထဲသို့ပြန်၍ ကားပြန်ယူမည်ဟု SAC တပ်ရင်းမှုးထံသို့ ခွင့်ပြုချက်တောင်းခံခဲ့ပါသည်။ စစ်တပ်အရာရှိမှ ၎င်းကိုခွင့်ပြု ချက်မပေးပဲ ၎င်းတို့ကို ကားတစ်စီးလာကြိုမည်ဟု ပြောခဲ့ပါသည်။ စောဝ--- သည့် ရရှိသောကြီးမားသည့်ဒဏ်ရာကြောင့် မကြာမီကွယ်လွန်သွားခဲ့ပါသည်။ စောဝ--- ကွယ်လွန်ပြီးသည့်နောက် SAC မှ ရွာသားများအား ညနေ (၁း၀၀) နာရီဝန်းကျင်ခန့်တွင် ကျေးရွာသို့ပြန်၍ ကားပြန်ယူရန် ခွင့်ပြုပေးခဲ့ပါသည်။ တိုက်ပွဲရပ်တန့်သွားသည့် နောက် SAC စစ်တပ် များမှ ၎င်းတို့၏စစ်တပ်စခန်းသို့ပြန်သွားခဲ့ကြပါသည်။ ရွာသားများအနေဖြင့် ဒဏ်ရာရရှိသောသူနှင့် ကွယ်လွန်သွား သောသူတို့အား ၎င်းတို့ကိုယ်တိုင် ပြုစုစောင့်ရှောက်ခဲ့ကြရပါသည်။ စောဝ--- ၏ဖခင်ဖြစ်သူ စောယ--- မှ ဖြစ်ပျက်ခဲ့မှု အတွက် ဝမ်းနည်းပူဆွေးဖြစ်နေခဲ့ပါသည်။ ၎င်းအနေဖြင့် တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ရွာသားများအား လမ်းပြအဖြစ် သို့မဟုတ် လူသားဒိုင်းအဖြစ်အသုံးပြုခြင်းသည့် တရားမျှတမှုတစ်ခု မဟုတ်ကြောင်း သိရှိနားလည်ထားပါသည်။ ၎င်းမှ မိမိကိုယ်တိုင်အတွက်နှင့် အခြားခံစားရသောမိသား စုဝင်များအတွက် တရားမျှတမှုရလိုပါသည်။ သို့သော်လည်း အာဏာသိမ်းစစ်တပ်၏အုပ်ချုပ်မှုအောက် မမျှတမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာသည့်အချိန်တွင် အရပ်သားများအနေဖြင့် ကြောက်ရွံ့နေကြရပြီး အရေး ယူဆောင်ရွက်မှုများကို မပြုလုပ်ရဲကြပါ။[9]

(ခ) ခြိမ်းခြောက်မှုများနှင့် လူသားမဆန်ရွာပြုမူဆက်ဆံမှု

ရွာသားများသည် အဖမ်းခံရသည့်အချိန်တွင် အခြားချိုးဖောက်မှုအသွင်သဏ္လာန်များဖြစ်သော နှုတ်ဖြင့်ခြိမ်း‌ ခြောက်ခြင်း၊ လူသားမဆန်စွာပြုမူဆက်ဆံခြင်းနှင့် အသက်အန္တရာယ်ဖြစ်စေသည့် ခြိမ်းခြောက်မှုအခြေအနေများဖြင့်လည်းကြုံတွေ့ကြရပါသည်။ ရွာသားများသည် ပြည်စုံလုံလောက်မှုမရှိသောနေရာထိုင်ခင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အစားအစာ ထောက်ပံ့ပေးမှုအပြင် နာမကျန်းဖြစ်သည့်အချိန်တွင် ဆေးဝါးကုသမှုခံယူနိုင်မရှိခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့နေရကြပါသည်။ 

အထက်ဖော်ပြပါ ဖြစ်ရပ်တစ်ခုတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် SAC တပ်မ အမှတ် (၇၇) နှင့် ၎င်း၏ပူးပေါင်းတပ်ဖွဲ့များသည် ခလယ်လွီထူခရိုင်၊ မူမြို့နယ်၊ နန့်သာကွင်းကျေးရွာအုပ်စု၊ ရ--- ကျေးရွာရှိ အမျိုးသမီးများနှင့် အသက်အပြည့်သေးသည့်‌ ယောကျ်ားလေးများပါဝင်သည့် ရွာသား ၂၂ ဦးကိုဖမ်းဆီးခဲ့ပါသည်။ ထိုဖမ်းဆီးမှုမတိုင်မီတွင် SAC သည် အနီအနား‌ကျေးရွာများသို့ လက်နက်ကြီးများနှင့် ဗုံး‌ခြောက်လုံးအား ပစ်ခတ်ခဲ့ပါသည်။ ထိုနေ့နောက် ပိုင်း၌ SAC မှအသက်ကြီးသည့်အမျိုးသားတစ်ဦးနှင့် မသန် စွမ်းသူ (ထူးခြားတတ်ကျွမ်းသူ) တစ်ဦးကိုလွတ်ပေးခဲ့ပါ သည်။ မတ်လ ၂၁ ရက်နေ့တွင် SAC မှ ရ--- ကျေးရွာတွင်ဖမ်းဆီးခဲ့သော ရွာသားအချို့ကို လွတ်ပေးခဲ့ပါသည်။ သို့ သော် SAC မှ ရွာသား ၁၄ ဦးအား ၎င်းတို့နှင့်အတူ ဆက် လက်ဖမ်းဆီးထားပြီး ထိုတွင်အသက်မပြည့်သေးသည့်ယောကျ်ားလေး ၃ ဦးပါဝင်ပါသည်။ ခရီးဆက်လက်မနှင်မှီအချိန်တွင် SAC မှ ရွာသား ၈ ဦးအားကြိုးဖြင့်တုတ်၍ ၎င်းတို့၏ရှေ့တွင် လမ်းလျှောက်ခရီးသွား စေခဲ့ပါသည်။ ရွာ သားများအနေဖြင့် အနားယူလိုသည့်အချိန်တိုင်း SAC စစ်သားများကို အသိပေး ရပြီး အနားယူစဥ်တွင် ၎င်းတို့၏ စောင့်ကြည့်ခြင်းကိုခံရကြပါသည်။ ရွာသားများသည် စစ် သားများ၏ ခြိမ်းခြောက်ခြင်းကိုလည်းခံကြရပါသည်။ ဒေသခံရွာသားတစ်ဦးမှ SAC ပြောခဲ့သည်မှာ “ထွက်ပြေးရဲ ပြေးကြည့်၊ ထွက်ပြေးရင်တော့ မင်းတို့ကိုပစ်သတ်မှာ။” SAC သည် ဒေသခံတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များမှ ၎င်းတို့အား လမ်းတွင်တိုက်ခိုက်မည်ဆိုပါက အဆိုပါ ရွာသားများအား သတ်ပစ်မည်ဟုပြောခဲ့ပါသည်။ ရွာသားများ သည် ပေါ်တာနှင့်လူသားဒိုင်းသဖွယ် အဖြစ်ဖမ်းဆီးခံရစဥ်တွင် တစ်ရက်နှင့်တစ်ညအစားအစာမရရှိခဲ့ကြပါ။ “သူတို့ [SAC စစ်သားများ] တွေကလမ်းပေါ်ကနေမသွားကြဘူး။ သူတို့တွေက တောထဲနဲ့သစ်ပင်တွေကြားကနေပဲသွားကြတယ်။ သူတို့ကကျွန်တော်တို့ကို ချည်ထားတဲ့ကြိုးတွေကို ကိုင်ထားကြပြီး သူတို့နဲ့အတူဆွဲခေါ်သွားတယ်။ ကျေးရွာတစ်ရွာရဲ့ အဝင်ဝကိုရောက်တဲ့အခါ တိုက်ပွဲဖြစ်တော့ သူတို့ကဒေသခံရွာသားတစ်ယောက်ရဲ့အိမ်အောက်ဆီ ကျွန်တော်တို့ကို ဆွဲခေါ်သွားတယ်။ […] သူတို့ကကျွန်တော်တို့ကို ဒိုင်းတစ်ခုလိုပဲအသုံးပြုတယ်။ တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာ သူတို့ကကျွန်တော်တို့အနားကို ပြေးဝိုင်းလာကြတယ်။ [အဲ့ဒီရွာ] ကနေထွက်လာတဲ့အချိန်မှာစစ်သားတစ်ယောက်က အပစ်ခံရလို့ ခြေထောက်မှာဒဏ်ရာရနေတယ်။ နောက်တော့ SAC စစ်သားတွေက ရွာသားနှစ်ယောက်ကို ဒဏ်ရာရနေတဲ့စစ်သားကိုသယ်ခိုင်းတယ်။” 

ကျွန်းပင်စုကျေးရွာသို့ ရောက်သည့်အချိန်တွင် SAC စစ် သားများသည် ကျေးရွာရှိစာသင်ခန်းတစ်ခန်းတွင် ဖမ်းခေါ်လာသည့် ရွာသား ၁၄ ဦးကိုသော့ခတ်ထားခဲ့ပါသည်။ ၎င်းတို့အား စာသင်ခန်းထဲသို့ထည့်ရန်မပြုမှီ SAC မှ ချည်ထားသည့်ကြိုးများကို ဖြည်ပေးခဲ့ပါသည်။ စစ်သားများသည် ရွာသားများအချိန်တိုအတွင်းရေးချိုးရန်အတွက်သာ တစ်ရက်လျင်တစ်ကြိမ် အခန်း၏အပြင်ဖက်သို့ ထွက်ခွင့်ပြုပါ သည်။ အထက်တွင်ဖော်ပြခဲ့သကဲ့သို့ SAC စစ်သားများသည့် ၎င်းတို့၏စစ်ဝတ်စုံများကို ရွာသားများအိပ်သည့်အ ခန်း၏အပြင်ဖက်သို့ ချိတ်လှန်းထားကြပါသည်။ SAC မှ ထိုရွာတွင်ရှိနေစဥ် ၅ ရက်တွင် ရွာသားများသည် ဤကဲ့သို့သောအခြေအနေဖြင့် နေထိုင်ခဲ့ကြရပါသည်။ ဖမ်းဆီးခံနေရစဥ်တွင် တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အစားအစာလောက်ငှစွာမရရှိဖြင့် အသက်မပြည့်သေးသည့်‌ယောကျ်ားလေးတစ်ဦးသည် အစာအိမ်ပြဿနာကို ဆိုးရွားစွာခံစားနေရပြီး နာမကျန်းဖြစ်နေခဲ့ပါသည်။ သို့သော်ကျေးရွာသို့ပြန်၍ဆေး ကုသမှုခံယူရန်အတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ SAC ခွင့်ပြုချက်မပေးခဲ့ပါ။  ရွာသားတစ်ဦးမှ “အစားစာချိန် ရောက်တော့ စစ်သားတွေကအစားအစာတစ်ချို့ကို စားကြတယ်။ ကျွန်တော်တို့အရမ်းဗိုက်ဆာနေပေမဲ့ ကျွန်တော်တို့ရွာသားများကို လုံးဝအစား ၏မကျွေးဘူး။ တစ်နေ့တစ်ညပြီးတော့ လူငယ်ယောကျ်ားလေးတွေကအရမ်းဗိုက်ဆာနေ ပြီး။ ဒါကြောင့် ထမင်း ဒါမှမဟုတ် သောက်ရေကို သူတို့ [SAC] ဆီကနေတောင်းလိုက်တယ်။ ကျွန်တော်တို့တွေ ထမင်းနည်းနည်းစားလိုက်ရ‌တော့ အားနည်းနည်းပြန်ရှိလာတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ အစားအစာအလုံအ လောက်မရကြဘူး။ ကျွန်တော်တို့ ထမင်းနည်းနည်းလေးပဲစားရတယ်။ အသက်ရှင်ရုံ တမယ်ပါပဲ။” 

၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ ၅ ရက်နေ့ပြီးနောက်တွင် SAC စစ်သားများမှ ၎င်းတို့ဖမ်းဆီးထားသည့် ရွာသားများကို၎င်းတို့၏ ကျေးရွာနှင့်ဝေးရာသို့ခေါ်ဆောင်သွားခဲ့ပြီး  အိမ်ပြန်၍ရပြီးဖြစ်ကြောင်း ပြောခဲ့ပါသည်။ စစ်သားများ သည် အချိန်တိုအတွင်း အန္တရာယ်မှ ၎င်းတို့ကိုယ်ကိုကာကွယ်ရန် ရွာသားများကိုကြိုးမဖြည်ပေးပဲ တောထဲတွင်ချန်ထားခဲ့ပါသည်။ SAC စစ်သားများသည် ရွာသားများကိုဖမ်းစဥ်တွင် ၎င်းတို့၏ဖုန်းအားလုံးကို သိမ်းဆည်းထားခဲ့ပြီး ပြန်မလွတ်ပေးမှီအချိန်မှသာ ဖုန်းများကို ရွာသားများထံသို့ပြန်လည်ပေးအပ်ခဲ့ပါသည်။ ဖမ်းဆီးခံရသည့် ရွာသားများထဲမှ တစ်ဦးသည် “ကျွန်တော်ပြောချင်တာကတော့ သူတို့ [SAC] ကသူတို့ရဲ့ရန်သူကိုပစ်မှတ်ထားပြီး ကြိုက်သလိုတိုက်ခိုက်လို့ရတယ်။ ဒါပေမဲ့အရပ်သားတွေကို ဒီလိုမနှောက်ယှက်သင့်ဘူး။ ဒီလိုလုပ်တာက သူတို့နဲ့တွေ့လို့ရှိရင် ကျွန်တော်တို့အတွက် ကြောက်ရွံ့မှုနဲ့မလုံခြုံမှုကိုဖြစ်စေတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ကျူးလွန်မှုတွေကို ကြားဖူးပြီးသိလည်းသိတယ်။” 

(ဂ) ရုပ်ပိုင်းဆိုင်ရာကျူးလွန်မှုများ

SAC မှ လူသားဒိုင်းအဖြစ် ရွာသားများအား ခေါ်ဆောင်သွားချိန်တွင် ရွာသားများသည် ရုပ်ပိုင်းဆိုင်ရာကျူးလွန်မှုများ ဖြင့်လည်း ရင်ဆိုင်ကြုံတွေ့ကြရပါသည်။ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ ညနေ (၁း၀၀) နာရီအချိန်တွင် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ခေါပူကျေးရွာအုပ်စု၊ လယ်တိုးစစ်တပ်စခန်းတွင် အခြေစိုက်သည့် SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၄၁) နှင့် (ခမရ) အမှတ် (၄၁၀) တို့သည် တကေးခိုကျေးရွာရှိ ခေါပူစစ်တပ်စခန်း တစ်လျှောက်တွင် ကင်းလှည့်နေကြပါသည်။ ၎င်းတို့ကင်းလှည့်သည့်အချိန်တွင် အမျိုးသမီးရွာသား ၃ ဦးကိုတွေ့ကာ ၎င်းတို့အားဖမ်းဆီး ခဲ့ပါသည်။ အဆိုပါ အမျိုးသမီး ၃ ဦးသည် (အသက် ၆၅ နှစ်) နော်စ---၊ (အသက် ၅၆ နှစ်) နောတ-- နှင့် (အသက် ၄၂ နှစ်) နော်ပ--- တို့ဖြစ်ကြပါသည်။ ဖမ်းဆီးထားခံခဲ့ရသောသူများအနေဖြင့် SAC စစ်သားများ၏ဖမ်းဆီးခံရချိန်တွင် ၎င်းတို့အား မေးမြန်းခြင်းမရှိပဲ ခြေထောက်ဖြင့်ကန်ကြောက်ခြင်းနှင့် တက်နင်းခြင်းကို အကြောင်းပြချက်မရှိပြုလုပ်ခဲ့ကြောင်း KHRG သို့ပြောပြခဲ့ပါသည်။ ထို့ကဲ့သို့လုပ်ဆောင်ခြင်းကြောင့် ၎င်းတို့ဒဏ်ရာအချို့ရရှိသွားခဲ့ပါ သည်။ ထို့နောက် SAC မှ ဖမ်းဆီးထားသည့် ရွာသူ ၃ ဦးအား စားနပ်ရိက္ခာသယ်ခိုင်းပြီး KNLA ၏တိုက်ခိုက်မှုကိုကာကွယ်ရန်အတွက် ကျော်ထလိုမြစ်သို့ သွားရာလမ်းလျှောက်တွင် ၎င်းတို့ကို လူသားဒိုင်းအဖြစ်ရှေ့တွင် အဓမ္မသွားစေခဲ့ကြပါသည်။

ဖြစ်စဥ်နောက်တစ်ခုသည် ၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်နေ့ သို့မဟုတ် ၃ ရက်နေ့ ညနေ ၃ ရက်နေ့ ညနေ ၃း၀၀ နာရီတွင် မဲပရေ့ခီးကကျေးရွာမှ စစ်ကွပ်ကဲရေးအခြေစိုက် အ မှတ် (၈) လက်အောက်ခံ SAC ခလရ အမှတ် (၄၀၃) နှင့် ပူး ပေါင်း တပ်ဖွဲ့များဖြစ်သောတပ်မ အမှတ် (၄၄) နှင့် BGF တပ်ရင်းအမှတ် (၁၀၁၁) တို့သည် ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ဏကြီးစစ်တပ်စခန်းသို့ပြန်သွားခဲ့ပါသည်။ ၎င်းတို့စစ်သား ၂ ဦးမှ အဆူးခီးကျေးရွာအုပ်စု၊ အဆူးခီးကျေးရွာသို့ မရောက်မှီအချိန် လမ်းတွင်းမြေမြှုပ်မိုင်းတစ်လုံးနင်းမိခဲ့ပါသည်။ ၎င်းတို့သည် အဆူးခီးကျေးရွာသို့ရောက်ရှိခါနီး လမ်းတွင်တွေ့ရှိသောရွာသား ၂ ဦးကို (မည်သည့်ကျေးရွာမှရွာသားဖြစ်ကြောင်းမသိရ) ဖမ်းဆီးချည်နှောင်ကာ လူ သားဒိုင်းအဖြစ် လိုက်ပါစေခဲ့ပါသည်။ ထို့နောက် SAC တပ် သားများမှ အဆူးခီးကျေးရွာထဲသို့ဝင်ရောက်ကာ ရွာထဲရှိအခြားအမျိုးသားများကို လိုက်လံရှာဖွေကာ လူသားဒိုင်းသဖွယ်အသုံးပြုရန်အတွက် ဖမ်းဆီးခဲ့ပါသည်။ ရွာသားအ မျိုးသားများသည် ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့ကြသဖြင့် SAC ကျေးရွာသို့မရောက်ရှိလာမှီထွက်ပြေးခဲ့သဖြင့် ၎င်းတို့ကျေးရွာသို့ ရောက်လာချိန်တွင် စောထ--- တစ်ဦးတည်းကိုသာတွေ့ခဲ့ပါသည်။ SAC မှ ကျေးရွာထဲသို့မရောက်ရှိလာမှီ စောထ--- ထွက်ပြေးနိုင်ခဲ့ခြင်းမရှိသောကြောင့် SAC သည် ၎င်းအား အော်ဟစ်ဟောက်ငခြင်းနှင့် မျက်နှာအားကြမ်းတမ်းစွာ ရိုက်နှက်ခဲ့ပြီး လူသားဒိုင်းအဖြစ် ၎င်းတို့နှင့်အတူ အဆူးခီးမှ တရေးလူခိုတောင်ကုန်းအထိ လိုက်ရန်အ မိန့်ပေးခိုင်းစေခဲ့ပါသည်။ ပြီးနောက် ၎င်းတို့မှ အဆိုပါရွာ သားကိုလွတ်‌ပေးခဲ့ပါသည်။ SAC မှ ဏကြီးစခန်းသို့ရောက်ရှိချိန် လမ်းတွင်ဖမ်းဆီးခေါ်ဆောင်လာခဲ့သော အခြားရွာ သား ၂ ဦးကိုလည်းလွတ်ပေးခဲ့ပါသည်။

အထက်တွင်ဖော်ပြထားသော ဖြစ်ရပ်များတွင် SAC ၏ လူသားဒိုင်းအဖြစ်အသုံးပြုခံရသော ရွာသားများသည် အ သက်အန္တရယ်ခြိမ်းခြောက်ခံရသည့်အခြေအနေနှင့် SAC မှကျူးလွန်သော မတူညီသည့်ချိုးဖောက်မှုအသွင်သဏ္လာန်များကို ရင်ဆိုင်ကြုံတွေ့ကြရပါသည်။ ဖော်ပြထားသကဲ့သို့ ရွာသားများသည့် SAC ၏ ချိုးဖောက်ကျူးလွန်ခံရမှုများမှာ ၎င်းတို့ကိုယ်ကိုကာကွယ်ရန် မတူညီသည့် တုံ့ပြန်မှုများဖြစ်သော လဘ်ပေးခြင်း၊ ရုန်းကန်ထွက်ပြေးခြင်း သို့မဟုတ် ထွက်ပြေး ခြင်းစသည့်နည်းလမ်းများကို အသုံးပြုကြပါ သည်။ ရွာသားများအား လူသားဒိုင်းသဖွယ်သုံးချခြင်းနှင့် ဖမ်းဆီးချုပ်နှောင် ခံရချိန်တွင် SAC ၏ကျူးလွန်မှုများဖြင့်ရင်ဆိုင်ကြုံတွေ့နေရမှုတို့သည် အလွန်ပြင်းထန်သည့် လူ့အခွင့်အရေးချိူးဖောက် ကျူးမှုကြီးဖြစ်ပါသည်။ 

၄။ ခြုံငုံသုံးသပ်လေ့လာခြင်း - ရွာသားများ၏ဘဝအပေါ်သက်‌ရောက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ၏ စံချိန်စံနှုန်းများ

ဖမ်းဆီးချုပ်နှောင်ခြင်းခံရသည့်ရွာသားများနှင့် လူသားဒိုင်းအဖြစ်အဓမ္မအသုံးပြုခြင်းခံရသည့် ရွာသားများသည် ရုပ် ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ချိုးဖောက်ကျူးလွန်မှုများကို ရင်ဆိုင်ကြုံတွေ့ကြရပြီး ၎င်းမှ သေခြင်း၊ ဒဏ်ရာရှိခြင်း၊ စိတ်ဒဏ်ရာရရှိခြင်းနှင့် အသက်မွေးဝမ်းကြောင်းအ ခက်အခဲကိုပါဖြစ်စေပါသည်။ အချို့သောရွာသားများသည် လမ်းတစ်လျှောက်သွားစဥ် အဖွဲ့လိုက်ကြိုးဖြင့်ချည်နှောင်ခံကြရပါသည်။ ရွာသားများသည် SAC စစ်သားများ၏ ထိန်းချုပ်မှုကိုအချိန်တိုင်းခံနေရပြီး ၎င်းတို့အနားယူသည့်အချိန်ပင်လျင်ထိန်းချုပ်စောင့်ကြည့်ခံရပါသည်။ လူသားဒိုင်းအဖြစ်အသုံးချခံရသောရွာသားများသည် ချိုးဖောက်ကျူးလွန်မှုများဖြစ်သော ကျန်းမာရေးနှင့်အစားအစာရရှိရန်အခွင့်အ‌ရေး၊ လုံခြုံရေးနှင့် အသက်ရှင်သန်ရန်အခွင့်အ ရေး၊ ကျွန်ဖြစ်မှုမှလွတ်မြောက်ရန်အခွင့်အရေး၊ ညှဥ်းပမ်းနှိပ်စက်မှုမှ လွတ်မြောက်ရန်အခွင့်အရေး၊ အဓမ္မဖမ်းဆီးခြင်းမှလွတ်မြောက်ရန်အခွင့်အရေး၊ လွတ်လပ်စွာသွားလာခွင့်နှင့် ၎င်းတို့၏လူ့ဂုဏ်သိက္ခာရရှိရန်အခွင့်အရေးတို့တွင် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါသည်။ ရွာ သားများသည် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အစားအစာလောက်ငှမှုမရရှိသော အခန်းတစ်ခန်းတွင် ချုပ်နှောင်ထားခံခဲ့ကြရပါသည်။ ၎င်းတို့အနေဖြင့်ချုပ်နှောင်ခြင်းခံနေရစဥ် နာမကျန်းဖြစ်လာသော်လည်း ကောင်းမွန်သောကျန်းမာ ရေးစောင့်ရှောက်မှုမရရှိခဲ့ကြပါ။ ဖမ်းဆီးထားခြင်းခံရသည့် ရွာသားများသည် ပြန်လည်လွတ်မြောက်မလာခင်အချိန်အထိ မိသားစုများ သို့မဟုတ် အခြားသူများနှင့် ဆက်သွယ်ခွင့်မရသည့်အပြင် ၎င်းတို့၏ဖုန်းများကိုလည်း သိမ်းဆည်းထားကြသည်။ ဖမ်းဆီးထားခံရသောရွာ သားများ၏မိသား စုများသည် လူသားဒိုင်းအဖြစ် အသုံးပြုခံရသော ၎င်းတို့၏ ချစ်မြတ်နိုးသူများ၏ သတင်းအချက်အလက်များကိုလည်း မရရှိကြသဖြင့် ဤဖြစ်ရပ်သည် အဓမ္မအစဖျောက်ပစ်ခြင်းပြစ်မှုမြောက်နိုင်ပါသည်။ 

ဖြစ်ရပ်အများအပြား၌ SAC စစ်သားများမှ ပေါ်တာသို့မ ဟုတ် လမ်းပြအဖြစ် ရွာသားများကိုအဓမ္မခေါ်ဆောင်စဥ် ၎င်းတို့အား လူသားဒိုင်းအဖြစ်အသုံးပြုကြပါသည်။ ရွာသားများမှ SAC စစ်သားများသည့် နေရာဒေသ၏တည်နေရာများကို ကောင်းမွန်စွာသိရှိကြသော်လည်း ရွာသားများကိုလမ်းပြစေခြင်းနှင့် ရိက္ခာနှင့်လက်နက်ခဲယမ်းများကို သယ်ဆောင်စေကြပါသည်။ ထို့အပြင် SAC စစ်သားများ သည် ရွာသားများကို  စစ်ဝတ်စုံဝတ်စေခြင်း ၎င်းတို့၏ရှေ့ သို့မဟုတ် ကြားတို့တွင် လမ်းလျောက်စေခြင်းတို့ကိုလည်း ပြုလုပ်စေခဲ့ပါသည်။ SAC ၏ ရှေ့တွင်လမ်းလျောက်ချိန်တွင် မိုင်းရှင်းလင်းသူများအဖြစ်လည်း အသုံးပြုခြင်းခံကြရပါသည်။ ရွာသားအများစုသည် ဖမ်းဆီးခံရခြင်းနှင့် လူ သားဒိုင်းသဖွယ်အသုံးပြုခံရခြင်းကို ရှောင်ကျဥ်ရန်အတွက် SAC ရွာထဲသို့ချီတက်လာသည်ကို ကြားသည်နှင့် ပုန်းခိုရာနေရာသို့ အမြဲတစေထွက်ပြေးခဲ့ကြပါသည်။ အချို့သောရွာသားများ အထူးသဖြင့်သက်ကြီးရွယ်အိုများနှင့် ရုပ်ပိုင်းဆိုင်ရာအခက်အခဲရှိသူများသည် အိမ်နှင့်အိမ်မွေးတိရိစ္ဆာန်များနှင့် SAC ၏ လုယက်ခိုးယူခြင်း သို့မဟုတ် ဖျက်ဆီးခြင်းတို့ကို ကာကွယ်ရန်အတွက် ကျေးရွာတွင်သာနေထိုင်ရန်ရွေးချယ်ခဲ့ကြပါသည်။ ထို့ကဲ့သို့သော အခြေအနေများတွင် SAC မှ ၎င်းတို့တွေ့ရှိသောရွာသားများကို ဖမ်းဆီးကြပါသည်။ ဖမ်းဆီးခံရသည့်ရွာသားများထဲတွင် အသက်မပြည့်သေးသူများ၊ သက်ကြီးရွယ်အိုများ နှင့် မသန်စွမ်းသူ (ထူးခြားတတ်ကျွမ်းသူ) များကိုပေါ်တာနှင့် လူသားဒိုင်းအဖြစ်အဓမ္မအသုံးပြုကြပါသည်။ ရွာသားများအနေဖြင့် SAC စစ်သားများကိုဆန့်ကျင်ရန် မဝံ့မရဲဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ညှဥ်းပမ်းနှိပ်စက်မှုနှင့် သတ်ဖြတ်ခံရမှုကဲ့သို့သော ကျူးလွန်မှုများကိုဖြစ်စေနိုင်သောကြောင့်ဖြစ်ပါသည်။ SAC စစ်သားများမှ ရွာသားများကိုခြိမ်း ခြောက်ခြင်းနှင့် နှုတ်ဖြင့်ကျူးလွန်ခြင်းများကိုလည်း ပြုလုပ်ကြပါသည်။

စစ်အာဏာသိမ်းပြီးနောက် KHRG မှ လက်ခံရရှိခဲ့သောအ စီရင်ခံစာများတွင် SAC မှ တစ်ခါတစ်ရံ အမျိုးသမီးများ၊
သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များကို ရွာသားများ ဖမ်းဆီးချုပ်နှောင်ခံရခြင်းနှင့် အဓမ္မပေါ်တာအဖြစ်အ သုံးချခြင်း၊ လမ်းပြနှင့်လူသားဒိုင်းအဖြစ်အသုံးပြုခြင်းခံရချိန် ခရီးဝေးနှင်ရန်မတိုင်မီ ပြန်လွတ်ပေးခဲ့ပါသည်။ အမျိုး သားများသည် ပေါ်တာအဖြစ်နှင့် တောလမ်းများတွင်း ခရီးဝေးနှင်ချိန်တွင် လေးလံသည့်ဝန်ထုပ်ဝန်ပိုးများသယ် ဆောင်ရန် ပစ်မှတ်ထားခံရမှုပိုများသော်လည်း အမျိုးသမီးများနှင့် အမျိုးသားများသည် လူသားဒိုင်းအဖြစ်အသုံးချခံရမှုကိုတူညီစွာခံကြရပါသည်။ အပစ်အခတ်ရပ်စဲရေးကာလမတိုင်မီ SAC မှအမျိုးသားများကိုတွေ့မည်ဆိုပါကညှဥ်း ပမ်းနှိပ်စက်ခြင်းနှင့်သတ်ပစ်ခြင်းကို ပြုလုပ်နိုင်ချေရှိသောကြောင့် အမျိုးသားများသည် ကျေးရွာမှ ထွက်ပြေးကြရပါသည်။ ကလေးများ နှင့်အိမ်မွေးတိရစ္ဆာန်များကို ပြုစုစောင့် ရှောက်ရန် ရွာထဲတွင်ရှိနေသော အမျိုးသမီးရွာသူများသည် ပေါ်တာအဖြစ်နှင့် လူသားဒိုင်းအဖြစ် ချုပ်နှောင်ခံရချိန်တွင် SAC စစ်သားများနှင့်တပ်မှုးများ၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်လိင်ပိုင်း ဆိုင်ရာအဓမ္မပြုကျင့်ခြင်းကို မြင့်မားစွာခံစားခဲ့ရပါသည်။ ဗမာစစ်သားများမှ ယခင်အ ချိန်တွင်ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများသည် အပြစ် ပေးအရေးယူခံရခြင်းမရှိသဖြင့် ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း အချို့ရွာသားများမှာ ၎င်းတို့၏သမီးငယ်များကို လိင်ပိုင်းဆိုင်ရာချိုးဖောက်ကျူးလွန်မှုများနှင့် နှောက်ယှက်မှုများမှကာကွယ်ရန် ပုန်းခိုရာနေရာများသို့ လျို့ဝှက်ပို့ဆောင်ခဲ့ကြပါသည်

SAC မှ ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့၏တိုက် ခိုက်မှုခံခဲ့ရပြီးသည့်နောက် ပြန်လည်လက်တုံ့ပြန်သည့်အ နေဖြင့် တစ်ခါတစ်ရံ ရွာသားများအား မေးခွန်းမေးမြန်းခြင်းမရှိပဲ ညှဥ်းပမ်းနှိပ်စက်မှုကျူးလွန်ကြပါသည်။ ထို့နောက် ရွာသားများအားလူသားဒိုင်းသဖွယ် အဓမ္မရှေ့ဆက်ခရီးနှင်စေပါသည်။ SAC မှ ရွာသားများအား လူသားဒိုင်းသဖွယ်အသုံးပြုသည်ကိုတွေ့ရှိလျင် ဒေသခံ လက်နက်ကိုင်တော် လှန်ရေးတပ်ဖွဲ့များအနေဖြင့် SAC ကိုတိုက်ခိုက်ခြင်းအား အမြဲတစေရှောင်ကျဉ်ကြပါသည်။ SAC နှင့်ဒေသခံ KNLA ကြားတိုက်ပွဲဖြစ်ပွားခဲ့သည်ဆိုပါက လူသားဒိုင်းသဖွယ်အသုံးပြုခံရသော ရွာသားများသည် ဒဏ်ရရှိနိုင်ချေ သို့မဟုတ် သေဆုံးနိုင်ချေပို၍များပါသည်။ လူသားဒိုင်းအ ဖြစ်အသုံးပြုခံနေရသော ရွာသားများ၏ဘဝသည် "သီးဒေါ်မူးပွယ်သော်" ဖြစ်ပြီး၎င်းသည် စကောကရင်ဘာသာစကားတွင် အသုံးပြုပြောဆိုမှုများပြီး အဓိပ္ပယ်မှာ ‘သေတစ်ဝက်ရှင်တစ်ဝက်’ ဟူ၍ဖြစ်ပါသည်။ ရွာသားများသည် စစ်သားများ၏ကြားတွင် လမ်းလျှောက်နေစဥ် တင်းကြပ်စွာစောင့်ကြည့်ခြင်းခံရခြင်းနှင့် ခြိမ်း‌ခြောက်ခြင်းကို ခံရကြသည်။ ရွာသားများသည် လူသားဒိုင်းအဖြစ် အသုံးချခံရသည်မည်သည့်အချိန်မဆို ဒဏ်ရာရရှိခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းခံရနိုင်ပါသည်။

လူသားဒိုင်းအဖြစ်အသုံးပြုခြင်းသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး ၎င်းကို ဓလေ့ထုံးတမ်းဆိုင်ရာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ (IHL) နည်းဥပဒေ (၉၇) ‌အောက်တွင်တားမြစ်ထားပါသည်။ စနစ်တကျ သို့မဟုတ် ကျယ်ကျယ်ပျံ့ပျံ့နည်းလမ်းဖြင့် လူသားမဆန်သည့်လုပ်ရပ်အဖြစ် ကျူးလွန်ခြင်းသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ကြောင်း ယခင်ကသုံးသပ်လာခဲ့ပါသည်။ အရပ်သားများအပေါ် စစ်ဆင်ရေးအတွင်း ဒိုင်းသဖွယ်ရည်ရွယ်ကာအသုံးချခြင်းသည် ခွဲခြားခြင်းစံချိန်စံနှုန်းဖြစ်သော ဓလေ့ထုံးတမ်းဆိုင်ရာ နိုင်ငံတကာလူသားချင်းစားနာထောက်ထားမှုဆိုင်ရာဥပဒေ၏ ပထမဆုံးသော စည်းမျဥ်းစည်းကမ်းနှင့်ဆန့်ကျင်နေပြီး ဓလေ့ထုံးတမ်း IHL နည်းဥပဒေ (၇) ပါ အရပ်သားများနှင့် စစ်ဖက်ဆိုင်ရာပစ် မှတ်များကိုခွဲခြားရန်ဖြစ်နိုင်ချေရှိသောကြိုတင်ကာကွယ်မှုပြုလုပ်ရန် တာဝန်ဝတ္တရားကို ချိုးဖောက်နေခြင်းဖြစ်ပါသည်။ ကလေးသူငယ်များအား စစ်ရေးလှုပ်ရှားမှုအတွင်း အသုံးချခိုင်းစေမှုများသည်လည်းက လေးသူငယ်များ၏ အခွင့်အရေးကိုချိုးဖောက်ရာ‌ရောက်ပါသည်။ လူသားဒိုင်းသဖွယ်အသုံးပြုခံနေရခြင်းနှင့် SAC မှလူသားဒိုင်းသဖွယ်အသုံးပြုသည့် နောက်ထပ်နည်းလမ်းများကို နှိပ်စက်ညှဥ်းပမ်းမှုသို့မဟုတ် ယုတ်ညံ့သောဆက် ဆံမှုအဖြစ်သတ်မှတ်နိုင်ပြီး ရောမဥပဒေ ၏အပိုဒ် ၇(၁)(စ)အရ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုတစ်ခုဖြစ်ပါသည်။

၅။ အကြံပြုချက်များ

နိုင်ငံတကာသက်ဆိုင်သူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာနှင့် နိုင်ငံရပ်ခြားအစိုးရများ-

  • မြန်မာအစိုးရသည် မြန်မာပြည်တွင်လက်ရှိဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူသားချင်းစာနာ‌ ထောက်ထားမှုဆိုင်ရာအကျပ်အတည်း၏ အဓိကတရာခံဖြစ်ကြောင်းအသိအမှတ်ပြုပြီး ၎င်းတို့နှင့်သက်ဆိုင်ရာသဘောတူစာချုပ်များလက်မှတ်ရေးထိုးခြင်းနှင့် တရားဝင်အစိုးရအဖြစ်ထောက်ခံခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းများမပြုလုပ်ရန်။
  • နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) အပါအဝင် နိုင်ငံတကာတရားရုံးများနှင့် အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးဆိုင်ရာတရားစီရင်မှုများမှတစ်ဆင့် SAC စစ်ခေါင်းဆောင်များအားတရားစွဲဆိုခြင်းဖြင့် SAC ၏လူသားဒိုင်းသဖွယ်အသုံးပြုမှုမှ တရားမျှတမှုကိုရှာဖွေပြီး SAC မှတာဝန်ယူမှုတာဝန်ခံမှုပြုလုပ်ရန်။
  • ကရင်လူမျိုးများရင်ဆိုင်ကြုံတွေ့နေရသည့် လူသားဒိုင်းနှင့်ဆက်နွယ်ပတ်သက်ကျူးလွန်မှုများထည့်သွင်းရန် နိုင်ငံ တကာစုံစမ်းစစ်ဆေးမှုများ၏ နယ်ပယ်ကိုချဲ့ထွင်ရန်။
  • ဒေသတွင်း လူထုအကျိုးပြုအဖွဲ့အစည်းများ (CSOs)၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများ (CBOs) နှင့် လူထုဝန်‌ဆောင်မှုပေးသော တိုင်းရင်းသားအဖွဲ့အစည်းများမှ လက်ရှိတွင် ချိုးဖောက်မှုခံရသူများနှင့် ၎င်းတို့၏မိသားစုများအား SAC ၏လူသားဒိုင်းသဖွယ်အသုံးပြုမှုနှင့် လူသားမဆန်စွာဆက်ဆံခံရမှုများ၏ သက်ရောက်မှုတို့မှ ပြန်လည်ကောင်းမွန်လာစေရန်နှင့် ဖြေရှင်းရာတွင် ကူညီထောက်ပံ့မှုပေးရန်။
  • အရပ်သားများအပေါ်တိုက်ခိုက်ခြင်းနှင့် ငွေကြေးထောက်ပံ့နိုင်မှုအားနည်းလာစေရန်အတွက် SAC နှင့် အာဏာ သိမ်းစစ်တပ်အရာရှိများအပေါ် ရှေ့ဆက်ညှိနှိုင်းမှုပြုပြီး မဟာဗျူဟာမြောက်သည့်ပိတ်ဆို့မှုများကို အကောင်အထည်ဖော်ရန်။

 

 

Thu, 27 Jul 2023

Footnotes: 

[1] Burma News International မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ရီလတွင် ထုတ်ဝေသော “KNU Offer Anti-Coup Protestors› its Protection” တွင် ကြည့်ပါ။
[2] KHRG မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေသော “လက်လှမ်းမှီနို်ငသောအမှန်တရားများ” အစီရင်ခံစာကို ကြည့်ပါ။
[3] KHRG မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေသော “ပြည်သူသည်လူသားဒိုင်းမဟုတ်” အစီရင်ခံစာကို ကြည့်ပါ။
[4] ဤအချက်အလက်ကို ၂၀၂၃ ခုနှစ်၊ မတ်လတွင်ရရှိခဲ့သော ခလယ်လွီထူခရိုင်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နှုတ်ထားသည်။ (23-109-A1-I1)
[5] ဤအချက်အလက်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လတွင်ရရှိခဲ့သော မူတြော်ခရိုင်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နှုတ်ထားသည်။ (23-199-A1-I1) လက်လှမ်းမှီနို်ငသောအမှန်တရားများ
[6] ဤအချက်အလက်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလတွင်ရရှိခဲ့သော ဘိတ်-ထားဝယ်ခရိုင်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နှုတ်ထားသည်။ (22-136-A1-I1)
[7] ဤအချက်အလက်ကို ၂၀၂၃ခုနှစ်၊ မတ်လတွင်ရရှိခဲ့သော ဒူးပလာယာခရိုင်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှ ကောက်နှုတ်ထားသည်။ (23-104-A1-I1)
[8] ဤသတင်းအချက်အလက်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လတွင်ရရှိခဲ့သော ဒူးပလာခရိုင်မှ မထုတ်ဝေရသေးသောအစီရင်ခံစာမှကောက်နှုတ်ထားပါသည်။ (23-184-A2-I1)
[9] ဤသတင်းအချက်အလက်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင်ရရှိခဲ့သော ခလယ်လွီထူခရိုင်မှ မထုတ်ဝေရသေးသော အစီရင်ခံစာမှကောက် နှုတ်ထားပါသည်။ (23-55-I1)
[10] KHRG မှ ၂၀၂၂ခုနှစ်၊ မတ်လတွင် ထုတ်ဝေသော “Southeast Burma Field Report: Intensification of armed conflict, air and ground attacks, and widespread human rights violations, July to December 2021” အစီရင်ခံစာကို ကြည့်ပါ။

Related Readings